← Chapters

ပြေး!

Vol. 16 Ch. 296

ပြေး!

Vol. 16 Ch. 296

ရှဲ့ဖင်းဟွိုက်မြို့တော်သို့ ရောက်လာစဉ်က ခြောက်နှစ်၊ခုနစ်နှစ်သာရှိသေးသည်။ သူ့ကို သခင်မလုက အလွန်နှစ်သက်ခဲ့သည့်အတွက် ဒီလိုအခက်အခဲမျိုး တစ်ခါမှမကြုံဖူးပေ။

သူ တောင်ပေါ်စခန်း၌ရှိစဉ်ကလည်း ထိုစခန်း၏ သခင်လေးဖြစ်ခဲ့သည်။ ရဲဘော်များ၏ လည်ပင်းကို ခွစီးကာ တောင်ပေါ်နှင့် သစ်ပင်များကို တက်ခိုင်းခဲ့သူဖြစ်သည်။ သူ့ကို ဆန့်ကျင်ရဲသူမရှိခဲ့ချေ။

ရှဲ့ဖင်းကန်း နှင့် ရှဲ့နျိုရှန်း တို့၏ ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။ နာကျည်းမှုများရှိခဲ့သော်လည်း တစ်ခါမှ ဆင်ဆင်းရဲရဲ မနေခဲ့ဖူးပေ။ ပြောရလျှင် ဒီလိုမြင်ကွင်းမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ရှဲ့ဖင်းဟွိုက်ထံတွင် စာနာစိတ်လည်းသိပ်မရှိရာ။ သူတို့ကိုပင် မတူမတန်သလို ဆက်ဆံခဲ့သေးသည်။

သူ့ခြေလှမ်းများက ထိုသူတွေကို တတ်နိုင်သမျှ ရှောင်နေပြီး လမ်းလျှောက်လျှင်တောင် ခုန်ဆွခုန်ဆွဖြစ်နေသည်။

ရှဲ့ချောင်က ရထားပေါ်တွင်ထိုင်ကာ အပြင်သို့လှမ်းကြည့်နေသည်။

သူမမောင်လေး၏ မသိတတ်မှုက ယခုချိန်ထိ ဒုက္ခပေးနေဆဲပင်။

ရှဲ့ဖင်းဟွိုက်၏ ပုံစံကထင်ရှားနေသည်။ ထို့အပြင် သူက ပစ္စည်းအတော်များများကို သယ်ထားခဲ့သဖြင့် ထိုလူဆိုးတို့၏ အာရုံကို အလွယ်တကူရခဲ့သည်။

အားလုံးက သူ့ကို စိုက်ကြည့်နေကြပြီး သူတို့လက်

ထဲက လှံများကို ဝှေ့ယမ်းနေကြသည်။

ရှဲ့ဖင်းဟွိုက် ထိုသူတို့ရှေ့ရောက်သောအခါ လူမိုက်နှစ်ဦး၏ တားဆီးခြင်းကိုခံလိုက်ရသည်။

“ပစ္စည်းတွေချပြီး ထွက်သွား” ထိုလူကပြောလိုက်သည်။

ရှဲ့ဖင်းဟွိုက်လန့်ဖျပ်သွားပြီး "ဘာလို့လဲ။ မင်းကဘယ်သူလဲ။ ငါ့အစ်မနဲ့ ပြောထားတဲ့ကောင်လား။"

“ဟ ဒီစောက်ရူးကောင်၊ ငါတို့ပြောတာနားမလည်ဘူးလား" လူမိုက်များက အေးစက်စွာ ပြုံးပြပြီး ရှဲ့ဖင်းဟွိုက်၏လက်ထဲမှ ပစ္စည်းများကို လုဖို့ ကြိုးစားတော့သည်။

ရှဲ့ဖင်းဟွိုက် ပုံစံက အားမရှိသလိုဖြစ်နေ၏။ သူသည် အသက်ဆယ့်နှစ်နှစ်သာရှိသေးပြီး ကောင်းစွာ မဖွံဖြိုးသေးပေ။

ထိုအချိန်တွင် လူတစ်ယောက်၏ ဆွဲလုခြင်း ခံလိုက်ရသည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်သွား၏။

သို့သော် သူက ရှဲ့နျိုရှန်း၏သားဖြစ်သည်။

ဘယ်လောက်ပိန်ပိန် ဘယ်လောက်အားနည်းနေပါစေ၊ ကြက်ကလေးဌက်ကလေးမဟုတ်ပါ။

ထို့ကြောင့် ထိုလူမိုက်များက သူ့လက်ထဲမှ ပစ္စည်းများကို အလွယ်တကူ လုမရချေ။

"မင်းမသေချင်ရင် လွှတ်စမ်း!" လူမိုက်များ ဒေါသထွက်လာလေပြီ။

သူတို့မှာ နေ့စဥ် ပစ္စည်းများကို လုနေသူများဖြစ်သည့်အတွက် ဤကလေးလက်မှ ပစ္စည်းများကို မလုလည်းရသည်။ သို့သော် သူတို့သည် ဤနေရာတွင် နေချင် သည်။ ဒီလို ငမြောက်ငါးခြောက် ကလေးကို ကြောက်နေလျှင် အနာဂတ်တွက် သူ

