အလင်းနှလုံးသားကို စတေးခြင်း.....
Vol. 52 Ch. 718
တောက်ပသော အလင်းရောင်သည် လောကရှိ အညစ်အကြေး အားလုံးကို သန့်စင်စေသကဲ့သို့ အရာခပ်သိမ်းကို ဆေးကြောပေးသည်။
လူတိုင်းသည် ၎င်းတို့၏ အမြင်အာရုံကို အလင်းဖြင့်အားဖြည့်ပေးသည်ဟု ခံစားနိုင်ပြီး ထိုအချိန်တွင်ပင် လောကသဘာဝစွမ်းအင်များ ရောနှောနေပုံရသည်။
ဤအခြေနေသည် အခိုက်အတန့်မျှသာ တည်တံ့နေသော်လည်း တစ်သက်တာကြာမြင့်နေသလို ခံစားရသည်။
လူတိုင်း၏ အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာသောအခါ တောက်ပပြီး သန့်စင်သောကမ္ဘာကြီးက အသင့်ကြိုဆိုနေသည်။ ယခင်က ညစ်ညူးစေခဲ့သော အမှောင်စွမ်းအင်များ ရုတ်ချည်း သန့်စင်ရှင်းလင်းသွားသလို ခံစားမှုကို ရရှိစေခဲ့သည်။
ချက်ခြင်းပင်၊ အကြည့်များက ရှန်ကျင်းရှောင်၏ အနေအထားဆီသို့ ဦးတည်သွားခဲ့သည်။
သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေဆဲပင်......
သူသည် နောက်ပြန်လှည့်ကာ သူ၏ ကျန်ရှိသော မြို့စားရဲတိုက် သုံးခုရှိရာ လေဟာနယ်ကို တိတ်တဆိတ် စိုက်ကြည့်နေပုံရသည်။ ဤအခိုက်အတန့်တွင် ကျန်နေသေးသည့်ရဲတိုက်သုံးခုက အပူဆုံးမီးဖိုနှင့်ထိတွေ့ရသည့် နှင်းတောင်များကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားကြသည်။
ရဲတိုက်များတစီ ပြိုကျပြီးနောက် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မြို့စားအဆင့် ရဲတိုက်များ အရည်ပျော်သွားသောအခါ ရှန်ကျင်းရှောင် ၏အမူအရာ မှိန်ဖျော့သွားကာ သူပိုင်ဆိုင်ထားသည့် ပဲ့တင်ထပ်သံစွမ်းအားများ၏ ခမ်းနားသောအငွေ့အသက်များ ဆက်တိုက်ဆိုသလို အားပျော့သွားသည်။
တိုတောင်းသောအချိန်တခဏအတောအတွင်း ကျန်ရှိသော မြို့စား ရဲတိုက် သုံးခု ပျက်စီးသွားချေပြီ.....
ရှန်ကျင်းရှောင် ဒေါသငယ်ထိပ်တက်ဆောင့်နေသဖြင့် သွေးအန်နေရှာသည်။ သူ၏ ပြင်းထန်သော ခံစားချက်များသည် ဆင်ခြင်တုံတရားကိုအနိုင်ယူသွားခဲ့လေပြီ....
အသာစီးရနေရာကနေ ရုတ်တရက်အခြေနေပြောင်းသွားသည်မှာ လက်ခံဖို့ရာခက်ခဲလှပေသည်။
သူသည် ဆဋ္ဌမအဆင့်မြို့စားဖြစ်ပြီး၊ မြို့စားသုံးယောက်၏ ပေါင်းစပ်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သူတစ်ဦးဖြစ်သည်။ သို့သော် မရင့်ကျက်သေးသော လူငယ်စုံတွဲ ရောက်လာပြီး ၎င်း၏ မြို့စားရဲတိုက် ခြောက်ခုစလုံးကို တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့သည်။
ဤထိုးနှက်ချက် မည်မျှ နစ်နာသည်ကို မည်သူမျှ နားလည်နိုင်မည်နည်း.....
