တတ်နိုင်သမျှအော်ငိုပစ်
Vol. 16 Ch. 300
ထိုအချိန်တွင် ရှဲ့ဖင်းဟွိုက်ကား ရှဲ့ချောင်၏မျက်လုံးထဲတွင် ချစ်စဖွယ်ဖြစ်နေသည်။
ကိုယ်ချင်းစာစိတ်ရှိရန်မှာ အသိစိတ်ကိုလက်ကိုင်ထားရန်ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်က ထိုဘေးဒုက္ခသည်များကို အထင်အမြင်သေးစွာ ကြည့်နေသည်ကို မြင်တော့ စိတ်ပူသွားခဲ့သေးသည်။
“ဆန်က နှစ်တင်း၊ သုံးတင်းရှိတယ်။ ဈေးကြီးတဲ့ဟာဆိုရင်…အဲ့တစ်ရာလောက်ပဲတန်တဲ့ ဂွမ်းကပ်
နှစ်ထည် ရတာနဲ့တင် သူတို့ကံအရမ်းကောင်းနေပြီ” ရှဲ့ချောင် အားဖျော့စွာပြောသည်။
ရှဲ့ဖင်းဟွိုက် ပါးစပ်ထဲတွင် အရသာမရှိသော အရာတစ်ခုရှိနေသလို ခံစားလိုက်ရသည်။
သူစားနေကြ သရေစာ လေးတစ်ခုကို ငွေသားတစ်ရာ ပေးရသည်။
သူနှင့် ကစားလေ့ရှိသည့် နှံကောင်များသည်ပင် တစ်ကောင်ကို အနည်းဆုံး ငွေဆယ်ဂဏန်းလောက် ကုန်ကျသည်။ သို့သော် သူကတော့ ၎င်းတို့ကို မကြိုက်ပါ။ သူဝယ်ထားသော နှံကောင်တွေ အားလုံးနီးပါးက ငွေသားဆယ်နှင့်ချီကာတန်ပါသည်။ငွေစတစ်ရာတန် နှံကောင်ကိုပင် ဝယ်ခဲ့ဖူးသည်။သို့သော် အစ်ကိုကြီးက နင်းချေသတ်ဖြတ်ပစ်လိုက်သေးသည်။
ရှဲ့ဖင်းဟွိုက်မှာ အနည်းငယ် အပြစ်ရှိသလိုခံစားနေရပြီး သူ့ခေါင်းကို အောက်သို့ ငုံ့ထားမိသည်။
သူ့ပုံစံက တစ်မျိုးလေးဖြစ်နေသည်။ တစ်စုံတစ်ရာ၏ စေ့ဆော်မှုကြောင့် စိတ်ဝိဉာဉ်ပင် ဆုံးရှုံးသွားသယောင်။
ထိုမှသာ ရှဲ့ချောင်က သူ့ကို ရထားပေါ်မှ ဆင်းခိုင်းလိုက်သည် ။
ငွေပဲစေ့မှ လဲလှယ်ထားသောငွေများ ကို အစေပါးများ ဆေးစရိတ်အတွက် အသုံးပြုသည်။ ထို့နောက် လူစုက ဆေးဆိုင်၏ တစ်နေရာတွင် အနားယူရန် ထိုင်ကြသည်။ ထို့နောက် ဒဏ်ရာမရှိသော လူတစ်ဦးအား ကျောက်ထောက်နောက်ခံကို ရှာဖွေရန် မှုခင်းဌာနသို့ လွှတ်လိုက်သည်။
ထိုလူကလည် ခပ်သုတ်သုတ်လျှောက်လာပြီး ရှဲ့ဖင်းကန်းကိုမြင်သည်နှင့် “သတင်းဆိုးပါတယ် သခင်လေး သခင်မလေးနဲ့ သခင်ငယ်လေးတို့ပရဟိတအလုပ်လုပ်ဖို့တွက် မြို့ပြင်ထွက်တာ သူတို့ဝိုင်းရိုက်ခံလိုက်ရတယ် အခု သူတို့ ဆေးဆိုင်မှာရောက်နေတယ်...”
