နောက်ဆုံးလှုပ်ရှားမှု....
Vol. 52 Ch. 716
နွားသိုးကြီးပေါင်ပေါင်သည် ရှန်ကျင်းရှောင် ၏ လှည့်စားမှုထဲသို့ ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် အားလုံး တုန်လှုပ်ချောက်ချားကုန်သည်။
နွားသိုးကြီးပေါင်ပေါင်၏ စတုတ္ထအဆင့်မြို့စားအင်အားသည် ၎င်းတို့အဖွဲ့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ချီချန်းနှင့်ဒူဇီယန်တို့ဖြင့် ရှန်ကျင်းရှောင်ကို ရပ်တန့်ရန် မလုံလောက်ပေ။
ချိုင်ဝေနှင့်ယန်လင်းချီတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
လော့လန်အိမ်တော်သားများလည်း တုန်လှုပ်နေကြသည်။
ယွမ်ချင်းက.... "အိမ်တော်သခင်နှစ်ပါးကို အသက်စွန့်ပြီးကာကွယ်ကြ..!"
သူတို့သည် ဆဋ္ဌမအဆင့်မြို့စားနှင့် ရင်ဆိုင်နေကြရသည်။ သူ၏ ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ခွန်အားသည် ရှန်ကျင်းရှောင်အတွက် ပုရွက်ဆိတ်တစ်ကောင်နှင့်တူသော်လည်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောကိ တိုက်ခိုက်ရပေမည်။
လဲ့ကျန်းလည်း အလားတူ ဆုံးဖြတ်ခဲ့သည်။ ဆဋ္ဌမအဆင့်မြို့စားက သူတို့ကိုသတ်ချင်ရင် ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူရဲကောင်းဆန်စွာ တိုက်ခိုက်ရင်း သေဆုံးဖို့သာဆုံးဖြတ်ထားသည်။
ယာဉ်တန်းတစ်ခုလုံး၏ အငွေ့အသက်များက ဝမ်းနည်းခြင်းသို့ ပြောင်းလဲသွားသည်။
လီလော့၏ အမူအရာ တည်ငြိမ်နေ့ပီး လက်ရှိအခြေအနေသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေချေပြီ။
ကောလိပ်နှင့် ယုဟောင်ရှီတို့ဘက်က မရောက်ရှိသေးဘဲ ၎င်းတို့ကိုယ်တိုင် ပြဿနာများနှင့် ရောထွေးနေကြောင်း ညွှန်ပြနေသည်။ ရှန်ကျင်းရှောင်သည် ဤနေ့အတွက် လုံးလုံးလျားလျား ပြင်ဆင်ခဲ့သည်။
လီလော့က ကျန်းချင်းအာကို လှည့်ကြည့်လိုက်တော့ သူမ၏ နတ်ဘုရားမအသွင်မျက်နှာနှင့် ရွှေရောင်မျက်လုံးများသည် ကြည်လင်နက်နဲပြီး ကမ္ဘာပေါ်က အရာအားလုံးကို ရောင်ပြန်ဟပ်နိုင်ပုံရသည်။
"အစ်မချင်းအာ..."
ကျန်းချင်းအာက သူ့ကို စေ့စေ့ကြည့်နေ၏။
"ကြောက်နေတာလား?"
လီလော့က မေးလိုက်တော့ ကျန်းချင်းအာ အနည်းငယ်ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
"ငါတို့ ဒီနေ့ ဒီမှာမသေနိုင်ပါဘူး....."
"ဟုတ်တယ် ငါလည်း ဒီလိုပဲ ခံစားရတယ်....ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ငါ ဦးဆောင်ပါရစေ.... ငါ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီးပြီမို့ အခုက ငါ့အလှည့်ပဲ....ဘယ်လိုပဲဖြစ်ဖြစ် ငါ့ချစ်သူကို အကာအကွယ်ပေးဖို့က ငါ့တာဝန်ပဲ......"
