← Chapters

တာဝန်ယူမှု

Vol. 52 Ch. 722

တာဝန်ယူမှု

Vol. 52 Ch. 722

ယုဟုန်ရှီနှင့် ဒုကျောင်းအုပ်စုရှင်းတို့ အလင်းသက်တံများနှင့်အတူ ဆင်းသက်လာသောအခါ လူအမျာစုဝေးနေသည်ကိုမြင်လိုက်ရသည်။ သူစိမ်းနှစ်ယောက်ကို အာရုံမစိုက်ခင် ဒီအချက်ကြောင့် အံ့ဩသွားကြသည်။

လီရုန်ယွင့်နှင့်လီကျူးချုံးတို့နှစ်ယောက်၏အော်ရာက အတော်လေးကြောက်မက်ဖွယ်ကောင်းနေသည်။

သို့သော် စုရှင်းတို့ကို ငြိမ်သက်သွားစေသည့်အချက်မှာ ၎င်းတို့နှစ်ဦးလုံးက တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ဆိုလိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော မြို့စားနှစ်ယောက်သည် ရန်သူများမဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

"လီလော့.....ရှန်ကျင်းရှောင် ဘယ်လိုဖြစ်သွားပြီလဲ...."

ဒုကျောင်းအုပ်စုရှင်းက ဧရိယာတခွင် သေချာ စစ်ဆေးပြီးနောက် ရှန်ကျင်းရှောင်၏အော်ရာ မရှိတာကို သတိထားမိလိုက်သည်။ သို့သော် ခံစားနေရသော စွမ်းအင်လှိုင်းများကို အခြေခံ၍ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု သိသိသာသာ ဖြစ်ပွားခဲ့သည်ကိုတော့ သိလိုက်ရသည်။

"ငါတို့ရောက်တာ နည်းနည်းနောက်ကျသွားတယ်..ငါ့ကို ဇူချင်းဟောင်က ချုပ်နှောင်ထားခဲ့တယ် ...သူ့ကိုဒဏ်ရာရစေခဲ့ပေမယ့် ငါ နင့်ဆီကိုအချိန်မှီရောက်မလာနိုင်ခဲ့ဘူး...."

ဟုဟုန်ရှီသည် လီလော့ကိုအားတုံ့အားနာဖြစ်နေပုံရသည်။

လီလော့က သူတို့ကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြခဲ့သည်။

"ဘယ်လို...? ချင်းအာက အလင်းနှလုံးသားကို ယဇ်ပူဇော်ခဲ့တယ်!!!"

ဖြစ်ပျက်ခဲ့တာကို ကြားသိပြီးနောက်မှာတော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားပြီး သူမရဲ့ အခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်ဖို့ သူ့ဆီ အမြန်ပြေးသွားကြသည်။

"စိတ်မြန်လိုက်တာ ချင်းအာရယ်... " လို့ ဒုကျောင်းအုပ်စုရှင်း က နာကျင်တဲ့လေသံနဲ့ မချိတင်ကဲရေရွတ်လိုက်သည်။

ကျန်းချင်းအာသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ အတောက်ပဆုံးသော ပါရမီရှင်ဖြစ်ခဲ့သော်လည်း သူမ၏ လုပ်ရပ်များက သူမ ဘဝကို ထိခိုက်စေခဲ့သည်။

"ဒါက အရမ်းရှုပ်ထွေးတဲ့ စည်းတံဆိပ်တစ်ခုပါ.... အလင်းနှလုံးသားရဲ့ လောင်ကျွမ်းနှုန်းကို ထိန်းထားနိုင်တယ်ဆိုတော့ အချိန်ဆွဲထားနိုင်မယ်ထင်တယ်...."

