← Chapters

သမုဒ္ဒရာဝိညာဉ်ပုလဲ....

Vol. 52 Ch. 721

သမုဒ္ဒရာဝိညာဉ်ပုလဲ....

Vol. 52 Ch. 721

သူမ၏ စိတ်ပိုင်းဖြတ်ထားသော ကြင်နာမှုအမူအရာကိုမြင်ပြီးနောက် လီလော့၏

မျက်လုံးများတွင် သတိထားမှုအချို့ ပျောက်ကွယ်သွားသည်။ သို့သော် ၎င်းသည် သူစိုးရိမ်သည့် အဓိကအချက်မဟုတ်ပေ။

လီလော့က စိတ်ရင်းမှန်ဖြင့်....

"ဒေါ်..ဒေါ်လေးယွင့်.... အခုက အရမ်းအရေးကြီးတဲ့အခြေနေမို့ တစ်ခုလောက်အကူညီတောင်းလို့ရမလား... ဒီကျေးဇူးကို တစ်သက်မမေ့ပါဘူး...."

ကျန်းချင်းအာ၏ အလင်းနှလုံးသားက တောက်လောင်နေဆဲဖြစ်ပြီး သူမ၏ အသက်စွမ်းအားကို လျင်မြန်စွာ ကုန်ဆုံးစေသည်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူမ မကြာခင် ဆုံးပါးသွားလိမ့်မည်။

ကျန်းချင်းအာ၏အသက်ကိုကယ်တင်ရန်အတွက် ကောင်းကင်ဧကရာဇ်စာချွန်တော်ကိုသုံး၍ ရှောင်တခင်စွန့်စားလိုစိတ်ရှိခဲ့သည်။ စကားပြောရတာ နည်းနည်း အဆင်မပြေပေမယ့် ကျန်းချင်းအာ၏ အသက်အတွက် ဘာမဆို ပေးဆပ်ဖို့ပြင်ဆင်ပြီးသားပင်

အကယ်၍ ပေါင်ပေါင်နှင့်ချီချန်းတို့မှာ အဖြေမရှိသောကြောင့် ပို၍ပင် အင်အားကြီးသော လီရုန်ယွင့်ပေါ်တွင်သာ မျှော်လင့်ချက်ထားနိုင်မည်ဖြစ်သည်။

"ဘာဖြစ်လို့လဲ...ဒီကလေးမနဲ့ တူလေးက ဘယ်လိုပတ်သတ်ကြတာလဲ....."

လီရုန်ယွင့်သည် လီလော့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည့် ကျန်းချင်းအာကို တစ်ချက်ကြည့်လိုက်သည်။

"သူက ကျွန်တော်နဲ့ စေ့စပ်ထားသူပါ...."

လီလော့က မဆိုင်းမတွ ပြန်ဖြေသည်။

ကျန်းချင်းအာ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပျော်ရွှင်မှု အရိပ်အယောင်ကို သူမမျက်လုံးထဲမှာ မြင်နေရသည်။

"စေ့စပ်ထားတဲ့သူလား?"

လီရုန်ယွင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း အံ့သြစရာကောင်းတဲ့ အကြည့်တွေ ပေါ်လာပြီး သူမ ပြုံးလိုက်မိသည်။

"ငါ့တူလေးက လူရွေးတော်သားပဲ...."

ထို့နောက် သူမသည် ရှေ့သို့ လျှောက်လာကာ ကျန်းချင်းအာ၏ နှလုံးသားကို ဖြည်းညှင်းစွာ စစ်ဆေးသည်။ ခဏအကြာတွင် သူမသည် အလွန်အံ့သြသွားပုံရသည်။

"ဒါက အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပဲ.... မွေးရာပါ အလားအလာအရဆို အလယ်ပိုင်းကုန်းမြေမှာတောင်သူ့ကို ကောင်းကင်က မျက်နှာသာပေးတဲ့ ကလေးလို့ သတ်မှတ်လို့ရတယ်....ဒီလို အဆင့်ကိုး အလင်းနှလုံးသားကိုတောင် စတေးခဲ့ရတယ်ဆိုတော့ ဒေါ်လေးရောက်လာတော်နောက်ကျသွားခဲ့တာပဲ...."

