← Chapters

လျှို့ဝှက်ဆန်းကြယ်သောသူ....

Vol. 52 Ch. 719

လျှို့ဝှက်ဆန်းကြယ်သောသူ....

Vol. 52 Ch. 719

လူစိမ်းတစ်ယောက် ရုတ်တရက်ပေါ်လာသဖြင့် နွားသိုးကြီးပေါင်ပေါင်၊ချီချန်းနှင့်ဒူဇီယန် တို့ပင်လျှင် အမူအရာများ လုံးဝပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ သူတို့မျက်လုံးထဲမှာ သတိထားနေတဲ့ အကြည့်တွေ ပေါ်လာသည်။

ဤလူစိမ်းသည် တိုင်းတပါးသားဖြစ်ပြီး ၎င်းတို့နှင့်ရင်းနှီးသော မြို့စားတစ်ဦးမဟုတ်သည်မှာ သေချာပါသည်။

ဖန်းကျွမ်အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်သူ ဖြစ်နေမလား....

လီလော့သည် ကျန်းချင်းအာ၏ လောင်ကျွမ်းနေသော အလင်းနှလုံးသားကြောင့် ဘာကိုမျှ ဂရုမစိုက်နိုင်သော်လည်း လူစိမ်းတစ်ယောက် ရောက်လာခြင်းကြောင့် အံ့အားသင့်ခဲ့ရသည်။

ထိုသူသည် မည်သူနှင့်မျှ မရင်းနှီးသောလူဖြစ်သည်။ထိုသူသည် လက်နှစ်ဖက်နောက်ပစ်၍လေထဲတွင် အေးအေးဆေးဆေးမတ်တပ်ရပ်နေပြီး ကြယ်ရောင်ချယ်လွှမ်းထားတဲ့ ၀တ်စုံကို ဝတ်ထားပြီး တစ်ချက်ကြည့်ရုံနှင့်အတော် ချောမောသူမှန်းသိနိုင်သည်။ သူ့နားတွင် ထူးဆန်းသောအလင်းရောင်ဖြင့် လေထဲတွင် ကူးခတ်နေပုံရသော ရွှေရောင် နဂါးပုံနားကပ်ကို ချိတ်ဆွဲထားသည်။

လူတိုင်းကို အံ့အားသင့်စေသည့်အရာမှာ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသောဖိအားများပင်.... ဤသည်မှာ ရှန်ကျင်းရှောင် ယခင်က ထုတ်ဖော်ခဲ့သည့် ခံစားချက်ထက် မနိမ့်ကျသော ခံစားချက်ဖြစ်သည်။

ချီချန်းက မျက်မှောင်ကြုတ်ကာ.... “မင်းက ဘယ်သူလဲ” ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။

သူသိသလောက်ဆို ရှပြည်ထောင်စုတွင် ထိုကဲ့သို့သော ဆဋ္ဌမအဆင့်မြို့စား မရှိပေ။

ထိုလူ၏ယခင်ပြောစကားကို စဉ်းစားကြည့်လျှင် ထိုသူသည် အခင်းဖြစ်ပွားရာနေရာသို့ အစောကတည်းက ရောက်နေပြီးပုန်းကွယ်နေခြင်းဖြစ်သည်။ ဆိုလိုတာက ရှန်ကျင်းရှောင်နဲ့ တိုက်ပွဲ တစ်ခုလုံးကို သူ ကြည့်နေခဲ့သည်။ တစ်ဖက်ကို ကူညီဖို့ မရွေးချယ်ခဲ့ဘဲ ဖျော်ဖြေရေးသက်သက်အဖြစ် တိုက်ပွဲကိုကြည့်နေခဲ့သည့်သဘောပင်.....

ချီချန်း၏ တိုက်ရိုက်မေးခွန်းကို ရင်ဆိုင်ရသောအခါ ထိုလူက လီလော့ကို စွေကြည့်ပြီး ပြုံးပြသည်။

"မင်း... မင်းက လီတိုင်ရွှမ်ရဲ့သားလား....."

ဤစကားများသည် လီလော့ကို တုန်လှုပ်သွားစေပြီး အသစ်ရောက်လာသူကို အံ့အားသင့်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"အဖေ့ကို သိလား...."

"သိတာပေါ့...."

ထိုသူ၏မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

သို့သော်လည်း လီလော့သည် ထူးဆန်းသောလူကို သတိထားရန် အလိုလို ခံစားနေမိသဖြင့်....