ယုဟုန်ရှီက နဂါးပုံသဏ္ဍာန်တံဆိပ်ကို စစ်ဆေးရင်း မှတ်ချက်ပေးခဲ့သည်။

လီလော့က သူတို့နှစ်ယောက်ကို မျှော်တလင့်လင့်နဲ့ ကြည့်ရင်း.... "ကျောင်းအုပ်နဲ့ဒေါ်လေးယုတို့နှစ်ယောက်က ဗဟုသုတကြွယ်ဝကြသူတွေမို့ အလင်းနှလုံးသား လောင်ကျွမ်းနေတာကို ကုစားနိုင်မယ့် နည်းလမ်းလေးမျာစးသိထားကြသလား....?"

စုရှင်းနှင့်ယုဟုန်ရှီတို့ တစ်ခဏမျှ တိတ်ဆိတ်ခြင်းသို့ မရောက်မီ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။

"ဒီလိုသန့်စင်တဲ့ အလင်းနှလုံးသားကို သန်မာတဲ့သူတွေသာဖန်တီးနိုင်တာ.....ဒါကိုဖန်တီးမွေးမြူပြီးတာနဲ့ ကြီးထွားမှုနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အကျိုးရှိလာပါလိမ့်မယ်....အလင်းနှလုံးသားက နတ်ဘုရားလက်နက်နဲ့အလားသဏ္ဍာန်တူတယ်.... အလွန်ဖြူစင်တာကြောင့်၊ ယဇ်ပူဇော်လိုက်တာနဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတွေနဲ့အတူ ပေါက်ကွဲထွက် လာလိမ့်မယ်..."

ဒုကျောင်းအုပ်စုရှင်း မချိပြုံးသာပြုံးနေနိုင်တော့သည်။

ယုဟုန်ရှီလည်း အလားတူ ခေါင်းညိတ်လိုက်သည်။ သူမသည် ရှပြည်ထောင်စုရှိ ရွှေနဂါးဘဏ်ခွဲကို အချိန်အတော်ကြာ အုပ်စိုးခဲ့သောကြောင့် မှော်ဆန်ပြီး ဆန်းကြယ်သော ရတနာမျိုးစုံနှင့် ထိတွေ့ခဲ့ရသော်လည်း အဆင့်ကိုးအလင်းနှလုံးသားကို တစ်ခါမှမမြင်ဖူးသောကြောင့် ဖြေရှင်းဖို့နည်းလမ်းလည်း သိမနေခဲ့ပေ။

စိတ်ပျက်ဖွယ်အခြေနေများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း သူတို့နှစ်ဦးထံမှ အမှန်တရားကို ကြားသိရသည့်အခါ စိတ်ထိခိုက်နေရဆဲပင်.....

"ရှန်ကျင်းရှောင်ဆိုတဲ့လူယုတ်မာက တကယ့်ကိုကပ်ဘေးအကြီးစားပဲ..... သတိမထားမိတာ ငါ့အပြစ်ပဲ...."

ဒုကျောင်းအုပ်စုရှင်းက သူ့ကိုယ်သူ အပြစ်တင်နေသည်။ ကောလိပ်ရှိ အခြေအနေ တစ်ခုလုံးကို ဖန်းကျွမ်အဖွဲ့အစည်းမှ ကြိုးကိုင်ထားနိုင်သော်လည်း ရှန်ကျင်းရှောင်သည် ၎င်းတို့၏ ကြံစည်မှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သူသာ အမှောင်စွမ်းအင်မျိုးစေ့များဖြန့်ကျဲပြီး ကောလိပ်၏အခြေခံအုတ်မြစ်ကို မထိခိုက်စေခဲ့လျှင် ခရမ်းအဆင့်နည်းပြများစွာကို ကူးစက်ခံထားရမည်မဟုတ်ပေ။

တကယ်တော့၊ သူသည် ကောလိပ်ကို ဖျက်ဆီးရုံမျှဖြင့် မကျေနပ်ဘဲ ကျန်းချင်းအာ ကို အတိုင်းအတာတစ်ခုအထိပင် ထိခိုက်ခဲ့သည်။

