← Chapters

မင်းရဲ့မြို့စားရဲတိုက်သုံးခုကို ဖျက်စီးမယ်........

Vol. 52 Ch. 717

မင်းရဲ့မြို့စားရဲတိုက်သုံးခုကို ဖျက်စီးမယ်........

Vol. 52 Ch. 717

မြို့စားရဲတိုက် သုံးခု ပျက်စီးသွားတာကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ယွမ်ချင်း၊ လဲ့ကျန်း နှင့် ကျန်သူများမှာ မျက်ကလူးဆန်ပြာဖြစ်နေကြပြီး လုံးဝကိုကြောက်လန့်နေကြသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ လုံးဝကို မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုပင်... မြို့စားသုံးယောက်၏ ပေါင်းစပ်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည့် ရှန်ကျင်းရှောင်လို လူစားမျိုး၏ရဲတိုက်သုံးခုကို နတ်ဆိုးနန်းတော်အဆင့်ချွတ်တားလေးက ဖျက်ဆီးခဲ့သည်ကို ကိုယ်တိုင်မမြင်ရလျှင် ယုံနိုင်မည်မဟုတ်ပေ။

မြို့စားရဲတိုက်တစ်ခုစီသည် မြို့စားအဆင့်များ ကာလရှည်ကြာစွာ စုဆောင်းမှုနှင့် ကြိုးပမ်းမှုတို့ကြောင့် ပေါ်ပေါက်လာခဲ့သောအရာများဖြစ်သည်။ ၎င်းသည် မြို့စားအဆင့်များ၏ အပြင်းထန်ဆုံး ခွန်အားအရင်းအမြစ်လည်း ဖြစ်ခဲ့သည်။

ဒါက ရှန်ကျင်းရှောင်အတွက် နစ်နာစရာ ဒဏ်ရာတစ်ခုဆိုတာ သေချာနေချေပြီ။

မျှော်လင့်ထားသည့်အတိုင်း မြို့စားရဲတိုက် သုံးခု ပြိုလဲသွားသောအခါ ရှန်ကျင်းရှောင် ၏မျက်နှာ နီမြန်းလာပြီး လတ်ဆတ်သော သွေးများကိုအန်ထုတ်နေသည်။ ထိုအချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ အရှိန်အဟုန်ပြင်းစွာ ကမောက်ကမ ဖြစ်ကုန်သည်။

သူ၏မျက်စိရှေ့တွင် တန်ဖိုးကြီးသော မြို့စားရဲတိုက် သုံးခု ပျက်စီးသွားသည်ကို မြင်လိုက်ရခြင်းက သူ့ကို ခေတ္တမှိန်းမောသွားစေခဲ့သည်။

တဖြည်းဖြည်းနဲ့ သူသဘောပေါက်လာပြီး သူ့မျက်နှာက ဒေါသကြောင့် စိမ်းတစ်လှည့် ပြာတလှည့်ဖြစ်နေရှာသည်။

"ငါ့ရဲ့ မြို့စားရဲတိုက်တွေ...!"

ဒေါသစိတ်နှင့် အော်ဟစ်ရင်း ရှန်ကျင်းရှောင် ထံမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ပမာဏများစွာ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် တုန်ခါသွားကာ ဒေါသများ ပြည့်လျှံနေပုံကို သက်သေပြနေသည်။

၎င်းတို့သည် မြို့စားများ၏ ခွန်အား၏ အခြေခံအုတ်မြစ်များဖြစ်သည်။ ရဲတိုက် တစ်ခုဖန်တီးရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို နားလည်ဖို့ခက်ခဲလှသည်။ ထို့အပြင်၊ ချီချန်းနှင့် ဒူဇီယန်သည် သူ၏ မြို့စားရဲတိုက် များကို အလွယ်တကူ ဖြိုခွဲနိုင်မည်မဟုတ်ပေ။