ရှဲ့ဖင်းကန်း၏ခေါင်းထဲရှိ ခေါင်းလောင်းကြီးတစ်စုံတစ်ယောက်က ထတီးလိုက်သလိုပင် ခံစားလိုက်ရသည်။
ကလောင်!ကလောင်!ကလောင်!
ရှဲ့ဖင်းကန်းက အိမ်ရှေ့စံမင်းသားထံ ချက်ခြင်း ပျက်ကွက်ခွင့် တောင်းလိုက်သည်။
ပျက်ယွင်းနေသောမျက်နှာကြောင့် ကိစ္စအတော်ကြီးပြီ ဖြစ်ကြောင်း လူတိုင်းခန့်မှန်းမိနိုင်သည်။
"အရာရှိရှဲ့ ဘာကိုစိတ်ရှုပ်နေတာလဲ။ ကြီးကြီးကျယ်ကျယ် ကိစ္စရှိသလား” ကျောက်ရွှမ်ကျင်း သူ့အကြောင့်နားလည်သလောက်ဖြစ်နေပြီပင်။ ရှဲ့ဖင်းကန်းသည် ရိုင်းသည့်ဟိတ်ဟန်ရှိသော်ငြား သူသည် အလွန်တည်ငြိမ်သူဖြစ်သည်။ သူခိုးက သူ့ရှေ့တွင် ရပ်နေလျှင်တောင် သူသည် အမူအရာပျက်မည့်သူမျိုးမဟုတ်ပါ။ သို့သော် မျက်နှာ ဟန်ပျက်အောင် လုပ်နိုင်သူတစ်ဉီးသာရှိ
သည်။
ထိုလူက သူ့ညီမ ရှဲ့ချောင်ဖြစ်သည်။
အစောပိုင်းက ရှဲ့ချောင်နှင့် စကားပြောချင်ခဲ့သော်လည်း အခွင့်မသာခဲ့ပေ။
ယခုအချိန်က အကောင်းဆုံးအခွင့်ရေးဖြစ်သည်။
“မိသားစုကိစ္စပါပဲ… ကျွန်တော့်ညီမလေး စိတ်မကောင်းဖြစ်စရာတွေ ကြုံလာပုံပဲ..ဒဏ်ရာ ရနေပြီး အခု ဆေးဆိုင်မှာ ရှိနေတယ်တဲ့ ... လိုက်ကြည့်လိုက်ပါဦးမယ်ဗျာ သူက အားနည်းတယ်လေ မျိုးဆက်လည်းမရှိသေးပါဘူး…” ရှဲ့ဖင်းကန်းမှာ တွေးလေ ပိုစိတ်ပူလေဖြစ်နေသည်။
သူညီမလေးကို အချိန်မလင့်သေးပဲ မသေစေချင်သေးပေ။
ရှဲ့ဖင်းကန်းက စကားဆုံးသည်နှင့် သူ ခေါင်းကို မော့လိုက်သည်။
သူ့ရှေ့တွင် မည်သူမျှ မရှိတော့။
သူထိတ်လန့်သွား၏ ။ ထို့နောက်အိမ်ရှေ့စံမင်းသား ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရ၍ သူ့တပည့်များကို သူ့မြင်းအား ပြင်ခိုင်းလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းပေါ်တက်ပြီး ထွက်ခွါသွားခဲ့သည်။
အိမ်ရှေ့စံမင်းသားက ဘယ်ရောက်သွားတာလဲ။
ဘာပဲဖြစ်ဖြစ် သူသည်လည်း ခွင့်လျှောက်လွှာတင်ထားပြီးသားဖြစ်၍ ထွက်သွားတာများလား။
ရှဲ့ဖင်းကန်း တွန့်ဆုတ်မနေပဲ သူ့လူတွေကို သူ့မြင်းကိုခေါ်လာရန် ချက်ခြင်း အမိန့်ပေးလိုက်သည်။
မှုခင်းဌာနတွင် ရှဲ့ဖင်းကန်း၏တရားဝင်ရာထူးမှာ နိမ့်ကျသော်လည်း မည်သူမျှ သူ့အားမနှောင့်ယှက်ဝံ့ပေ။ ပထမအချက်က သူကဒေါသကြီးပြီး
