လောကကြီးကမတရားဘူး။
Vol. 16 Ch. 295
ရှဲ့ဖင်းဟွိုက်က စကားအမြန်လွှဲလိုက်သည်။ သူတွန့်တို့နေသည်ဟု ရှဲ့ချောင်ထင်မည်ဆိုသောကြောင့်ဖြစ်သည်။
“နောက်ထပ် ဘာများသိလာသေးလဲ” ရှဲ့ချောင်က ပြုံးပြီး မေးလိုက်သည်။
" ရှားယာ့ယွင်က မြို့ပြင်ကိုနေ့တိုင်း သွားပြီးစားလို့ကောင်းတဲ့ မုန့်တွေ အများကြီး ယူယူသွားတယ်တဲ့။ကွေ့ဖုန်းအတန်းက သရေစာတွေလည်းပါတယ်တဲ့။နောက်ပြီး ၁၊၂၊၃၊၄ အတန်းတွေဘက်က ဝင်းနှစ်ဆယ်လောက်ထိ ခိုးပြီး သွားတယ်တောင် ကြားတယ် နောက်ပြီး သူ့ကိုငွေပဲစေ့တွေအများကြီးရောင်းလိုက်ကြတယ်တဲ့” ရှဲ့ဖင်းဟွိုက်က ပြောသည်။
ရှားယာ့ယွင်မှာ အလွန်ချမ်းသာနေလောက်ပြီဖြစ်သည်။ ငွေပဲစေ့များစွာဖြင့် သူမ ဘာဝယ်နိုင်မလဲ။
သူ့အစ်မ ဒီတစ်ခါတော့ ဒုက္ခရောက်တော့မည်။
"သရေစာတွေ ပေးတယ်တဲ့လား" ရှဲ့ချောင်က ရယ်မောရင်း “သူရွေးထားတဲ့ ဆယ်ကျော်သက် အယောက် ၅၀က အားကိုးရာအမဲ့ဆုံးနဲ့ ဘေးဒုက္ခသည်တွေထဲက ထောက်ပံ့မှုအနည်းဆုံးရတဲ့သူတွေဖြစ်မယ်ထင်တယ်”
ရှဲ့ဖင်းဟွိုက်အံ့အားသင့်သွားသည်။
၎င်းကိုတော့ သူသေချာမသိပါ။
သို့သော်…မှန်ပေလိမ့်မည်။
သူသာ ရှားယာ့ယွင်သာဆိုလျှင်လည်း အားကိုးစရာလူမရှိသော ဆင်းရဲသားလေးများကို သေချာပေါက်ရှာမိလိမ့်မည်။ သို့မှသာ အားကောင်းသည့် ဆင်းရဲသားလေးများက သူမ၏ရွေးခြယ်ခြင်းကို ခံရသည်မှာ မည်မျှ အဖိုးတန်ကြောင်း သိနိုင်ပေလိမ့်မည်။
"အစ်မ သားတို့လည်း အဲ့လိုလူရွေးကြမလား" ရှဲ့ဖင်းဟွိုက်က ချက်ချင်းသူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြောသည်။
"ဘယ်သူပြောလဲ လူရွေးမယ်လို့ ဒီနေ့အကုန်လုံးကို အနိုင်ယူပြမယ်” ရှဲ့ချောင် အေးဆေးစွာပြော
လိုက်သည်။
မြို့တံခါးဂိတ်သို့ရောက်သောအခါ၊ ရှဲ့ချောင်က အဝတ်တစ်ထည်ထုတ်လိုက်ပြီး အစေခံတစ်ဦးကိုပေးလိုက်ကာ ဘေးကို သွားပြီးလဲလိုက်ရန်ပြောလိုက်သည်။
ထိုလူက ရှဲ့မိသားစုတွင် အပိန်ဆုံးလူဖြစ်သည်။ သူကသေးသေးလေးနှင့် ပိန်ပြီး အားနည်းပုံရသော်လည်း အတိုက်အခိုက်ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် သူမအဖေနှင့် အစ်ကိုက အိမ်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။
“ဒီပစ္စည်းတွေကို သယ်သွားပြီးရင် သတိထား လှံတွေနဲ့ လူတွေရှေ့က ဖြတ်သွားနော် သူတို့က မင်းကို တားလို့ရှိရင် ပြေးသာပြေး”
သူ ဘယ်သူ့ကိုမှ ရှောင်စရာမလိုပေ။ ရန်ပွဲ အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ဂရုစိုက်ဖို့သာလိုသည်။