လီရိုယွင်၏ အမူအရာသည် လေးနက်လာပြီး....

"အဆင့်ကိုးအလင်းနှလုံးသားက ပူပြင်းတောက်လောင်နေတဲ့ကြယ်တစ်စင်းလိုပဲ.... ယဇ်ပူဇော်ပြီးတာနဲ့ စိတ်ကူးမယဉ်နိုင်လောက်အောင်များပြားတဲ့ စွမ်းအားတွေပေါက်ကွဲထွက်လာမှာမို့ အကျိုးသက်ရောက်မှုတွေကို နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်သလောက်ပဲ..... သာမန်ဘုရင်အဆင့်ကတောင် မကယ်တင်နိုင်မယ်မထင်ဘူး... ကောင်းကင်ဧကရာဇ်အဆင့်ပညာရှင်ကသာ ကယ်တင်နိုင်လိမ့်မယ်..."

သူ့စကားတွေကို နားထောင်ရင်း လီလော့ရဲ့မျက်နှာ ဖြူဖျော့သွားပြီး အသက်ရှူသံပင် ခဏရပ်သွားခဲ့သည်။

ကောင်းကင်ဘုံဧကရာဇ်? ထိုကဲ့သို့ တည်ရှိမှုမျိုးကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတစ်ခွင်တွင် မတွေ့နိုင်ပေ...အကယ်၍ရှိခဲ့လျှင်တောင် သူ့ကို ကူညီဖို့ အကြောင်းပြချက်မရှိပေ။

"ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေထဲမှာ ကောင်းကင်ဧကရာဇ်တစ်ပါးရှိတယ်မဟုတ်လား...သူ ကျွန်တော်တို့ကို ကူညီပေးနိုင်မလား"

လီလော့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဟုတ်တယ်၊ သူနဲ့ ချိတ်ဆက်နိုင်တဲ့ တစ်ဉီးတည်းသော ကောင်းကင်ဧကရာဇ်က ကောင်းကင်ဧကရာဇ်လီကိုယ်တိုင်ပဲ.....

လီလော့ စကားကို နားထောင်ရင်း လီကျူးချုံးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ဘိုးဘေးက မူလကောင်းကင်တိုက်ကြီးကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ရှောက်နေရတာကွ... သူက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ရှင်သန်မှုအတွက် တာဝန်ယူထားရတာမို့ အသေးအမွှားကိစ္စတွေကိုဖြေရှင်းပေးဖို့ ဘယ်လိုအချိန်ရနိုင်မလဲ......"

လီရိုယွင်လည်း ခဏတာ တိတ်ဆိတ်သွားသည် ။

"ဘိုးဘေးက မျိုးနွယ်ကို နှစ်အတော်ကြာအောင် ပြန်မလာတော့ဘူး..... ငါတို့ သူ့ကို ရှာလို့တောင် မတွေ့တော့ဘူး....မင်းသူ့ရဲ့ အကူအညီကို လိုချင်ရင်တောင် ကလေးမလေးမှာ အဲ့လောက်ထိအချိန်မကျန်တော့ဘူး....."

ထိုစကားများကိုကြားလိုက်ရသည်နှင့် လီလော့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားရပြီး သူ့အသားအရည် ဖျော့တော့သွားသည်။

သို့သော်၊ ကျန်းချင်းအာသည် မှေးစက်အနားယူနေပြီး ခွန်အားကိုစုဆောင်းထားဆဲဖြစ်သည်။ သူမ ဤရလဒ်ကို မျှော်လင့်ထားပြီးဖြစ်ကောင်းဖြစ်နိုင်သည်။

လီရုန်ယွင့် ယက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး.....

"ငါ့မှာ ပြဿနာအတွက် အဖြေမရှိနိုင်ပေမယ့် အလင်းနှလုံးသားရဲ့ လောင်ကျွမ်းသွားတဲ့ အရှိန်ကို ခဏတာ သက်သာစေနိုင်တဲ့နည်းလမ်းတော့ရှိနယ်.... ဒီနည်းလမ်းက အကြာကြီးထိန်းမထားနိုင်ရင်တောင် သူ့အတွက် အချိန်ဆွဲထားပေးနိုင်လိမ့်မယ်... ."