ဤအရာသည် လူတိုင်းကို ဒေါသချောင်းချောင်းထွက်စေခဲ့သည်။

လီလော့သည် ရှန်ကျင်းရှောင်၏အမည်ကိုကြားသောအခါ အရင်နဲ့မတူဘဲ ခံစားချက်မဲ့နေခဲ့သည်။ သူ့ကို သတ်ချင်စိတ်မရှိတော့တာကြောင့် မဟုတ်ပေမယ့် အဲဒီယုတ်မာတဲ့တိရိစ္ဆာန်ကောင်ကို အကြွင်းမဲ့ ရွံရှာစိတ်က ကြီးမားလွန်းတဲ့အတွက် နှိုင်းပြစရာတောင်မရှိတော့ပေ။

အခုချိန်မှာ ရှန်ကျင်းရှောင် မြန်မြန်သေဖို့ မလိုလားတော့ဘူး။ ဒီလိုမှမဟုတ်ရင် နောင်အနာဂတ်မှာ သူ့ရဲ့စိတ်ပျက်စရာတွေကို ဘယ်လိုဖြေဖျောက်နိုင်မလဲ....

လီလော့ လေးလေးနက်နက် အသက်ရှူသွင်းလိုက်ပြီး မငြိမ်မသက်ဖြစ်နေသော ခံစားချက်များကို မျိုသိပ်ထားလိုက်သည်။ ကလဲ့စားချေခြင်းဆိုတဲ့ အတွေးတွေအားလုံး အချိန်မှာ အသုံးမဝင်နိုင်သေးပေ။ လောလောဆယ် သူ အရမ်းအားနည်းနေတယ်! ရှန်ကျင်းရှောင်သာ ပထမအဆင့်မြို့စားဖြစ်နေလျှင်ပင် အံတု၍တိုက်ခိုက်နိုင်ဖို့မဖြစ်သေးပေ။

ဤတိုက်ပွဲက သူ့ကို ပုဂ္ဂိုလ်ရေးခွန်အားရဲ့ အရေးပါမှုကို ပိုသဘောပေါက်စေခဲ့သည်။

မြို့စားအဆင့်!

ဤအခိုက်အတန့်တွင် စွဲလမ်းမှုအသစ်တစ်ခု သူ့နှလုံးသားထဲတွင် အမြစ်တွယ်လာခဲ့သည်။ မြို့စားအဆင့်သို့တက်လှမ်းနိုင်ရင် တတ်နိုင်သမျှ ကြိုးစားရပေတော့မည်။

ဒီလိုလုပ်နိုင်မှသာလျှင် သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်နိုင်ပေမည်။

ပို၍အရေးကြီးသည်မှာ၊ သူသည် ကျန်းချင်းအာ၏လောင်ကျွမ်းနေသောအလင်းနှလုံးသားပြဿနာကို ဦးစွာဖြေရှင်းရပေမည်။ မဟုတ်ပါက၊ ၎င်းသည် သုံးလအကြာတွင် သူမ၏အသက်ကို ခြိမ်းခြောက်လာမည်ဖြစ်ပြီး ၎င်းသည် လီလော့ မမြင်ချင်ဆုံးသောအရာဖြစ်သည်။

သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ တောက်လောင်နေသည်။ လီလော့က ကျန်းချင်းအာကိုဂရုစိုက်ရန် ချိုင်ဝေနှင့်ယန်လင်းချီတို့ကိုအကူညီတောင်းခဲ့ပြီး အခြားယာဉ်တန်းအား ပြန်လည်ဖွဲ့စည်းရန်နှင့် တောင်ဘက်သို့ထွက်ခွာရန် ပြင်ဆင်ဖို့ ယွမ်ချင်းတို့ကို အကြောင်းကြားခဲ့သည်။