အရေးအကြီးဆုံးမှာ၊ သူအကြာကြီး ကြံစည်ခဲ့သော အလင်းနှလုံးသားလည်း သူ့လက်ထဲသို့ရောက်မလာခဲ့ပေ။
ကျန်းချင်းအာသည် သူမ၏ အလင်းနှလုံးသားကို စွန့်လွှတ်အနစ်နာခံပြီး ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပေါက်ကွဲခဲ့သည်ကို သူ နားမလည်နိုင်ပေ။အဆင့်ကိုးအလင်းပဲ့တင်ထပ်သံဖြင့် ဖန်တီးထားသောအလင်းနှလုံးသားသည် ထိုကဲ့သို့သော ခွန်အားအဆင့်သို့ အမှန်တကယ် ရောက်ရှိနိုင်ပါသလား။
ရှန်ကျင်းရှောင်က ကျန်းချင်းအာကို မှုန်မှိုင်းစွာ စိုက်ကြည့်နေသည်။ အလင်းနှလုံးသား သူမ၏ရင်ဘတ်ပေါ်တွင် တောက်လောင်နေချိန်တွင် သူမ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အလင်းစွမ်းအင်ပမာဏများစွာ ဖြာထွက်နေဆဲဖြစ်သည်။
သူသည် သူ့နှုတ်ခမ်းပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ လျင်မြန်စွာ အားနည်းသွားသည်ကို သတိပြုမိသည်။
"လီလော့... ကျန်းချင်းအာ... မင်းတို့နှစ်ယောက်ကို ငါ တကယ်လျှော့တွက်ခဲ့မိတယ်... ဒါပေမယ့် သိပ်ပြီးလည်း ဂုဏ်ယူမနေကြနဲ့..... ကျန်းချင်းအာ... မင်းရဲ့အလင်းနှလုံးသားကို စတေးခဲ့တယ်ဆိုတော့ စိတ်ကူးထားတာထက် အများကြီးပိုကြီးတဲ့ဈေးနှုန်းကို ပေးခဲ့ရတာပဲ... ဟီးဟီး....ဒါဆို အလင်းနှလုံးသားမရှိရင်တောင် ငါ့မှာ တခြားနည်းလမ်းတွေရှိသေးတယ် ရှပြည်ထောင်စုက ယခုချိန်မှာ ပရမ်းပတာဖြစ်နေပြီမို့ အနာဂတ်မှာ ငါ့ရဲ့ပဲ့တင်ထပ်သံကိုအဆင့်မြှင့်နိုင်ဖို့အခွင့်အရေးတွေရှိနိုင်သေးတယ်... ဒီ့ထက်ပိုပြီးသန်မာလာတဲ့တစ်နေ့ကျရင် မင်းတို့နှစ်ယောက် ဒီနေ့လုပ်ရပ်အတွက် အဆတစ်ရာ ပြန်ပေးဆပ်ရမယ်..... “
ရှန်ကျင်းရှောင်၏အသံသည် ဤအချိန်တွင် အနည်းငယ် အက်ရှနေသည်။
သူ့နှလုံးသားထဲတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။ နှစ်ပေါင်းများစွာ လိုချင်တပ်မက်ခဲ့သော အလင်းနှလုံးသားကို သူ့မျက်စိရှေ့မှာပင် လောင်ကျွမ်းစေခဲ့သည်။ အဆုံးတွင် သူမသည် အရာအားလုံးကို မီးတင်ရှို့ခဲ့ပြီး သူ၏အကြံအစည်ကို လုံးဝပျက်ပြားစေခဲ့သည်။
အံ့သြစရာကောင်းတာက ကျန်းချင်းအာက သူ့ကကြုံးဝါးသံတွေကို လုံးဝဂရုမစိုက်ခဲ့ပေ။
"နင် ထွက်ပြေးချင်နေတာလား?"
သူမသည် လေးလံသောဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းတန်းတစ်ခုက သူ့ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ရှန်ကျင်းရှောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နွားသိုးကြီးပေါင်ပေါင်၊ ချီချန်းနှင့်ဒူဇီယန် တို့သည်လည်း အချုပ်အနှောင်များမှ လွတ်မြောက်ခဲ့ကြသည်။ဒီလူတွေသာ သူ့ကိုဝိုင်းထားရင် ဖျက်ဆီးခံရမှာ သေချာနေသလောက်ပင်......
