← Chapters

နောက်ဆုံးဆန္ဒ

Vol. 16 Ch. 292

နောက်ဆုံးဆန္ဒ

Vol. 16 Ch. 292

ထိုအမျိုးသားဝိဉာဉ်၏ မျက်လုံးများသည် နီရဲပြီး ကြောက်စရာကောင်းနေသည်။

သွေးအန်ပြီး သေဆုံးထားသည့်အတွက် ပါးစပ်မှာလည်း သွေးချင်းချင်းနီနေခဲ့သည်။ သူ၏ သွေးစွန်းနေသော သွားများကိုပင် မြင်ရသည်။ ထပ်ကြည့်ချင်စရာ တစက်ပင်မရှိ။

သို့သော်လည်း ဤဝိဉာဉ်မှာ အားနည်းသည်။

စကားအပြောအဆို ကြမ်းသော်လည်း သူ့အငွေ့အသက်က ထိုမျှအားမကောင်းပေ။ ထိုအစားသူက သနားစရာကောင်းနေသည်။

ဤနေရာတွင် သူမစောင့်နေတာ ရက်အတော်ကြာနေပြီပင်။ ထိုအစား ဤအမျိုးသားဝိဉာဉ်၏ ညည်းညူနေခြင်းကို ထိုင်နားထောင်နေရသည်။

ထိုဝိဉာဉ်က အသက်နှစ်ဆယ်ကျော်ဝန်းကျင်

လောက်ရှိပြီး ပညာတတ်ဖြစ်ပုံရသည်။ ကပ်ဘေးဒဏ်ကြောင့် ဇနီး၊ မိခင်နှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်သည်။

လမ်းမှာ လူကဖျားပြီးမိန်းမဖြစ်သူက ပြုစုပေးလို့သာ အသက်ရှင်ခဲ့ရသည်။ မြို့တော်သို့ရောက်သောအခါ ဆန်ပြုတ်ဝေပေးသော ဘုန်းကြီးတစ်ပါးနှင့် ကြုံခဲ့သည်။ ထို့အတွက် ခက်ခဲသော်လည်း ရုန်းထွက်နိုင်ခဲ့သည်။

လွန်ခဲ့သော နှစ်လက သူဌေးတစ်ဦးက အဝတ်အစားနှင့် အစားအစာများကို ဝေပေးခဲ့သည်။ ကျန်းမာရေးကောင်းလာသည့်တွက် ၎င်းတို့အား ယူရန် သူတန်းစီခဲ့သည်။ သူ့အသားအရည်နှင့် ပိန်သွယ်သည့် ခန္ဓာကြောင့် ပစ္စည်းအတော်များများ သူရခဲ့သည်။

သူသည် အပျော်ကြီး ပျော်ကာ ပြန်လာခဲ့သော်လည်း လမ်းတစ်လျှောက် လုယက်ခံခဲ့ရ

သည်။

သူ့ဘဝတွင် ဇနီး၊ သားသမီးနှင့် အမေဖြစ်သူအတွက် ဘာမှ မလုပ်ပေးခဲ့ဖူးပေ။ ထို့အတွက် အစာရေစာ ရှားပါးနေဆဲဖြစ်သော်လည်း သူအဆုံးထိခုခံခဲ့သည်။ ထို့တွက် သူ့ကို လူတစ်စုက ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

အစကတည်းက အားနည်းသူဖြစ်သည့်အတွက် သူပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့ရသည်။

ပါလာသမျှ အဝတ်စားနှင့် ရိက္ခာအားလုံးကိုပေးလိုက်ရကာ တန်ဖိုးမရှိသော သူ့အသက်ကိုပါ ပေးလိုက်ရသည်။

မြို့ပြင်တွင် အရာရှိများနှင့် ရဲမက်များ ရှိသော်လည်း တဲအတွင်း၌ သေခဲ့ရပြီး ယခင်က ဖျားနာခဲ့ဖူးသောကြောင့် သူ၏ သေဆုံးမှုကို 'ပြင်းထန်သော ရောဂါဖြင့် သေဆုံးခြင်း' ဟု

အလွယ်သတ်မှတ်ခဲ့ကြသည်။

အမျိုးသားဝိဉာဉ်သည် သေခြင်းတရားကို မကြောက်။ သူ ဖျားနေသည်မှာ အလွန်ကြာပြီ ၊ သေဖို့ တွက် စိတ်ပိုင်းဆိုင်ရာကအစ အစစရာရာ ပြင်ဆင်ပြီးနေပြီဖြစ်သည်။ သေခြင်းတရားကတောင် သူ့အားစိတ်သက်သာရာရစေသေးသည်။ အနည်းဆုံးတော့ ဇနီးနဲ့ သားသမီးတွေကို မနိမ့်ကျစေချင်ရုံသာ။

သို့သော် သူ့မကျေမနပ်ဖြစ်သည့်အရာက ဆန်လက်တစ်ဆုပ်စာနှင့်အ၀တ်အစားနှစ်ထည်ကြောင့် ဖြစ်သည်။

