လုံးဝခွင့်မပြုဘူး
Vol. 16 Ch. 291
ဆိုင်ရှင်က နှစ်သိမ့်ပေးနိုင်သည်ဟု ကိုယ့်ကိုကိုယ် ထင်နေပြီး ရှဲ့ချောင်အား ကြင်နာစွာပင် ပြုံးပြလိုက်သေးသည်။
သို့သော် ရှဲ့ချောင်က သူထင်သလောက် သိမ်မွေ့သူမဟုတ်။ သူမက ငယ်စဉ်ကလေးဘဝကအကြောင်းများကိုသာ တွေးနေခဲ့သည်။
ယွင်ကျင်းတောင်တန်း တွင် ကျောက်စိမ်းတွင်းများစွာရှိသည်။ တစ်ခါက ကျောက်တွင်းပြိုကျပြီး လူပေါင်းရာနှင့်ချီ အသက်ပေးသွားခဲ့ရသေးသည်။
ထိုအချိန်က ကျောက်စိမ်းတွင်းပြိုကျထားသဖြင့် မသန့်ရှင်းသည့်စွမ်းအင်များ ပြင်းထန်နေ သောကြောင့် သူမအပြင်မထွက်ရဲခဲ့ပေ။ ဝိညာဉ်များအပြင်၊ ၎င်းဒေသတစ်ဝိုက်တွင် ကီလိုမီတာနှင့်ချီကာ မကောင်းဆိုးဝါးများလည်းရှိနေသည့် အတွက် ဖြစ်သည်။
ထို့အပြင် တာအိုဘုရားကျောင်းတွင် တောင်ပေါ်တက်လာကာ ဘုရားစင် ရှေ့မှောက်တွင် ငိုကြွေးကြသူ အများအပြားလည်း ရှိခဲ့သည်။
ထိုစဉ်က ငယ်သေးသောကြောင့် သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေသည့် ကာလဖြစ်ခဲ့သည့်အလျောက် သူမဘာမျှ မကူညီနိုင်ခဲ့ပါ။ အမှောင်စွမ်းအင်ဒဏ်ကို ခံနိုင်ရည် ကုန်သွားလျှင် သေဆုံး
ရန်သာရှိသည်။
နောက်တစ်ကြိမ်မှာမူ ၊ နှစ်အနည်းငယ်ကြာပြီးနောက် ညတစ်ညတွင် ကြယ်စုတစ်ခုကြောင့် တစ်ခုခုလွဲနေပြီဟု သူမသိလိုက်သည်။
ထို့တွက် ဂရုတစိုက်နှင့်ကြည့်ရှုပြီးနောက် စောင့်ရှောက်သူ၏ လေးကိုင်းသဏ္ဍာန်ကြယ်စု အရိပ်အယောင်ကို သူမတွေ့ရှိခဲ့သည်။ ၎င်းအသွင်က သူမကို အလွန်တုန်လှုပ်သွားစေခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီး မငြိမ်မသက်ဖြစ်ကာ စစ်များထကြွမည့် ဟန်ဆောင်နေသောကြောင့်ပင်။ သာမန်လူများက တိုင်းပြည်တွက် စိုးထိတ်ကာ ပူပန်နေကြရသည်။သို့သော်ကြယ်စုမှာ မထင်ရှားသေးသည့်အတွက် အပြောင်းလဲများရှိနိုင်သေးသည်။
ထိုအချိန်တွင် လူရိုင်းများဘက်မှ လှုပ်ရှားနေကြပြီဖြစ်သော်လည်း အရှိန်မပြင်းသေးချေ။
နောက်မှ လူရိုင်းများက ရုတ်တရက်ထတိုက်ခိုက်
ကြသဖြင့် ရဲမက်များခုခံချိန်မရပဲ မြို့ရိုးပျက်ခဲ့ရသည်။
ထိုအချိန်တွင် စစ်ကူစောင့်မျှော်နေပါက ထိုနေရာမှာပင် လူအများ သေဆုံးနေပြီဖြစ်သည်။ ထို့ကြောင့် ဓားပြများကို ပြည်သူများအား တောင်ပေါ်မှကယ်ထုတ်ရန် သူမက ရှဲ့နျိုရှန်းထံ စာတစ်စောင်ရေးခဲ့သည်။
ထိုရက်များ၌ သူမအလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ဘာလို့ဆို သူမ၏ကိုယ်အထက်တွင် အမြဲတစေ ဆိုသလို တိမ်မည်းများ ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းက သူမအတွက် ကမ္ဘာပျက်ခြင်းနှင့် ထူးမခြားမနားပင်။
သူမက သူမအဖေကို သေခြင်းတရားနောက်လိုက်ဖို့ တောင်းဆိုနေခြင်းမဟုတ်။
ဆုံးဖြတ်ချက်မချမီ သေချာ တွက်ချက်ထားပြီးဖြစ်ပြီး ၎င်းက ရှဲ့ မိသားစုအတွက် အခွင့်အရေးတစ်ခုဖြစ်သောကြောင့် လှုပ်ရှားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတွက် ဆိုင်ရှင်ပြောစကားအရ တုန်လှုပ်သွားသော်လည်း မကြောက်မိတော့။