ဓားအလင်း သူ့အပေါ်သို့ ကျဆင်းလာချိန်တွင် ရှန်ကျင်းရှောင်၏ ခန္ဓာကိုယ် အရည်ပျော်လာပြီး သူ့မျက်နှာသည် အရည်ပျော်နေသော ဖယောင်းရုပ်ကဲ့သို့ ပြိုကျသွားသည်။ ခဏအကြာတွင် သူ့တစ်ကိုယ်လုံး ရွှံ့နွံများအဖြစ်သို့ ပြောင်းလဲသွားသည်။
"ကျန်းချင်းအာ၊ မင်းရဲ့အလင်းနှလုံးသားကို စွန့်လွှတ်အနစ်နာခံမှုက နောက်ပြန်ဆုတ်လို့မရတော့ဘူး.... လောင်စာကုန်သွားတဲ့အခါ မင်းသေလိမ့်မယ်..... လီလော့၊ မင်းမျက်စိရှေ့မှာ သူသေသွားတာကို စိတ်ပျက်လက်ပျက်နဲ့သာ စောင့်ကြည့်နေလိုက်တော့...."
ရွှံ့နွံအိုင်ထဲမှ ဤနောက်ဆုံးစကားသံထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် လီလော့၏ သွေးစွန်းနေသော မျက်နှာပေါ်ရှိ အမူအရာများ တမဟုတ်ချင်း ပြောင်းလဲသွားသည်။
တစ်ဖက်တွင်၊ ကျန်းချင်းအာသည် ရှန်ကျင်းရှောင်ဖြစ်ခဲ့ဖူးသော ရွှံ့နွံ၏ နောက်ဆုံးခြေရာများကို လုံးလုံးလျားလျား ဖယ်ရှားရန် သူမ၏ အလင်းစွမ်းအင်ကို ခံစားချက်မဲ့စွာ ဆင့်ခေါ်ခဲ့သည်။ ဖြစ်ချင်တော့ ရွှံနွံထဲမှာ ရှန်ကျင်းရှောင်ရဲ့ အရိပ်အယောင်ကို ဘယ်လိုမှအာရုံခံလို့မရတော့ပေ။ ထိုလူယုတ်မာသည် လွန်ခဲ့သည့်အခိုက်အတန့်ကပင် လွတ်မြောက်သွားခဲ့ချေပြီ။
သူ လွတ်မြောက်ခဲ့သော်လည်း တန်ကြေး ကြီးကြီးမားမား ပေးဆောင်ခဲ့ရသည်။ မြို့စားအဆင့် ရဲတိုက် ခြောက်ခုပျက်စီးခြင်းသည် ကြီးမားသောနစ်နာဆုံးရှုံးမှုပင်... လွတ်မြောက်နိုင်ရင်တောင် ဆက်ပြီး အသက်ရှင်နေနိုင်သည်ဟု အာမမခံနိုင်ပေ။
ဆဋ္ဌမအဆင့်မြို့စားကို ဖျက်ဆီးရန် ကောင်းကင်ပုလဲအဆင့် ပြုစုပျိုးထောင်သူအတွက် ကျော်လွှားရမည့် ကွာဟချက်မှာ ကြီးမားသော တွင်းနက်ကြီးနှင့် ဆင်တူသည်။ ဒီကွာဟချက်ကို ပေါင်းကူးပေးနိုင်တဲ့ သာမာန်နည်းလမ်းမျိုး မရှိခဲ့ပေ။
"ချင်းအာ... အဆင်ပြေရဲ့လား..."
လီလော့၏ လက်ရှိအခြေအနေမှာ အတိအကျမကောင်းမွန်သေးသော်လည်း နာကျင်ကိုက်ခဲမှုဝေဒနာကို ကြိတ်မှိတ်သည်းခံကာ ချင်းအာ ယ၏လက်မောင်းကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ထားသည်။
"ချင်းအာ၊ ရပ်လိုက်ပါတော့.... ဟိုကောင်ထွက်ပြေးသွားပြီမို့ ကိုယ့်ကိုကိုယ် တွန်းအားပေးနေစရာ မလိုတော့ဘူး"
သူမ၏ ရွှေရောင်မျက်လုံးများက သူ့ကို အဓိပ္ပါယ်ရှိသော အပြုံးအရိပ်အမြွက်ဖြင့် စောင့်ကြည့်နေချိန်တွင် တိတ်ဆိတ်ခြင်းသာကြီးစိုးနေခဲ့သည်။
"မကြားဘူးလား?!"
