နတ်ဆိုးပဲ့တင်ထပ်သံ....
Vol. 52 Ch. 715
ဒိုင်း!
လျှပ်စီးမီးတောက်များ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မီးခိုးတိမ်တိုက်များနှင့် ရိုက်ခတ်မိကာ ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ဤသည်မှာ သဘာဝဘေးဒဏ အသက်ဝင်လာသလိုပင်.....
လော့လန်အိမ်တော်သားများ၏အံ့သြဖွယ် အကြည့်များအောက်တွင် ရှန်ကျင်းရှောင် မီတာရာနှင့်ချီအကွာသို့ လွင့်စင်သွားခဲ့သည်။ သူပျံသန်းသွားလေရာ၌ လေဟာနယ် တုန်ခါသွားကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
ထိုအချိန်တွင်၊ ရှန်ကျင်းရှောင်၏ နောက်ကျောဘက်က ဝတ်ရုံ စုတ်ပြဲနေကာ လက်သီးဆုပ်အရွယ် ဟောင်းလောင်းပေါက် ဒဏ်ရာကို မြင်တွေ့ရသည်။ ထိုဒဏ်ရာသည် မိုးကြိုးပစ်ခံရသလို အက်ကွဲနေပြီး မီးတောက်တွေရဲ့ အရိပ်အမြွက်တွေက အတွင်းထဲမှာ ကခုန်နေကာ အသွေးအသားတွေကို တိုက်စားနေသည်။
သို့သော် တိုက်စားမှုသည် ကြာရှည်စွာ မတည်မြဲခဲ့ပေ။ ထူးဆန်းသော အနက်ရောင် အရာဝတ္ထုတစ်ခုက သွေးစွန်းနေသော ဟောင်းလောင်းပေါက်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဖျက်ဆီးနေသော ဒြပ်စင်များကို လျင်မြန်စွာ တုံ့ပြန်ကာ ဒဏ်ရာတစ်ခုလုံးကို ဖုံးအုပ်သွားစေသည်။
ဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းကြောင့် ကြည့်ရှုသူတွေရဲ့ ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။
"ဘယ်လိုတောင်အစွမ်းထက်လိုက်သလဲ..."
ရှန်ကျင်းရှောင်က ဒူဇီယန်ကို အုံ့မှိုင်းသောအရိပ်အမြွက်ဖြင့် ခံစားချက်မဲ့စွာကြည့်နေသည်။
ဤအရေးမပါသော ပုရွက်ဆိတ်သုံးကောင်က သူ့ကို အမှန်တကယ် ဒဏ်ရာရစေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ရှန်ကျင်းရှောင်၏ အေးစက်သောအကြည့်နှင့် ရင်ဆိုင်ရသောအခါ ဒူဇီယန်က စကားပြိုင်ပြောရန် စိတ်မဝင်စားဘဲ တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့သည်။ မြို့စား မြို့စားရဲတိုက် သုံးယောက် ကောင်းကင်မှ ဆင်းသက်လာပြီး တောက်လောင်နေသော မီးတောက်များနှင့် လျှပ်စီးမိုးကြိုးများကကောင်းကင်ကို ဖုံးလွှမ်းကာ သဘာဝဘေးအန္တရာယ်ကျရောက်လာသကဲ့သို့ ရောယှက်ကာ ရှန်ကျင်းရှောင်ကို ထိမှန်သွားသည်။
ရှန်ကျင်းရှောင်က ခံစားချက်မဲ့စွာငြိမ်နေသော်လည်း သူ့နောက်ကွယ်က အိုင်းဖရစ်ပဲ့တင်ထပ်သံက ပါးစပ်ကိုဖွင့်ပြီး မီးတောက်တွေကို မှုတ်ထုတ်လိုက်လေသည်။ မီးတောက်များ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ဒူဇီယန်၏ ထိုးစစ်ကိုသာမက ချီချန်း၏ နက်ပြာရောင် ရေကွင်းကိုလည်း ယခုအခါ လျင်မြန်စွာ အငွေ့ပျံစေခဲ့သည်။