သို့သော် အ နတ်ဆိုးနန်းတော်အဆင့် လီလော့က ၎င်းတို့ကို ရိုက်ချိုးခဲ့ခြင်း ဖြစ်သည်။

ဒါက နားမလည်နိုင်လောက်အောင် ထူးဆန်းနေသည်။

ယခုလို ရဲတိုက်ပျက်စီးခြင်းကြောင့် သူ၏အလားအလာများဆုတ်ယုတ်သွားတော့မည်။

နွားသိုးကြီးပေါင်ပေါင်သည် မြို့စားရဲတိုက်များ ပျက်စီးသွားခဲ့ခြင်း၏ သက်ရှိ နမူနာဖြစ်သည်။ သူသည် ရှန်ကျင်းရှောင်ထက် အားနည်းခဲ့သည်မှာ သေချာသော်လည်း၊ စားဖိုမှူးအဖြစ် လော့လန်အိမ်တော်တွင် ဆယ်စုနှစ်များစွာ ပုန်းအောင်းနေခဲ့ရသည်။ ဒါက သူ့ရွေးချယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမဲ့ မြို့စားအဆင့်တစ်ယောက်ဟာ ရဲတိုက်များဆုံးရှုံးခြင်းကြောင့် ဘယ်လောက်ထိ သိသိသာသာ သက်ရောက်မှုရှိကြောင်း ပြသနေသည်။

ရှန်ကျင်းရှောင်သည် နွားသိုးကြီးပေါင်ပေါင်လောက် မထိခိုက်သေးပေ။ အနည်းဆုံးတော့ သူ့မှာ မြို့စားရဲတိုက် သုံးခု ကျန်နေသေးပေမယ့် ဒါက သူ့အတွက် သိသာထင်ရှားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေတုန်းပင်....

"လီလော့! မင်း သေကိုသေရမယ်...!"

ရှန်ကျင်းရှောင်က လီလော့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ဒီမုန်းစရာကောင်းတဲ့ ကောင်ကလေးက သူ့ကို အချိန်တိုင်း ကြီးကြီးကျယ်ကျယ် ဒုက္ခပေးစမြဲပင်.....

လီလော့က ပြုံးရုံသာပြုံးနေခဲ့သညလယ သွေးတွေက မွှေးညှင်းပေါက်တစ်ခုစီတိုင်းကနေ စိမ့်ထွက်နေတာကြောင့် ခေါင်းအစခြေအဆုံး သွေးတွေရွှဲနစ်နေသည်။သို့သော် သူပြုံးလိုက်သောအခါတွင် သူ၏ ဖြူဖွေးသော သွားများ ပေါ်လာသည်။

သူ၏ရုပ်သွင်သည် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ ယိမ်းယိုင်သွားသော်လည်း ဖုံးကွယ်မရနိုင်သော ကြည်နူးမှုကို သူ့မျက်လုံးများတွင် မြင်နိုင်သည်။

"တိရိစ္ဆာန်ကောင်! လော့လန်အိမ်တော်က ဝါးဖို့ ခဲယဉ်းတဲ့ ကျောက်တုံးကြီးမို့ မင်း ငါတို့ဆီကို ကိုက်ဝါးချင်ရင် မင်းသွားတွေကျိူးကုန်မယ်ဆိုတာမမေ့နဲ့....!"

လီလော့ ၏ မျက်နှာပေါ်ရှိ သွေးကြောများသည် ရွှံ့ထဲတွင်ခိုအောင်းနေသော မြေသားပိုးကောင်များကဲ့သို့ပင် လှုပ်ယမ်းနေသည်။ သွေးအဆီအနှစ်ကို အလွန်အကျွံ စုပ်ယူထားသောကြောင့် ဤအခိုက်အတန့်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။

သူသည် တိုက်ခိုက်မှုကို နောက်ထပ်တစ်ကြိမ်လုပ်ဆောင်ပါက သွေးအဆီအနှစ်များ ကုန်စင်အောင်အသုံးပြုမည်။ ဤမျှတန်ကြေးကြီးမားနေသော်လည်း ရှန်ကျင်းရှောင် ကို သတ်ပစ်နိုင်ပါက ထိုက်တန်သည်ဟု ခံစားမိသည်။

