သူတို့ဓါးပြရဲ့သားကိုမှ ရိုက်ခဲ့မိကြတယ်
Vol. 16 Ch. 298
မြို့ပြင်လုံခြုံရေးကို လှည့်ကင်းတာဝန်ယူရသည့် ဒုတပ်မှူးတစ်ဦးလည်း ပါသည်။ ထိုလူက ဉာဏ်ကောင်းသည်။ ရှဲ့ချောင်နောက်က ရထားကိုမြင်သည်နှင့် ခေတ္တမျှ ထိတ်လန့်သွားပြီးယို့ယို့ကျိုးကျိုး ရှေ့သို့ တိုးသွားသည်။
"သခင်မလေး၊ ဒီမှာ ဘာဖြစ်သွားတာလဲ သိခွင့်ရှိမလား..."
တပ်မှူးက တစ်ခုခုမှားနေပြီဟု ခံစားမိသည်။
အဆင့်အတန်းမြင့်သော မျိုးရိုးမှမိန်းမပျိုတစ်ယောက် မဖြစ်နိုင်ပေ။
မကြာသေးမီက ကျောင်းတော်များမှ စုဆောင်းထားသော ရန်ပုံငွေအားလုံးကို ပေးပို့ခဲ့ပြီးဖြစ်ပြီး သခင်လေးများနှင့် သခင်မလေးအများစုက ဟန်ပြ မြို့ပြင်သို့ထွက်လာတတ်ကြသည်၊၊
ရှဲ့ချောင်ကား ဆေးလုံးတစ်လုံး ကြိုသောက်ထားသည့်တွက်အားအင်များပြည့်နေပြီး "မြို့ပြင်ကလူတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့ မင်းတာဝန်ရှိတယ်မဟုတ်ဘူးလား မင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်လေ မင်းဘာလို့ ဒီလိုလူဆိုးတွေကို အခုလို ရမ်းကားခွင့်ပေးထားတာလဲ။”
"သခင်မလေး၊ မင်းကဘာလို့ဒီလိုပြောရတာလဲ" စစ်သူကြီး၏ နှလုံးခုန် မြန်သွားသည်။
အပြင်ရှိအခြေအနေကို သူတို့ သိသည်။သို့သော်
ဝင်စွက်ဖက်တာက ပိုကြောက်စရာကောင်းသည်။
မြို့ပြင်မှာ အမြဲဖြစ်နေကြပင်။ ဒီနှစ်မှာမူ အခြေအနေ ကောင်းသည်ဟု ယူဆလို့ရပြီး သေဆုံးသူ ဒဏ်ရာရသူ အရေအတွက် နည်းသည်။
ရှဲ့ချောင်က ရှဲ့ဖင်းဟွိုက်ကို ရှေ့သို့တွန်းလိုက်ပြီး "သူက မိသားစုတစ်ခုကို အဝတ်တွေနဲ့ ရိက္ခာပေးဖို့ တဲကိုသွားတဲ့ လမ်းမှာ ခြံထဲကို မရောက်ခင်မှာ ဒီလူတွေ လုယက်တာခံရတယ်။ ဒီလူတွေက ဓားပြတွေလား… ဓားပြတွေတောင် အသိစိတ်ရှိတယ် အထူးသဖြင့် အန္တရာယ်ကြုံနေရတဲ့ လူတွေကိုအခွင့်ကောင်းမယူရမှန်း သိကြတယ်…အသိစိတ်ကို မေ့ထားလို့မရဘူးလေ… မြို့ပြင်က ဒီလို ကပ်ဘေးဒုက္ခသည်တွေ မှာ ဘာအပြစ်ရှိလို့လဲ…အအေးဒဏ်ကနေ ကာကွယ်ဖို့ ဒီလိုပစ္စည်းတွေရဖို့ခက်တာတောင် ဒီလိုကောင်တွေလုတာကိုခံရတယ်။ ငါ့ကို သိပ်ဒေါသထွက်စေတယ်!”
ရှဲ့ချောင်က ရက်စက်ပုံပေါက်သော်လည်း သူမ
စကားပြောပုံကြောင့် တပ်မှူးက သူမသည် အနည်းငယ်ကလေးဆန်သည်ဟု ထင်သွားခဲ့သည်။
အရာရှိများနှင့် ရဲမက်များက ရှဲ့ဖင်းဟွိုက်ကို ထပ်ပြီး ကြည့်လိုက်ကြသည်...
