← Chapters

မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်.....

Vol. 52 Ch. 725

မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်.....

Vol. 52 Ch. 725

လော့လန်အိမ်တော်၏ ယာဉ်တန်းရှိ တဲတစ်ခုအတွင်းတွင်....

လီလော့သည် နွားသိုးကြီးပေါင်ပေါင်၊ လီရုန်ယွင့် နှင့် ချီချန်းတို့ကို မခေါ်မီ ဒုကျောင်းအုပ် စုရှင်းနှင့်ဌာနမှူးလင်းအား နေရာပေးရန် ကြင်နာစွာ ဖိတ်ကြားခဲ့သည်။ ၎င်းတို့သည် လက်ရှိတွင် အပြင်းထန်ဆုံး ကျွမ်းကျင်သူ သုံးဦးဖြစ်သည်။

" ချင်းအာရဲ့လောင်ကျွမ်းနေတဲ့အလင်းနှလုံးသားအတွက် ဖြေရှာလို့ရပြီလား...."

လီလော့ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် မေးလိုက်တော့သည်။

တဲရှိလူတိုင်းသည် ဒုကျောင်းအုပ်စုရှင်းအား အံ့သြစွာကြည့်နေကြသည်။

လူတိုင်း၏ ဆန်းစစ်မှုအောက်တွင် သူမ ခေါင်းညိတ်လိုက်ပြီး....

"တကယ်တော့ အဖြေတစ်ခုရှိတယ်.... ဒါပေမယ့်ဌာနမှူးလင်းနဲ့ သက်ဆိုင်နေတယ်...."

"ဌာနမှူးလင်းက ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေဖော်စပ်ရာမှာသုံးဖို့ အရင်းမြစ်တွေစုဆောင်းဖို့ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက အဝေးကိုရောက်နေခဲ့တယ်.....ကောလိပ်မှာ အကြပ်အတည်းကြုံလာတဲ့အခါ သူ့ဆီလှမ်းဆက်သွယ်တေယ့ အမြန်ပြန်လာခဲ့တယ်.... ငါ ကျန်းချင်းအာ ရဲ့ အခြေအနေကို ရှင်းပြလိုက်တော့ သူက အကြံပြုချက်တစ်ခု ပေးခဲ့တယ်...."

" ဒါအမှန်လားဟင်..."

လီလော့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။လင်းကျောက်ယင်၏ တည်ရှိမှုသည် ကောလိပ်ရှိ ကျောင်းသားအများစုအတွက် အရေးမပါပေ။ ထို့အပြင်၊ သူမသည် ပဲ့တင်ထပ်သံပြုပြင်ခြင်းခန်းမတွင် ဌာနမှူးတာဝန် ယူထားသောကြောင့် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။ ပုံမှန်အားဖြင့် သူမသည် နေ့စဥ်လုပ်ဆောင်မှုများတွင် မပါဝင်ဘဲ ဝိညာဉ်ရည်များနှင့်သန့်စင်သော အလင်းများကို သန့်စင်ခြင်းဆိုင်ရာ သုတေသနပြုခြင်းတို့ကို အာရုံစိုက်ကာ အချိန်ကုန်ခဲ့သည်။

ကျောင်းအုပ်ကြီးဖန်က အခက်အခဲများစွာဖြင့် သူမကိုခေါ်ယူထားကြောင်း ကောလဟာလများ ထွက်ပေါ်နေပါသည်။

ဒါက ပုံမှန်ပင်.... သူမ၏ တိုက်ခိုက်ရေးစွမ်းရည်အကြောင်းထည့်မစဉ်းစားလျှင်တောင် သူမသည် အဆင့်ရှစ်ပဲ့တင်ထပ်သံပြုပြင်သူဖြစ်သည်။ ဤအရာသည် ရှပြည်ထောင်စု၏ ၏ပဲ့တင်ထပ်သံပြုပြင်သူလောကတစ်ခုလုံးကို ငုံ့ကြည့်နိုင်ဖို့ လုံလောက်ပါသည်။ သူမ၏ အရည်အချင်းနဲ့သာဆို အလယ်ပိုင်းကုန်းမြေတွင်ပင် သာယာဝပြောသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။

လီလော့၏မျှော်လင့်ချက်အကြည့်နှင့် ရင်ဆိုင်ရသောအခါလင်းကျောက်ယင် သက်ပြင်းမချမီ ပြုံးလိုက်သည်။

"ကောလိပ်နဲ့ ရှပြည်ထောင်စုက နှစ်လအတွင်းမှာ ဒီလိုကပ်ဆိုးကြီးကြုံလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ၊ အဘိုးကြီးဖန်က တကယ်ကို တွက်ချက်မှု လွဲချော်ခဲ့တယ်....."

