← Chapters

ရွေးချယ်မှု.........

Vol. 52 Ch. 726

ရွေးချယ်မှု.........

Vol. 52 Ch. 726

"ဌာနမှူးလင်း... ချင်းအာတစ်ယောက်ပဲ မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်ကို ဝင်နိုင်တယ်လို့ ဆိုလိုတာလား....."

လီလော့၏ မျက်လုံးများ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေပြီး သူ့မျက်နှာပေါ်တွင် အနည်းငယ် ရုပ်ဆိုးသော အမူအရာ ရှိသည်။ ဒီရလဒ်က သူ့မျှော်လင့်ချက်အတိုင်းမဟုတ်သဖြင့် ချက်ခြင်းခေါင်းခါပြလိုက်သည်။

"မရဘူး...ချင်းအာကို တစ်ယောက်တည်း လွှတ်ရမှာ စိတ်မချဘူး..... ကောလိပ်တက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ထောက်ခံချက်တစ်ခုနဲ့ ဖြစ်နိုင်ပါ့မလား....အလယ်ပိုင်းကုန်းမြေမှာတောင် ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ပြည့်နှက်နေတယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ အရည်အချင်းတွေက သူတို့နဲ့ ယှဉ်ရင် သိပ်မဆိုးဘူးလို့ယုံကြည်တယ်..... ကိုယ့်ကိုကိုယ်အထင်ကြီးနေတာမဟုတ်ပေမယ့် အနည်းဆုံးတော့ ရှေးဟောင်းကောလိပ်တစ်ခုတက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မထင်ဘူးလား"

လီလော့ တွန့်ဆုတ်မှုအပြည့်ဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ သူသည်လည်း ခရမ်းရောင်ရင်ထိုးကိုင်ဆောင်ထားသူဖြစ်ပြီး ရှန့်ပိန်းတွေ့ဆုံပွဲတွင် အနည်းငယ်ချို့တဲ့နေသော်လည်း ၎င်းကို လျစ်လျူရှုထားရမည့်အရာမဟုတ်ပေ။

သူသည် ပဲ့တင်ထပ်သံသုံးခု အသုံးပြုသူလည်းဖြစ်သည်။ အရည်အချင်းနှင့် ရှားပါးခြင်း၏ ရှုထောင့်မှကြည့်လျှင် အဆင့်ကိုး ပဲ့တင်ထပ်သံထက် နိမ့်ကျမနေသင့်ပေ။

"ဒုကျောင်းအုပ်ကြီး စုရှင်းက မင်းရဲ့ ပဲ့တင်ထပ်သံတွေအကြောင်း ပြောပြတယ်...

မင်းမှာ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းတွေ တကယ်ရှိတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းဟာ ရှေးခေတ်ကောလိပ်ရဲ့ အဆင့်တွေထဲမှာ တစ်နေရာရခဲ့မယ်ဆိုရင် မင်းဟာ တုနှိုင်းမရတဲ့ ပါရမီရှင် ဖြစ်လာမှာ သေချာပါတယ်....ပုံမှန်ဝင်ခွင့်ရာသီရောက်ရင် မင်းကိုသေချာပေါက်လက်ခံမှာပါ"

ထို့နောက်လင်းကျောက်ယင်က အားကိုးရာမဲ့ ပြုံးပြလိုက်သည်။

"ဒါပေမယ့်၊ မင်း အခု နှစ်လယ်ကနေ ကောလိပ်တက်ဖို့ ကြိုးစားနေတာ.... ဒါကြောင့် အမည်စာရင်း တင်သွင်းဖို့ လိုတယ်၊ ဒါက ကောလိပ်ရဲ့ စည်းကမ်းပဲ။....အဲဒါကို ငါလည်း မပြောင်းလဲနိုင်ဘူး....."

လီလော့ ထိုစကားကိုကြားတော့ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူ့မှာ ပဲ့တင်ထပ်သံ သုံးဆခုရှိတယ်။ ဒါက ခြွင်းချက်ပေးဖို့ မထိုက်တန်ဘူးလား......