ကျန်းချင်းအာက လီလော့၏ ချောမောသော အသွင်အပြင်ကို အပြုံးတစ်ပွင့်ဖြင့်ငေးမောနေသည်။လီလော့ကို ကြည့်နေရုံနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် စိတ်ပိုင်းဖြတ်မှု အပြည့်ရှိကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် သူမ တခစ်ခစ်ရယ်ကာ....
“ကောင်းပြီ၊ ဒီတစ်ခါ နင့် စကားကို နားထောင်မယ်” ဟု နွေးထွေးစွာ ပြန်ဖြေလိုက်သည်။
မည်သို့စီစဉ်ထားသည်ကို သူမ မမေးခဲ့ပေ။ လီလော့သည် နတ်ဆိုးနန်းတော်အဆင့်မျှသာဖြစ်ပြီး ရှန်ကျင်းရှောင်သည် ဆဋ္ဌမအဆင့်မြို့စားဖြစ်သည်။ သို့သော်လည်း ပြိုင်ဘက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လီလော့ကို သူ့မျက်စိရှေ့မှာ ဘယ်သူ့မှ ထိခိုက်နစ်နာစေနိုင်မှာ မဟုတ်ဘူးဆိုတာကို သူမ သေချာသိနေသည်။
သူမရှေ့မှ ချောမောလှပသော လူငယ်ကို ကြည့်ရင်း ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများမှတဆင့် နွေးထွေးသော အပြုံးတစ်ခု စီးဆင်းနေပုံရသည်။ သူသည် သူမ၏ ဤတိုတောင်းလှသော ဘဝတစ်လျှောက်တွင် အချိန်အကြာဆုံးအတူရှိခဲ့ပေးသူပင်...တချိန်က တုံးအသောလူငယ်လေးသည် တဖြည်းဖြည်း ကြီးပြင်းလာကာ အားကိုးထိုက်သူတစ်ယောက်ဖြစ်နေခဲ့ချေပြီ။
ဒီကလေးက အရင်ကလို အရိုက်ခံရတိုင်း ငိုနေမယ့် ကလေး မဟုတ်တော့ပေ။
ရှန်ကျင်းရှောင်သည် အထက်ကောင်းကင်၌ မလှုပ်မယှက်နိုင်သော နွားသိုးကြီးပေါင်ပေါင် ကို အာရုံစိုက်နေသည်။ပေါင်ပေါင်သည် သူ၏ နှလုံးသားရဲပဲ့တင်ထပ်သံ၏ကပ်ဘေးအတွင်းသို့ကျရောက်နေပြီဖြစ်သောကြောင် အမြန်ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။ နွားသိုးကြီးပေါင်ပေါင်သာ သူ့ကို ကန့်သတ်မထားရင် ကျန်တာတွေကို မှုစရာမလိုတော့ပေ။
ထို့နောက် ချီချန်းနှင့်ဒူဇီယန်တို့ဆီ အာရုံပြောင်းလိုက်သည်။
သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းထိပ်များမှ အကန့်အသတ်မဲ့ မီးတောက်များ ထွက်ပေါ်လာကာ ဧရာမ စပါးအုံးမြွေကြီး နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် လေဟာနယ်ထဲတွင် အင်မတန်ပူပြင်းသောမီးပြင်းဖိုနှစ်ခုသဖွယ် တဖြည်းဖြည်း ချိတ်ဆက်နေသည်။
ချီချန်းနှင့် ဒူဇီယန်တို့က အင်အားအလုံးအရင်းဖြင့် ခုခံနေကြပြီး ၎င်းတို့အား ဖုံးအုပ်ထားသည့် မီးတောက်နေသော စပါးအုံးမြွေများကို တိုက်ခိုက်ရန် ၎င်းတို့၏ မြို့စားရဲတိုက်များကို ဆင့်ခေါ်ခဲ့ရသည်။
သို့တိုင် အကြွင်းမဲ့ခွန်အား ကွာခြားချက်နှင့် ရင်ဆိုင်ရသောအခါ အချိန်တိုတိုအတွင်း မလွတ်မြောက်နိုင်ခဲ့ကြပေ။
နွားသိုးကြီးပေါင်ပေါင်၏တားဆီးမှုမရှိတော့သည့်အတွက် ရှန်ကျင်းရှောင်က အားလုံးကို အတားအဆီးမရှိဘဲ အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်။