ရှဲ့ချောင်လည်း ဆိုင်မှ မြို့ပြင်သို့ ရထားလုံးစီးကာ တစ်လက်စတည်း ထွက်လာခဲ့သည်။
ရထားလုံးပေါ်တွင် တိတ်တဆိတ်လေ့လာရင်း လိုက်ပါလာခဲ့လိုက်သည်။
မြို့ပြင်မှ မြေက လွင်ထီးခေါင်ပြင်ဖြစ်နေ၍ ပဲလားမသိ စင်စစ်ပိုအေးနေခဲ့သည်။ သူမက အကျီထူထူ ၀တ်ဆင်ထားပြီး ရေနွေးအိတ်ကိုလက်ကကိုင်ထားသည်။ အအေးဒဏ်ကြောင့် ချမ်းရိတုန်ရီနေပြီး မျက်နှာလေးမှာ ပြာကာ နှာဖျား လေးပင် နီနေ၏။
မြို့ပြင်၌ နေ့စဉ် ဆန်ပြုတ်ပေးဝေသည့်စနစ်ရှိပုံရသည်။ ဆန်ပြုတ် ကင်းတဲများစွာရှိနေပြီး ကင်းတဲတိုင်း၌ မိသားစုအမည်ပါသော ဆိုင်းဘုတ်တစ်ခုပါရှိသည်။
ဂွမ်းကပ်အဝတ်များကို ပေးဝေနေခြင်းတော့ မတွေ့ရသေးပေ။
ဂွမ်းကပ်များအဝတ်များကတော့ ဆိုင်းဘုတ်တစ်ခုရှေ့၌ အချိန်အတန်ကြာ ရပ်စောင့်နေမှရမည့် ဆန်ပြုတ်ကင်းများနှင့် မတူ။ မြန်မြန်သွက်သွက် ဝေ၍ရသည်။
“ငါတို့ကလေးတွေ ကံမကောင်းဘူး ဟိုမှာကလေးတွေအများကြီးပဲ ငါတို့အလှည့်မရောက်သေးဘူးလားမသိဘူး။ နေ့တိုင်း အသားဟင်းတစ်ခွက် အဝတ်တစ်ထည် ဝေပေးမယ် ပြောထားပြီးတော့…” ရှဲ့ချောင် ရထားလုံးဘေးမှ ဖြတ်သွားသူတစ်ဦးက ပြောလိုက်သည်။
“ငါတို့အားလုံးက လူတွေပဲ ဒါပေမယ့် ကံကတော့ဘယ်တူပါ့မလဲ? "နင့်သားကိုပဲ ကြည့် ဆယ်ကျော်သက်ဖြစ်နေပြီ မျောက်လို ပိန်လှီနေတာပဲ ဟိုက သူဌေးမလေးကိုကြည့်ပါဦး သူ့လက်ကလေးတွေဆို ကျောက်စိမ်းလေးတွေကျနေတာပဲ သူအဝတ်စားတွေကအစ ငါတို့အသားရည်ထက် ပိုအိလောက်သေးတယ်…”
“သခင်မလေးရှားက သဘောအရမ်းကောင်းတာပဲ…သူမက တော်ဝင်ကျောင်းတော်ကြီးကလာတာတဲ့”
“ဟုတ်တယ် ငါလည်းကြားတယ် နောက်ပြီး နှစ်ရက်နေရင် တဲတွေကိုလာပြင်မယ်လည်း ကြားထားတယ် အနည်းဆုံးတော့ အလုပ်လေးရပြီး ငွေလေးရှာလို့ရရင် မဆိုးဘူး”
“…”
ရှဲ့ချောင်သဘောပေါက်လိုက်ပြီ။ထိုအမျိုးသမီးက ရှားယာ့ယွင်ဖြစ်နိုင်ချေများသည်။
ကူညီရမည့် လူအယောက်ငါးဆယ်ထဲက ဆယ်ကျော်သက်လေးများနှင့် ကလေးအရွယ်များကို သူမရွေးထုတ်ထားပြီးဖြစ်သည်။ ဤအရွယ်လေးများက ကိုင်တွယ်ရ လွယ်ကူပြီး ရိုးရှင်းသည်မဟုတ်လား။
ရှဲ့ချောင်သည် ကောင်းမှုပြုရန် အလျင်စလိုမလုပ်
ပဲ တစ်ညနေခင်းလုံး အိမ်မပြန်ခင်ထိ ထိုနေရာတွင်နေခဲ့သည်။
နောက်ရက်များတွင်လည်း အလားတူပင်။မနက်ဆိုလျှင် ကျောင်းသွား၍ ညနေရောက်လျှင် ဤနေရာကိုလာကာ ၎င်းတို့ကိုစောင့်ကြည့်ခဲ့သည်။
“ဒင်းတို့ပေါ့ .ငါ့ဆီက အဝတ်တွေ အစားအစာတွေလုသွားတာ …လူကိုလည်းခွေးလိုနွားလိုရိုက်နှက်ကြသေးတယ်…သူတို့လုပ်လို့ ငါ့တဲဆီကို မနည်းအားယူပြီး တရွတ်တိုက်ပြန်နေရတုန်းမှာပဲသွေးပွက်ပွက်အန်ပြီး သေခဲ့ရတာ” ရှဲ့ချောင်ဘေးမှ ပိန်လှီနက်မှောင်နေသော မကောင်းဆိုးဝါးဝိဉာဉ်က ပြောလိုက်ပြီး "ဒီလူယုတ်မာတွေကြောင့် ငါဒီဘဝရောက်ရတာ အဲဒီကောင်တွေကို သေတောင် ခွင့်မလွှတ်ပေးနိုင်ဘူး!!!”
••••••