ကြယ်တာယာခရီးရှည်ကောလိပ် တစ်ခုလုံးတွင် ကျောင်းအုပ်ကြီးကို အဘိုးကြီးဟု ခေါ်ရလောက်အောင် ရဲရင့်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ သူမ ဖြစ်ကောင်းဖြစ်နိုင်သည်။

လင်းကျောက်ယင်သည် လီလော့ အနားရှိ ကျန်းချင်းအာကို မျက်နှာမူကာ... "ချင်းအာ၊ မင်းက နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအဆင့်ကိုးအလင်းနှလုံးသားကိုစတေးခဲ့သူပါ.... ဒုကျောင်းအုပ်ကြီးစုရှင်းဆီဒီအကြောင်း ကြားရတော့ မင်းအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်...."

ချင်းအာက ...."ဌာနမှူးလင်း... လီလော့က ကျွန်မအတွက် အလင်းနှလုံးသားထက် ပိုအရေးကြီးတယ်...စတေးခဲ့တဲ့အတွက် နောင်တရစရာ မရှိပါဘူး....."

လီလော့ မျက်နှာကို ကုတ်လိုက်သည်။ မည်သို့ပင်အရေထူစေကာမူ သူမ၏ရဲရင့်သောစကားကြောင့် သူ့မျက်နှာ နီရဲနေလေသည်။

"ချစ်ချင်မုန်း မုန်းချင်စိတ်ရှိတဲ့နင့်ကို တကယ်အားကျမိတယ်... "

လင်းကျောက်ယင်သည် ချီးမွမ်းခြင်း အပြည့်နှင့် သူမ၏ မျက်လုံးထဲတွင် လေးမြတ်မှုများ ပို၍ တိုးလာခဲ့သည်။

"ဌာနမှုးလင်း..." လီလော့က စိတ်မရှည်စွာ ကြည့်နေခဲ့ပြီး ကျန်းချင်းအာကို ကယ်တင်ရန် အဖြေကို စောင့်မျှော်နေချိန်တွင် မျှော်လင့်ချက်ပြည့်နှက်နေသည်။

"နင့်ရဲ့ အလင်းနှလုံးသားလောင်ကျွမ်း ငါကိုယ်တိုင် တားနိုင်စွမ်းမရှိဘူး၊ ဒါပေမယ့် လုပ်နိုင်တဲ့နေရာကို ငါသိတယ်...သူတို့ကတော့ သေချာပေါက် လုပ်နိုင်တယ်"

"ဘယ်နေရာလဲ?" လီလော့ ချက်ချင်းမေးလိုက်သည်။

"မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်....."

"မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်?"

နာမည်ပြောပြီးချိန်မှာတော့ တဲထဲကလူတွေအားလုံး တယောက်ကိုတယောက် ကယောင်ကတမ်းနဲ့ ကြည့်နေကြသည်။

"ဒါက အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ ရှေးဟောင်းကောလိပ်ပဲလား...."

လီရိုယွန်းကလည်း မေးလိုက်သည်။

လီလော့နှင့်ကျန်းချင်းအာကိုကြည့်ရင်း စုရှင်းက ခေါင်းညိတ်လိုက်သည်။

"မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်က ထိပ်တန်းကောလိပ်တစ်ခုပါ...ဒီကောလိပ်က ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချူပ်ကို တည်ထောင်သူများထဲကတစ်ခုဖြစ်တယ်....ဒါကြောင့် သူတို့ရဲ့အမွေအနှစ်တွေက မှန်းဆမရအောင်များပြားလွန်းတယ်....ဒါြအပြင် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်က အလင်းပဲ့တင်ထပ်သံစွမ်းအားရှိသူတွေအတွက် အထူးပြုထာသတာဆိုတော့ ရှုထောင့်တစ်ခုကနေကြည့်ရင် ဒါဟာ ချင်းအာအတွက် အလွန်သင့်လျော်တဲ့ နေရာတစ်ခုပဲ.... ကောလိပ်မှာရှိတဲ့ ပါရမီရှင်တွေရဲ့ ပမာဏဟာ တိမ်တွေလိုများပြားပေမယ့် ချင်းအာရဲ့ အရည်အချင်းနဲ့သာဆို အဲဒီနေရာမှာ သေချာပေါက် တောက်ပနေနိုင်မယ်လို့ ယုံကြည်တယ်...."

