ပျက်ကွက်ခွင့်
Vol. 16 Ch. 293
မကောင်းဆိုးဝါးဝိဉာဉ်က ပြောပြီး အနည်းငယ် ရှက်သွားသည်။
သူသည် အသတ်ခံခဲ့ရပြီး ဝိညာဉ်ဖြစ်လာရသော်လည်း ကလဲ့စားချေရန် သတ္တိတောင် မရှိခဲ့ပေ။ တန်ဖိုးမရှိသော အဝတ်အစားများနှင့် အစားအသောက်များကိုသာ တွေးနေမိသည်။
သူ့ရှေ့က အမတသခင်မကတော့ သူ့ကို ရယ်နေမှာ သေချာသည် ။
ရှဲ့ချောင်က ခေါင်းညိတ်လိုက်ပြီး "ဒီဆန္ဒကို ငါဖြည့်ပေးမယ်"
ကျောင်းက ငွေပဲစေ့ ၈၀၀ ကျော် မပေးရသေးသဖြင့် သူမတွင် ငွေပဲစေ့ ၁၀၀၀ ခန့်သာ ကျန်တော့သည်။ ငွေစနှင့် လဲလျှင်တောင် ငွေ ၁၀၀သာ ရနိုင်သည်။
ငွေစတစ်ရာသည် လူဆိုးများကို ငှားရမ်းရန် မ
လုံလောက်ပေ။
ကျောင်းတော်က မိသားစု၏ စည်းစိမ်ဥစ္စာကို အသုံးမချရဟု ပြဋ္ဌာန်းထားသော်လည်း လူအင်အားကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ဘာမှပြောထားခြင်းမရှိချေ။
ရှားယာ့ယွင်က မြို့ပြင်သို့လာလျှင် အစေခံတစ်ဦးသာ ခေါ်လာမည်မှာလုံးဝ မဖြစ်နိုင်ပေ။ အဓိကရုဏ်းကို ရှောင်ရှားရန်အတွက် အစေခံ ခုနစ်ဦး၊ရှစ်ဦးခန့်ကို သူမနှင့်အတူ ခေါ်လာလိမ့်မည်။
အတိုင်းအတာတစ်ခုထိ မိသားစု၏အာဏာကို အသုံးချနေဆဲဖြစ်သည်။
ရှဲ့ချောင် အိမ်ပြန်ရောက်ပြီးနောက် အိမ်မှာရှိသမျှ အစေအပါး အရေအတွက်ကို တွက်ခိုင်းလိုက်သည်။
ရှဲ့ မိသားစုက အစေခံအားလုံးနီးပါး အတိုက်အခိုက်တတ်သည်။ အစ်ကိုအကြီးဆုံးနှင့် ဖခင်ဖြစ်သူက ကိုယ်ခံပညာရှင်များဖြစ်သည့်တွက် အစေခံများကို ဂရုတစိုက် ရွေးချယ်ခဲ့ကြသည်။
ဤနည်းဖြင့် သူမကို ဒုက္ခများစွာမှ ကယ်တင်နိုင်ခဲ့သည်။
“သူတို့အားလုံးကိုခေါ်သွားမှာလား? ဘာအတွက်လဲ?" နောက်တစ်နေ့နံနက် အိမ်မှမထွက်ခွာမီ အစေခံများစွာကိုတွေ့လိုက်ရသည့် ရှဲ့နျိုရှန်း တုန်လှုပ်သွားသည်။
သူ့သမီးက ထိုလူအားလုံးကို စစ်တိုက်ထွက်ဖို့ ခေါ်သွားမှာတော့ မဟုတ်ဘူးမလား။
"အကြီးဆုံးအစ်မက သခင်မလေးရှား နဲ့ လောင်းကစားလုပ်နေတာ။ မြို့ပြင်မှာ ကောင်းတာလုပ်ဖို့ သူတို့ကိုလာခေါ်တာထင်တာပဲ” ရှဲ့ဖင်းဟွိုက် ပြောရင်း ချီးကျူးခံရအောင် ရှဲ့နျိုရှန်း ဘက်
သို့လှည့်ကာ ရယ်ပင်ပြလိုက်သေးသည်။
ရှဲ့ချောင်ကား ရှဲ့ဖင်းဟွိုက်၏ ပုံစံလေးကို ကြည့်ပြီး ဤ ကလေးသည် အတော်လေး သနားစရာကောင်းသည်ဟု တွေးနေမိသည်။
ဆယ့်နှစ်နှစ်သားအရွယ်ခန့် ကလေးသည် နုနယ်သေးသည့်အရွယ်ဖြစ်သည်။
သခင်မလု ထွက်သွားပြီးနောက် ရှဲ့နျိုရှန်း လည်း သူ့ကို ဂရုမစိုက်ခဲ့ပေ။ မကြာသေးမီက ရှဲ့ဖင်းကန်းကလည်း စည်းကမ်းပိုမိုတင်းကြပ်ခဲ့သည်။ နှံကောင်တွေလည်း အသိမ်းခံထားရသည်။ ဒီကလေးတွင် ပျော်စရာဟူ၍ဘာမှမရှိတော့။