ချီချန်းတို့ကို ကန့်သတ်လိုက်ပြီးနောက် သူတို့ကို အပြတ်အသတ်ဖိနှိပ်ဖို့ အခွင့်အရေး မယူခဲ့ပေ။အဘယ်ကြောင့်ဆိုသော် မြို့စားများသည် ပြင်းထန်သော အသက်စွမ်းအားဖြင့် ပင်ကိုယ်အားဖြင့် ခံနိုင်ရည်ရှိသောကြောင့် အပြီးသတ်နှိမ်နင်းရင် အချိန်အနည်းငယ်ယူရမည်ဖြစ်ပြီး သူ့တွင် အချိန်မရှိပေ။ ကောလိပ်မှ စစ်ကူများနှင့်ယုဟုန်ရှီတို့ ရောက်ရှိလာပါက အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်၊ လီလော့နှင့်ကျန်းချင်းအာဆီသို့ ဖျတ်ကနဲရွေ့လျားသွားခဲ့သည်။
သူ့ကိုမြင်တော့ ယွမ်ချင်း၊ လဲ့ကျန်း နဲ့ ကျန်တဲ့ အကြီးအကဲတွေ ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။ မြို့စားတစ်ဦးထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်စွမ်းအားသည် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မိုးရေများကဲ့သို့ စီးကျလာပြီး ကြောက်လန့်တကြား တုန်လှုပ်သွားစေသည်။
သို့တိုင် သူတို့အားလုံး သတ္တိကို စုစည်းပြီး ခုခံဖို့ ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်ထဲက ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို ဖြန့်ကြက်လိုက်တော့သည်။
"နောက်ဆုတ်လိုက်ကြ...." ဟု လီလော့က အမိန့်ပေးခဲ့သည်။
ယွမ်ချင်း ၊ လဲ့ကျန်း နှင့် ကျန်လူများ သူ့ဘက်သို့ လှည့်လာပြီး သူတို့၏အရှင်သခင်က အလွန်တည်ငြိမ်ပြီး သက်တောင့်သက်သာရှိနေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ စိတ်ထဲတွင်အတွေးများဖြင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် အမိန့်နာခံကာ နောက်ဆုတ်သွားကြသည်။
"ဘာလဲ? မင်းလက်လျှော့ဖို့ရွေးချယ်ခဲ့တာလား...."
ရှန်ကျင်းရှောင်က အံ့သြသောလေသံဖြင့် သူတို့နှစ်ယောက်နှင့် ဆယ်မီတာအကွာအဝေးတွင် ပေါ်လာသည်။
"ကောင်းပြီ.... မင်းလက်လျှော့ဖို့ ရွေးချယ်လိုက်ရင်တောင် မင်းကိုရအောင်သတ်မယ်..... မင်းလို ပဲ့တင်ထပ်သံသုံးခုရှိတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ကို ကြီးပြင်းခွင့်ပေးလို့မဖြစ်ဘူး...."
ရှန်ကျင်းရှောင်က လီလော့ကို သတ်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
"ကောင်းပြီ....မင်းဒီလိုလုပ်နိုင်မလား ကြည့်ကြသေးတာပေါ့..." ဟု လီလော့က ပြန်ပြောလိုက်သည်။
ရှန်ကျင်းရှောင် အံ့သြစွာ ရယ်မောလိုက်ပြီး....
"မင်းမှ ဝှက်ဖဲ တစ်ခုခုကျန်နေပုံရတယ်.... မင်းရဲ့စစ်ကူတွေ အချိန်မီရောက်လာမှာမဟုတ်ဘူးဆိုတာ သိရဲ့လား"
ပုံမှန်မဟုတ်လောက်အောင် ငြိမ်သက်နေသော လီလော့ကို အဆက်မပြတ်အကဲခတ်နေလေ။ အကြောင်းတစ်ခုခုကြောင့် စိတ်ထင့်နေသော်လည်း....
