← Chapters

ဘေးဒုက္ခမြင်ကွင်း

Vol. 16 Ch. 290

ဘေးဒုက္ခမြင်ကွင်း

Vol. 16 Ch. 290

ဆိုင်ရှင်စကားကြားပြီးနောက် ရှဲ့ချောင် ပိုသဘောပေါက်သွားသည်။

ဆိုင်ရှင်ချန် က ကောင်မလေးကို ကြည့်ပြီးအနည်းငယ် ထုံအလောက်သည်အထင်နှင့် “ကြွက်ဘေးစိုက်တာ သိပ်ကြောက်ဖို့ကောင်းတာ ကျုပ်ငယ်ငယ်က တွေ့ဖူးတယ် အဲ့ကြွက်တွေက

နေ့ရော ညပါမကျန် အုပ်စုလိုက်သွားတာ အိမ်ထဲမှာဆိုရင်လည်း သစ်သားဖြစ်ဖြစ် ကြွေဖြစ်ဖြစ် တွေ့သမျှစားပစ်တာပဲ။ အိမ်မပြောနဲ့ ကြက်၊ဘဲ၊နွား၊သိုး၊ လယ်တွေကအစ အကုန်ပျက်တာပဲ။”

“ကြွက်တွေကိုက်သွားတဲ့ အသီးနှံတွေဆို ချက်ခြင်း မြုံသွားတာ…နောက်ပြီး လူတွေကိုဆိုလည်း အကြောက်လန့်မရှိဘူး…အကိုက်ခံရပြီး သေသွားတဲ့သူတွေတောင်ရှိတယ်…တော်သေးတာက ကြွက်ဘေးကပ်ဆိုက်တဲ့ ရပ်ဝန်းကသေးနေလို့ နို့မဟုတ်ရင် နန်းမြို့တော်တရားရုံးအတွက်လည်း မကောင်းဘူး…မြို့ပြင်မှာလည်း ဒုက္ခသည်တွေ မနည်းကြီးရောက်ချလာမှာ။”

ဆိုင်ရှင်ချန်း သက်ပြင်းချလိုက်သည်။

“ရာသီဥတုကလည်း အေးသထက်အေးလာတယ် ဒီနှစ်တော့ အပြင်မှာခဲပြီး သေမယ့်သူတွေများဦးမယ်ထင်ပါတယ်”ဆိုင်ရှင် ချန်းပြောလိုက်သည်။

“မြို့ထဲမှာ ယာဂုဝေပြီး ကုသိုလ်ယူမယ့် ချမ်းသာတဲ့ မိသားစုတွေ အများကြီးရှိမှာပဲလေ..ကျွန်မအလာတုန်းကတောင် ယာဂုဆိုင်တွေ တွေ့လိုက်သေးတာကို နောက်ပြီးစောင်ဝေနေတာတောင်တွေ့လိုက်သေးတယ် အဲ့ဒါကိုဘယ်လိုလုပ်ပြီး သေမှာလဲ” ရှဲ့ချောင်က မေးသည်။

ယခုနှစ်တွင် နစ်နာသူအရေအတွက်သိပ်များပုံမပေါ်ပေ။ ထို့အတွက် လိုအပ်သည့် ပစ္စည်းများကို အလုံအလောက် ရရှိနိုင်မည်မဟုတ်လား။

ဆိုင်ရှင်ချန်းက အပြင်သို့ လှမ်းကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို တွေ့သည်နှင့် ”ဒီမှာက

ပေးလိုက်တာနဲ့ အလုခံရတာပဲ ဒါကို ဒုက္ခသည်တွေက ဘယ်လိုလုပ်ပြီး အသေချာသုံးလို့ရမှာလဲ။”

"လုခံရတာလား?" ရှဲ့ချောင်အနည်းငယ် မျက်စိမျက်နှာပျက်လျက်ရှိသည်။

“အဲဒီဒုက္ခသည်တွေကလေ သူတို့မှာအလုပ်မရှိရင် မြို့ထဲကို ဝင်ခွင့်မရဘူး။နောက်ပြီး မြို့ပြင်မှာ ဘယ်လိုလုပ်ပြီး ဘေးကင်းနိုင်မှာလဲ။ မြို့ပြင်မှာ လူဆိုးလူမိုက်တချို့ စောင့်ကြပ်ကြတယ်။လူတစ်ယောက်မှာများ ပစ္စည်းကောင်းလေးတွေ မတွေ့လိုက်နဲ့ နောက်ပြီး အပိုးမကျိုးကြည့် လာပြီးကို သိမ်းတာနော်။ပြီးရင် သူတို့သိမ်းယူသမျှ ပစ္စည်းတွေကို အပေါင်ဆိုင်တွေမှာ လိုက်ရောင်းတယ်။အပေါင်ဆိုင်တွေကလည်း စီးပွါးရေးဆန်တယ်လေ သူတို့ဆီလာမယ့်ငွေဝင်ပေါက် ဘာကိစ္စမယူစရာရှိလဲ။နောက်ပြီး ကလေးမစုဆောင်းပြီးရထားတဲ့ ပစ္စည်းတွေက ဘယ်ရောက်သွားမယ်