မြို့စားရဲတိုက် သုံးခု ပြိုကျသောအခါ စွမ်းအင်များ နေရာတိုင်းတွင် ပြည့်လျှံကာ စွမ်းအင်အမျိုးအစား တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်လာသည်။

ရှန်ကျင်းရှောင်က သူ့ပါးစပ်နားက သွေးတွေကို သုတ်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ လူသတ်ချင်စိတ်တွေ ပြည့်လျှံနေသည်။ ထို့နောက် သူသည် ကောက်ကွေးသောအမူအရာဖြင့် လီလော့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း....

"ဒါ မင်းရဲ့နောက်ဆုံးအကွက်ပဲလား.... မင်းဘာဆက်လုပ်ရမလဲ"

ရှန်ကျင်းရှောင်သည် ခပ်မိုက်မိုက်ရန်စစကားများပြောနေသော်လည်း ယခုအချိန်တွင် အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်နေပါသည်။ လီလော့၏ ရုတ်တရတ် လက်တုံ့ပြန်မှုက သူ့ကို ကြီးမားစွာ ဒဏ်ရာရစေခဲ့သည်။

မြို့စားရဲတိုက် သုံးခု ပျက်စီးသွားသော်လည်း အခြေအနေကို သူ ထိန်းချုပ်နိုင်ဆဲဖြစ်သည်။

သို့သော် ချီချန်းနှင့် ဒူဇီယန်တို့ကို နှိမ်နှင်းရန် အခက်တွေ့နေသောကြောင့် လျင်မြန်စွာ အရေးယူရပေတော့မည်။

ရှန်ကျင်ရှောင်က ရုတ်တရက်အရှိန်မြှင့်လိုက်ကာ မရေမတွက်နိုင်သော နောက်ဆက်တွဲပုံရိပ်ယောင်များကို ချန်ထားခဲ့သည်။ သူ့လက်ဖဝါးအလယ်မှာ တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေ ထွက်ပေါ်လာပြီး တလောကလုံးကို လောင်မြိုက်စေနိုင်လောက်အောင်ပူပြင်းလွန်းလှသည်။

ယွမ်ချင်းနှင့် ကျန်သူများက ရှန်ကျင်းရှောင်ကို ရပ်တန့်ရန် လှုပ်ရှားလိုက်ကြပြီး အကျည်းတန်သော အမူအရာများ ရှိခဲ့ကြသည်။ သို့သော် မြို့စားအဆင့်သည် လွယ်ကူသောပြိုင်ဘက်မဟုတ်ပေ။ မြို့စားအဆင့်၏ဖိအားများက သူတို့၏ အရိုးများနှင့် အသားများကို ကြေမွလုနီးပါးဖြစ်စေပြီးတောင်ကြီးတခုသဖွယ် လေးလံလွန်းလှသည်။

ထုံးစံအတိုင်း၊ သူတို့အားလုံး ရှန်ကျင်းရှောင်ကို မထိန်းနိုင်ခဲ့ကြပေ။

ရှန်ကျင်းရှောင်၏ ရုပ်သွင် လီလော့၏ မျက်လုံးထဲတွင် အရွယ်အစား ကြီးထွားလာပြီး၊ သူ့ လက်ဖဝါးမှ မီးတောက်များကလည်း တဖြည်းဖြည်း တောက်ပလာသည်။

လီလော့၏ မျက်နှာသည် သွေးစိမ်းများဖြင့် ဖုံးလွှမ်းနေသေးသော်လည်း မကြောက်တော့ဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေလေသည်။သို့သော် သူ့လက်ချောင်းများက အနက်ရောင်ကမ္ပည်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်....