ထိုအချိန်တွင် ယုဟုန်ရှီနှင့် ဒုကျောင်းအုပ် စုရှင်းတို့ စကားစမြည်ပြောနေကြသည်။အခုမှသာ မရင်းနှီးသောလူစိမ်းနှစ်ယောက်က ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်မှဆင်းသက်လာသည်ကို ၎င်းတို့ သိရှိလာကြသည်။

"လီတိုင်ရွှမ်က ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်ဖြစ်မယ်လို့ ထင်မထားမိဘူး....ဒါဆို သူဒီလို အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေကို ပြသခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး.... "

ဒုကျောင်းအုပ်စုရှင်းက ရယ်မောနေသည်။ ကောလိပ်၏ဒုတိယကျောင်းအုပ်အနေဖြင့်၊ သူမသည် အင်အားကြီးသောမျိုးနွယ်စုများအကြောင်း နားလည်ထားသည်။

ကောင်းကင်ဧကရာဇ်ဟူသည် ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော တန်ခိုးရှင်များဖြစ်သည်။ သူတို့အယောက်စီတိုင်းသည် တွန်းလှန်မရနိုင်သော တည်ရှိမှုကြီးတစ်ခုဖြစ်သည်။

ကျောင်းအုပ်ကြီးဖန်ပင်လျှင် ထိုပညာရှင်ရှေ့တွင် လေးစားမှုရှိရမည်။

ယုဟုန်ရှီ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း အပြင်ပန်းမှာတော့ ငြိမ်သက်နေဆဲပင်။ ရွှေနဂါးဘဏ်သည်လည်း ထူးခြားသောအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ရှပြည်ထောင်စုရှိဘဏ်ခွဲသည် အကိုင်းအခကများစွာထဲမှ တစ်ခုသာဖြစ်ပြီး ၎င်းသည် ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်နှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ရွှေနဂါးဘဏ် ဌာနချုပ်သည် ယခင်ထက် ယုတ်ညံ့ခြင်းမရှိသော အင်အားနှင့် နောက်ခံကို ထိန်းသိမ်းထားသည်။

တရားမျှတစွာပြောရလျှင် သူမသည် ရှေးယခင်ကတည်းက လီတိုင်ရွှမ် ၏ဝိသေသလက္ခဏာကို နားလည်ထားပြီးဖြစ်သည်။

လီရုန်ယွင့်သည် အထင်ကြီးလေးစားလောက်သော နောက်ခံသမိုင်းကြောင်းရှိသော်လည်း ဒုကျောင်းအုပ်စုရှင်းနှင့်ယုဟုန်ရှီ တို့ကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။ တစ်နည်းအားဖြင့် ကြယ်တာယာခရီးရှည်ကောလိပ်နှင့်ရွှေနဂါးဘဏ်တိုက်တို့သည် ၎င်းတို့ကို ကျောထောက်နောက်ခံပြုထားသည့် မဟာအင်အားစုအသီးသီးရှိကြသူများပင်...ဗဟိုကျောင်းသားသမဂ္ဂပဲဖြစ်ဖြစ် ရွှေနဂါးဘဏ် ဌာနချုပ်ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက သူတို့ရဲ့ မျိုးနွယ်စုကို ကျော်လွန်နိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်ကြသည်။

သို့သော်လည်း လီကျူးချုံးသည် အနည်းငယ်စိတ်မရှည်တော့ဘဲ.....

"လီရုန်ယွင့်၊ အချိန်ဖြုန်းတာကို ရပ်လိုက်ပြီး ငါတို့ရဲ့တာဝန်ကို ပြီးအောင်လုပ်ဖ်ို့သာအာရုံစိုက်စမ်းပါ.... ငါ ဒီလိုနေရာမှာ မနေချင်တော့ဘူး..... အခု လီလော့ကို ရှာတွေ့ပြီဆိုတော့ သူ့ကိုပြန်ခေါ်သွားရုံပဲမလား...."