လီလော့ ရုတ်တရက် အော်လိုက်သည်။
ကျန်းချင်းအာက သူမ၏ ကျောက်စိမ်းနှင့်တူသော လက်ကို ဆန့်ထုတ်လိုက်ပြီး လီလော့၏ တုန်ရီနေသော လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။
သူမထံမှ နူးညံ့အေးမြသော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် လီလော့က.... "ဒါကို ရပ်တန့်လို့ မရဘူးလား?"
လက်ရှိအခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူ၏ သနားစရာကောင်းသော နတ်ဆိုးနန်းတော်အဆင့် အင်အားသည် မည်သည့်အရာကိုမျှ မကူညီနိုင်ခဲ့ပေ။
"လီလော့...စိတ်ထိန်းစမ်းပါ..."
သူ လုံးဝ ထိတ်လန့်သွားသည်။ ဒီလို အခြေအနေမျိုးမှာ ဘယ်လို တည်ငြိမ်စွာစိတ်ထိန်းနိုင်မည်နည်။ အကယ်၍ ဤယဇ်ပူဇော်နည်းက သူမ အသက်ကို ဆုံးရှုံးစေမည်ကိုသာသိခဲ့လျှင် အနက်ရောင်ကမ္ပည်းပြားကို ဒုတိယအကြိမ် ထပ်မံအသက်သွင်းလိုက်ပေမည်။
တစ်ချိန်တည်းမှာပင်၊ယန်လင်းချီ၊ချိုင်ဝေနှင့် ကျန်သူများက ကျန်းချင်းအာကို စိတ်အားထက်သန်စွာ လှမ်းကြည့်ကြသည်။ ရှန်ကျင်းရှောင်၏ စကားကို အားလုံးကြားခဲ့ကြရသည်။
ကျန်းချင်းအာသည် သူမ၏ အလင်းနှလုံးသားကို ယဇ်ပူဇော်သောမီးဖြင့် လောင်ကျွမ်းစေခဲ့သည် ဒါဟာ ရပ်တန့်လို့မရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အသက်ဆုံးရှုံးရပေမည်။
တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်ယံ၌ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာသည်။
နွားသိုးကြီးပေါင်ပေါင်၊ ချီချန်းနှင့်ဒူဇီယန်တို့ ရောက်လာကြချေပြီ....
"ဉီးလေးပေါင်... မြန်မြန်...မြန်မြန်ကယ်ပေးပါ....ချင်းအာက ရှန်ကျင်းရှောင်ကို မောင်းထုတ်ဖို့ အလင်းနှလုံးသားကို မီးလောင်ကျွမ်းစေခဲ့တယ်!"
လီလော့သည် လက်ကျန်အသက်ကယ် ကောက်ရိုးများကို ဆုပ်ကိုင်ရင်း အခြေအနေကို အကျဉ်းချုံးပြီး တိုတိုတုတ်တုတ် ရှင်းပြနေသည်။
"အလင်းနှလုံးသားကို ယဇ်ပူဇော်ခဲ့တာလား...." ဤစကားများသည် မြို့စားသုံးယောက်၏အမူအရာကိုအကြီးအကျယ် ပြောင်းလဲစေခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်နှင့် ချီချန်းတို ရှေ့သို့တိုးလာကာ ကျန်းချင်းအာ၏ နှလုံးသားတစ်ဝိုက် ရိယာကို စတင်စစ်ဆေးခဲ့ကြသည်။ အလင်းနှလုံးသားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏများ ဖြာထွက်နေဆဲပင်....
