← Chapters

တန်ဖိုးမရှိသောပစ္စည်းများ

Vol. 16 Ch. 299

တန်ဖိုးမရှိသောပစ္စည်းများ

Vol. 16 Ch. 299

အရာရှိများနှင့်ရဲမက်များ အလွန် ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့၏အထက်အရာရှိများထံ ချက်ချင်းပြေးသွားကြသည်။

ရှဲ့ချောင်သည် မြို့ထဲဝင်ပြီးနောက် အိမ်သို့တန်းမ

ပြန်ခဲ့ပေ။ ထိုအစား မြို့ရဲ့အကြီးဆုံးဆေးဆိုင်ကို သွားခဲ့သည်။

သူမ၏လူများမှာလည်း ဒဏ်ရာအနည်းငယ်ရထားသည့်အတွက် ကုသပေးရန်ဖြစ်သည်။

မြို့ထဲကို မဝင်ခင်က ရထားလုံးတွင် ရှဲ့မိသားစုတံဆိပ်ပြားကို ချိတ်ဆွဲခိုင်းခဲ့သည်။

"ဒါက ရှဲ့မိသားစုရဲ့ ရထားလုံးလား? သူတို့က ရှဲ့နျိုရှန်း ရဲ့ သားသမီးတွေလား။ ဘာဖြစ်သွားတာလဲ? ဘယ်သူတွေကို ရိုက်လာတာလဲမသိဘူး"

“တကယ့် ဓားပြသားသမီးတွေဟ လမ်းမပေါ်မှာ သူတို့အစေခံတွေ အများကြီးခေါ်လာတာပဲကြည့်ဦး တကယ်ကြောက်ဖို့ကောင်းတာပဲ…”

“…”

ရှဲ့ဖင်းဟွိုက်က မျက်မှောင်ကြုတ်ထားသည်။ နာကျင်မှုကို သူ မေ့နေသည် ။

“အစ်မ၊ ကောင်းတာလုပ်ဖို့ ကျွန်တော်တို့အဲ့ကိုသွားတာမဟုတ်ဘူးမလား။ စောစောကဘာလို့အဲ့လိုပြောတာလဲ။" ရှဲ့ဖင်းဟွိုက်အံ့သြနေသည်။

“မောင်လေးက ဘေးသင့်သူတွေကို အဝတ်အစားနဲ့ ရိက္ခာတွေ ပေးနေတာမဟုတ်ဘူးလား။ ဟုတ်တယ်လေ မင်းကောင်းတာတွေ လုပ်ခဲ့တာပဲ။ မင်းကကြင်နာတယ်၊ ဒါပေမယ့် မင်းကို အဲ့ဒီလူဆိုးတွေက အနိုင်ကျင့်ကြတယ် အရာရှိတွေနဲ့ ရဲမက်တွေကလည်းအရှက်ခွဲကြတယ်၊ အဲ့ဒါကိုကုဖို့ ဒီဆေးဆိုင်ကိုလာတာတောင် လာပြီး တခြားသူတွေရဲ့ ဝေဖန်တာတွေ ခံနေရတယ်လေ..." ရှဲ့ချောင်၏ လေသံသည် ယခုတွင် ပို၍အေးလာသည်။

ရှဲ့ဖင်းဟွိုက်တွေးနေမိသည်။

မှန်သည်။ ထိုပစ္စည်းတွေက သဘာဝဘေးဒုက္ခသည်တွေအတွက်ပေ။

တွေးကြည့်လျှင် ကောင်းတာတွေ လုပ်နေခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့အမှန်တကယ်အပြစ်မလုပ်မိပေ။သူဘာမျှမလုပ်ပဲ အရိုက်နှက်ခံရခြင်းဖြစ်သည်၊ အထူးသဖြင့် သူမတရားခံလိုက်ရတာပင်။

တွေးနေရင်း ရှဲ့ဖင်းဟွိုက်အလွန် ဒေါသထွက်နေသည်။ မြို့ပြင်က လူမိုက်များကို အနှေးနှင့် အမြန်ဆိုသလို ပြန်လက်စားချေပေမည်။

"မောင်လေး မင်းအခုကစပြီး မင်း ပိုသနားသင့်တယ်" ရှဲ့ချောင်က ဒေါသထွက်နေသော သူ့မျက်နှာကို မြင်ပြီး သတိပေးလိုက်သည်။

"ဘာကိုသနားရမှာလဲ" ရှဲ့ဖင်းဟွိုက်နားမလည်ပါ။

"ဘာလို့လဲဆိုတော့... ကျိုးကြောင်းဆီလျော်မှုရှိတဲ အားနည်းသူက ပိုအဆိပ်ပြင်းလို့ပဲ" ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်

ကွေးကောက်နေသည်။

ရှဲ့ဖင်းဟွိုက်သည် မသိစိတ်မှ ခေါင်းငုံ့မိလိုက်သည်။

အစ်မ၏အပြုံးသည် လှပသောကင်းမြီးကောက်ကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အဆိပ်ပြင်းသော်လည်း နူးညံ့သိမ်မွေ့သည်။

ရှဲ့ချောင်က ရှဲ့ဖင်းဟွိုက် အတွေးမှားမည်စိုး၍ မိမိကိုယ်ကို ထိန်းကာ ဂရုတစိုက် ရှင်းပြလိုက်သည် "လူတစ်ယောက်ရဲ့ ကြင်နာမှုကို အချိန်မရွေး အသုံးချလို့ မရဘူး။ဒီကြင်နာမှုက တစ်ခါတစ်လေ ကိုယ့်အသိစိတ်ကို နေရခက်စေလား ကြည့်ရတယ်”

