← Chapters

ထိုနှစ်များ.....

Vol. 52 Ch. 723

ထိုနှစ်များ.....

Vol. 52 Ch. 723

ကောင်းကင်ဧကရာဇ်လီ၏မျိုးနွယ်စုသို့ ပြန်သွားမည်လော.....

လီလော့ ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိတ်လွတ်သွားသည ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်သည် မဟာအင်အားကြီးမျိုးနွယ်တစ်ခုဖြစ်သော်လည်း ရှပြည်ထောင်စုတွင်မွေးဖွားခဲ့သော လီလော့အတွက် ၎င်းတို့သည် သူစိမ်းများနှင့်မခြားနားပေ။

သူ့အတွက်တော့ လော့လန်အိမ်တော်ကသာ သူ့မိသားစုဖြစ်ပြီး ချစ်တဲ့လူတိုင်းကလည်း ဒီမှာပဲ ရှိနေကြသည်။

ထို့ကြောင့် လီရုန်ယွင့်၏ စကားများနှင့် ရင်ဆိုင်ရသောအခါ လီလော့ ခေါင်းယမ်းလိုက်သည်။

"ဒေါ်လေးယွင့်၊ လော့လန်အိမ်တော်က အခု မတည်မငြိမ်ဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေရောက်နေတယ်.... ကျွန်တော် အလွယ်တကူ ထွက်သွားလို့မရဘူး....."

လီလော့၏ ငြင်းဆိုမှုကြောင့် လီရုန်ယွင့် ဒေါသမထွက်ခဲ့ပေ။ဤသည်မှာ မျှော်လင့်ထားသည့် တုံ့ပြန်မှုဖြစ်ခဲ့သည်။ လီလော့ သည် ဤနေရာတွင် ကြီးပြင်းခဲ့ပြီး ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်တစ်ခုလုံးသည် သူ့အတွက် သူစိမ်းများသာဖြစ်သည်။ ဒါ့အပြင် လီတိုင်ရွှမ်ကလည်း ဒါတွေကိုသေချာရှင်းပြထားပုံမရပေ။

လီလော့အတွက်တော့ သူမကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး သူစိမ်းတစ်ယောက်အပြင်မပိုခဲ့ပေ။

လီရုန်ယွင့်က.... "ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းရဲ့မွေးရပ်မြေက ရှပြည်ထောင်စု မဟုတ်ဘူး...အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးက မင်းအတွက် သေးငယ်လွန်းတဲ့ ရေကန်တစ်ခုပဲ... မင်းအဖေက ကောင်းကင်ကမျက်နှာသာပေးတဲ့ ပါရမီရှင်တစ်ယောက်ပါ....မင်းအမေကလည်း...…"

လီလော့၏မိခင်အကြောင်းပြောသောအခါတွင် ရှုပ်ထွေးသောအမူအရာတစ်ခုပေါ်လာသည်။

"မူလကောင်းကင်တိုက်ကြီးရဲ့မှာ တန်တိုင်လန်လှည့်လည်သွားလာနေစဉ်က သူ့ကိုထူးခြားတဲ့ အလှနတ်သမီးအဖြစ် လူသိများခဲ့တယ်.... သူက ထင်ရှားတဲ့ မိသားစုကဆင်းသက်လာတာ မဟုတ်ပေမယ့် သူ့ရဲ့အရည်အချင်းနဲ့အလှတရားက မူလကောင်းကင်တိုက်ကြီးရဲ့ပါရမီရှင်တွေထက်တောင် တောက်ပနေသေးတယ်....ဒီလို ထူးခြားတဲ့မိဘနှစ်ပါးကနေမွေးဖွားလာတဲ့ မင်းလည်း သေချာပေါက်ထူးချွန်မှာပဲ...ဒါ့အပြင် မင်းရဲ့သွေးကြောတွေထဲမှာ ကောင်းကင်ဧကရာဇ်လီရဲ့သွေးတွေစီးဆင်းနေတယ်...ဒါကြောင့်မို့ နဂါးစွယ်ကလန်ကိုသာရောက်လာရင် အစွမ်းကုန်သန်မာလာမှသေချာတယ်.....ဒီနေ့လိုအဖြစ်မျိုး ထပ်ကြုံတဲ့အခါ ခွန်အားမဲ့နေရင် ဘယ်လိုလုပ်မလဲ..."