"မင်္ဂလာပါ လူကြီးမင်း.... ကျွန်တော် ခင်ဗျားကို တခါမှမမြင်ဖူးဘူး...အခုလောလောဆယ်စကားပြောဖို့အဆင်မပြေတာကြောင့် အရေးကြီးကိစ္စမရှိဘူးဆို ဒီနေရာကထွက်သွားလိုက်ပါ....ကျွန်တော် မိတ်ဆွေတွေရောက်လာလို့ လူမှားပြီးတိုက်ခိုက်မိရင် ခင်ဗျားအတွက် အခက်တွေ့စေလိမ့်မယ်....."

"ဒီလိုတောကြိုအုံကြားမှာ ဘယ်သူက ငါ့ကို အခက်တွေ့စေနိုင်မှာလဲ... "

ထိုလူက ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။

တစ်ဖက်သားက ဘယ်လောက် လျှို့ဝှက်ထားလဲဆိုတာကို မြင်လိုက်ရတော့ စိတ်ထဲမှာ မငြိမ်မသက် ဖြစ်သွားခဲ့သည်။ ကျန်းချင်းအာ၏ အလင်းနှလုံးသား အဆုံးတိုင် တောက်လောင်နေပြီး အချိန်လုနေရတာကြောင့် အပိုစကားတွေထပ်မပြောချင်ပေ။

ထို့ကြောင့် သူသည် ချီချန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းချင်းအာကို အမြန်ခေါ်သွားစေရန် စီစဉ်ခဲ့သည်။

ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောလူစိမ်းက ရယ်မောလိုက်ပြီး....

"ကောင်လေး... မင်း သူ့ကို ကယ်ချင်လား"

လီလော့၏ အကြည့်များ တောက်ပလာပြီး...

"လူကြီးမင်းမှာ နည်းလမ်းရှိလို့လား..."

"အင်း..ရှိတယ်..."

လီလော့ ထိုစကားကိုကြားသောအခါ ထိုသူ အမှန်အတိုင်းပြောနေသလားမသိသော်လည်း သူ့မျက်နှာပေါ်တွင် ကြီးမားသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ဒါပေမယ့် အလကားတော့မရဘူး...မင်းငါ့ကိုတခုခုပေးရမယ်....”

လီလော့က မဆိုင်းမတွဘဲ ...." ချင်းအာကို ကယ်တင်နိုင်ရင် ဘာမဆိုပေးဖို့ အဆင်သင့်ပါ.... အသက်ကိုတောင်ပေးဖို့ဝန်မလေးပါဘူး....."

"ဟား...ဟား... လီတိုင်ရွှမ်က ချစ်ဖို့ကောင်းတဲ့ သားတစ်ယောက် မွေးထားတာပဲ....မင်းရဲ့အသက်ကို လိုချင်ဘူး....မင်းငါ့ကို ကောင်းကင်ဧကရာဇ်ရဲ့စာချွန်တော် ပေးမယ်ဆို နည်းလမ်းတစ်ခုပြောပြမယ်...."

"ကောင်းကင်ဧကရာဇ်ရဲ့စာချွန်တော်..?"

လီလော့ ခဏတာ တွေဝေနေသော်လည်း ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။ လက်သီးဆုပ်ကိုဖြန့်လိုက်တော့ သူ့လက်ဖဝါးပေါ်မှာ အနက်ရောင် ကမ္ဗည်းပြားပေါ်လာသည်။

"ဒါကို ပြောတာလား..."

လီလော့ရဲ့လက်ထဲက အနက်ရောင်ကမ္ပည်းပြားကို စိုက်ကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်သောလူစိမ်းရဲ့ အကြည့်တွေထဲမှာ လောဘအရိပ်အယောင်တွေပေါ်ထွက်လာသည်။

" ဟုတ်တယ်...အဲ့တာပဲ...."

ရှေးကျသောအနက်ရောင်ကမ္ပည်းပြားကို ဆုပ်ကိုင်လိုက်သောအခါ လီလော့၏ အကြည့်များ မသိမသာတုန်ရီနေသည်။

တိုင်းတပါးသားလူစိမ်းက သူ့ဖခင်ကို သိရုံသာမက၊ ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်နှင့် ပတ်သက်သော အနက်ရောင် ကမ္ပည်းပြားကိုလည်းလိုချင်စိတ် ပြင်းပြနေသည်။ ဤဖြစ်ရပ်မှန်များမှ ဤပုဂ္ဂိုလ်၏ ဝိသေသလက္ခဏာကို ခန့်မှန်းနိုင်ပေသည်။

"လူကြီးမင်းက ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်ပဲလား ?"