တို့ ဘယ်လိုရပ်တည်ကြမလဲ။

"ငါ့ကိုလာအော်နေရအောင် မင်းကဘာကောင်လဲ! မင်းတော်လိုက်တော့နော် ငါ့လက်သီးက မသနားနိုင်တော့ဘူး!" ရှဲ့ဖင်းဟွိုက် မကြောက်မရွံ အော်လိုက်သည်။

ရှဲ့ချောင်က ခွေခေါက်ထိုင်ကာ သူတို့ကို စိုက်ကြည့်နေ၏။

အမှန်တော့…

သူမက ဤလူဆိုးများကို မဖယ်ထုတ်လျှင် အလောင်းစားကို ပို၍လွယ်ကူစွာတောင် နိုင်နိုင်သေးသည်

သို့သော်… ခိုကိုးရာမဲ့သည့် လူငယ်ငါးဆယ်မှာ ဤလူဆိုးတွေအတွက် အဆီတစ်ဝင်းဝင်းဖြစ်နေသည်မဟုတ်လား။ဘာအတွက်လက်လျော့ကြလိမ့်မလဲ။

အာဃာတတွေစုပုံနေသည့်အတွက် ကျေးဇူးတရားကို အောက်မေ့မိစရာအကြောင်းလည်းမရှိနိုင်ပေ။

ထိုလူဆိုးများကား… ရက်စက်ပြီး အရုပ်ဆိုးလှသည်။ တော်တော်များများ မြင်လိုက်ရလျှင် အိပ်မက်ဆိုးတွေပါ မက်နိုင်သည်ထိ ဖြစ်မည်ကို သူမကြောက်နေမိသည်။

ရှဲ့ချောင်၏ အတွေးများ ရင့်သီးလာပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ရှဲ့ဖင်းဟွိုက်က လူဆိုးများနှင့် တိုက်ခိုက်နေပြီဖြစ်သည်။

ရှဲ့ဖင်းဟွိုက်ဒေါသအရမ်းထွက်နေပြီးဆဲထုတ်ပစ်ချင်နေသည်။

ဒီလူတွေက အရူးတွေနှင့်တူသည်။ တကယ်ပဲ သူ့ပစ္စည်းတွေကို လုယူချင်နေကြတယ်တဲ့လား။

သူတို့ မလုနိုင်သည်နှင့် ရန်စသည်တဲ့လား။

ဒါဆိုရင်လည်း ရန်ဖြစ်ရုံပေါ့။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ဒီလူနှစ်ယောက်ကို မယှဉ်နိုင်စရာ အကြောင်းကိုမရှိဘူး။

ရှဲ့ဖင်းဟွိုက်လက်ထဲတွင် ပစ္စည်းများသယ်ထားသော်လည်း သူ့ခြေလှမ်းများက အလွန်သွက်သည်။ ပြိုင်ဘက်၏ လှံများက သူ့ကို မထိပေ။ ၎င်းတို့ထဲမှ တစ်ယောက်ကိုတောင် တစ်ပတ်ဝိုက်ကန်ကာ ရှင်းထုတ်လိုက်သေးသည်။

" ငါ့ကိုရိုက်ချင်တာလား? မင်းတို့ငါဘာကောင်လဲသိလား? ငါရန်စဖြစ်တုန်းက မင်းတို့တောင် မမွေးသေးဘူးကွ!" ရှဲ့ဖင်းဟွိုက် မျက်နှာတွင် ပြီတီတီအမူရာရှိနေသည်။

သုံးနှစ်သားအရွယ်ကတည်းက ဓားနှင့်

လက်ပွန်းတတီးနေခဲ့သူဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ မအားပါ မဟုတ်လျှင် ဤ လူမိုက်တစ်အုပ်လုံးကို သူသတ်ပစ်မိလိမ့်မည်။

ရှဲ့ဖင်းဟွိုက်က နှာခေါင်းရှုံ့ချလိုက်သည်။

သို့သော် သူလေထွားပြီးသည်နှင့် ဒါဇင်နှင့်ချီသော လူအုပ်ကြီးက အဖက်ဖက်မှ လှံကြီးများကိုင်ကာ သူ့ဆီ ပြေးဝင်လာကြသည်။

ရှဲ့ဖင်းဟွိုက် ရုတ်တရက် ကြောင်သွားသည်။

ဘာကြောင့်လဲ? သူ့လက်ထဲမှ ဒီအရေးမပါတဲ့အရာတွေအတွက်လား?! ရွှေတွေလည်းမဟုတ်ပဲ ဘာလို့အဲ့လောက်လိုချင်နေကြတာလဲဟ။

ရှဲ့ဖင်းဟွိုက်ပုံစံလေးနက်လာပြီးအစေခံအား ရှဲ့ချောင်ပြောသည့်စကားကို ရုတ်တရက် တွေးလိုက်မိသည် ။

ပြေး!

ရှဲ့ဖင်းဟွိုက်တုံ့ဆိုင်းမနေဘဲ ရှေ့ကို တဟုန်ထိုးပြေးတော့သည်။

သူ့ထံ သတ္တိရှိသော်လည်း လက်နှစ်ဖက်က လက်သီးလေးဖက်ကို မယှက်နိုင်ကြောင်း သူကောင်းကောင်းသိသည်။ ထို့အပြင် သူ့တွင် ခြေနှစ်ချောင်းသာရှိသည်။ သေချာပေါက် ဒါဇင်နှင့်ချီသော ရန်သူ၏လက်သီးများကို အနိုင်မယူနိုင်ကြောင်း သူသိသည်။

•••••••

All Chapters