ပ အလင်းစွမ်းအင်များသည် အသက်စွမ်းအား၏ ထင်ရှားသောအော်ရာများကို သိမ်းဆည်းထားပြီး ကျန်းချင်းအာ၏ အသားအရေသည် အထွတ်အထိပ်အခြေအနေတွင် ရှိနေသကဲ့သို့ ပို၍ပင် ပန်းရောင်တောက်ပနေပုံရသည်။
ဒါက အလင်းနှလုံးသားကို ယဇ်ပူဇော်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်ကြောင်း သူတို့အားလုံး နားလည်ခဲ့ကြသည်။ လောင်ကျွမ်းပြီးသည်နှင့် သူမ၏ဘဝသည်လည်း အလားတူပင် ကုန်ဆုံးသွားမည်ဖြစ်သည်။
"အလင်းနှလုံးသားကို စွမ်းအင်နှလုံးသားလို့လည်းခေါ်ကြတယ်... အဆင့်မြင့်ပဲ့တင်ထပ်သံမ ပိုင်ဆိုင်ထားသူများတွေက ခန္ဓာကိုယ်နဲ့သာမက နှလုံးသားနဲ့ပါ ပဲ့တင်ထပ်သံစွမ်းအားတွေကို နေ့ရောညပါ ထိန်းထားနိုင်တယ်...ဒါ့ကြောင့် သူတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နှလုံးသားတွေကို စွမ်းအင်နှလုံးသားလို့ခေါ်ကြတယ်... ပွင့်ပွင့်လင်းလင်း ပြောရရင်၊ မြို့စားအဆင့်ရောက်နေတဲ့ ငါတို့တောင်မှ ဒီလို စွမ်းအင်နှလုံးသားကို သန့်စင်အောင် လုပ်ကြတာကို ဘယ်သူမှ မမြင်ဖူးကြဘူး... တစ်စုံတစ်ယောက်က ယဇ်ပူဇော်တာကိုလည်း မတွေ့ဖူးတဲ့အတွက ဒါကို ဘယ်လို တားဆီးနိုင်မလဲ မသိဘူး...."
ချီချန်း ရှင်းပြနေရင်း မျက်မှောင်ကြုတ်လိုက်သည်။
နွားသိုးကြီးပေါင်ပေါင်သည်လည်း လေးနက်သော အမူအရာ ရှိပြီး သူ၏ မျက်ခုံးများမှာလည်း အလားတူ တွန့်ချိုးနေသည်။
ထိုစကားများသည် လီလော့၏နှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။ နွားသိုးကြီးပေါင်ပေါင်နဲ့ ကျန်တဲ့သူတွေမှာတောင် ချင်းအာရဲ့ လက်ရှိပြသာနာအတွက် အဖြေမရှိခဲ့ကြပေ။
အဆုံးမဲ့ စိတ်ပျက်အားငယ်မှုက သူ့နှလုံးသားကို လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
ရှန်ကျင်းရှောင်ကို တွန်းလှန်ခဲ့ကြသော်လည်း အရာအားလုံးသည် ယခင်ကထက် ပို၍ပင် စိတ်ပျက်စရာကောင်းလာခဲ့သည်။
ကျန်းချင်းအာသည် လီလော့၏ လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမစကားပြောခါနီးတွင် သူမ၏အမူအရာပြောင်းလဲသွားကာ သူတို့ရှေ့မှ လေဟာနယ်ကို အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ဘယ်သူလဲ?!"
ထက်ရှသောအသံနှင့်အတူ လက်ဝါးရိုက်ချက်တစ်ချက်ကိုပါထုတ်ဖော်လိုကိသဖြင့် အလင်းစွမ်းအင်များ ပေါက်ကွဲထွက်ပြီး လေဟာနယ်နေရာတစ်ခုကို ပေါက်ကွဲပစ်လိုက်သည်။
သူမ၏ ရိုက်ချက်ကြောင့် အလွှာတစ်ခု လွင့်စင်သွားသကဲ့သို့ ၎င်းတို့ရှေ့တွင် လှိုင်းထလာသည်ကို တွေ့လိုက်ရတော့ အားလုံး တုန်လှုပ်သွားကြသည်။
လူစိမ်းတစ်ယောက် ရုတ်တရက်ပေါ်လာပြီး လူတိုင်းကို သနားသောအကြည့်ဖြင့် ငုံ့ကြည့်နေသည်။
"ဟဲ.ဟဲ.... ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလဲ... အလင်းနှလုံးသားကို ယဇ်ပူဇော်တဲ့သူတစ်ယောက်လား? မင်းက ထက်မြက်သားပဲ...."