ဒုတိယအချက်က သူ့မှာ နောက်ခံအင်အားကောင်းသဖြင့် ဖြစ်သည်။
ရှေးယခင်က သူ့နောက်ခံအင်အားက တော်ဝင်မင်းဆရာဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကြွလာချိန်မှစ၍ အချိန်တိုင်း အတူလိုက်သွားရသည်။ ထိုစဉ်မှစပြီး တပူးပူးတတွဲတွဲရှိသောကြောင့် နောက်ခံအင်အားပြောင်းသွားသည်ဟုဆိုရမည်။
ထို့ကြောင့် သူ အလုပ်မှ ထွက်သွားလျှင်ပင် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဲပေ။
လုပ်စရာရှိတာလုပ်ရန် သွားပြီဟုပဲ တွေးတတ်ကြသည်။
ကျောက်ရွှမ်ကျင်း အစောင့်များကို ဦးဆောင်ကာ ဆေးဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။ ဆေးဆိုင်ကို ရောက်သည်နှင့် ရှဲ့မိသားစု၏ အမှတ်တံဆိပ်ပြားချိတ်ဆွဲထားသည့် ရထားတွဲကို မြင်လိုက်ရသည်။ သူ၏နှလုံးခုန်သံ မြန်သွားကာ တစ်ခါတည်း အတွင်းသို့ အပြေး ဝင်လာ
တော့သည်။
သို့သော် သူ့ခြေထောက်များမှာ တစ်နေရာအရောက်တုံ့ဆိုင်းသွား၏။
ရှဲ့ချောင်…
သူမ၏အဝတ်အစားတွေက သပ်သပ်ရပ်ရပ်ရှိပြီး မျက်နှာလေးမှာ ပြေပစ်လှပသည်…ဆံနွယ်များသည်လည်း ညစ်ပေနေခြင်းမရှိပေ။ သူမ လက်ပဲ... စိမ်းပြာရောင် လိုမျိုး အနီအဆင်း ရှိနေသည်။
သူ့ဘေးနားရှိ အခြားလူများ၊အထူးသဖြင့် ရှဲ့ဖင်းဟွိုက်က အနည်းငယ် စိတ်ဆင်းရဲနေပုံရသည်။ သူ့မျက်နှာက ရောင်ရမ်းနေပြီး အသက်မရှိသလိုဖြစ်နေ၏။
ကျောက်ရွှမ်ကျင်း က ရှေ့ကို ဆက်မလျှောက်တော့ပဲ ထိုအစား သူလှည့်ပြီး ပြန်ထွက်လာခဲ့သည်။
“အစ်မ အဲ..အဲ..အဲ့ ဒါ အ..အိ..အိမ်ရှေ့စံမင်းသား ဟုတ်တယ်မလား…” ရှဲ့ဖင်းဟွိုက်၏ မျက်နှာက ယခင်ကထက်ပင် ပိုယောင်နေပြီး လျှာကို တောင် ထိန်းမနိုင်တော့ပေ။
“ဟုတ်တယ်” ရှဲ့ချောင်က ခေါင်းညိတ်ပြီး “အိမ်ရှေ့မင်းသား ကဒီမှာဆိုတော့ ခဏနေ အစ်ကိုကြီးဆုံး ဒီကို ရောက်လာလိမ့်မယ် အစ်မသင်ပေးထားတာ မှတ်မိတယ်မလား တတ်နိုင်သမျှအော်ငိုပစ်နော် ညှစ်ပြီးသာငို ဝမ်းနည်းပူဆွေးနေတာကိုပြရမယ်။ မရရင် အရိုက်ခံရပြီးသေသွားတဲ့သူအကြောင်း ပြန်တွေး မင်းသေချာလုပ်နိုင်ရင် သူ့အတွက် လက်စားချေပေးလိုက်သလိုပဲ။ ဒါဆို အရိုက်ခံရမှာမဟုတ်ဘူး။ အစ်မပြောတာနားလည်လား။”
••••••