သူ့သဘောထားမဟုတ်!
Vol. 16 Ch. 294
ရှဲ့ဖင်းဟွိုက်က အားငယ်စိတ်ဖြင့် ခေါင်းငုံ့ထားသည်။
" မလိုက်တော့ဘူးလား ကျောင်းမှာခွင့်တိုင်ဖို့ကို အစ်မလုပ်ပေးမယ်လေ " ဟု ရှဲ့ချောင်က ပြောသည်။
"တကယ်လား" ရှဲ့ဖင်းဟွိုက်ခဏလောက် တွေးလိုက်သည်။ သို့သော် သူ့အစ်မက ဒီလိုပြောသည့်အတွက်…
အတန်းပျက်လျှင်တောင် သူ့အဖေနှင့် အစ်ကိုက အပြစ်ပေးမှာ မဟုတ်တော့။ အဆိုးဆုံးအခြေနေမှာ ဆရာရှောင်းရိုက်တာကို ခံရမည်ဖြစ်သည်။
ဆရာက သူ့ကို လုံးဝရိုက်တာမျိုးတော့ မဟုတ်။
သူ့ကို အားထည့်၍တောင် မရိုက်ရဲပေ။ ထို့အတွက်သူ တွန့်ဆုတ်မနေချင်တော့။
ရှဲ့ဖင်းဟွိုက်က ရယ်မောပြီး “ဟုတ် အစ်မနဲ့ လိုက်မယ်။အစ်မ ခိုင်းချင်တာ ခိုင်းလို့ရတယ် သား အရမ်းကြိုးစားမှာပါ!”
ရှဲ့ချောင်က သူ့ကို ပြုံးပြလိုက်သည်။
ရှဲ့ဖင်းဟွိုက် စိတ်သက်သာရာရသွားသည်။
သူက ငတုံးမလေး ရှဲ့ရှီကိုတောင် နောင်တဖြင့် ကြည့်နေသည်။ အပျော်ပါးကိုမရွေးပဲ ကျောင်းတော်ကို သွားရန်သာရွေးချယ်ခဲ့သည် တဲ့လား။
ရှဲ့ရှီ၏မျက်လုံးများ အနည်းငယ်မှိုင်းနေပြီး ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း အရိပ်ယောင်ကို မတွေ့ရပေ။ ရှဲ့ချောင် မေးလိုက်သည် "ရှီအာက ဘာလို့ မသွားချင်ရတာလဲ"
ကလေးများက အပြင်ထွက်ဆော့ကစားရသည်
ကို နှစ်သက်ရမည် မဟုတ်လား။
"အဲ့လိုလိုက်မယ်ဆို ပိုက်ဆံသုံးရမယ်လေ" ရှဲ့ရှီ၏စကားများက ရွှေနှင့်တူသည်။ လက်မခံနိုင်စရာ အရာတစ်ခုကို ပြောနေသလိုပင် မျက်မှောင်ကြုတ်ထားသည်။
"ပိုက်ဆံမပေးခိုင်းပါဘူးညီမလေးရယ်" ရှဲ့ချောင် မရယ်ဘဲ မနေနိုင်တော့။
"ကျောင်းမှာက ငွေနည်းနည်း ရအောင်ရှာလို့ရတယ်" ရှဲ့ရှီက အလေးအနက်ထား ပြောနေသည်။
ရှဲ့ချောင် မအံ့ဩပဲမနေနိုင်ပေ။
ရှဲ့ရှီတွင် ငွေရှာရန် သူမကိုယ်ပိုင်စည်းမျဉ်းများရှိပုံရသည်။ ကျောင်းမသွားပဲ အပြင်လိုက်ပါက သူမအတွက် ဝင်ငွေဆုံးရှုံးရလိမ့်မည်...
ငယ်ရွယ်စဉ်ကပင် ငွေရှာချင်နေသည်မှာ ငယ်စဉ်ကတည်းက စိတ်မချရသော ဖခင်နှင့် ကြီးပြင်း
လာရခြင်းနှင့်ဆိုင်လောက်သည်။
"အဖေ မုန့်မိသားစုက ပစ္စည်း ပြန်ပို့ဖို့ လူတွေလွှတ်လိုက်ရင် ရွှေလင်းယုန်ကို တစ်နှစ်အတွင်း မရောင်းရဘူးနော်" ရှဲ့ချောင်က မသွားခင် ရုတ်တရက်ပြောလိုက်သည်။
"ဘာလို့လဲ?!" ရှဲ့နျိုရှန်း က ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားသည်။
မရောင်းရရင် ဘာအတွက်ပြန်ယူနေမှာလဲ!
