← Chapters

မကာကွယ်နိုင်ခဲ့ဘူး

Vol. 16 Ch. 297

မကာကွယ်နိုင်ခဲ့ဘူး

Vol. 16 Ch. 297

ရှဲ့ဖင်းဟွိုက်ပြေးသည့်အရှိန်က ကျားသစ်တစ်ကောင်လို လျင်မြန်နေသည်။

သူကလည်းပြေးသလို နောက်ကလူတွေကလည်း သည်းကြီးမဲကြီးလိုက်ဖမ်းနေကြသည့်အတွက် လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဒုက္ခသည်များက ရှဲ့ဖင်းဟွိုက်လက်ထဲမှ ပစ္စည်းများကို မြင်သည်နှင့် ဘာကြောင့်ဖြစ်မှန်းသိကြသည်။ လူတော်တော်များများကလည်း စိုးရိမ်သော အမူအရာရှိနေလေသည်။

ရှဲ့ချောင်သည်လည်း စိုးရိမ်တကြီးဖြင့် ကြည့်နေ၏ ။

သို့သော် သူ့နောက်ကလူတွေက ပိုနှေးနေသည်။ လူများစွာလိုက်သော်လည်း တစ်ယောက်မှလိုက်မမီခဲ့ပေ။

သိပ်မကြာခင်မှာပဲ ရှဲ့ဖင်းဟွိုက်က ရှဲ့ချောင်အနားကို ပြေးလာပြီး “အစ်မ၊ ရထားပေါ်ကို အမြန်တက် အစေခံတွေကို ကျွန်တော့်နောက်လိုက်ခဲ့ဖို့ ပြောပေး ကျွန်တော်သူတို့ကို အသေသတ်ပစ်မယ်!"

"ဆယ်လှမ်းလောက်ပြန်သွားပြီး ၁၅မိနစ်လောက် အရိုက်ခံလိုက်"ရှဲ့ချောင်က ရက်စက်သောအမူအရာဖြင့် ပြောသည်။

"ဘာ?!" ရှဲ့ဖင်းဟွိုက်အံ့အားသင့်စွာ အော်လိုက်ပြီး "အစ်မ၊ ရူးနေလား?! ကျွန်တော်က ဘာလို့ သူတို့ ရိုက်တာခံရမှာလဲ။"

“ဆယ့်ငါးမိနစ်ကို ငွေဆယ်ချောင်း၊ မင်းအရင်ကဝယ်ထားတဲ့နှံကောင်တစ်ကောင်ကို ငါပြန်ပေးမယ်" ရှဲ့ချောင်က အသေအချာပြောသည်။

ရှဲ့ဖင်းဟွိုက်လည်း တခဏမျှ တုံ့ဆိုင်းသွားသော်လည်း တကယ့်ကို တခဏ သာပင်။

သူ သုံးစရာပျက်နေသည်မှာ အလွန်ကြာနေလေပြီ။

အဆာပြေစာ ဝယ်စားဖို့တောင်မှ ပိုက်ဆံမရှိပါ!

ငွေဆယ်ချောင်းဆိုသည့် ပမာဏက သိမ်းထားရင် အချိန်အတော်ကြာအောင် သုံးစွဲနိုင်သည် ။

ထို့တွက် ရှဲ့ဖင်းဟွိုက်ပြန်လှည့်ပြီး ပြေးသွားသည် ။

လူမိုက်များ အဝိုင်းခံလိုက်ရ၏။ အံကို တင်းတင်းကြိတ်ကာ ခေါင်းကို လက်နဲ့ကိုင်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

"ခွေးသားလေး မပြေးတော့ဘူးလား။ အခုဘာလို့မပြေးတော့တာလဲ!?" ခေါင်းဆောင်ဖြစ်လောက်မည့်သူက ပြောလိုက်သည်။

ဒီကောင်က ယုန်အတိုင်းပင် မျက်စိတစ်မှိတ်အတွင်း ပျောက်သွားသည်။

လူမိုက်များက ဒေါသထွက်နေကြသည်။ ခေါင်းဆောင်ဖြစ်သူက လူနှစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး “သူ့ကို သင်ခန်းစာကောင်းကောင်း

ပေးလိုက်ကြတာပေါ့” ပြောရင်းပင် ရှေ့ကိုထွက်လာပြီး စထိုးတော့သည်၊၊

ထို့နောက် ရှဲ့ဖင်းဟွိုက်၏ ခန္ဓာကိုယ်ကို ကန်ကြသည်။

ထိုအချိန်တွင် ရှဲ့ချောင်က အစေခံများအား “မင်းတို့မြင်လား ရှဲ့မိသားစုက သခင်လေးက ကြင်နာတတ်တယ်။ကုသိုလ်ကောင်းမှုလုပ်ဖို့ ဒီနေရာကို သူကိုယ်တိုင်လာခဲ့ပေမယ့် ဒီလူယုတ်မာတွေ ရိုက်နှက်တာကို ခံနေရတယ် ဒီလူတွေကအောက်တန်းကျတယ် မိုက်ရိုင်းတယ် မိုးနတ်မင်းကြီးကလည်း သူတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ မင်းတို့ထဲက တစ်ယောက်က သက်ဆိုင်ရာကို အကြောင်းကြား ကျန်တဲ့သူတွေက ရှိရာလက်နက်ယူပြီး သူတို့ကိုရိုက်ကြစမ်း သေသွားရင်တောင် ငါတာဝန်ယူတယ်”

