လီရုန်ယွင့်
Vol. 52 Ch. 720
ဤပြင်းထန်သော ဓားအလင်းတန်းသည် ရွှေနဂါးလက်သည်းကို အသာအယာဖြတ်တောက်သွားပြီး ရွှေရောင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ရုတ်တရတ်ပြောင်းလဲမှုကြောင့် လီလော့နှင့် ကျန်သူများ ဖျော့တော့သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် အဝေးမှ ပြေးထွက်လာသော ပြင်းထန်သောစွမ်းအားလှိုင်းကို ကွဲကွဲပြားပြား ခံစားရပြီး အရင်းအမြစ်ကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်ကြသည်။
နောက်ထပ် ဓားအလင်းတန်းများသည် မိုးကုပ်စက်ဝိုင်း၏အစွန်းမှ ဖော်မပြနိုင်သော အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်ကျော်သွားသည်။
ချဉ်းကပ်လာသည်နှင့်အမျှ ဓားအလင်းသည် ဓားရှည်တစ်ချောင်းဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။ ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်သည် အရာခပ်သိမ်းကို ဖြတ်ကျော်သွားကာ ကောင်းကင်နှင့် မြေကြီးကြားရှိအရာအားလုံးကို ပိုင်းဖြတ်နိုင်သည့်နှယ် ထက်ရှလွန်းလှသည်။
ရောက်လာသူသည် ချောမောလှပသော အမျိုးသမီးတစ်ဉီးဖြစ်သည်။ သူမသည် အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်ရှည်များကို ချည်နှောင်ထားကာ သူမ၏သွယ်လျသော လည်တိုင်ကျော့ကျော့ကို ပေါ်လွင်စေသည်။ သူမ၏ ရုပ်ရည်သည်ရင့်ကျက်သော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားသည်။ သို့သော် အထူးခြားဆုံးမှာ မိုးမခအရွက်ကဲ့သို့ ပါးလွှာသော သူမ၏ မျက်ခုံးမွှေးသည် စူးရှသော ခံစားချက်ကိို ပေးစွမ်းနေသည်။
ထိုအမျိုးသမီး ပေါ်လာတဲ့အခါ ကောင်းကင်တစ်ခုလုံး ဓားသွားသံတွေ အော်ဟစ်သံတွေနဲ့ ပဲ့တင်ထပ်နေလေ၏။
ချီချန်း၊ ဒူဇီယန် နှင့် ကျန်လူများက လူသစ်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကြသည်။ သူမထံမှ ဖြာထွက်နေသော ဖိအားကို အခြေခံ၍ သူမသည် လျှို့ဝှက်ဆန်းကြယ်သော လူထက် အားနည်းမည် မဟုတ်ပေ။ သူမသည်လည်း ဆဌမအဆင့်မြို့စားဖြစ်ခဲ့သည်။
သူတို့ခေါင်းထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။အဘယ်ကြောင့် ရှပြည်ထောင်စုတစ်ဝိုက်တွင် တိုင်းတပါးသားမြို့စားအဆင့်များ သောင်းကျန်းနေကြသနည်း။
သို့သော်၊ သူတို့သက်ပြင်းချနိုင်စေသည့်အရာမှာ ဤအမျိုးသမီးက လီကျူးချုံး ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်းပင်ဖြစ်သည်။ သူမဘယ်သူလဲ ဒါမှမဟုတ် ဘယ်သူ့ကို ကိုယ်စားပြုသလဲ သူတို့မသိပေမယ့် ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်အဖြစ်ယူဆရပေမည်။
ထို့အပြင် လီကျူးချုံးက ၎င်းတို့နှင့် မိတ်ဖွဲ့ရန် ရည်ရွယ်ချက် မရှိကြောင်း ဆိုခဲ့သည်။
လီလော့ ထိုအမျိုးသမီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမက လီကျူးချုံးကို ဆန့်ကျင့်ခဲ့သော်လည်း ကန်သူလားမိတ်ဆွေလားမသိနိုင်သေးပေ။
သူမ မရောက်ခင်လေးမှာ မိုးခြိမ်းသံကိုအရင် ကြားလိုက်ရသည်။
"အဲ့အမျိုးသမီးကလည်း ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်ပဲလား.... နဂားစွယ်မျိုးနွယ်ဆိုတာ ဘာကို ပြောတာလဲ..."