လီလော့ လီရိုယွင်ကို အလွန်ကြည်နူးစွာဖြင့် ကြည့်ရင်း တုန်လှုပ်သွားသည်။

"ဒေါ်လေးယွင့်ကို ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်...ဒီကျေးဇူးကို တစ်သက်မမေ့ပါဘူး..... "

"မိသားစုဝင်တွေအချင်းချင်း အဲဒီလောက်ထိပြောနေစရာမလိုပါဘူး...."

လီရုန်ယွင့်သည် သူမ၏လက်ချောင်းများကြားမှ နက်ပြာရောင်ပုလဲတစ်လုံးကို ထုတ်ယူလိုက်ရင်း အနည်းငယ်ပြုံးလိုက်သည်။ ၎င်း၏အတွင်းပိုင်းတွင် သမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခု ပါ၀င်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ဖြင့် လင်းလက်နေသည်။ တစ်ချိန်တည်းမှာပင်၊ များပြားလှသော အသက်စွမ်းအားများ ၎င်းထံမှ ထွက်လာပုံရသည်။

ထိုပုလဲလုံး ပေါ်လာသောအခါ ချီချန်း၏ အာရုံက ၎င်းဆီသို့ လှည့်သွားခဲ့သည်။ သူမတွင် ရေပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားသောကြောင့် နက်ပြာရောင်ပုလဲတွင် ရေစွမ်းအား အကန့်အသတ်မရှိ ပမာဏများစွာ ပါဝင်နေသည်ကိုအာရုံခံနိုင်သည်။ထိုပုလဲသည် ရေပဲ့တင်ထပ်သံအတွက် ရတနာတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။

" လီရုန်ယွင့်...ဒီသမုဒ္ဒရါဝိဉာဉ်ပုလဲကို မျိုးနွယ်စုရဲ့ ရတနာမဏ္ဍပ်ကနေဝယ်ထားတာမဟုတ်လား...ငါသာအမှတ်မမှားဘူးဆို မင်းရဲ့ အားနည်းပြီး ဖျားနာတဲ့ တူမလေးအတွက်ဝယ်ထားတာလေ.....ဒါကိုအခုနေသုံးလိုက် မင်းတူမလေး မင်းကို မုန်းသွားမှာ မစိုးရိမ်ဘူးလား....." လီကျူးချုံး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"လီကျူးချုံး...ပါးစပ်ပိတ်ထားစမ်း...."

ထို့နောက် သူမမျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာဖြင့် လီလော့ဆီသို့ လှည့်ကြည့်လိုက်သည်။

"ဒါကို သိပ်စဉ်းစားနေဖို့ မလိုဘူး...ကလေးမလေးရဲ့ အခြေအနေက ဆိုးရွားနေတာမို့ အချိန်ရသလောက်ဆွဲထားရမယ်.... မင်းအဖေက ငါ့ကို ကူညီပေးခဲ့ဖူးတာမို့ ကျေးဇူးပြန်ဆပ်တယ်လို့သာ သဘောထားလိုက်...."

လီလော့ အလေးအနက်ထား၍ ခေါင်းညိတ်လိုက်သည်။ ကျန်းချင်းအာ၏အခြေအနေသည် အမှန်တကယ်ပင် အရေးကြီးဆုံးဖြစ်ပြီး လီရုန်ယွင့်၏ ကျေးဇူးကို သူ့နှလုံးသားထဲတွင် ထာဝရ အမှတ်ရနေမည်ဖြစ်သည်။ အနာဂတ်မှာ အခွင့်အရေးရရင် သေချာပေါက် ပြန်ပေးဆပ်မည်သာ.....

"မင်းနာမည်ဘယ်လိုခေါ်လဲ" ဟု နွေးထွေးစွာမေးလိုက်ရင်း လီရိုယွင်၏အကြည့်သည် ကျန်းချင်းအာဆီသို့ ကူးပြောင်းသွားသည်။

"ကျန်းချင်းအာ"

"ဒါက အနှိုင်းမဲ့ ဖြူစင်တဲ့ အလင်း နှလုံးသားပါ...... ဒီနှစ်တွေကြာပြီးတဲ့ နောက်မှာတောင် ဒီလိုမျိုး ငါ ပထမဆုံးအကြိမ် မြင်ဖူးတာ..... ဒါပေမယ့် ပိုဖြူစင်လေလေ၊ ရပ်တန့်ဖို့ ခက်လေလေပဲ....သမုဒ္ဒရာဝိညာဉ်ပုလဲရဲ့အဆီအနှစ်က အကန့်အသတ်မဲ့ အသက်စွမ်းအားကို ပိုင်ဆိုင်ထားတယ်... ဒါကို နှလုံးသားထဲ သေချာ လမ်းညွှန်ပြီး ပို့ဆောင်ပေးနိုင်ရင် မင်းရဲ့ အသက်စွမ်းအားကို အကာအကွယ်ပေးလိမ့်မယ်..."