ဌာနမှူးလင်းကလည်း.... "မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်မှာ ဆန်းကြယ်တဲ့ ရောင်ခြည်ရေအိုင်ရှိတယ်.... အဆင့်မြင့်တဲ့ ရှန်းလိသစ်ပင် မျိုးစေ့တွေကို ပြင်ပကမ္ဘာမှာ မစိုက်ပျိုးခင် ရောင်ခြည်ရေအိုင်ထဲမှာအရင် သန့်စင်ထားရတယ်....အဲဒါက ကျန်းချင်းအာရဲ့အသက်ကို ကယ်တင်နိူင်မယ့်နည်းလမ်းပဲ...."

"ရောင်ခြည်ရေအိုင်..."

လီလော့၏အကြည့်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များတောက်ပလာချေပြီ။

ကျန်းချင်းအာကို ကောင်းကင်ဧကရာဇ်လီထံသို့ ခေါ်ဆောင်ရန် အစီအစဉ်ရှိသော်လည်း သုံးလအတွင်း အဖြေရှာနိုင်မည်လား မသိနိုင်ပေ။ တစ်ဖက်တွင် လင်းကျောက်ယင် ၏ဖြေရှင်းချက်သည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည်။

ထို့နောက် သူသည် လီရုန်ယွင့်ဘက်သို့ လှည့်ကာ သူမထံမှ အတည်ပြုချက်တစ်စုံတစ်ရာရရန် မျှော်လင့်သည်။ အမှန်တော့ သူမသည် အလယ်ပိုင်းကုန်းမြေမှလာသူဖြစ်သောကြောင့် ဒီအကြောင်းကို သူ့ထက် သေချာပေါက် ပိုသိပေမည်။

လီလော့၏မျှော်လင့်ထားသောအကြည့်နှင့်ရင်ဆိုင်ရသောအခါ လီရုန်ယွင့်က....

"မြင့်မြတ်သောအလင်းတော်ကောလိပ်မှာ ရောင်ခြည်ရေအိုင် ရှိတယ်၊ ဒါပေမယ့် အဲဒါက ကောလိပ်အတွက် မြင့်မြတ်တဲ့နေရာလို့ ငါကြားဖူးတယ်...သာမာန်လူတွေသုံးဖို့ ပေါ့ပေါ့တန်တန်ဖွင့်ထားမှာမဟုတ်ဘူး.....ရောင်ခြည်ရေအိုင်ကို ငှားချင်ပေမယ့် ကောလိပ်က ပယ်ချခဲ့တဲ့ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိသူတစ်ယောက်အကြောင်း ကြားဖူးတယ်...."

နောက်ဆုံးတွင် လီရုန်ယွင့် အတည်ပြုလိုသည်မှာ ကျန်းချင်းအာသည် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်သို့သွားလျှင်ပင် သူမကိုကယ်တင်ရန် ရောင်ခြည်ရေအိုင်ကို အသုံးပြုနိုင်ဖို့မလွယ်နိုင်ပေ။

"တကယ်တော့၊ သာမန်လူတစ်ယောက်အတွက် ကောလိပ်ရဲ့ ရောင်ခြည်ရေအိုင်ကို အသုံးချဖို့ ခွင့်မပြုထားဘူး.... ဒီလိုလုပ်ဖို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ဖြည့်ဆည်းပေးရမယ်..... သူတို့ဟာ ဘုရင်အဆင့်ဖြစ်ရင်တောင် ဒါက မပြောင်းလဲနိုင်တဲ့ စည်းမျဉ်းတစ်ခုပဲ" ဟုလင်းကျောက်ယင်က ရှင်းပြသည်။

"ဘယ်လိုသတ်မှတ်ချက်မျိုးလဲ"

လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ရှင်တောင်အငြင်းခံရတယ်ဆို လိုအပ်ချက်တွေက ဘယ်လောက် ပြင်းထန်လိုက်မလဲ....

"သတ်မှတ်ချက်နှစ်ခုက တစ်ဦးချင်းပေါ်မူတည်ပြီး အလွန်ရိုးရှင်းနိူင်သလို အလွန်ခက်ခဲနိုင်တယ်...."

"ကံကောင်းတာက မင်းအရင်က ပိုင်ဆိုင်ထားတာဖြစ်ကောင်းဖြစ်မယ်....."

လီလော့ နှင့် ကျန်းချင်းအာ နှစ်ဦးစလုံးသည်လင်းကျောက်ယင်ကို ပဟေဠိဆန်ဆန်အပြောကြောင့် အနည်းငယ် အံ့သြသွားကြသည်။

" ရောင်ခြည်ရေအိုင်ကိုဖွင့်ချင်ရင် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးပိုင်ဆိုင်ထားရမယ်...."