နှာတံပွန်းပဲ့နေပြီး မျက်နှာဖူးယောင်နေသော ဆင်းရဲသား ကောင်လေးတစ်ယောက်ဖြစ်သည်။ သူသည် အလွန်ရိုးရှင်းပြီး သနားစရာကောင်းသော ပုံစံ ဝတ်စားဆင်ယင်ထားသည်။ သူလည်း ဘေးဒုက္ခ ကြုံခဲ့ရသူဖြစ်သည်။
“ဒါက အားလုံးက နားလည်မှုလွဲတာ ဖြစ်မှာပါ ဒီကလေးက စုတ်တီးစုတ်ပဲ့နဲ့ လူကောင်းမဟုတ်လောက်ဘူး ထင်လို့ဖြစ်မယ် အဲ့ဒါကြောင့် သူတို့က တားပြီး သူ့အိတ်ကို စစ်တာနေမှာပါ မိန်းကလေးရဲ့ မင်းမသိဘူး မြို့ပြင်မှာ ဒုက္ခသည်တွေလည်း အများကြီးရှိသလို အနိုင်ကျင့်ချင်တဲ့သူတွေလည်းအ များကြီးပဲ အဲ့ဒါကို ဒီလှံတွေကိုင်ထားတဲ့ သူတွေက ကာကွယ်ကြတာလေ အဲ့ဒါ
ကြောင့် နည်းနည်းရင့်သီးတဲ့ပုံဖြစ်သွားတာထင်တယ်” ဟု တပ်မှူးက ပြုံးပြုံးလေးပြောသည်။
ရှဲ့ချောင်က သူမလက်ထဲမှ ရေနွေးအိတ်ကိုကို ပစ်ချလိုက်သည်။
ထိုလူ၏ ခေါင်းကို တည့်ထိသွားသည်။
တစ်ခဏချင်းမှာပဲ သွေးထွက်သွားကာ အပေါက်တစ်ခုဖြစ်သွားသည်။
“ရာရာစစ။ အမှန်တရားကို လိမ်ပြောရလောက်တဲ့ သတ္တိတွေ ဘယ်ကရတာလဲ…အရာရှိတစ်ယောက် ဖြစ်ပြီး ဒီလူယုတ်မာတွေနဲ့ ပေါင်းရဲတယ်ပေါ့ ရာရာစစ ငါ့မောင်ကိုတောင် ချောက်ချရဲသေးတယ် ငါပြန်တာနဲ့ ငါ့အဖေ့ကို ရှင့်ရဲ့ ကိုယ်ရေးအကျဉ်းကိုပြန်စစ်ခိုင်းမယ်!” ရှဲ့ချောင်က ရဲ့ရဲ့လေးရှိသော ရှဲ့ဖင်းဟွိုက်ကို ဆွဲပြီး ရထားပေါ်သို့ တင်လိုက်သည် ၊ “မောင်လေး နင်အရမ်းနာနေတယ်မလား ဘာမှမဖြစ်ဘူး အစ်မ ဒီမှာ မင်းကို သူများတွေ အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး!”
"မင်းရဲ့...မောင်?" တပ်မှူးက အံ့အားသင့်သွားပြီး “မင်းဘယ်သူလဲလို့ မေးခွင့်ရှိမလား…”
"ကျွန်မအဖေက..လူရိုင်းတွေကို မောင်းထုတ်ခဲ့တဲ့ ရှဲ့နျိုရှန်းပဲ" ရှဲ့ချောင် ပြောပြီးနောက် အသက်ရှုကြပ်သွားသည်။
စကားကြမ်းကြမ်း မပြောဖြစ်တာ ကြာပြီဖြစ်သည်။
သူမ အလွန်ပင်ပန်းနေပါသည်။
သရုပ်ဆောင်ရသည်က မလွယ်လှ။
“နင်တို့တွေအားလုံး လူယုတ်မာတွေကြီးပဲ ငါတို့အဖေက ငါတို့ကို ကြင်နာတတ်ဖို့ အမြဲတမ်း ဆုံးမတယ်… ငါတို့ လူတွေကို အနိုင်မကျင့်ဖူးဘူး နောက်ပြီး ဒီလူတွေက ဘေးအန္တရာယ်တစ်ခုနှင့် ကြုံဖူးတယ် သူတို့ကို ပိုဂရုစိုက်ပြီး အခက်အခဲတွေကို တူတူရှင်းပေးရမှာလေ ဒီနေ့ ကျွန်မ မောင်
ကို ဒီကိုခေါ်လာတယ် ဆိုတာ ဒီကလူတွေ ပျော်ရွှင်မှု ဝမ်းနည်းမှုကို ဘယ်လိုမျှဝေတယ်ဆိုတာ ပြဖို့ ခေါ်လာခဲ့တာရှင်တို့တွေ ဒီလောက် အရှက်ကင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး!"
ထိုသို့ပြောပြီးနောက် ရှဲ့ချောင်ဝမ်းနည်းစွာ လှည့်ကြည့်လိုက်ပြီး ရထားပေါ်သို့တက်ကာ "သွားစို့။ ဒီအကြောင်းကို ဖေဖေနဲ့ ကိုကြီးကိုပြောပြရအောင် !”
အစေပါးများလည်း ချက်ချင်းလိုက်လာပြီး ရထားဆရာက ရထားလုံးကို အမြန်မောင်းပြီး ထိုနေရာမှ ထွက်လာခဲ့သည် ။
ထိုမှသာလျှင် ရဲမက်များနှင့် အရာရှိများက ၎င်းတို့၏ အာရုံစူးစိုက်၍ရပြီး ၎င်းတို့ထွက်သွားပြီဖြစ်ကြောင်း သတိထားမိခဲ့သည်။
အဲ့ဒါဒါဘယ်သူလဲ?
သူ့အဖေက ရှဲ့နျိုရှန်း လား။
လူမိုက်များ၏ အမူရာပြောင်းသွားကြသည်။
သူတို့... ရှဲ့နျိုရှန်း၏သားကို ရိုက်နှက်ခဲ့ကြတာလား။
ရှဲ့နျိုရှန်း ထိုနာမည်ကို ကြားဖူးကြမှာပါ။
လူတိုင်းလိုလို ပင် ထိုနေရာမှလူများကိုခြောက်လှန့်ရန် ဓားပြကြီးရှဲ့ဟူသော အမည်ကို သုံးလေ့ရှိကြသည်။
••••••