“ဒီနားကလူတိုင်းက စစ်တုရင်ခုံပေါ်က စစ်တုရင်အပိုင်းအစတွေနဲ့ တူတယ်။ သူတို့ပြောသမျှစကားတိုင်းက ဓားနဲ့ထိုးခံရသလိုပဲ ဒါပေမယ့် လက်တွေ့

မှာ ဒီဓားတွေက မင်းခန္ဓာထဲမှာ ရှိတဲ့ အဆိပ်တောက်ဖြစ်စေတဲ့ သွေးကို ဖောက်ထုတ်ပေးနိုင်တယ်။ ဒီဓားတွေကို ဘယ်လိုသုံးမလဲ ဆိုတာကတော့ မင်းပေါ်ပဲ မူတည်တယ်။

“ဒီနေ့တော့ မြို့ပြင်ကလူတွေ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တယ်… ရှဲ့မိသားစုရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့တယ်..မတရားသေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေကိုအသစ်က ပြန်စလို့ရအောင် လုပ်ပေးနိုင်ခဲ့တယ်… ဒါဆိုရင် ဒီကြင်နာမှုဟာ သုံးရကျိုးနပ်ပါတယ်” ဟု ရှဲ့ချောင်က ညင်ညင်သာသာနှင့် လေးလေးနက်နက် ပြောသည်။

သူ့လက်ထဲက ရေနွေးအိတ်ကလေး ပျောက်နေကြောင်း သူမသတိထားမိသည်။

သူ့လက်လေးများ အေးစက်နေသည်။

ရှဲ့ဖင်းဟွိုက်က သဘောထားကွဲလွဲသော အမူအရာဖြင့် သူမကို ကြည့်နေသည်။

"အစ်မ၊ ကျွန်တော် အရိုက်ခံရလို့ အကျိုးကျေးဇူး အများကြီးရတယ်လို့ ပြောတာမဟုတ်ဘူးလား" ရှဲ့ဖင်းဟွိုက်က အတော်တွေးပြီးမှ ပြန်ချေပခြင်းဖြစ်သည်။

"မှန်တာပဲလေ… အကျိုးကျေးဇူးတွေ အများကြီးပဲ” ဟု ပြောပြီး ရှဲ့ချောင်မရယ်ဘဲ မနေနိုင်။ သူမ ခဏလောက်တွေးပြီး “တကယ်တော့ မင်းက ဒီနေ့လူတစ်ယောက်ရဲ့ ဘဝတစ်ခုကို ပြန်ကြုံလိုက်ရတာလို့ပြောလို့ရတယ်”

"ဒီလောက်လူတွေအများကြီးရိုက်ခံရတဲ့ထိ အဲ့လူက ဘာဖြစ်တာလဲ" ရှဲ့ဖင်းဟွိုက်၏အမူအရာ ပြောင်းသွားသည်။

"ဒီနေ့ ရိက္ခာသွားပို့ခိုင်းတာမဟုတ်လား။ အဲ့ရဲ့မိသားစုမှာ အခုဆို လူကြီးရယ်၊ အားနည်းတဲ့သူရယ်.. အမျိုးသမီးနဲ့ ကလေးငယ်လေးပဲ ကျန်တော့တယ် အစတုန်းကတော့ အဲ့မှာ ယောက်ျားတစ်ယောက်ရှိတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ၊ သူက ငါတို့အတွက် သိပ်အဖိုးမတန်တဲ့ မင်း

လက်ထဲက ဒီပစ္စည်းတွေကို ယူဖို့သွားခဲ့တာ... လူဆိုးတွေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရပြီး ဒီအရာတွေအတွက် သူ့အသက်နဲ့ရင်းပြီး ယူခဲ့တာပဲ ဘာပဲဖြစ်ဖြစ် မပေးဘူးဆိုပြီး ငြင်းတာ နောက်ဆုံးကျတော့ အရိုက်နှက်ခံလိုက်ရပြီး သေသွားတယ်”

ရှဲ့ဖင်းဟွိုက်လည်း အရိုက်ခံရသည့် ခံစားချက်ကို ယခုမှ ခံစားဖူးသည်။

လူတစ်ယောက် အရိုက်ခံရသည်ကို ကြားလိုက်ရသည့်တွက် တုန်လှုပ်သွားသည်

ပါးစပ်ဖွင့်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိတော့။

သေတဲ့အထိအရိုက်ခံရသည်တဲ့လေ…

သေခြင်းတရားဟာ ကြောက်စရာမဟုတ်ပေမယ့်... သူကိုင်ထားသော တန်ဖိုးမရှိတဲ့အရာတွေကြောင့်တဲ့ လား။

“အစ်မ ဒီပစ္စည်းတွေက ငွေစတစ်ရာတောင် တန်လို့လား” ရှဲ့ဖင်းဟွိုက်မှာ သူ၏ခံစားချက်ကို မဖော်ပြနိုင်သော်လည်း စိတ်ရှုပ်ထွေးနေပုံရသည်။ အနည်းငယ်ပင် ဝမ်းနည်းသွားသည် ။

•••••

All Chapters