လီလော့က အကဲစမ်းသည့်အနေဖြင့်မေးလိုက်သည်။

လီလော့ ၏စကားကိုကြားပြီးနောက်၊ ထိုသူက အံ့အားသင့်သွားပြီး ပြုံးနေခဲ့သည်။

"မင်းက ထက်မြက်သားပဲ....ဟုတ်တယ် ငါလည်း ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်ပဲ... ငါ့နာမည်က လီကျူးချုံး ပါ....တကယ်ဆို မင်းငါ့ကို 'ဦးလေး' လို့ ခေါ်သင့်တယ်....."

တစ်ချိန်တည်းမှာပင် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး....

"ကောင်းကင်ဧကရာဇ်ရဲ့စာချွန်တော်ကို ငါ့ဆီ ပေးလိုက်ပါ.... ငါ မင်းကို ကူညီပေးမယ်..."

လီလော့ ခဏတုံ့ဆိုင်းသွားသည်။ ကောင်းကင်ဧကရာဇ်၏စာချွန်တော်ကို မည်သို့အသုံးပြုသည်ကို သူမသိသော်လည်း၊ ၎င်းသည် ကျန်းချင်းအာ ၏အသက်နှင့် လုံးဝမတူပေ။

ထို့ကြောင့် မဆိုင်းမတွပင် အနက်ရောင်ကမ္ဗည်းပြားကို ပေးဖို့ပြင်လိုက်သည်။

လီလော့၏ လုပ်ရပ်ကို မြင်လိုက်ရသည်နှင့် လီကျူးချုံးက လက်ခံရန် ပြင်ဆင်နေသည်။

သို့သော် ဤခဏတွင် ကျောက်စိမ်းနှင့်တူသော လက်တစ်ဖက်က လီလော့ကို ပိတ်ဆို့ထားသည်။ထိုသူက ကျန်းချင်းအာမှလွဲ၍ အခြားမဟုတ်ပေ။

လီလော့က သူမကို စူးစူးစိုက်စိုက်ကြည့်နေသည်။

သူမက ခေါင်းယမ်းလိုက်ပြီး.... "သူ့မှာ ကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး.... သူ့မှာ နင့်ကိုမုန်းတီးနေတဲ့စိတ်ပဲရှိတယ်... သူ့ကို ပေးလို့မရဘူး....."

ဒါကိုကြားတော့ လီလော့ လန့်သွားသည်။ ကျန်းချင်းအာ၏ အလင်းနှလုံးသားသည် အခြားသူများ၏ ရည်ရွယ်ချက်များကို ပိုင်းခြားသိမြင်နိုင်စေသည်၊ အထူးသဖြင့် ယခု သူမသည် ၎င်းကို စတေးထားသည့်အတွက် ဒီလိုကိစ္စတွေအပေါ် သူမရဲ့ အာရုံခံစားမှုက အရင်ကထက် ပိုထက်မြက်လာပြီး သူတို့ရှေ့က ဒီလူဟာ သူတော်စင် မဟုတ်ကြောင်း သေချာသိနေသည်။

ထို့ကြောင့် သူသည် လီကျူးချုံးကို ရဲရဲဝံ့ဝံ့စိုက်ကြည့်ရင်း လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး အနက်ရောင်ကမ္ပည်းပြားကို သိမ်းဆည်းလိုက်လေသည်။

ထိုသူက ကျန်းချင်းအာ ကို တစ်ချက်ကြည့်ရင်း ....."မိန်းကလေး.....အမှန်တိုင်းတွေပြောတတ်တာလဲ အကျင့်ဆိုးတစ်ခုပဲ"

လီကျူးချုံး၏ မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် လျော့ပါးသွားသည်။

တခဏကြာတွင် သူ့မျက်လုံးနှစ်ဖက်ကနေ

ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။၎င်းတို့သာ်ည် ကျန်းချင်းအာကို နှိမ်နှင်းဖို့ တိုက်ရိုက်ကြိုးစားနေတဲ့ သေးငယ်တဲ့ ရွှေရောင်နဂါးများနှင့် ဆင်တူသည်။