လီရုန်ယွင့် ၏စကားများက လီလော့ကို နှုတ်ဆိတ်သွားစေသည်။ ရှပြည်ထောင်စုတစ်ခုလုံး ကသောင်းကနင်းဖြစ်နေပြီး ကြယ်တာယာခရီးရှည်ကောလိပ်သည်ပင် ဖျက်ဆီးခံခဲ့ရသည်။ထို့ကြောင့် သူ၏ကျင့်ကြံမှုကို မလွဲမသွေ ထိခိုက်စေမည်ဖြစ်ပြီး အချို့သော ရှုထောင့်မှ ကြည့်ပါက၊ ဝေးလံခေါင်သီလှသော ရှပြည်ထောင်စုတွင် ကျန်ရှိနေပါက သူ၏တိုးတက်မှုကို ကန့်သတ်ထားသလိုဖြး်နေပေလိမ့်မည်။

ကျင့်ကြံခြင်းတွင် ပင်ကိုယ်စွမ်းရည်နှင့် လုံလောက်သော အရင်းမြစ်ပမာဏနှစ်ခုစလုံး လိုအပ်သည်။ အလယ်ပိုင်းကုန်းမြေသည် အရှေ့ပိုင်းကုန်းမြေနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားသောအရင်းမြစ်များ သေချာပေါက်ပိုင်ဆိုင်ထားပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အလယ်ပိုင်းကုန်းမြေသည် ကျင့်ကြံမှုအတွက် သန့်ရှင်းသောမြေဖြစ်ခဲ့သည်။

"ဒါ့အပြင် ရှပြည်ထောင်စုမှာ ကျန်းချင်းအာရဲ့ အလင်းနှလုံးသားပြဿနာကို ဖြေရှင်းနိုင်ဖို့နည်းလမ်းမရှိဘူး...အလယ်ပိုင်းကုန်းမြေကိုရောက်မှသာ အဖြေရှာနိုင်မယ်...."

လီရုန်ယွင့်၏ ပေါ့ပေါ့တန်တန်စကားလုံးများက လေးလံသောတူကဲ့သို့ လီလော့ ၏နှလုံးသားကို ထိမှန်ကာ အတွင်းတွင် ပြင်းထန်သောလှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

ဒီပြဿနာက သူ့အတွက် အကြီးမားဆုံး နာကျင်စရာပင်..... ဖြေရှင်းရန် မျှော်လင့်ချက်တစ်စုံတစ်ရာရှိပါက ၎င်းကိုလုပ်ဆောင်ရန်အတွက် တောင်များနှင့်ပင်လယ်များကို ကျော်ဖြတ်ရပေမည်။

လီလော့က ပြန်မဖြေခင် လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"ဒေါ်လေးယွင့်၊ ကျွန်တော့်ကို ဆုံးဖြတ်ဖို့ အချိန်နည်းနည်းပေးပါ.....လော့လန်အိမ်တော် အခြေချဖို့ လိုတယ်....မိသားစုရဲ့ အခြေခံအုတ်မြစ်က မျိုးနွယ်စုနဲ့ မယှဉ်နိုင်ပေမယ့် ဒါဟာ ကျွန်တော့်မိဘတွေရဲ့ အသက်သွေးကြောမို့ပါ...."