လီလော့က နွားသိုးကြီးပေါင်ပေါင်ဘက်သို့လှည့်၍မေးလိုက်သည်။ လူသစ်နှစ်ယောက်မှလွဲ၍ နွားသိုးကြီးပေါင်ပေါင် သာလျှင် လက်ရှိလူများကြားတွင် အခြေအနေကို နားလည်သဘောပေါက်နိုင်ပေမည်။
နွားသိုးကြီးပေါင်ပေါင်သည် ထိုအမျိုးသမီးကို စိုက်ကြည့်ကာ သူ့အမူအရာ ရှုပ်ထွေးသွားခဲ့သည်။
"ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်
သြဇာလွှမ်းမိုးမှုနဲ့အရေးပါမှုကို မင်းစိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဘူး... ရှပြည်ထောင်စုတောင် သူတို့နမယှဉ်နိုင်ဘူး.... နဂါးစွယ်မျိုးနွယ်ဆိုတာ ကောင်းကင်ဧကရာဇ်လီရဲ့မြောက်များစွာသောသွေးမျိုးဆက်တွေထဲက မျိုးဆက်တစ်ခုပါ....မင်းအဖေ လီတိုင်ရွှမ်ကလည်း နဂါးစွယ်မျိုးနွယ်က ဆင်းသက်လာသူပဲ.... မင်းရှေ့က အမျိုးသမီးကို ငါမှတ်မိတယ်....သူ့နာမည်က လီရုန်ယွင့်....မင်းအဖေနဲ့ မျိုးရိုးတူတာမို့ သူ့ကို ဒေါ်လေးလို့ခေါ်သင့်တယ်...."
လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။
"လီရုန်ယွင့်... အဒေါ်?"
သူသည် ကမ္ဘာကြီး၏တစ်ဝက်လောက်ကို ဖြတ်သွားနိုင်သည့် ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ထုတ်လွှတ်နေသော အမျိုးသမီးကို စိုက်ကြည့်နေသည်။ သူမသည်လည်း အင်အားကောင်းသော မြို့စားတစ်ဦးပင်...
သို့သော် သူသည် ကောင်းကင်ဧကရာဇ်လီ ၏ သွေးမျိုးဆက်နှင့် မရင်းနှီးပေ။ ဤအမျိုးသမီးသည် သူ့အဒေါ်ဖြစ်သော်ငြားလည်း ဤအကြောင်းကို ကောင်းကောင်းမခံစားရဘဲ မျက်မှောင်ကြုတ်ကာ.... “ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်က ပညာရှင်တွေ ဘာလို့ ဒီကိုရောက်နေတာလဲ....."
နွားသိုးကြီးပေါင်ပေါင်သည် လီလော့ ၏လက်ထဲက အနက်ရောင်ကမ္ပည်းပြားကို စိုက်ကြည့်ရင်း သက်ပြင်ချလိုက်သည်။
"ဒီပစ္စည်းနဲ့ သက်ဆိုင်တယ်လို့ ထင်တယ်....ဖန်ချန်ယွမ်က ဒီထဲက ချိတ်ပိတ်ထားတဲ့အရာအချို့ကို ချိုးဖျက်လိုက်တာမို့ ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေ အာရုံခံမိသွားကြတာဖြစ်န်ိုင်တယ်... မင်းတို့အတွက် စိုးရိမ်လွန်းလို့ လီတိုင်ရွှမ်က ဒီအရာကို နောက်ဆုံး အားကိုးရာအဖြစ် ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်....ဒါ့အပြင် အနက်ရောင် ကမ္ဗည်းပြားကို အသုံးပြုတာဟာ အလွန်အန္တရာယ်များတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုလိုတယ်....ဒီအရာက သွေးမျိုးဆက်တွေဆီသတင်းပို့လိုက်တာကြောင့် သူတို့ မင်းကို ကယ်ဆယ်နိုင်မယ့် ကျွမ်းကျင်သူတွေ စေလွှတ်လိုက်ကြတာ...."