ယခုသူ့ထံတွင် ငွေပြတ်လတ်နေသည်။
"အဖေ၊ မုန့်မိသားစုကို သမီးတို့မှာငွေမရှိမှန်းသိစေချင်လို့လား" ရှဲ့ချောင်က ရယ်မောရင်း ပြောသည်။“ကောင်းပြီ သမီးပြောမယ် အဖေ သမီးက အေးတဲ့ရာသီကို အမြဲကြောက်ခဲ့တယ်… ဆောင်းရာသီရောက်တိုင်း အအေးဒဏ်ကြောင့် တုန်လှုပ်ခဲ့ရတယ်…တာအိုဘုရားကျောင်းမှာတော့ အဆင်ပြေပါတယ် ဘာလို့ဆို အဲ့က ဖုန်းရွှေက
ကောင်းတယ်၊ တစ်နှစ်ပတ်လုံး နွေဦးပေါက်နေတာမျိုးလေ ဒါပေမယ့် ဒီမှာတော့… အဖေ့ဘက်က ငွေနှင်းခဲမီးသွေးကို တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ များများရလေ ပိုကောင်းလေပဲ ဘာလို့ဆို မလောက်မှာကို သမီးကြောက်တယ်။" တာအိုဘုရားကျောင်း၏ တစ်နှစ်ပတ်လုံး နွေဦးပေါက်နေသည့် အကြောင်းရင်းက ထိုမှ လူတွေက အမွှေးတိုင်များကို အမြဲတစ မီးရှို့နေကြ၍ဖြစ်သည်။ သူမက အဘိုးကြီးမော့နှင့်အတူ ဗုဒ္ဓအဆောင်လက်ပတ်အနည်းငယ် ပြုလုပ်ထားပြီးဖြစ်သည်။ တရားဓမ္မ တူရိယာအချို့ကြောင့် ထိုနေရာက အေးချမ်းသော အငွေ့သက်ကို ပေးစွမ်းသည်။
သို့သော် ဤအိမ်တွင် အလွန်အေးသည်။
ရှဲ့နျိုရှန်းက ထိုစကားကိုကြားသောအခါ မျက်မှောင် ကြုတ်လာသည်။
ငွေနှင်းခဲမီးသွေးက အလွန်ဈေးကြီးသည်။
ငွေစုရန်အတွက် အပိုအသုံးစရိတ်တစ်ခုအဖြစ်ထားရှိမှ ရမည်။
ထို့အပြင် ယခုနှစ် ရာသီဥတုပိုအေးသည်။ ငွေနှင်းခဲမီးသွေးကို အပြင်မှာရှာတွေ့ရန်မလွယ်ကူပေ။သုံးရမည့်ငွေအားမှာ သာမန်ထက် ပိုများမည်မှာ သေချာသည်။
အပြင်ပန်းတွင်းတော့ ဆင်းရဲခြင်းကြောင့် မငိုကြွေးသော်လည်း သခင်မလု၏ အကြွေးများအကြောင်းကို ရင်ထဲတွင်တော့ တွေးမိနေသည်။
သခင်မလုသာ ငွေအနည်းငယ်စုထားခဲ့လျှင် မီးသွေး များကိုဝယ်ဖို့ ဤမျှ တွန့်ဆုတ်နေမည်မဟုတ်ပေ။
ရှဲ့ချောင်က ပြောစရာရှိသည်ကိုပြောပြိး ဟိတ်ဟန်ဖြင့် လူတွေကို ခေါ်ဆောင်ကာထွက်လာသည်။“အစ်မ ကျွန်တော်တို့ စားသောက်ဆိုင် အရင်မသွားသင့်ဘူးလား ခြင်္သေ့ခေါင်းဟင်း
ကောင်းကောင်း စားလို့ရတဲ့စားသောက်ဆိုင် ကျွန်တော်သိတယ်…” ပြောရင်း ရှဲ့ဖင်းဟွိုက်၏ မျက်လုံးများက အရောင်တောက်နေသည်။
"မောင်လေးက အဲ့လောက်ရက်ရောတယ်လား?" ရှဲ့ချောင်အံ့အားသင့်စွာ မေးလိုက်သည်။
ရှဲ့ဖင်းဟွိုက်က စကားမပြောနိုင်တော့ဘဲနှုတ်ခမ်းကို စိလိုက်ပြီး “မသိချင်ယောင်ဆောင်လိုက်ပါတော့ အလုပ်ကိစ္စက ပိုအရေးကြီးတာပဲ...”
သူကရက်ရောတယ်တဲ့လား? သူကျွေးရမှာ မဟုတ်ဘူးလေ!
သို့သော် အဓိပ္ပါယ်ရှိသည်။ သူကယောကျ်ားလေးတစ်ယောက်ဖြစ်သည်။ အပြင်ထွက်တုန်း ဘာကိစ္စနှင့် သူအစ်မပိုက်ဆံကို ဖြုန်းရက်မည်လဲ။
သို့သော် သူ့ထံယခုအချိန်တွင် အမှန်တကယ်ပင် ပိုက်ဆံမရှိပါ။ ကြေးနီဒင်္ဂါးဆယ်ပြားတောင် မတတ်နိုင်။ ခြင်္သေ့ခေါင်းဘေးက ဟင်းရွက်
ဟင်းချိုဖိုးတောင် မတတ်နိုင်ပါ။
“အစ်မသိလား ကျွန်တော်ဒီရက်အတွင်းကျောင်းမှာ အလေလိုက်နေတာမဟုတ်ဘူး…အစ်မအတွက် အထောက်ကူဖြစ်အောင် လိုက်မေးပေးထားတယ်…ရှားယာ့ယွင်က လူငါးဆယ်လောက်စုထားပြီးပြီတဲ့ အကုန််လုံးက ၁၇ နှစ်အောက်တွေကြီးပဲတဲ့…အဲ့အရွယ်တွေက တုံးတယ်လေ ရှားယာ့ယွင်က သူတို့ကို နည်းနည်းပဲပေးလိုက်တာ သူတို့က သူ့ကို ဘုရားလို ကိုးကွယ်နေကြပြီ”
••••••