လီရုန်ယွင့်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ လီလော့၏ နှလုံးသား လှုပ်ရှားနေပြီဖြစ်သည်ကို သူမသိသည်။

အတိုချုံးစကားစမြည်ပြောဆိုပြီးနောက် သူသည် စကားအနည်းငယ်ဖလှယ်ရန် ဒုကျောင်းအုပ်စုရှင်းနှင့်ယုဟုန်ရှိတို့ ဘက်သို့ လှည့်သွားသည်။ သူတို့နှစ်ယောက်လုံးမှာလည်း သူတို့ရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို အဆုံးစွန်ထိ ဖြေရှင်းနေရဆဲဖြစ်သောကြောင့် မကြာမီ ထွက်ခွာသွားကြသည်။

လီလော့က ကျေးဇူးတင်စကားပြောဖို့ ဒူဇီယန်ကိုလိုက်ရှာခဲ့သော်လည်း ထိုလူသည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားကြောင်း သဘောပေါက်ခဲ့ပြီး ထိုကျေးဇူးကို သူ့နှလုံးသားထဲတွင်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။

တစ်ဖက်တွင် လီရုန်ယွင့်သည် သူမ၏အကြည့်ကို ရှောင်တိမ်းရန်ကြိုးစားနေပုံပေါ်သည့် နွားသိုးကြီးပေါင်ပေါင်ထံချဉ်းကပ်ရန် အစပြုခဲ့သည်။

"နွားသိုးကြီးပေါင်ပေါင်...မတွေ့ရတာအတော်ကြာနေပြီပဲ....."

ထိုသို့နှုတ်ဆက်ရင် သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်ဖူးလာသည်။

နွားသိုးကြီးပေါင်ပေါင်က အရှက်ပြေ ချောင်းဟန့်လိုက်ပြီး... "မင်း ဒီလောက်မြန်မြန်ကြီး ဆဋ္ဌမအဆင့်မြို့စားအဆင့် ဖြစ်လာမယ်လို့ ငါမထင်ထားဘူး.....ငါတို့တွေ မူလကောင်းကင်တိုက်ကြီးကနေ ထွက်သွားတုန်းက မင်းက မြို့စားအဆင့်ကို ရောက်ခါစပဲရှိသေးတာ..."

လီရုန်ယွင့်သည် အပြုံးမဟုတ်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"အမှန်ပါပဲ၊ ရှင့် သာလွန်တဲ့ ခွန်အားတွေနဲ့ ကျွန်မကို လှည့်စားခဲ့တာကို မှတ်မိနေပါသေးတယ်"

အရှက်တရားက သူ့မျက်နှာကို လွှမ်းခြုံသွားသည်။ သူနှင့် လီတိုင်ရွှမ်တို့သည် ထိုနှစ်တွင် အခင်ဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြပြီး လီရုန်ယွင့်နှင့်တွေ့သောအခါ သူမသည် မြို့စားဖြစ်ခါစပင်ရှိသေးသည်။ ထို့ကြောင့် သူပျင်းသည့်အခါတိုင်း သူမကို နောက်ပြောင်တတ်သည်။ နောက်နှစ်အနည်းငယ်အကြာတွင် စနောက်ခဲ့ဖူးသောမိန်းကလေးသည် သူ့ထက်သာလွန်သော ဆဋ္ဌမအဆင့်သို့ ရောက်မည်ဟု ဘယ်သူက ထင်မည်နည်း။

"ရှင့်ရဲ့ စွမ်းအားအတက်အကျတွေက ဘာလို့ ဒီလောက်ထိ အားနည်းသွားရတာလဲ...ရှင်ထွက်သွားတုန်းက ဆဋ္ဌမအဆင့်မြို့စားဖြစ်ခဲ့ပြီး လူတိုင်းက ရှင့်ကို အရူးဘုရားရဲ့ ကွပ်မျက်သူဆိုပြီး ကြောက်ရွံ့ခဲ့ကြတာ... ရှင့်ရဲ့ ကျော်ကြားမှုက တိုက်ကြီးတစ်ခွင်လုံး ပျံ့သွားခဲ့တယ်လေ..."

နွားသိုးကြီးပေါင်ပေါင်က ခါးသီးစွာ ပြုံးလိုက်ပြီး....