လီလော့ သူ့လက်ထဲက အနက်ရောင်ကမ္ပည်းပြားကို စိုက်ကြည့်ရင်း ဒီကိစ္စကို တွေးနေခဲ့သည်။ ဤအရာကို ကောင်းကင်ဧကရာဇ်စာချွန်တော်ဟု လူသိများသည်။ထိုအရာသည် အမည်နာမအတိုင်း ရိုးရှင်းသော အရာမဟုတ်ကြောင်း ထင်ရှားသည်။ မဟုတ်ရင် လီကျူးချုံးက သူ့ကို လှည့်စားဖို့ ကြိုးစားမှာ မဟုတ်ပေ။
သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ လွင့်ပျံသွားသည်နှင့်အမျှ လီရုန်ယွင့်သည် သူမ၏ဓားနှင့်အတူ ရောက်ရှိနေပြီဖြစ်သည်။ သူမ၏အေးစက်သောလေသံသည် သူမ၏ အော်ရာကဲ့သို့ စူးရှနေသည်။
"လီကျူးချုံး...နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ နင်သူ့ကိုတွေ့ခဲ့ပေမယ့် ငါ့ဆီသတင်းမပို့ခဲ့ဘူး....."
လီကျူးချုံးသည် ဂရုမစိုက်ဘဲ ပြုံးရုံသာပြုံးနေပြီး....
"တောင်းပန်ပါတယ် မင်း ဒီကိုအချိန်မှီမရောက်နိုင်ဘူးထင်လို့ သတင်းမပို့ခဲ့တာပါ. "
"လိမ်မနေနဲ့..... ကောင်းကင်ဧကရာဇ်ရဲ့ စာချွန်တော်ကို မက်မောပြီး မျိုးဆက်သစ်လူငယ်တွေဆီကနေ ခိုးယူချင်နေတာမလား..."
လီရုန်ယွင့်၏ စွပ်စွဲချက်က အတော်ကို တည့်တိုးဆန်လှသည်။
လီကျူးချုံးက....
"ငါက မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခဲ့ရုံပါ.... ကောင်းကင်ဧကရာဇ်ရဲ့ စာချွန်တော်တွေကို အရည်အချင်းရှိတဲ့ သူတွေကသာ သိမ်းယူနိုင်မှာ.... လီတိုင်ရွှမ် သူ့သားကို ပေးလိုက်တဲ့ကတည်းက တခြားသူတွေ လိုချင်တပ်မက်နေမယ်ဆိုတာ သိထားသင့်တယ်...အရည်အချင်းမရှိဘဲ စာချွန်တော်ကိုဘယ်လိုထိန်းသိမ်းထားနိုင်မှာလဲ...."
"လီတိုင်ရွှမ်ရဲ့အရည်အချင်းတွေကို တန်ဖိုးထားတဲ့အတွက ဘိုးဘေးက လီတိုင်ရွှမ်ကိုစာချွန်တော်ပေးခဲ့တာ....နင့်မှာ အရည်အချင်းရှိတယ်ဆို ဘာလို့ ဘိုးဘေးဆီမှာ သွားမတောင်းတာလဲ..."ဟု လီရုန်ယွင့်က တုံ့ပြန်ခဲ့သည်။
လီကျူးချုံး၏ အမူအရာ တင်းမာသွားကာ..... "အတော်စိတ်အနှောက်ယှက်ပေးတဲ့မိန်းမပဲ...."
"လီကျူးချုံး၊ လီတိုင်ရွှမ်က နဂါးစွယ် မျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တာမို့ သူ့သွေးသားကလည်း ငါတို့နဲ့ သက်ဆိုင်တယ်.. မျိုးဆက်သစ်လူငယ်တွေကို အနိုင်ကျင့်ရန်ကြိုးစားချင်တဲ့အတွေးတွေရှိရင် စောစောစီးစီးလွှင့်ပစ်လိုက်တော့..."
ထို့နောက် သူမ လှည့်ထွက်သွားပြီး ဤနေရာရှိ အခြားအဖွဲ့ကို ကြည့်လိုက်သည်။
သူမသည် လူစုလူဝေးကို ငေးကြည့်ရင်း လီလော့ကိုသတိပြုမိလိုက်သည်။
လူငယ်သည် သွေးတွေရွှဲနေသေးပြီး အနည်းငယ် စိတ်ဆင်းရဲနေပုံရသည်။ သို့သော် သူ၏အသွင်အပြင်များက သူမအား လီတိုင်ရွှမ်ကို အနည်းငယ်သတိရစေသည်။အရေးကြီးဆုံးအပိုင်းမှာ သူ့အဖေထက်ပင် ရုပ်ရည်ပိုမိုချောမောနေပေသည်။
လီရုန်ယွင်၏ အကြည့်များ အနည်းငယ် ပျော့ပျောင်းသွားပြီး လီလော့ ရပ်နေသည့် နေရာကို ရှေ့သို့ လှမ်းကြည့်ကာ....