"လာလိုက်စမ်းပါ.... ဒီနေ့ ဆဋ္ဌမအဆင့်မြို့စားကို သတ်နိုင်ရင် ဒါဟာ အံ့သြစရာကောင်းတဲ့ မှတ်တမ်းတစ်ခုဖြစ်လာလိမ့်မယ်...."

အနက်ရောင် ကမ္ပည်းပြားကို ဒုတိယအကြိမ် အသက်သွင်းခြင်း၏ ကုန်ကျစရိတ်သည် အသားတစ်ပေါင်ကို စွန့်လွှတ်ခြင်းနှင့် ကွာခြားမည်မဟုတ်ကြောင်း လီလော့ သိသော်လည်း တုန်လှုပ်ခြောက်ခြားခြင်းမရှိပေ။ ခြေတစ်လှမ်းနောက်ဆုတ်လိုက်မယ်ဆိုရင် ရှန်ကျင်းရှောင်ဟာ ကျန်းချင်းအာရဲ့ အလင်းနှလုံးသားကို အတင်းအကျပ် သိမ်းပိုက်နိုင်မယ်ဆိုတာလည်း သူသိသည်။ထို့ကြောင့် သူ့ဘဝကို စွန့်လွှတ်လိုက်ရရင်တောင် ရှန်ကျင်းရှောင်ကိုရအောင်တားရမည်။

တစ်ချို့အရာတွေက အသက်စွန့်ပြီး ကာကွယ်ပေးရလောက်အောင် အဖိုးထိုက်တန်ပေသည်။

ရှန်ကျင်းရှောင်ရဲ့လက်ထဲက တောက်လောင်နေတဲ့ မီးတောက်တွေကြောင့် လေဟာနယ် ပျက်ယွင်းသွားသည်။ လီလော့ သူ့ရဲ့သွေးအဆီအနှစ်တွေကို တစ်ဖန်ပြန်လည်လောင်ကျွမ်းလုဆဲဆဲအချိန်မှာ လက်ငါးသွယ်က သူ့ပခုံးကို ဆုပ်ကိုင်လိုက်ကာ မြင့်မြတ်သန့်စင်တဲ့ အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ထဲကို လွှမ်းခြုံသွားပြီး စိတ်ကို ငြိမ်သက်သွားစေသည်။

လီလော့ အံ့အားသင့်နေသည့် အကြည့်များဖြင့် ခေါင်းကို လှည့်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို သက်သာစေရန် အလင်းစွမ်းအင်များ ပေးပို့ခဲ့သူမှာ ကျန်းချင်းအာမှလွဲ၍ အခြားသူမဟုတ်ပေ။

သို့သော်၊ သူမနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ကွဲပြားနေသလိုခံစားနေရသည်။

သူမ၏ ရှည်လျားသော ဆံပင်များသည် နောက်ကျောဘက်တွင် လွင့်မျောနေပြီး

နတ်ဘုရားများ ပုံဖော်ထွင်းထုထားပုံရသည့် လက်ရာမြောက်သော မျက်နှာအသွင်အပြင်သည် ယခုအခါ ပြိုးပြိုးပြက်ပြက် ကျက်သရေနှင့် ပြည့်နှက်နေပြီး၊ အသားအရေကလည်း ပဲ့တင်ထပ်သံ စွမ်းအင်များဖြင့် တောက်ပနေသည်။ သူမ၏ ရွှေရောင်မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်များ စီးဆင်းနေပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ဤသည်မှာ အလင်းနတ်သမီးတစ်ပါး လူ့ဘုံသို့ ဆင်းသက်လာသလိုပင်....

လီလော့ အံ့အားသင့်ဆုံးအရာမှာ သူမ ထုတ်လွှတ်သော ပဲ့တင်ထပ်သံစွမ်းအား ပမာဏဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြောက်စရာကောင်းလောက်အောင် များပြားလွန်းနေသည်။

"အစ်မချင်းအာ.... နင်ဘာလုပ်လိုက်တာလဲ"

သူမတွင်လည်း ကိုယ်ပိုင်ဝှက်ဖဲများစွာကို ဝှက်ထားသည်ဟုလည်း ခံစားနေရသည်။

ကျန်းချင်းအာက ကြည်လင်ပြတ်သားသော ရွှေရောင်မျက်လုံးများဖြင့် လီလော့ကို လေးလေးနက်နက် ကြည့်နေပြီး.....