"ထားလိုက်တော့..... ငါ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး.... "
သူစကားပြောပြီးသည်နှင့် လီလော့က ရုတ်တရက် အနက်ရောင်ကမ္ပည်းပြားကို ကိုင်လိုက်သည်။
ကမ္ပည်းပြားပေါ်ရှိ ရှေးဟောင်းဆန်သော "လီ"စာလုံးကို လျှို့ဝှက်ဆန်းကြယ်သော အော်ရာများ လွှမ်းခြုံထားသည်။
ရှန်ကျင်းရှောင် ထိုကမ္ပည်းပြားကို မြင်သောအခါ သူ့အမူအရာ အမှတ်မထင် ပြောင်းလဲသွားသည်။ ကောလိပ်ကို တိုက်ခိုက်စဉ်အတွင်း ဖန်ချန်းယွမ်က လီလော့ထံမှ ၎င်းကို ချေးယူခဲ့သည်ကို ကိုယ်တိုင်တွေ့ခဲ့ရပြီး ၎င်းမှာ သတ္တမအဆင့်မြို့စား ရွှမ်းချန်ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။
"မင်းငါ့ကိုခြောက်လန့်ဖို့ကြိုးစားနေတာလား... ဖန်ချန်းယွမ် ချန်ထားခဲ့တဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားခဲ့ပြီမို့ ဒါက ရှားပါးပစ္စည်းဖြစ်နေရင်တောင် မင်းဘယ်လိုနှိုးဆော်ရမလဲ....."
ရှန်ကျင်းရှောင်က သတိထား၍ အကဲစမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏လက်ချောင်းများမှ မီးလျှံများထွက်လာပြီး လီလော့နှင့် ထိတွေ့မိပါက အရည်ပျော်သွားကာ ဘာမှမကျန်တော့ဘဲ ပြာဖြစ်သွားမည်ဖြစ်သည်။
ဒီအချိန်မှာ လီလော့က မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ မီးပင်လယ်ကြီးက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသော်လည်း သူ့နှလုံးသားက ငြိမ်သက်အေးချမ်းနေပြီး အနက်ရောင်ကမ္ပည်းပြားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ၎င်းကို အာရုံစိုက်နေလေသည်။
ဖန်ချန်းယွမ်ဆီက အနက်ရောင်ကမ္ပည်းပြားကို ပြန်ရပြီးကတည်းက ၎င်းအတွင်း၌ တစ်စုံတစ်ခုကို သော့ဖွင့်ထားသလို ခံစားရပြီး ၎င်းကို မည်သို့အသုံးပြုရမည်ကို သဘာဝကျကျ နားလည်ခဲ့သည်။
၎င်းကိုအသုံးပြုဖို့ လွန်ကဲသောနည်းလမ်းများ လိုအပ်မည်ဖြစ်ပြီး ရလဒ်အနေဖြင့် လုံးဝမလိုအပ်ဘဲ အသုံးပြုရန် ဆန္ဒမရှိပေ။
သို့သော်လည်း မဖြစ်မနေအသုံးပြုရပေတော့မည်။
ထိုအချိန်တွင် ခန္ဓာကိုယ်အတွင်းမှ သွေးများ ပွက်ပွက်ဆူလာပြီး အနက်ရောင် ကမ္ပည်းထဲသို့ အသည်းအသန်စီးဆင်းနေသည်။
အနက်ရောင် ကမ္ပည်း တစ်လျှောက် သွေးလိုင်းများ ပျံ့နှံ့လာပြီး "လီ" စာလုံးနှင့် လျင်မြန်စွာ ထိတွေ့လာသည်။
ခဏလောက်အကြာတွင် အာကာသနဲ့ အချိန်ကို ကျော်ဖြတ်လာသည့် ပြင်းထန်သောဟိန်းဟောက်သံကို ကြားလိုက်ရသည်။