ကျန်းချင်းအာ အံ့သြနေသော်လည်း သူမ၏ အလင်းနှလုံးသား၏ စတေးခြင်းကြောင့်ရရှိထားသည့် ခွန်အားများကြောင့် ကြောက်ရွံခြင်းမရှိပေ။ သူမသည် ခန္ဓာကိုယ်အတွင်းမှ အလင်းစွမ်းအင်ကို စုပ်ယူပြီး အလင်းအတားအဆီးအဖြစ်ဖန်တီးလိုက်သည်။

ဘန်းးးးးးးးးး

ကျန်းချင်းအာ၏ နူးညံ့သော ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ခြေလှမ်းများစွာ နောက်ဆုတ်ခဲ့ရသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်အချို့ရှိနေသောလည်း ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

"ချင်းအာ၊ မင်းရဲ့အလင်းနှလုံးသားကို နောက်ထပ်ဖိအားမပေးနဲ့တော့... ဒါက လောင်ကျွမ်းမှုကို ပိုမြန်စေပြီး ပင်ပန်းနွမ်းနယ်မှုကို အရှိန်မြှင့်ပေးလိမ့်မယ်!"

ချီချန်းသည် လီကျူးချုံးကို ပိတ်ဆို့ဟန့်တားရင်း ကျန်းချင်းအာကို သတိပေးခဲ့သည်။

ထိုသတိပေးချက်ကြောင့် လီလော့၏ အမူအရာ ပြောင်းသွားသည်။ သူမ၏ ရင်ဘတ်ပေါ်ရှိ အလင်းနှလုံးသား လောင်ကျွမ်းမှု ပိုမို ပြင်းထန်လာသည်ကို သူမြင်လိုက်ရသည်။ လီကျူးချုံး၏ လုပ်ရပ်များသည် အလင်းနှလုံးသား၏ အခြားအစိတ်အပိုင်းကို မီးလောင်ကျွမ်းစေခဲ့သည်ကိုလည်း တွေ့မြင်နိုင်သည်။

ဒါ့ကြောင့် လီလော့ ထိန်းမရအောင် ဒေါသ ထွက်လာပြီ.....

"လူယုတ်မာ၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ!"

"ဘယ်လောက်မိုက်ရိုင်းလိုက်သလဲ.... လီတိုင်ရွှမ်က သူ့သားကို မိုက်ရိုင်းအောင် ပြုစုပျိုးထောင်ခဲ့တာလား...."

လက်ဖဝါးကို မြှောက်ထားရင်း လီကျူးချုံး ၏ မျက်နှာ မှိုင်းညို့သွားသည်။ ရွှေရောင်အလင်းတန်းမှ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာပြီး အလွန်ကြီးမားသော ရွှေနဂါးလက်သည်းအဖြစ်ပြောင်းလဲသွားလေတော့သည်။

"မင်းနဲ့ စကားထပ်ပြောစရာမလိုတော့တဲ့အတွက် အဝေးကိုပို့ပေးမယ်...."

နဂါးလက်သည်း ရွေ့လျားလာသည်နှင့် နွားသိုးကြီးပေါင်ပေါင်၊ ချီချန်းနဲ့ ဒူဇီယန်တို့တတွေ ခုခံရန် ပြင်ဆင်နေကြသည်။

ရွှေနဂါးလက်သည်း ဆင်းသက်ခါနီးတွင် ဆူညံသံတစ်ခုကို ကြားရသည်။ ထို့နောက် စူးရှထက်မြက်သော ဓားအလင်းတန်းတစ်ခုက လေဟာနယ်ကိုဖြတ်သန်း၍ရောက်ရှိလာသည်။

ဓားအလင်းကြောင့် နဂါးလက်သည်းပျက်စီးသွားပြီး အမျိုးသမီးတစ်ဦး၏ အေးစက်သေအော်ဟစ်သံက မိုးခြိမ်းသံတမျှ ကျယ်လောင်စွာထွက်ပေါ်လာသည်။

"လီကျူးချုံး...နင်တော်တော်သတ္တိကောင်းနေလား...... နဂါးစွယ်မျိုးနွယ်ရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ နင့်လို အပြင်လူတစ်ယောက်ကို ဘယ်သူကအခွင့်အရေး ပေးခဲ့တာလဲ....."

All Chapters