၎င်းတို့ကြောင့် သူသေပြီးကတည်းက တဝဲဝဲလည်လည် ဖြစ်နေပြီး မကျွတ်ခဲ့ခြင်းဖြစ်သည်။

ရှဲ့ချောင်က ရက်စက်သော အကြည့်ဖြင့် မိုက်မဲသည့်လူဆိုးများကို စိုက်ကြည့်နေသည်။

ဒီလူများက စုဝေးနေခြင်း မဟုတ်ပါ။ ၎င်းတို့က

အုပ်စုနှစ်စု၊ သုံးစု ဖွဲ့ထားကြသည်။ ထို့နောက်ကင်းလှည့်ကြသည် ။ အရာရှိများနှင့် ရဲမက်များကို တွေ့တိုင်း ဆန်ပြတ်ဆိုင်တွေ ကူလုပ်ပေးယောင် ဟန်ဆောင်တတ်ကြသည်။

၎င်းတို့က ဆန်ပြုတ်ဝေသောနေရာ၏ လုံခြုံရေးကို ကြပ်မတ်သော အရပ်သား “အစောင့်” များဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဆန်ပြုတ်လာလှူသည့်အခါ ထိုနေရာတွင် လူမရှုပ်စေရန်နှင့် လူစုလူဝေးဖြစ်ကာ တက်မနင်းမိစေရန်အတွက်စီစဉ်ပေးသည်။

သို့သော် သူတို့က ဤအလုပ်ကို လက်တွေ့လုပ်နေကြသောကြောင့် မည်သူက ဘာရကြောင်း လှူသည့်သူများထက်ပိုသိသည်။ အမျိုးသားဝိဉာဉ်က သူတို့ကို စိုက်ကြည့်နေသည်။ ငေးကြည့်ရုံမကပဲ ခဏအကြာတွင် ထိုနေ့က သူ့ကိုရိုက်ခဲ့ကြသည့် လူများ၏ နံဘေးတွင် မျောပါသွားသည်။ သူ့လက်အစုံက ထိုလူ၏လည်မြိုကို ညှစ်နေသည်။

မကောင်းဆိုးဝါး အာလုံးနီးပါး လူများ၏ လည်ပင်းညှစ်ရတာကို ကြိုက်ကြသည်။

သို့သော် ဤဝိဉာဉ်၏ စွမ်းအားက သိပ်မကောင်းကြောင်း သိသာနေသည်။ ထို့အပြင်၊ သူလုပ်နေသူထံတွင် ယန်စွမ်းအင်အမြောက်အမြားရှိနေသည့်အတွက် အမျိုးသားမကောင်းဆိုးဝါး၏ လွှမ်းမိုးနိုင်စွမ်း အလွန်လျော့သွားရသည်။

ထိုလူက ဘာမှတောင်ခံစားလိုက်ရပုံမပေါ်ပေ !

ခဏအကြာတွင် မကောင်းဆိုးဝါးဝိဉာဉ်က စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ထွက်သွားတော့သည်။

“ငါက တကယ့်ငကြောင်ပဲ ဘာမှလုပ်လို့မရတာ သိရက်နဲ့…. ငါ့မိန်းမ၊ကလေးတွေနဲ့ ငါ့အမေကိုပါ ငါနဲ့အတူဆွဲချလာမိတယ်….သေသွားတာတောင်

လက်စားချေလို့မရဘူး… ငိုချင်တယ်…” မကောင်းဆိုးဝါးဝိဉာဉ်က ပြောလိုက်ပြီး ရှိုက်စပြုလာသည်။

သွေးရောင်မျက်ရည်များက သူ့မျက်နှာပေါ်သို့ စီးကျနေကာ ကြောက်စရာကောင်းနေသည်။

"မငိုနဲ့တော့။ နောက်ဆုံးဆန္ဒက ဘာလဲဆိုတာကို စဉ်းစား။ ရှင့်အတွက် ဖြည့်ဆည်းပေးဖို့ ငါ အဆင်သင့်ပဲ" ရှဲ့ချောင် ပြောလိုက်သည်။

သူမက အပူပေးမီးဖိုအနီးတွင် ထိုင်နေ၏။

အခုက အအေးဆုံးရာသီတောင်မဟုတ်သေးပေ။

နှင်းတွေကျနေရင်တောင် သူမအေးခဲပြီးမသေနိုင်လောက်ပါဘူး ဟုတ်တယ်မလား။

ရှဲ့ချောင် တွေဝေစွာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်က သနားစရာကောင်းလောက်အောင် ခေါင်းကို မြှောက်ထား၏။ ခဏလောက် စဉ်းစားပြီးနောက် “ငါ့ရဲ့ဆန္ဒ...”ဟုပြောလိုက်သည်။

'လက်စားချေဖို့?'

'သူများပစ္စည်းခိုးတဲ့လူတွေကို ငါ့လိုသေပါစေလို့လား?'

တွေးကြည့်လိုက်မှ သူသည် အမှန်တကယ်အသုံးမဝင်ကြောင်း သဘောပေါက်သွားသည်။ သူ့ရဲ့ ဖြစ်ချင်သည့်ဆန္ဒတောင်မှ သူ့အကြောင်း မဟုတ်ဘူးလေ။

"အဝတ်အစားနဲ့ စားစရာတွေ ယူပြီး အမေနဲ့ မိန်းမကို ပို့ပေးချင်တယ်..."

•••••

All Chapters