သူ့မျက်နှာပေါ်က သွေးကြောတွေ ပေါက်ထွက်ကုန်ပြီး သူ့ကိုကြောက်စရာကောင်းတဲ့ပုံပေါက်စေသည်။
သို့သော် အနာခံမှ အသာစံရပေမညခယ တစ်ချိန်တည်းမှာပင်၊ ရှေးဟောင်း "လီ"စာလုံးက အနက်ရောင်ကမ္ပည်းပြားပေါ်မှ ခွဲထွတ်ကာ လေထဲသို့ လွင့်ပျံလာသည်။
ရှန်ကျင်းရှောင်၏ မီးတောက်များသည် "လီ"စာလုံးနှင့် တိုက်ရိုက် တိုက်မိသော်လည်း ဖြစ်ပျက်ခဲ့သည်မှာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ မီးတောက်များ ချက်ချင်း ငြိမ်းသွားပြီးပျောက်ကွယ်သွားသည်။
"လီ"စာလုံးကတော့ လေထဲတွင် အတားအဆီးမရှိ လွင့်မျောနေဆဲပင်.... ၎င်းသည် တောက်ပသောအလင်းရောင် ဖြာထွက်ခြင်းမရှိသလို သဘာဝစွမ်းအင်များစွာကို စုပ်ယူခြင်းမရှိပေ။ သို့သော် ထ်ိုစာလုံး ပေါ်လာသည့်အခိုက်တွင်၊ ရှန်ကျင်းရှောင်၏ လွှမ်းမိုးချုပ်ကိုင်ထားသော အော်ရာများ လေကဲ့သို့ ပျောက်ကွယ်သွားပုံရသည်။
တစ်ဖက်တွင် ရှန်ကျင်းရှောင်သည် ဤခဏ၌ ကြက်သီးထလောက်အောင်ကြောက်လန့်နေသည်။ထူးဆန်းသောစာလုံးမှ ထွက်ပေါ်နေသော အန္တရာယ်ကို သူခံစားရနိုင်သည်။
ရလဒ်အနေဖြင့် သူသည် မဆိုင်းမတွ ဆုတ်ခွာသွားကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ချန်ရစ်ခဲ့သည်။
လီလော့သည် လောလောဆယ်တွင် သူသည် လက်ကိုမြှောက်ကာ ရှန်းရှန်းရှောင်ဆီသို့ လက်ညိုးပြရင်း တုန်တုန်ယင်ယင်ဖြစ်နေရှာသည်။သူ့တကိုယ်လုံး သွေးတွေရွဲနစ်နေသည်မှာ မြင်လို့တောင်မကောင်းတော့ပေ။
အနက်ရောင် ကမ္ပည်းပြားကို အသက်သွင်းရန် လိုအပ်သည့်အရာမှာ သူ၏ ပဲ့တင်ထပ်သံစွမ်းအားမဟုတ်ဘဲ သွေးအဆီအနှစ်ဖြစ်နေသည်။လက်ရှိ သွေးအဆီအနှစ်ဆုံးရှုံးမှုက ကောင်းကင်ဘုံဝံပုလွေအား သွေးအဆီနှစ်ဆယ်စက်ကို ပေးခဲ့သည့်အချိန်ထက် ဆယ်ဆပိုများသည်ဟု ခံစားနေရသည်။
ရှေးကျသော လီစာလုံးသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ ပျံသန်းသွားသည်။
မှုန်ဝါးဝါး၊ အနက်ရောင်အလင်းတန်းများ ဖြတ်ကျော်သွားသောအခါ၊ ရှန်ကျင်းရှောင် ၏ မရေတွက်နိုင်သော ပုံရိပ်ယောင်များအားလုံးကို ကွဲကြေစေခဲ့သည်။
အဆုံးတွင်၊ ပုံရိပ်ယောင်များအားလုံး တစ်နေရာတည်းသို့ ပြန်သွားကာ ရှန်ကျင်းရှောင် ၏ ခန္ဓာကိုယ်အစစ်အမှန်ပေါ်လာခဲ့သည်။
ရှေးကျသော "လီ"စာလုံးသည် သူ၏ပင်မခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်နေသည်ဟု သူခံစားနေရပြီး မည်ကဲ့သို့ ဖုံးကွယ်ရန်ကြိုးစားနေပါစေ၊ အချည်းနှီးပင်....