ချီချန်းသည် ရှေးဟောင်းမှော်နှင်းစက်၏အကူအညီကို မချေးယူခဲ့ပါက သူမ၏ မြို့စားအဆင့်ပညာရပ်က အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ဤတိုတောင်းသော အချိန်အတွင်း ရှန်ကျင်းရှောင်သည် ၎င်း၏ ဆဋ္ဌမအဆင့်မြို့စားခွန်အားကို ထုတ်ဖော်ပြသခဲ့ပြီး ချီချန်းနှင့် ဒူဇီယန်တို့ကို အလွယ်တကူ အနိုင်ယူနိုင်ကြောင်း ပေါ့ပေါ့တန်တန် သရုပ်ပြခဲ့သည်။
သို့သော် ဤအချိန်တွင် နွားသိုးကြီးပေါင်ပေါင်၏တိုက်ခိုက်မှုကသာ သူ့အတွက် အာရုံစိုက်စရာဖြစ်စေခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်သည် ကြီးမားသောဓားဖြင့်ခုတ်ပိုင်းပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်စွမ်းအင်များစွာကို ကောင်းကင်သို့လွှတ်တင်လိုက်သည်။ သူသည် ရှန်ကျင်းရှောင်ထက်ပင် ပို၍ ကြောက်စရာကောင်းပုံရပြီး သူ့အား ဝန်းရံနေသော ဖြူစင်သော အော်ရာများကလည်း ဝိညာဉ်သားရဲထက်ပင် ပိုကြောက်စရာကောင်းပုံရသည်။
ဓားအလင်းတစ်ချက်က လေဟာနယ်ကိုဖြတ်ကျော်၍ရှန်ကျင်းရှောင်ဆီသို့ တည့်တည့်ပျံသန်းလာနေပြီ.....
ထိုအခါ ရှန်ကျင်းရှောင်၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်လာပြီး သူ့ဆီသို့ ပျံသန်းလာနေသော ဓါးအလင်းကို အဆက်မပြတ် ဖြတ်တောက်ရန် ကြိုးပမ်းနေပါသည်။
နွားသိုးကြီးပေါင်ပေါင်သည် ချီချန်းတို့၏ တိုက်ခိုက်မှုသုံးဆကို ရှန်ကျင်းရှောင် လွယ်ကူစွာ ခုခံကာကွယ်နေသည်ကို စောင့်ကြည့်ခဲ့ပြီး သုံးယောက်ထဲတွင် ချီချန်းနှင့် ဒူဇီယန်က ရှန်ကျင်းရှောင်ကို အနည်းငယ်သာ ထိန်းထားနိုင်သည်ကို နားလည်ခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်၏ အကြည့်တွေ ပိုလို့တောင် ရက်စက်လာပြီး ကီလိုမီတာ ရာနှင့်ချီ ကွာဝေးသောအရပ်ထိပျံ့လွှင့်စေမည့် မိုးခြိမ်းသံကဲ့သို့သော အူသံကိုလွှင့်ထုတ်လိုက်သည်။
သူကိုင်ထားတဲ့ ဧရာမ ဝက်ခုတ်ဓါးကြီးသည်လည်း တဆတ်ဆတ် တုန်ခါလာသည်။လေဟာနယ်သည် ဓါးမှထွက်လာသော ဖိအားကို ခံနိုင်ရည်မရှိသဖြင့် အပိုင်းပိုင်းကွဲအက်သွားသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဓါးစွမ်းအင်ပမာဏများစွာ ပေါ်လာချေပြီ။
ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်ကို သိသိသာသာ ခံစားလိုက်ရသဖြင့် ရှန်ကျင်းရှောင်၏ သူ့အကြည့်များ မှိန်ဖျော့သွားသည်။ နွားသိုးကြီးပေါင်ပေါင်သည် နောက်ဆုံးတွင် ရှပြည်ထောင်စုမှ မြို့စားအားလုံးကို ထိတ်လန့်စေသော ဝိဉာဉ်တက်လှမ်းခြင်းအဆင့် မြို့စားပညာရပ်ကို အသုံးပြုနေပြီဖြစ်သည်။
နွားသိုးကြီးပေါင်ပေါင်သည် ပြတ်သားသော ပုဂ္ဂိုလ်ဖြစ်သည်။ ဓားစွမ်းအင်များ အထွတ်အထိပ်သို့ ရောက်သည်နှင့်၊ သူသည် ရှန်းကျင်းရှောင်ကို ဉီးတည်၍ ဓားကို အောက်ဘက်သို့ ခုတ်လှဲလိုက်သည်။
"အရူးနတ်ဘုရားရဲ့ဓားသွား!"