"လီလော့... လုံလောက်ပြီ....အခု ငါ့အလှည့်....."

လီလော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ထုတ်လွှတ်လိုက်တဲ့ ပ အလင်းစွမ်းအင်က ပြင်းထန်လွန်းတာကြောင့် သူ့အတွက် စိတ်မသက်မသာဖြစ်စေသည်။ ထို့အပြင်၊ ညီမျှသော ကုန်ကျစရိတ်မရှိဘဲ ရောက်လာသော စွမ်းအားမရှိကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။ ရှန်ကျင်းရှောင်၏ မြို့စားရဲတိုက် သုံးခုကို ဖြိုခွဲဖို့အတွက် ရှေးဟောင်းကမ္ပည်းပြား၏အကူအညီကို ချေးယူပြီး ၎င်း၏သွေးအဆီအနှစ်ကို စျေးနှုန်းအဖြစ် ပေးချေခဲ့ရသည်။ နှိုင်းယှဉ်ကြည့်ပါက ကျန်းချင်းအာ ၏ ခွန်အားရုတ်တရက်မြင့်တက်လာခြင်းအတွက် ပေးဆောင်ရမည့်စျေးနှုန်းတစ်ခုရှိပေလိမ့်မည်။

"အစ်မချင်းအာ...မရှုပ်ပါနဲ့၊ ဒီတစ်ခါတော့ ငါ မင်းကို ကာကွယ်ပါ့မယ်..."

လီလော့က လေးလံသောလေသံဖြင့် ပြောလိုက်သော်လည်း ကျန်းချင်းအာက ပြုံးနေဆဲပင်...

"ငါက နင့်ထက်အသက်ပိုကြီးတယ်...အစ်မတစ်ယောက်မှာ မောင်လေးကိုကာကွယ်ပေးဖို့တာဝန်ရှိတယ်...."

လီလော့က သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"ဟေး...မမေ့နဲ့.... မင်းက ငါနဲ့ စေ့စပ်ထားသူပဲ....."

ချိုမြိန်သော အပြုံးတစ်ခုဖြင့် သူမ အပြစ်ကင်းစွာ မျက်တောင်ခတ်နေလေသည်။ စေ့စပ်ထားသူအားလုံးက စေ့စပ်ပွဲကနေ နောက်ပြန်ဆုတ်ချင်ရင် စေ့စပ်ထားသူဖြစ်နိုင်ပါ့မလား။

လီလော့ အေးခဲသွားပြီး သူ့အတွင်းပိုင်းဒဏ်ရာတွေ ပွင့်ထွက်လုနီးပါးပင်...

ကျန်းချင်းအာက လီလော့ရဲ့မျက်နှာကို ပွတ်သပ်ပေးရင်း သူ့မျက်နှာပေါ်က အပြုံးတွေ နက်ရှိုင်းလာသည်။ သူ့မျက်နှာမှာ သွေးစိမ်းတွေနဲ့ ရွှဲနေပေမယ့် သူမအတွက်တော့ စိတ်ရှုပ်စရာ မရှိခဲ့ပေါ အဲ့ဒီအစား သူ့မျက်နှာပေါ်က သွေးတွေကို လက်ချောင်းတွေနဲ့ ညင်သာစွာ သုတ်ဖယ်ပေးနေသည်။

"ဒါက ဘာမှမဟုတ်တာမို့ စိတ်ပူနေစရာ မလိုဘူး....ငါပြောခဲ့သလိုပဲ ဒီနေ့ ငါတို့ထဲက တစ်ယောက်မှ မသေနိုင်ဘူး.... ရှန်ကျင်းရှောင်လို အရေးမပါတဲ့သူက ငါတို့ရဲ့ဘဝကို ဒီမှာအဆုံးသတ်နိုင်မှာ မဟုတ်ဘူး..."