လီလော့ ရင်ထဲမှာ ပျော်ရွှင်မှုတွေ တဟုန်ထိုး တိုးဝင်လာသလို ခံစားလိုက်ရသည်။ ရိုးရှင်းသောအလုပ်ဖြစ်မည်ဟု သူမပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူနှင့် ကျန်းချင်းအာ တို့သည် ရှန့်ပိန်းတွေ့ဆုံပွဲတွင် ခရမ်းရောင်ရင်ထိုး တစ်ခုစီ ရယူနိုင်ခဲ့ကြသည်။

ဤစံနှုန်းများသည် အချို့သောသူများအတွက် အမှန်တကယ်ပင် အလွန်ကြမ်းတမ်းပါသည်။ သူနှင့် ကျန်းချင်းအာသာလျှင် ရှန့်ပိန်းတွေ့ဆုံပွဲ၌ ခရမ်းရောင်ရင်ထိုးရယူနိုင်ခဲ့သည်။

" ရှန့်ပိန်းတွေ့ဆုံပွဲကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှသာ ကျင်းပခဲ့ပေမယ့် ဒါကလည်း ဗဟိုကျောင်းသားသမ္မဂ္ဂက ချမှတ်ထားတဲ့ ပြိုင်ပွဲတစ်ခုပဲလေ.... ချင်းအာက စည်းမျဉ်းတွေကို လိုက်နာပြီး ခရမ်းရောင်ရင်ထိုးရယူနိုင်ခဲ့တယ်.... ဒါကြောင့်ရှေးဟောင်းကေယလိပ်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့တယ်...." ဒုကျောင်းအုပ်စုရှင်းက ပြုံး၍ရှင်းပြပေးခဲ့သည်။

"ခရမ်းရောင်ရင်ထိုးနဲ့သာဆို ချင်းအာက မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်...."

လင်းကျောက်ယင် ခေါင်းညိတ်လိုက်ပြိး....

"အင်း...ဒါကလွဲရင် တခြားအခြေအနေတစ်ခုရှိသေးတယ်.... မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်ဖို့လိုသေးတယ်.... ကျန်းချင်းအာသာ ငါနဲ့အတူ မြင့်မြတ်သောအလင်းတော်ကောလိပ်ကိုလိုက်ခဲ့မယ်ဆို မင်းရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေနဲ့ ကောလိပ်က သူ့ကို ဝင်ခွင့်ပေးဖို့ ပံ့ပိုးပေးလိမ့်မယ်....နောက်ပြီး ကျင့်ကြံဖို့ ထျန်းရှင်းခန်းမထဲကိုတောင် ဝင်လို့ရနိုင်တယ်...."

"ထျန်းရှင်းခန်းမ?"

"ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကြယ်တစ်ပွင့်၊နှစ်ပွင့်ခန်းမတွေရှိသလို ရှေးဟောင်းကောလိပ်ရဲ့ ထူးခြားချက်က ပိုလို့တောင် ထင်ရှားတယ်....ကြယ်လေးပွင့်ခန်းမ အထက်က ကျောင်းသားတွေကိုလည်း အဆင့်များစွာ ခွဲခြားထားသေးတယ်.... ထျန်ရှင်းခန်းမကိုဝင်ခွင့်ရသူတိုင်းကို မြို့စားဖြစ်နိုင်ချေရှိတယ်လို့သတ်မှတ်ကြတယ်...."

လီလော့နှင့်ကျန်းချင်းအာတို့ တုန်လှုပ်သွားသည်။ ဒါက ရှေးဟောင်းကောလိပ်နဲ့ အဆင့်မြင့်ကောလိပ်တို့ရဲ့ ကွာခြားချက်ပဲလား။

လီလော့ အနည်းငယ် တုန်လှုပ်သွားသော်လည်း..... "ကျေးဇူးတင်ပါတယ်ဌာနမှူးလင်း... မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ရဲ့ရောင်ခြည်ရေအိုင် က ချင်းအာ ရဲ့ အလင်းနှလုံးသားပြသာနာကို ဖြေရှင်းပေးနိုင်ရင်၊ ကျွန်တော်တို့ အဲဒီကို သွားဖို့ ဆန္ဒရှိပါတယ်!"

လီရုန်ယွင့် ထိုစကားကိုကြားသောအခါ အနည်းငယ်စိုးရိမ်သွားသည်။ ဒီကလေးက သူ့နောက်ကို လိုက်ခဲ့သင့်တာ မဟုတ်လား? ရှေးဟောင်းကောလိပ်သို့ဝင်ရောက်ရန် ရုတ်တရက်ထွက်ပြေးဖို့ မည်သို့ဆုံးဖြတ်ခဲ့သနည်း။

လင်းကျောက်ယင်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

"လီလော့၊ ငါ ချင်းအာကိုပဲ ခေါ်သွားလို့ရမယ်.... ငါ့မှာ အမည်စာရင်းတစ်ခုပဲရှိတယ်......"

All Chapters