ထင်လဲ’’ ဆိုင်ရှင်က သိုသိပ်စွာပြောသည်။

ရှဲ့ချောင်က သဘောပေါက်ရန် ခက်ခက်ခဲခဲပင် မစဉ်းစားလိုက်ရပါ...။

လူချမ်းသာများက ပြန်လည်ဝယ်ယူပြီး ရောင်းထွက်ပြီး မြို့ပြင်သို့ ပြန်ပို့ကြမည်ဖြစ်သည်။

“အဝတ်တွေတောင် လုခံရရင် အစားသောက်တွေဆိုလည်း မထူးဘူးမဟုတ်လား” ရှဲ့ချောင်က ပြောသည်။

"ဟုတ်တယ် မြို့ပြင်က ဒုက္ခသည်အများစုက ယာဂုနဲ့ အလုပ်လုပ်ပြီး ရတဲ့ငွေလေးအပေါ်အားပြုပြီး ရပ်တည်ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် လနဲ့ချီပြီး ဆန်ပြုတ်ပဲ စားရတော့ ဒီလူတွေဆီမှာဘယ်လိုလုပ်အားရှိမှာလဲ…ဆားဓာတ်ချို့ယွင်းပြီး

ပိန်လှီနေတာပဲလေ။ အဲ့တော့ သူတို့အတွက် အလုပ်ကရှားတယ်။ တချို့ဆို ဆန်တွေဝေကြတယ် ။ ဒါပေမယ့်လည်းမထူးဘူး။ လုခံရတာပဲ ” ဆိုင်ရှင်က ပြောပြရင်း ပြုံးသည်။

ရက်စက်သော်လည်း ၎င်းတို့မှာ ဘေးအန္တရာယ်ကြောင့် နစ်နာခဲ့ရသူများဖြစ်၍ မည်သို့ကောင်းကောင်း ရှင်သန်နိုင်မည်နည်း။

အစားအသောက်နှင့် အဝတ်အစားများ အပြင်မရှိပါ။

မြို့ပြင်၌ အိမ်ဆောက်ရန်မလွယ်ကူသည့်အတွက် သာမန် တဲစုတ်လေးများ၌သာနေရသည်။တဲများက ပိုးသတ်ဆေးနံ့များနှင့် လွှမ်းနေပြီး သစ်သား၊ကျောက်တုံးစသည်တို့ဖြင့် ပတ်လည်ကာရံထားတတ်သည်။တိုးယိုပေါက်ဖြစ်သည့်အတိုင်း လေတိုးပေါက်များလည်း

အတိုင်းသားရှိနေမည်ပင်။

ဆောင်းရာသီက အေးသည်။ နောက်ရက်အနည်းငယ်ကြာသည်နှင့် ရေများအားလုံး ရေခဲအဖြစ်ပြောင်းသွားတော့မည်။

နှင်းကျလာသည့်အခါ တဲများပြိုကျနိုင်သည်။

ထိုသို့ရင်ဆိုင်ရလျှင်တောင် ဒုက္ခသည်များက ၎င်းတို့၏ဘဝမှာ သိပ်မဆိုးလှဟု ထင်ကြပေလိမ့်မည်။

ကပ်စိုက်သည့်နှစ်များတွင် ရိက္ခာအတွက် ၎င်းတို့၏ရင်သွေးများကို အလဲအထပ်လုပ်ခြင်းက ပုံမှန်ဖြစ်သည်။အချို့သော သူများက အအေးဒဏ်မခံနိုင်၍ သေဆုံးသကဲ့သို့ အချို့သူများက

ခံနိုင်ရည်ရှိသဖြင့် ရှင်သန်ကျန်ရစ်နိုင်သည်။ မည့်သို့ပင်ဆိုစေကာမူ နွေဦးအစတွင် နှင်းများပျော်ကျလျှင် ၎င်းတို့အိမ်ကို ပြန်နိုင်ပေလိမ့်မည်။

ရှဲ့ချောင်က လေးလေးနက်နက်တွေးနေသည်

ဆိုင်ရှင်က ရှဲ့ချောင်တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည့်တွက် အနည်းငယ်အားနာနေမိသည်။

ထိုသခင်မလေးမှာ နူးညံ့ ပျော့ပြောင်းပြီး အားနည်းပုံရသည်။ သူယခုလို မခြောက်လိုက်သင့်ပေ။

“တကယ်တော့ သိပ်မဆိုးပါဘူး။အခုက ဒုက္ခသည်လည်း သိပ်မများဘူးလေ အရင်နှစ်တွေတုန်းကထက်စာရင် အများကြီးတော်ပါသေးတယ် သခင်မလေးက ငယ်သေးတော့ အရင်တုန်းက

ကပ်ဘေးကြီးတွေ မကြုံဖူးသေးလို့ပါ”

“အခုက အဲ့တုန်းကနဲ့ယှဥ်ရင်တကယ်ဘာမှစာမဖွဲ့လောက်ဘူး” ဆိုင်ရှင်က ဖြည့်စွက်ပြောပြပေး၏။

•••••••

All Chapters