"အဲဒီနှစ်တုန်းက လီတိုင်ရွှမ်နဲ့ ယတန်တိုင်လန် နှစ်ယောက်စလုံးကို လွတ်မြောက်အောင် ကာကွယ်ပေးခဲ့တယ်... ရလဒ်အနေနဲ့ ငါ့မြို့စားရဲတိုက်တွေ ပျက်စီးခဲ့တယ်... သေမင်းရဲ့တံခါးဝမှာ နှစ်ပေါင်းများစွာ ရုန်းကန်နေခဲ့ရတာမို့ နောက်ထပ် ဘယ်လို ရှေ့ဆက်နိုင်မှာလဲ....."

လီရုန်ယွင့် လုံး၀ ထိတ်လန့်သွားခဲ့သည်။ ခဏအကြာတွင် သူမ ဒေါသအမျက်ထွက်လာပြီး....

"ဒီလူယုတ်မာတွေက ရက်စက်လွန်းတယ်... နောက်ဆုံးတော့ တိုင်ရွှမ်ကပဲ အရှက်ကွဲပြီး ထွက်သွားဖို့ တွန်းအားပေးခံခဲ့ရတယ်..

. မဟုတ်ရင် သူ့ရဲ့ အရည်အချင်းနဲ့ဆို လူတိုင်းကို အချိန်အတော်ကြာအောင် နှိမ်နင်းနိုင်လိမ့်မယ်!"

နွားသိုးကြီးပေါင်ပေါင်က မျက်မှောင်ကြုတ်လိုက်ပြီး "အဲ့တုန်းက မကာကွယ်ပေးခဲ့ဘဲနဲ့ အခုမှ ဘာလို့ဒါတွေကိုပြန်ပြောနေတာလဲ....."

"ရှင် ကျွန်မကို ဘာလို့အပြစ်တင်နေတာလဲ...ဒါတွေ ကျွန်မတစ်ယောက်တည်းဆုံးဖြတ်နိုင်တယ်များထင်နေလား.... ဘိုးဘေးတွေ မျိုးနွယ်စုဆီပြန်မလာသေးတဲ့အချိန်မှာ နဂါးသွေးမျိုးနွယ်စုက တောင်တစ်ခုလုံးကိုတောင်ထိန်းချုပ်နေကြတာ....ဒါ့ပြင်က ကူကယ်ရာမဲ့နေတာတောင် နဂါးစွယ်မျိုးနွယ်စုက တိုင်ရွှမ်ထားခဲ့တဲ့ ဧရာမအရှုပ်အထွေးတွေကို ရှင်းပစ်ဖို့ကြိုးပမ်းနေရသေးတယ်...... တိုင်ရွှမ်ကို ကာကွယ်ဖို့ ဆန္ဒမရှိတတာ မဟုတ်ဘူး... "

လီရုန်ယွင့်က စကားတဝက်တပျက်နဲ့ နွားသိုးကြီးပေါင်ပေါင်ကို စိုက်ကြည့်နေသည်။

နွားသိုးကြီးပေါင်ပေါင်သည် မနီးမဝေးက လီလော့ကို ကြည့်ကာ အေးစက်စွာပြုံးလိုက်ပြီး..... "ဟုတ်ပါတယ်....မင်းက လီတိုင်ရွှမ်ကို ကာကွယ်ဖို့ ဆန္ဒရှိပေမယ့် တန်တိုင်လန်ကိုတော့ မကာကွယ်ပေးချင်ခဲ့ဘူးမလား?"

လီရုန်ယွင့် တိတ်ဆိတ်သွားသည်။

"ဟမ့်! လီတိုင်ရွှမ်ရဲ့ ပင်ကိုယ်စရိုက်ကြောင့် တန်တိုင်လန်ကို တစ်ယောက်တည်း စွန့်လွှတ်ပြီး ထွက်ပြေးဖို့ ဆန္ဒရှိမယ်လို့ မင်းထင်လား? သူဒီလိုလုပ်မယ်လို့ မင်းတကယ်ထင်ခဲ့သလား....နောက်ဆုံးတော့ သူအားလုံးကို မူလကောင်းကင်တိုက်ကြီးကနေ ထွက်ခွာဖို့ အတင်းအကြပ် ခိုင်းစေခဲ့တယ်....အဲဒီလူယုတ်မာတွေ ငါတို့ကို လိုက်ဖမ်းတော့ တန်တိုင်လန်မှာ ကိုယ်ဝန်ရှိနေပြီ!"

ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးရင်း ရန်သူတို့၏ သွေးချောင်းစီးသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ချိန်တွင် သုံးယောက်စလုံး ဒဏ်ရာ ပြင်းထန်စွာ ကျန်ရစ်ခဲ့သည်။ တန်တိုင်လန်ရဲ့ ကလေးတောင် ဒဏ်ရာ ရခဲ့ရှာသည်။

လီရုန်ယွင့် သက်ပြင်းချလိုက်သည်။ အခြေအနေက ရှုပ်ထွေးလွန်းသဖြင့် အခုပြောနေလို့လဲ အဓိပ္ပါယ်မရှိတော့ပေ။

"လူအိုကြီးက ဒီကိစ္စကို အမြဲစိုးရိမ်နေတယ်.. အားလုံးထဲမှာ တိုင်ရွှမ်ကိုအချစ်ဆုံးမို့ သူလွတ်မြောက်သွားတာသေချာတာနဲ့တောင်တန်းအုပ်ချုပ်မှုကောင်စီနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့တယ်....အဲဒီနောက် သူတို့နဲ့ ဆက်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်..သူလည်း တိုင်ရွှမ်အပေါ်အပြစ်ရှိနေသလိုခံစားနေရတယ်ထင်တယ်....... ကလေးမွေးတဲ့သတင်းကြားတော့ သူ့စိတ်ခံစားချက်တွေ သိသိသာသာကို တိုးတက်လာတယ်..... တကယ်တော့ လီလော့ရဲ့တည်ရှိမှုကို လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းက သိထားပေမယ့် လူအိုကြီးက ဒေါသတကြီး ဝုန်းဒိုင်းကြဲဖို့ တောင်တန်းအုပ်ချုပ်မှုကောင်စီကို သွားပြီး လီလော့ကို ပြန်ခေါ်ရမယ်လို့ ကြေငြာခဲ့တယ်လေ....အဲ့တာကြောင့် စောစောရောက်မလာနိုင်တာ.. တစ်စုံတစ်ယောက်သာ လီလော့ကို ဒုက္ခရောက်စေခဲ့လျှင် ဘိုးဘေးတွေနဲ့တွေ့ဖို့ ထျန်းယွမ်ကိုကိုယ်တိုင်သွားမယ်လို့တောင်ကြေငြာခဲ့သေးတယ်..အရှင်းဆုံးပြောရရင် အဲ့နှစ်တွေတုန်းကအခြေနေတွေက လူကြီးမျိုးဆက်တွေနဲ့သာ သက်ဆိုင်တယ်.... ငယ်ရွယ်သူတွေကို မဆီမဆိုင် အနိုင်ကျင့်မယ်ဆို နဂါးစွယ်မျိုးနွယ်ရဲ့အကြီးအကဲမှာ ဘုရင်အဆင့်တွေကို သတ်နိုင်တဲ့ အစွမ်းရှိမရှိကို မြည်းစမ်းခွင့်ရမှာဖြစ်ကြောင်း ကြေငြာခဲ့တယ်...”

လီရုန်ယွင့်က အခြေအနေကို အကုန်အစင်ရှင်းပြခဲ့သည်။

နွားသိုးကြီးပေါင်ပေါင်သည် အလွန်ခေါင်းမာသော အဘိုးအိုကို သတိရမိသည်... သူသည် အဖိုးအို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့်

စကားလုံးဝမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။

လီရုန်ယွင့်သည်လည်းဖြည်းညှင်းစွာ သက်ပြင်းချကာ လီလော့ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

"တကယ်တော့.... လူအိုကြီးကလည်း သူ့ရဲ့ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ မြေးကို တွေ့ချင်နေတာပါ..."

All Chapters