လီလော့ ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လီကျူးချုံးကို အေးစက်စွာ စိုက်ကြည့်နေသည်။

လီကျုးချုံးသည် သူ့ကို အစောပိုင်းကတည်းက ရှင်းရှင်းလင်းလင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း လီရိုယွန်းထံ သတင်းပို့ဖို့ စိတ်ကူးမရှိခဲ့ပေ။ အဲဒီအစား သူက ဘေးနားမှာ ပုန်းနေပြီး ရှန်ကျင်းရှောင် ရူးသွပ်စွာတိုက်ခိုက်နေသည်ကို ဒီအတိုင်း ကြည့်နေခဲ့သည်။အကယ်၍ သူသာကူညီပေးခဲ့လျှင် ရှန်ကျင်းရှောင် ကို အလွယ်တကူ တွန်းလှန်နိုင်မည်ဖြစ်သည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက လီလော့အနေဖြင့် အနက်ရောင်ကမ္ပည်းပြားကို မည်သည့်အခါမျှ အသုံးပြုရမည်မဟုတ်သလို ကျန်းချင်းအာသည်လည်း သူမ၏ အလင်းနှလုံးသားကို ယဇ်ပူဇော်ရန် မလိုတော့ပေ။

အရာအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပေမယ့် ဒီလူယုတ်မာက တိတ်တဆိတ် ရပ်တည်ပြီး ပွဲထိုင်ကြည့်ဖို့ ရွေးချယ်ခဲ့သည်။

လီကျူးချုံးနဲ့ သူနဲ့ကြားမှ အချင်းချင်းကူညီပေးရလောက်သည့် ဆက်ဆံရေးမျိုး မရှိခဲ့သဖြင့် အပြစ်မဆိုသာပေ။ သို့သော် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ကောင်းကင်ဧကရာဇ်စာချွန်တော်ကို လွှဲအပ်ရန် အရူးလုပ်ကာ ကျန်းချင်းအာကို နာကျင်အောင်ပင် ပြုမူခဲ့သဖြင့် သူမ၏ အခြေအနေ ပိုဆိုးသွားခဲ့သည်။

ဒါက သူဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့အချက်ပင်.....

လီလော့၏ ဖော်ရွေမှုမရှိသော အကြည့်များကိုသတိပြုမိသော်လည်း လီကျူးချုံးက ဂရုမစိုက်ဘဲ ပြုံးရုံသာပြုံးနေသည်။

"သနားစရာကောင်းတဲ့ကောင်လေးပဲ.... မင်းသန်မာလာတဲ့တစ်နေ့ ငါ့ဆီလာခဲ့ပေါ့...."

"ဟမ့်!!သေချာပေါက်လာခဲ့မယ်..."

"လီကျူးချုံး နင် ခဏလောက် ပါးစပ်ပိတ်နေလို့မရဘူးလား.... ငါက ဒီတာဝန်အတွက် ခေါင်းဆောင်ပါ.... နင် မကြိုက်ရင် အချိန်မရွေးထွက်သွားနိုင်တယ်...."

လီရိုယွင်က သူ့ကို အေးစက်စွာ သတိပေးလိုက်သည်။

လီကျူးချုံးသည် အေးစက်စွာ ပြုံးလိုက်ပြီးဖျတ်ကနဲ ပျောက်ကွယ်သွားသည်။

တစ်ဖက်တွင် လီရုန်ယွင့်သည် လီလော့ကိုလှည့်ကြည့်ကာ သက်ပြင်းချ၍ စိုးရိမ်မကင်းဖြစ်နေဟန်ဖြင့်....

"လီလော့၊ မင်းကို မျိုးနွယ်စုဆီ ပြန်ပို့ရမယ်....ဒါက လီတိုင်ရွှမ်ကိုယ်တိုင် ငါတို့ဆီသတင်းပို့ထားတာမို့ မင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်....."

All Chapters