သူကျောင်းသွားတော့လည်း ဆရာရှောင်း၏အလေးပေးမှုကို ခံရသေးသည်။
အလွန် သနားစဖွယ် ကလေးတစ်ယောက်ပင်။
" သခင်မလေးရှားနဲ့ လောင်းကစားလုပ်ထားတာ? ဘယ်က သခင်မလေးရှားလဲ ပိုက်ဆံနဲ့လောင်းခဲ့တာလားသမီး?" ရှဲ့နျိုရှန်း ချက်ချင်းမေးလိုက်သည်။ သူသည် ရှဲ့ချောင်ကို ကြည့်နေပြီး ရှဲ့ဖင်းဟွိုက်ကိုတော့ နောက်ထပ် တစ်ချက်မျှ မကြည့်ခဲ့ပေ။
“အဖေက ရက်စက်တယ်၊ အသုံးမကျဘူး၊ မကောင်းတဲ့သူလို့လူတွေ ပြောကြတယ်။ အဲဒါကို နားထောင်ရတာ အဆင်မပြေတော့ လို့ သခင်မလေးရှားနဲ့ လောင်းကြေးထပ်လိုက်တာပါအဖေ။သမီး နိုင်ရင် အဖေ့ဂုဏ်သိက္ခာအများကြီး တက်လာမှာ” ဟု ရှဲ့ချောင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
ရှဲ့နျိုရှန်း က အရမ်းပျော်သွားပြီး "သမီးလေး။ အနိုင်ကျင့်ခံရရင်ပြောနော် ဖေဖေတို့က၊အဆင့်အတန်းသိပ်မမြင့်ပေမယ့် ဖေဖေတို့နောက်မှာ အင်အားရှိတယ် အဲ့ထောက်တိုင်မပျောက်သ၍ မြို့တော်မှာ ဖေဖေတို့နေရာရှိတယ်”
ရှဲ့ချောင်ကတခစ်ခစ်ရယ်သည်။
သူသိသလောက်တော့ ထိုထောက်တိုင်ဆိုသူက အသက်ကြီးပြီ။ ဘယ်အချိန်သေမလဲတောင် တွေးပြီး ကြိုပြင်ဆင်ထားရမည့်သူဖြစ်သည်။
ထိုသူထက် မိမိကိုယ်မိမိ အားကိုးခြင်းကသာ ပိုကောင်းသေးသည်။
"နင်တို့နှစ်ယောက် ဒီနေ့ ငါနဲ့ အပြင်လိုက်ချင်လား" ရှဲ့ချောင်က ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့ကိုမေးလိုက်သည်။ "ကျောင်းကို ခွင့်တိုင်ပေးဖို့ လူတစ်ယောက်လွှတ်ပေးလိုက်မယ်"
ရှဲ့ရှီက ခေါင်းခါသည်။
ရှဲ့ဖင်းဟွိုက်ကမူ စိတ်ဝင်တစားနှင့် “ဟုတ် အစ်မ ဒါပေမယ့်ကျွန်တော့်ကို ခေါ်မယ်ဆို ဆရာရှောင်းကို ရှာရမယ် အဲ့အဘိုးကြီးက သားကို သူ့တပည့်အဖြစ်သာ လက်မခံတာ တစ်နေကုန် သူ့
အိမ်မှာကြီး ခေါ်ထားတာရယ် ခုလည်း မှင်ကြိတ်ဖို့ဆိုပြီး တာဝန်ပေးထားပြန်ပြီ”
ရှဲ့ဖင်းဟွိုက်ကား စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူ့ခြေထောက်ကို မြေပြင်နဲ့ပွတ်သပ်ပြီး “သူကအရမ်းချုပ်ချယ်တာ သားကိုနားရက်မပေးလောက်ဘူး..ဟူးးး…”
ထိုဆရာရှောင်း က အမှန်တကယ်ပင် လက်ပေါက်ကပ်သူဖြစ်သည်။
ကျောင်း တက်စဉ်ကလည်း သူ့အောက်တွင် မနက်၊နေ့လည် အလုပ်နှင့် လက်နှင့်မပျက်လုပ်ရသည်။သာမန်အလုပ်များမှအစ စာပြန်ကူးခြင်းအထိလုပ်ရသည်။ သို့သော် ဆရာက သူ မကျေနပ်သည်နှင့် ဆူးလိပ်ကြီးကို ထုတ်တတ်သည်။
သူတကယ် ရှဲ့ဖင်းဟွိုက်ကို ရိုက်လိမ့်မည် ။
အခုထိလည်း ယခင်ကရထားသည့်သူ့ခြေသလုံး
က ဒဏ်ရာများမှာ မသက်သာသေးပေ။
••••••