ဝိဉာဉ်တက်လှမ်းခြင်းအဆင့် မြို့စားပညာရပ်ကို ရှပြည်ထောင်စုတွင် တစ်ဖန် ထုတ်ဖော်ခဲ့ပြန်ပြီ.....
ဝုန်းးးးးး
ကောင်းကင်ပေါ်တွင် လွင့်မျောနေတဲ့ တိမ်တိုက်တွေဟာ ကောင်းကင်နဲ့ မြေကြီးကို ဖြတ်ကျော်ကာ ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဓါးအလင်းကြောင့် ချက်ချင်းဆိုသလို ပြန့်ကျဲကုန်သည်။
ချီချန်းနှင့်ဒူဇီယန်ပင်လျှင် လွှမ်းမိုးကြီးစိုးသည့် မြင်ကွင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
နွားသိုးကြီးပေါင်ပေါင်သည် စတုတ္ထအဆင့်မြို့စားအဆင့် ဖြစ်သော်လည်း၊ ဤရိုက်ချက်သည် အလွန်ပြင်းထန်သဖြင့် ပဉ္စမအဆင့်မြို့စားတစ်ဉီးပင် ၎င်းကို ရှောင်ရုံသာရှောင်နိုင်လိမ့်မည်။
သို့သော်လည်း ချီချန်းနှင့်ဒူဇီယန်သည် ရှန်ကျင်းရှောင်ကို အတတ်နိုင်ဆုံး ဖိနှိပ်ခဲ့ပြီး သူ့တွင် လွတ်မြောက်ရန် နေရာမရှိကြောင်း သေချာစေခဲ့သည်။
သို့တိုင် ရှန်ကျင်းရှောင်က ထွက်ပြေးရန် စိတ်မဝင်စားခဲ့ပေ။
သူသည် ဤနှစ်များတစ်လျှောက်လုံး သူ၏ခွန်အားကို ချိုးနှိမ်ထားခဲ့ပြီး ယနေ့ကသာ လွတ်မြောက်နိုင်စေမည့်နေ့ဖြစ်သည်။
ဆဋ္ဌမအဆင့်မြို့စားသည် ရှပြည်ထောင်စု တွင် အင်အားအကြီးဆုံးဖြစ်သည်။
ရွှမ်းချန်သာမရှိလျှင် ဖန်ချန်းယွမ်မှလွဲ၍ သူသည် လူတိုင်းထက် သန်မာမည်ဖြစ်သည်။
လျှပ်စီးကြောင်းများ အစီအရီ ထွက်ပေါ်လာစဉ် ရှန်းကျင်းရှောင်၏ အမူအရာ တည်ငြိမ်သွားသည်။ ထို့နောက် သူ့လက်ဖဝါးကြားတွင် သေးငယ်သော အနီရောင် အလင်းတန်းတစ်ခု ရောက်ရှိလာပြီး လူတိုင်း ရုတ်တရက် အပူချိန် လျင်မြန်စွာ တက်လာသည်ကို ခံစားလိုက်ရသည်။
ကမ္ဘာကြီးက တောက်လောင်နေတဲ့ မီးဖိုကြီးလို ဖြစ်နေသည်။
သေးငယ်သော အနီရောင်အလင်းတန်းသည် ကြောက်မက်ဖွယ်အရှိန်ဖြင့် အရွယ်အစားကြီးမားလာပြီး အချိန်အနည်းငယ်ကြာရုံမျှဖြင့် ၎င်း၏မျက်နှာပြင်တစ်လျှောက်တွင် မရေမတွက်နိုင်သော မှော်စာလုံးများနှင့်အတူ မီတာတစ်ရာကျယ်သော ဧရာမကြယ်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
"လောင်ကျွမ်းနေသောတိုက်တန်ကြယ်....!"