ရှန်ကျင်းရှောင် ဘာတွေ ဖြစ်နေသည်ကို နားမလည်နိူင်တော့ပေ။ဒါဟာ ဘုရင်အဆင့် စွမ်းဆောင်နိုင်သည့်အရာမျိုးမဟုတ်ပေ။
"လီလော့ ဒီလိုရတနာမျိုး ဘယ်က ရှာတွေ့ခဲ့တာလဲ...."
သူ့စိတ်ထဲတွင် အတွေးများ ပလုံစီနေပြီး ရှန်ကျင်းရှောင်၏ မျက်လုံးများတွင် ရက်စက်သော အကြည့်များ တောက်ပလာသည်။ မြို့စားရဲတိုက်ခြောက်ခု သူ့ရှေ့တွင်ပေါ်လာပြီး မြို့စားရဲတိုက် တစ်ခုစီအား အပြန်အလှန်အားဖြည့်ရန်နှင့် ခိုင်ခံ့စေရန်အတွက် ထူးခြားသောဖွဲ့စည်းမှုတစ်ခုအဖြစ် ဖန်တီးခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် ရှန်ကျင်းရှောင်ကို ကာကွယ်သည့် ခံစစ်တစ်ခုအဖြစ် ချိတ်ဆက်ထားသည်။
"ရှေးဟောင်းကမ္ပည်းပြား ဘယ်လောက်ပဲ ခိုင်ခံ့နေပါစေ လီလော့က နတ်ဆိုးနန်းတော်အဆင့်မှာပဲ ရှိသေးတယ်....ဒါ့ကြောင့်မို့ တန်ကြေးကြီးကြီးမားမားပေးဆပ်ရမှာပဲ....ဒါက သူ့ရဲ့ နောက်ဆုံး လှုပ်ရှားမှု ဖြစ်မှာ သေချာတယ်.....”
ထိုသို့တွေးမိသောအခါ ရှန်းကျင်းရှောင်က အထက်ကောင်းကင်၌ သဘာဝစွမ်းအင်များ တဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ၏ မြို့စားရဲတိုက် ခြောက်ခုသည် မျက်စိကျိန်းလောက်သောအလင်းရောင်နှင့်အတူ ထွန်းလင်းလာပြီး လှိုင်းထန်သော စွမ်းအင်လှိုင်းများက ဧရိယာတစ်ခုလုံးကို လွှမ်းမိုးလာခဲ့သည်။
မထင်မှတ်ဘဲ ရှေးကျသော လီစာလုံးက ၎င်း၏ မြို့စားရဲတိုက် ခြောက်ခုနှင့် တိုက်ရိုက် တိုက်မိကာ အလင်းတန်း အနက်ရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝုန်းးးးးးး
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျက်ပြယ်သွားသော လှိုင်းလုံးကြီးတစ်ခုမျှသာမြင်လိုက်ကြရသည်။
ထို့နောက်တွင် အနက်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လီလော့ ၏လက်ပေါ်က အနက်ရောင်ကမ္ပည်းပြားပေါ်တွင် "လီ" စာလုံးပြန်လည်ပေါ်လာသည်။
ကမ္ဘာကြီးတစ်ခုလုံး အချိန်တိုအတွင်း အေးခဲသွားပုံရသည်။
အဲဒီနောက်မှာတော့ အားလုံးက သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြသွားခဲ့ကြသည်။
ရှန်ကျင်းရှောင် ဆင့်ခေါ်ခဲ့သည့်ရဲတိုက်ခြောက်ခုအနက် သုံးခုက ဖုန်မှုန့်များ ကွဲကြေပျက်စီးသွားခဲ့ချေပြီ။