ရှဲ့ဖင်းဟွိုက်အနည်းငယ် စိတ်ရှုပ်သွားသည်။
ရှဲ့ချောင် ဘာတွေလုပ်နေလဲ သူမသိပါ။
ရှဲ့ချောင်သည် သူ့ကိုကြည့်လိုက်ပြီး အစေခံအား မသွားခိုင်းခင် ခေတ္တစဉ်းစားနေခဲ့သည်။ ထို့နောက် ရှဲ့ဖင်းဟွိုက်၏လက်ထဲသို့ အဝတ်အစားများထည့်ကာ "ဟွိုက် အဲ့တဲမှာ အစ်မအသိတစ်ယောက်နေတယ် သူ့ကိုဒါလေးတွေ သွားပေးပေးပါ…”
ရှဲ့ချောင်ပြောနေရင်း တဲရှိရာကို ညွှန်ပြလိုက်ပြီး "ဝင်သွားလိုက် မြို့ရိုးကနေ ၂၀ အထိ တွက်သွားလိုက်…အဖြူ ရောင်ကွက်တွေနဲ့ တဲနော်အဲ့ မိသားစုထဲမှာ သက်ကြီးရွယ်အိုရယ်၊ မိန်းမရယ်၊ ကလေးရယ်ကိုတွေ့လိမ့်မယ်"
ရှဲ့ဖင်းဟွိုက် စိတ်ရှုပ်နေသည်၊၊ "အစ်မ ဘာလို့ကိုယ့်ဘာသာ သွားမပေးတာလဲ"
“ဒီကလူတိုင်းက သဘာဝကပ်ဘေးဒဏ်ခံထားကြရတာလေ မြင်ရတာ စိတ်မကောင်းလို့ပါ" ရှဲ့ချောင် ပြောရာ ရှဲ့ဖင်းဟွိုက် လက်ခံလိုက်ရသည်။
ဟုတ်ပေသည်လေ။ သူ့အစ်မက တာအိုဘုရားကျောင်းတွင် ကြီးပြင်းလာသူဖြစ်ပြီး ကြင်နာတတ်သော နှလုံးသားရှိသူဖြစ်သည်။
သို့သော် ခုနကအစေခံကို ပြောခဲ့တဲ့စကားက ဘာကိုဆိုလိုလဲဆိုတာ သူသိချင်သည်။
သူ သိပ်နားမလည်ချေ။
ရှဲ့ဖင်းဟွိုက်က ဤအလုပ်ကို လွယ်ကူသည်ဟုထင်ပြီး ယခုလို အပြင်ထွက်ရဖို့မှာ အလွန်ခက်ခဲပေသည်။ ထို့ကြောင့် ရှဲ့ချောင်၏တောင်းဆိုမှုကို မငြင်းဆိုတော့ဘဲ အဝတ်ကို ဝတ်ဆင်လိုက်သည်။
ရှဲ့ဖင်းဟွိုက်၏ မျက်နှာမှာ သန့်ပြန့်နေဆဲဖြစ်၍ ရှဲ့ချောင်က ရွံတစ်ချို့ကိုယူပြီး သူ့မျက်နှာပေါ်တွင်သုတ်ချလိုက်သည်။ ဆံပင်များကိုလည်း စုတ်ပေ
နေအောင်ဖွလိုက်သည်။ "အစ်မ အဲ့ဒါဘာလုပ်တာလဲ?" ရှဲ့ဖင်းဟွိုက် အလွန်ရွံရှာသွားသည်။
“အဲဒီမှာ ဒုက္ခသည်တွေ ရှိတယ်လေ မင်းကြည့်ကောင်းလွန်းနေတယ် လောကကြီးက မတရားဘူးလို့ လူတွေက ထင်ကြမှာပေါ့” ဟု ရှဲ့ချောင်က ထပ်ပြောသည်။
ရှဲ့ဖင်းဟွိုက်က နှုတ်ဖွင့်လိုက်ပြီးမှ အဓိပ္ပာယ်ရှိပါတယ်လေဟု တွေးမိပြီး ဆက်မပြောတော့ချေ။
ဒါဆိုရင် သူ ညစ်ပတ်လည်း နေပါစေ။
ရှဲ့ဖင်းဟွိုက်မှာ မြို့ပြင်သို့ ထွက်ရခဲပြီး ဒုက္ခသည်များရှိရာသို့ တစ်ခါမျှ မရောက်ဖူးပါ။ သူ့အတွက် အနည်းငယ်ထူးဆန်းနေသည်။
သူတို့နှင့် နီးကပ်လာသောအခါ ရှဲ့ဖင်းဟွိုက်က မျက်မှောင်ကြုတ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ မသိစိတ်က သူ့နှာခေါင်းကို ဖုံးထားချင်သည်။ သူ့လက်ထဲတွင် ပစ္စည်းများရှိနေ၍ လွှတ်ချ၍လည်း
မရသောကြောင့် သည်းခံရုံသာ တတ်နိုင်တော့သည်။
•••••