"နာမည်ဘယ်လိုခေါ်လဲ?"
ပိုဖော်ရွေတဲ့ပုံပေါ်အောင် အတတ်နိုင်ဆုံးကြိုးစားရင်း လှပတဲ့မျက်နှာပေါ်မှာ အပြုံးလေးတွေပေါ်လာခဲ့သည်။
ထိုအမျိုးသမီး၏ ကြင်နာသောအကြည့်ကြောင့် လီလော့ ခေတ္တတွေဝေနေသော်လည်း နောက်ဆုံးတွင် "လီလော့" ဟုသာ ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့သည်။
"ငါ့နာမည်က လီရုန်ယွင့်ပါ.... ငါက မင်းအဖေနဲ့ မျိုးရိုးတူတဲ့ သူတစ်ယောက်မို့ ဒေါ်လေးလို့ ခေါ်နိုင်တယ်"
လီလော့ ၏ အကြည့်များ တုန်လှုပ်သွားသည်။ ကံမကောင်းစွာပဲ၊ လီကျူးချုံးနဲ့ ပထမဆုံး ထိတွေ့ဆက်ဆံမှုဟာ သူ့အပေါ် ဖျောက်ဖျက်လို့မရတဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး အခုတော့ သူ့မှာ သွေးမျိုးဆက်တစ်ခုလုံးအပေါ် ဆိုးရွားတဲ့ အမြင်များရှိနေခဲ့ချေပြီ။ ဤအမျိုးသမီးသည် သူနှင့်ပိုမိုရင်းနှီးအောင် ကြိုးစားခဲ့သော်လည်း၊ သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်စာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သတိထားနေခဲ့သည်။ အခြေအနေတွေ ပိုဆိုးသွားရင်တော့ သူ့ဘဝအတွက် ကောင်းကောင်းရုန်းကန်ရပါလိမ့်မည်။
လီရုန်ယွင့်သည် သူ၏ သတိထားနေမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူမ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်ကို မြင်တွေ့နိုင်သည်။ ဒါပေမယ့် လီလော့ ကို ဦးတည်တာမဟုတ်ဘဲ လီကျူးချုံးကို ဦးတည်နေခြင်းပင်.....
ထိုလူယုတ်မာ၏ ကောင်းကင်ဧကရာဇ်စာချွန်တော်ကို လုယူဖို့ ကြိုးပမ်းမှုသည် သူ့အပေါ်၌ပင် ခုခံကာကွယ်မှုဖြစ်စေခဲ့သည်။
လီလော့နှင့် နီးကပ်လာသည်နှင့်အမျှ သွေးမျိုးဆက်ကိုအာရုံခံနေမိသည်။ဤမတိုင်မီတွင် သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်ကို အသက်သွင်းခဲ့ပုံရသည်။ မိမိကိုယ်မိမိ ကာကွယ်ရန် ဤကဲ့သို့သော ပြင်းထန်သောအစီအမံကို အသုံးပြုရန် ကလေးအား အဘယ်အရာက တွန်းအားပေးနိုင်သနည်း။ သူသည် အလွန်ဆိုးရွားပြီး အသက်အန္တရာယ်ရှိသော အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရပုံရသည်။
"ကလေး၊ နောက်ကျမှရောက်လာတာတဲ့အတွက် တောင်းပန်ပါတယ်" လို့ တိုးတိုးလေးပြောရင်း သူမရဲ့အကြည့်တွေ ပိုနွေးထွေးလာသည်။
"ကလေး...ဒေါ်လေး နောက်ကျမှရောက်လာတဲ့အတွက် တောင်းပန်ပါတယ်....ဒါပေမယ့် စိတ်ချပါ...ဒေါ်လေးရှိနေသ၍ မင်းကို ဘယ်သူမှ အနိုင်ကျင့်ဝံ့မှာ မဟုတ်ဘူး......"