သူမ စကားပြောပြီးနောက်၊ ရှန်ကျင်းရှောင် ကို စိုက်ကြည့်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ကျန်းချင်းအာ... မင်းရဲ့ခွန်အား...?"

ရှန်ကျင်းရှောင်သည် သူမထံမှ ပဲ့တင်ထပ်သံစွမ်းအင်ထုတ်လွှတ်မှု အရှိန်အဟုန်ကို ခံစားနိုင်သည်။ တစ်ချိန်တည်းမှာပင် သူမြင်နေရသည့်အရာကို မယုံနိုင်သဖြင့် သူ့မျက်လုံးများ မှိန်ဖျော့သွားလေသည်။

"ဒါတွေအားလုံး နင်ပဲအစပြုခဲ့တာလေ...."

ကျန်းချင်းအာသည် အရာအားလုံးကို အေးခဲသွားစေသည့် အေးစက်သောအပြုံးမျိုး ပြုံးလိုက်ပြီး သူမ၏ကိုယ်ပိုင် လူသတ်ချင်စိတ်ကို မဖုံးကွယ်ထားတော့ပေ။ သူမ နှလုံးသားကို ညင်သာစွာ ပုတ်လိုက်သည်နှင့် တောက်ပနေသော ကိုယ်တွင်းအင်္ဂါတစ်ခု လှုပ်ရှားနေသည်ကို မြင်တွေ့နိုင်သည်။

အလင်းနှလုံးသားအတွင်း၌ လောင်ကျွမ်းနေသော မီးလျှံသည် နှလုံးသားတစ်ခုလုံးကို မီးတောက်အကာအကွယ်များဖြင့် ဖုံးလွှမ်းထားသည်။ ရှန်ကျင်းရှောင် တုန်လှုပ်သွားပြီး ဒေါသတကြီးနှင့်.....

"မင်း... မင်းရဲ့ အလင်းနှလုံးသားကို လောင်ကျွမ်းလိုက်တာလား..... မင်းတကယ် သတ္တိရှိလို့လား?! မလုပ်နဲ့ အဲ့ဒါ ငါ့အပိုင်!"

ရှန်ကျင်းရှောင်သည် လီလော့ သူ၏ မြို့စားရဲတိုက် သုံးခုကို ဖျက်ဆီးခဲ့သည့်အချိန်ထက် ပို၍ ရူးသွပ်နေသည်။ သူသည် အလင်နှလုံးသားကိုရယူရန် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြံစည်ခဲ့ပြီး သူ့မှာ အဆုံးမရှိသော သွေး၊ ချွေးနှင့် မျက်ရည်တို့ကို ရင်းနှီးထားခဲ့ရသည်။

သို့သော် ကျန်းချင်းအာသည် ယဇ်ပူဇော်သောမီးကို ရိုးရိုးရှင်းရှင်း အသုံးပြုခဲ့ချေပြီ.....

"ဆူညံတယ်..."

ကျန်းချင်းအာက လက်ကို ဝှေ့ယမ်းရင်း ပြုံးလိုက်ကာ သူမရဲ ရွှေဓားကို ဆုပ်ကိုင်ထားသည်။

တစ်ချိန်တည်းမှာပင် သူမဆီမှ လူသတ်ချင်စိတ်များ လျှံထွက်လာသည်။

"လီလော့က နင့်ရဲ့ မြို့စားရဲတိုက် သုံးခုကို ဖျက်ဆီးလိုက်တဲ့အတွက် ကျန်တဲ့ သုံးခုကို ငါကိုယ်တိုင်ဖျက်စီးပစ်မယ်...."

ထိုအချိန်တွင် မျက်စိကျိန်းလောက်သော

အလင်းရောင်များ ကီလိုမီတာ သုံးထောင်အတွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားလေတော့သည်။

All Chapters