အစေခံများကို အိမ်တော်ထိန်းအသစ်က သခင်မလေး၏ စကားကို တစ်သွေမတိန်းနားထောင်ရမည်ဆိုသော စည်းကမ်းကိုသင်ကြားပေးခဲ့သည်။

ထိုအမိန့်ကို ကြားသောအခါ တုံ့ဆိုင်းမနေဘဲ ချက်ခြင်း ရှေ့သို့ ပြေးသွားကြသည်။

သူတို့သည် ပျားအုံကြီးကဲ့သို့ပင် အလွန်ကြောက်စရာကောင်းနေသည်။

ထိုလူမိုက်များလည်း ခဏတာ ကြောင်သွားပြီး အားလုံး အံ့အားသင့်သွားကြသည်။

သူတို့ မတုံ့ပြန်ရသေးခင်မှာပင် သူတို့အရိုက်နှက်ခံနေရလေပြီ။

အရိုက်ခံရပြီးမှ ခုခံရသည့်အတွက် အထိနာပြီး အတော်ခံနေရပြီဖြစ်သည်။

ရှဲ့ဖင်းဟွိုက်လည်း အချိန်ကို တိတ်တဆိတ် ရေတွက်နေသည်။ သူလည်း မြေပြင်ပေါ်မှ ပစ္စည်းများကို ကောက်ကာ ထိုလူများကြားထဲမှ ရအောင်ထွက်လာခဲ့သည် ။ ထို့နောက် ဖူးယောင်နေသောမျက်နှာဖြင့် ရှဲ့ချောင်ကိုပြောလိုက်သည် "အစ်မ ကျေးဇူးပြုပြီး ငွေဆယ်ချောင်းနော်!"

ရှဲ့ချောင်စကားပင် မပြောနိုင်တော့။

တကယ့် ကောင်လေး!

ရှဲ့ချောင်တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူမ၏မျက်လုံးများတွင် မျက်ရည်များ ဝေ့တက်သွားသည် ။ သူမက ရှဲ့ဖင်းဟွိုက်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး “မောင်လေးရယ်..ဒ..ဒီလူတွေက ရက်စက်လွန်းတယ်။ ငါ့မောင်လေးက ကုသိုလ်ယူဖို့ ဒီကို စေတနာကောင်းလေးနဲ့ လာခဲ့ပေမယ့် သူတို့အနိုင်ကျင့်တာ ခံရတယ် ။ အားလုံးက အစ်မအမှားပါ ငါ့အပြစ်တွေပါ အစ်မရဲ့ မောင်လေးကို မကာကွယ်ပေးနိုင်ခဲ့ဘူး…"

ရှဲ့ဖင်းဟွိုက် တုန်လှုပ်သွားသည်။

ဒါက ဘာလဲဟ!

"အားလုံး ရပ်လိုက်!" ၁၅ မိနစ်အတွင်း မှာပင် အနီးနားမှ အရာရှိများနှင့်ရဲမက်များ ရောက်လာသည်။

ရှဲ့ချောင်မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲသောအကြည့်ဖြင့် ကြည့်နေပြီး ကြောက်လန့်ကာ စိတ်ရှုပ်နေပုံရသည်။

အခြေ အနေမှာ တည်ငြိမ်သွား၏။

ရှဲ့ချောင်ဘက်တွင် ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း ရိုက်နှက်ခံရသည့်လူ အများအပြားမရှိပေ။ သူ့အဖေ ရွေးထားသည့် လူများကအလွန်ပင် အရည်အချင်း ရှိကြသည်။

လူမိုက်များကတော့ အလွန်ဆိုးဆိုးရွားရွားရိုက်နှက်ခံလိုက်ရပြီး မြေပေါ်တွင် လဲကျနေကြသည်။

မနီးမဝေးတွင် ဒုက္ခသည်အများအပြားကလည်း တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

အထူးသဖြင့် အရာရှိများနှင့် စစ်သည်များ ရောက်လာသည့်အခါ လူအချို့က ကြည့်ရှုရန် အနီးနားသို့ သတ္တိမွေးကာ တိုးကပ်လာကြသည်။

လူငယ်လေးအတွက် တရားမျှတမှုကို သက်ဆိုင်ရာဆီက တောင်းဆို၍ရပါ့မလား မသိရသေးပေ။

••••••

All Chapters