ကောင်းကင်ယံကို ခွဲထုတ်နိုင်သည့် အလင်းတန်းကြီးတစ်ခုသည် ဥက္ကာပျံကဲ့သို့ တောက်လောင်နေသော နေနှင့် တိုက်မိသွားသည်ကို မြင်လိုက်ရသည်။
ဝုန်းးးးးးး
ထိုအချိန်တွင် ကြောက်စရာကောင်းသော အပူပမာဏနှင့် ရက်စက်ကြမ်းကြုတ်သော ဓါးအလင်းများက အခြားတစ်ဖက်ကို တိုက်စားဖျက်ဆီးရန် ရှာဖွေနေပါသည်။ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းများသည် ဟာရီကိန်းမုန်တိုင်းတစ်ခုနှင့်တူပြီး ချီချန်းနှင့် ဒူဇီယန်တို့ကိုပင် နောက်ဆုတ်စေခဲ့သည်။ ၎င်းတို့၏သက်ဆိုင်ရာ မြို့စားရဲတိုက်များက ထိုတိုက်ပွဲ၏နောက်ဆက်တွဲအဖျက်စွမ်းအားများကိုချေဖျက်ရန် ကြိုးပမ်းသည့် ကြီးကျယ်ခမ်းနားသောအင်အားကို လျင်မြန်စွာထုတ်ဖော်ပြသခဲ့သည်။
လော့လန်အိမ်တော်၏ယာဉ်တန်းကိုနောက်ဆက်တွဲစွမ်းအားလှိုင်းများ ထိမှန်ခဲ့သောကြောင့် မငြိမ်မသက်ဖြစ်လာသည်။
သို့သော်လည်း အထက်တွင် ဖြစ်ပျက်နေသည့် တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေသဖြင့် မည်သူမှ စိတ်ပူခြင်း မရှိပေ။
ဤအချိန်တွင် နွားသိုးကြီးပေါင်ပေါင်၏ အပေါ်ပိုင်းဝတ်ရုံ မီးလောင်ပြာကျကာ ဒဏ်ရာများဖြင့် ပြည့်နေသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ သူ့တစ်ကိုယ်လုံးက အရေပြားတွေ နီရဲပြီး ပါးစပ်က သွေးတွေ စီးကျနေသည်။
တစ်ဖက်တွင် ရှန်ကျင်းရှောင်သည်လည်း ပခုံးများမှ ခါးအထိ ကြီးမားသောဒဏ်ရာရရှိထားသည်။
ဒဏ်ရာမှ သွေးများ အဆုံးမရှိ စီးကျနေပြီး ကိုယ်တွင်းအင်္ဂါများကိုပင် မြင်နိုင်သည်။
ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောအနက်ရောင်အရာ တစ်ဖန်ပေါ်လာပြီး သူ၏ဒဏ်ရာကို လုံးဝဖုံးကွယ်သွားခဲ့သည်။ ဒဏ်ရာကို ထိခိုက်စေသည့် ဓားစွမ်းအင်များကိုလည်း အနက်ရောင်အရာဝတ္ထုများက စားသုံးခဲ့သည်။
"ဟီးဟီး...ဝိဉာဉ်တက်လှမ်းခြင်းအဆင့်မြို့စားပညာရပ်က မျှော်လင့်ထားသလို တကယ်ကို ကြောက်စရာကောင်းတာပဲ....ငါ့လို ဆဋ္ဌမအဆင့်မြို့စားတောင်မှ ရိုက်ချက်နှစ်ချက်ထက် ပိုမထိန်းနိုင်တော့ဘူး...."
ရှန်ကျင်းရှောင်က မသိစိတ်ဖြင့် ဝန်ခံခဲ့သည်။
"ဒီထက်ပိုလိုချင်ရင် နှစ်ချက်လောက်ထပ်ခုတ်ပေးမယ်!!"
နွားသိုးကြီးပေါင်ပေါင်က ပြင်းပြင်းထန်ထန် ဟိန်းဟောက်လိုက်သည်။
ရှန်ကျင်းရှောင်က ပြုံးပြီး ခေါင်းခါကာ.....
" မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
ထိုစကားများကို နွားသိုးကြီးပေါင်ပေါင် ကြားသောအခါ အကြည့်များ အေးစက်သွားသည်။
ရှန်ကျင်းရှောင်က လက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးအလယ်မှာ သွေးတစ်စက်ထွက်ပေါ်လာသည်။
"ဒီသွေးတစ်စက်ကို ရဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတယ်"
ရှန်ကျင်းရှောင်၏ မြို့စားရဲတိုက်များ တုန်လှုပ်စပြုလာပြီး မရေမတွက်နိုင်သော ရှေးဟောင်းမှော်စာလုံးများ စတင်ပေါ်လာသည်။
ချီချန်းနှင့်ဒူဇီယန်တို့က ရှန်ကျင်းရှောင်ကို ချက်ချင်းပင် ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်ခဲ့သည်။ သူဘာဆက်လုပ်မလဲ မသိပေမယ့် သူ့အပြုအမူနဲ့အပြောအဆိုတွေကိုကြည့်ရုံဖြင့် ပြတ်ပြတ်သားသားတိုက်ခိုက်တော့မှာသေချာနေချေပြီ။
သို့သော် သူတို့နှစ်ဦး၏ ချေမှုန်းမှုသည် ရှန်ကျင်းရှောင်အတွက် အကျိုးမရှိပေ။ မြို့စားရဲတိုက် ခြောက်ခုက ၎င်းတို့၏ တိုက်ခိုက်မှုများကို ပျက်ပြယ်စေရန်အတွက် အလင်းအချို့ကို လွှင့်ထုတ်ခဲ့သည်။
"ငါ့ရဲ့ နှလုံးသားရဲပဲ့တင်ထပ်သံ ဘာလုပ်ပေးနိုင်လဲဆိုတာ မသိချင်ကြဘူးလား.. အခုပဲ ပြပေးမယ်...."
ရှန်ကျင်းရှောင် ပြုံးလိုက်ပြီးစည်းတံဆိပ်တစ်ခုပြုလုပ်လိုက်သည့်အခါ နွားသိုးကြီးပေါင်ပေါင်ထံမှထွက်လာသော သွေးစက်အချို့က လက်မအရွယ်ခန့်ရှိ သွေးစွန်းနေသော သေးငယ်သောရုပ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
သွေးစွန်းနေသောအရုပ်၏ အသွင်အပြင်က နွားသိုးကြီးပေါင်ပေါင်နှင့်တထပ်တည်းတူနေသည်။
ထို့နောက် ရှန်ကျင်းရှောင်၏ မြို့စားရဲတိုက် ခြောက်ခုပေါ်မှ မှော်စာလုံးများက သွေးရုပ်ထုတွင်းသို့ ရောနှောသွားသည်။
တစ်ချိန်တည်းမှာပင် ရှန်ကျင်းရှောင်၏ အုံ့မှိုင်းသော ရယ်မောသံများ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။
"မြို့စားအဆင့်၏ ဝိညာဉ်အဆောင်အယောင်၊ နှလုံးသားရဲနတ်ဆိုးကပ်ဘေး....."
ထိုသို့ရေရွတ်လိုက်သည်နှင့် နွားသိုးကြီးပေါင်ပေါင် ရုတ်တရက် အေးခဲသွားသည်။ သူ့မျက်လုံးများက ရုတ်တရက် ဗလာဖြစ်သွားကာ လှည့်စားမှုတစ်ခု၏ နက်နဲရာထဲသို့ ကျဆင်းသွားပုံရသည်။
ချီချန်းနှင့် ဒူဇီယန်တို့၏ အမူအရာများလည်း ပြောင်းလဲသွားသည်။
ရှန်ကျင်းရှောင်က လီလော့ကို သနားသော အကြည့်ဖြင့် လှည့်ကြည့်ရင်း ပြုံးနေသည်။
" နွားသိုးကြီးပေါင်ပေါင် မပါဘဲ ငါ့ကို ဘယ်လိုတိုက်ခိုက်ဖို့ စီစဉ်ထားလဲ......"