" အချိန်မီ ကယ်တင်ပေးတဲ့အတွက် ဒေါ်လေးယွင့်ကိုစကားလုံးနဲ့နှိုင်းပြစရာမရှိအောင်ကို ကျေးဇူးတင်ပါတယ်..... "

သူမသည် သေခြင်းတရားကို မကြောက်သော်လည်း အသက်ရှင်နေထိုင်နိုင်ခြင်းသည် ပို၍ပင် အံ့သြဖွယ်အတွေ့အကြုံတစ်ခုဖြစ်သည်။ ထို့အပြင် လီလော့ စိတ်ပျက်အားငယ်မှု၏ နက်နဲရာသို့ ကျဆင်းသွားသည်ကို သူမ မမြင်လိုပေ။

လီရုန်ယွင့် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သမုဒ္ဒရာဝိညာဉ်ပုလဲထံမှ နူးညံ့သိမ်မွေ့သော အလင်းရောင်များ ဖြာထွက်စပြုလာပြီး ၎င်းအတွင်းရှိ သမုဒ္ဒရာငယ်လေးသည်လည်း လှိုင်းလုံးများဖြင့် လှုပ်ခတ်လာသည်။

နောက်ဆုံးတွင်၊ သမုဒ္ဒရာဝိညာဉ်ပုလဲ လေထဲသို့ပျံတက်သွားပြီး ကျန်းချင်းအာ ၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ အရေပြားနှင့် ထိတွေ့လိုက်သောအခါ ပုလဲလုံး အရည်ပျော်သွားပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ တောက်ပနေသော အလင်းနှလုံးသားထဲသို့ စိမ့်ဝင်သွားလေတော့သည်။

သမုဒ္ဒရာဝိဉာဉ်ပုလဲလုံး သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ အလင်းနှလုံးသားမှ ထွက်ပေါ်လာသော အလင်းရောင်သည် ပို၍ပင် တောက်ပလာပုံပေါ်သည်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ တောက်ပမှုက မှိန်ဖျော့သွားသည်။

"ဟမ်....သမုဒ္ဒရာဝိညာဉ်ပုလဲက မျှော်လင့်ထားတာထက်တောင် အရှိန်မြန်မြန် ဆုတ်ယုတ်ပျက်စီးနေတယ်....ပွင့်ပွင့်လင်းလင်းပြောရရင် မင်းရဲ့ အလင်းစွမ်းအားက ကြောက်စရာကောင်းတယ်...."

လီရုန်ယွင့် မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ အဆင့်ကိုးအလင်း နှလုံးသားသည် ရှားပါးရတနာ ဖြစ်နိုင်သော်လည်း သူမ(လီရုန်ယွင့်)သည် ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်ဖြစ်သည်။ ထို့ကြောင့် သူမသည် သာမန်လူတစ်ဦးတစ်ယောက်မျှ မရရှိနိုင်သော အရာများကို မြင်တွေ့ကြားသိခဲ့ရသည်။ သို့တိုင်၊ ကျန်းချင်းအာ၏ အဆင့်ကိုးအလင်းနှလုံးသား၏ ဖြစ်စဉ်က အနည်းငယ် ထူးခြားပုံရသည်။

"ဒေါ်လေးယွင့်... တစ်ခုခုမှားနေလို့လား..."ယ

လီလော့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လီရုန်ယွင့်က ခေါင်းခါလိုက်ပြီး....

"ဒီကလေးမရဲ့ အလင်းနှလုံးသားက ပြင်းထန်လွန်းတယ်....ဒါကို ချိတ်ပိတ်နိုင်ဖို့

လျှို့ဝှက်ပညာရပ်ကို သုံးရမယ်....မဟုတ်ရင် သမုဒ္ဒရာ ဝိညာဉ်ပုလဲ ဆယ်ရက်အတွင်း ကုန်ဆုံးသွားလိမ့်မယ်....."

လီလော့၏ အမူအရာ ပြောင်းသွားသည်။ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်လျှင် ဆယ်ရက်ခန့်သာ အချိန်ဆွဲထားနိုင်မည်ဆိုသောကြောင့် ကျန်းချင်းအာ၏စွန့်လွှတ်အနစ်နာခံမှုသည် မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်နေသည်။

“ဒါဆို ဒေါ်လေးယွင့်ကိုပဲ အားကိုးရတော့မယ်"

လီရုန်ယွင့် ခေါင်းညိတ်လိုက်ပြီး အပြာနုရောင် ဓားအလင်းတစ်ခု သူ့ဉီးခေါင်းထိပ်မှ ထွက်ပေါ်လာသည်။ ထိုဓားအလင်း အသက်ဝင်လာသော အပြာရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကွေ့ကောက်သောပုံစံဖြင့် ရွေ့လျားနေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ မြင်သူတိုင်းကို ကြောက်လန့်စေသည့် ထက်မြက်သော ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ပုံရိပ်ယောင်ဆန်သော အပြာရောင်နဂါးသည် ၎င်း၏အမြီးကို ဝှေ့ယမ်းကာ ကျန်းချင်းအာ ၏ ရင်ဘတ်ထဲသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။

နောက်အခိုက်အတန့်တွင်၊ ကျန်းချင်းအာ၏ လောင်ကျွမ်းနေသော အလင်းနှလုံးသားထဲကို ရစ်ခွေထားသည်။အပြာရောင်နဂါးကြီး၏ ပတ်ပတ်လည်တွင် ထင်ယောင်ထင်မှားဖြစ်စေသော စည်းတံဆိပ်တစ်ခုပါရှိသည်ကို လီလော့ မြင်လိုက်ရသည်။အပြာရောင်နဂါးထံမှ အဆုံးမရှိသော ဓားအလင်းများ ဖြာထွက်ပြီး တောက်လောင်နေသော အလင်းနှလုံးသားကို ဖြည်းဖြည်းချင်း ဖြိုခွင်းလိုက်သည်။

"ရေနဂါးရဲ့ဓားစည်းတံဆိပ်က ပူလောင်နေတဲ့ အလင်းနှလုံးသားကို အနည်းငယ် ထိန်းညှိပေးနိုင်တယ်.... ဒီနည်းနဲ့ သမုဒ္ဒရာဝိဉာဉ်ပုလဲရဲ့ သက်တမ်းကို သက်တမ်းတိုးနိုင်ပါတယ်.....မကုန်ဆုံးခင် သုံးလလောက်တေယ့အချိန်ဆွဲထားနိုင်မယ်....ဒါပေမယ့် အလင်းနှလုံးသားက သုံးလအကြာမှာ အခုထက်ပိုပြင်းထန်တဲ့နှုန်းနဲ့ တစ်ဖန် ပေါက်ကွဲလာလိမ့်မယ်....အကယ်၍ အဖြေတစ်ခု မတွေ့သေးရင်........"

လီလော့ တိတ်ဆိတ်သွားသည်။ ကျန်းချင်းအာသည် သေမင်း၏တံခါးဝမှ သီသီလေးလွတ်မြောက်နိုင်ခဲ့သော်လည်း နောက်ထပ်အချိန် သုံးလသာကျန်ပေတော့မည်။

ဤသည်မှာ ရေငတ်ပြေအောင် အဆိပ်သောက်တာနဲ့တူပေမဲ့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်န်ိုင်ပေ။ သူ့နှလုံးသား နစ်မြုပ်သွားသည်နှင့်အမျှ၊ အဝေးမှ လေထုထဲတွင် အသံလှိုင်းများ ပဲ့တင်ထပ်ကာ မရေမတွက်နိုင်သော အလင်းတန်းများ သူတို့အပေါ်သို့ ဆင်းသက်လာသည်။

ကောလိပ်နှင့် ယုဟုန်ရှီတို့ ရောက်လာကြချေပြီ.....

All Chapters