သို့သော်လည်း အခြားရှုထောင့်မှကြည့်လျှင် မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်သည် ဗဟိုကျောင်းသားသမဂ္ဂ၏ တည်ထောင်သူများထဲမှ တစ်ခုဖြစ်သည်။ သူတို့မှာ ဘယ်သူမဆို စိတ်ကူးထားတာထက် ပိုနက်နဲတဲ့ အခြေခံအုတ်မြစ်တစ်ခုရှိပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ပေါများနေမည်သာ...ပဲ့တင်ထပ်သံသုံးခု အသုံးပြုသူသည် ရှားရှားပါးပါး တွေ့ရခဲသော်လည်း ၎င်းတို့၏စိတ်ကို ပြောင်းလဲရန် မလုံလောက်ပေ။ ၎င်းတို့သည် ရှေးခေတ်မဟာအင်အားစုများဖြစ်ကြပြီး ယနေ့အထိ ၎င်းတို့၏အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်စေသည့် စည်းမျဉ်းများနှင့်ပတ်သက်၍ အထူးပင်တင်းကြပ်ထားလိမ့်မည်။

"တကယ်လို့ ကျွန်တော်သာ မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ကို မ၀င်နိုင်ရင် ပိုက်ဆံရှာတဲ့ ကောလိပ်အပြင်မှာ အချိန်တွေ ဖြုန်းပစ်လိုက်မယ်!"

လီလော့က ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်သည်။

လင်းကျောက်ယင် ရယ်ရမလား ငိုရမလားမသိတော့ပေ။

လီရုန်ယွင်က ခေါင်းကို အမြန်ခါလိုက်ပြီး....

"မဟုတ်ဘူး၊ မင်းမလုပ်နိုင်ဘူး!ဒါက မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကို နှောင့်နှေးစေလိမ့်မယ်.... မင်းက ငယ်သေးတယ်....ရှိတဲ့အချိန်ကို ကောင်းကောင်းအသုံးချပါ.... မင်းရဲ့စွမ်းရည်တွေကို မဖြုန်းတီးလိုက်နဲ့....!"

ကျန်းချင်းအာသည်ပင်လျှင်.... "လီလော့၊ နင့်ရဲ့ခန္ဓာကိုယ်အခြေအနေတွေကို လျစ်လျူရှုထားလို့မရဘူး.... မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ကို တကယ်သွားပြီး မဝင်နိုင်ရင် တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးပစ်ရာကျလိမ့်မယ်.... ဒီအတိုင်းဆို ငါလည်းသွားစရာ မလိုတော့ဘူး...."

"ကောင်းပြီ...ငါလည်းနင်နဲ့မခွဲနိုင်ဘူး...ဒါ့ကြောင့်ငါတို့နှစ်ယောက် အလယ်ပိုင်းကုန်းမြေကိုသွားပြီး အဖြေရှာကျမယ်...."

လီလော့ ခေတ္တတိတ်ဆိတ်သွားလေ၏။ ချင်းအာမှာ အချိန်သုံးလပဲ ကျန်တော့တယ်.... ဒါက အသက်ရှူရခက်တယ်လို့ ခံစားရစေလောက်အောင် မွန်းကြပ်ဖွယ်ကောင်းလွန်းတယ်.... အဲဒီမှာ အဖြေတစ်ခုကို ရှာတွေ့နိုင်မယ်လို့ အာမခံချက်မရှိသလို ဘယ်ကနေစရှာရမှန်းတောင် မသိဘူး။ ရှုံးနိမ့်ခြင်း၏စျေးနှုန်းသည် သူသည်းမခံနိုင်သော အရာဖြစ်နေသည်။

သူသည် ကျန်းချင်းအာ၏ မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

"လီလော့၊ မူလကောင်းကင်နတ်ဘုရားတိုက်ကြီးဟာ အလယ်ပိုင်းကုန်းမြေမှာပဲရှိနိုင်တယ်.... ဒါပေမယ့် နင့်မှာ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး။ ကျန်းချင်းအာရဲ့ဘဝက စွန့်စားရမယ်ဆိုတာ မင်းစဉ်းစားရမယ်....မင်းရွေးချယ်မှုတစ်ခုလုပ်ရမယ်...."

လင်းကျောက်ယင်၏ အကြည့်များပိုမို လေးလံလာသည်။

"မင်းတို့နှစ်ယောက်ကို ခွဲလို့မရမှန်း ငါသိပါတယ်၊ ဒါပေမယ့် အရေးကြီးတာကိုသေချာသိသင့်တယ်.... ယာယီခွဲခွာခြင်းကိုရွေးမလား ဒါမှမဟုတ် ထာဝရတည်မြဲနေနိုင်တဲ့အရာကို ရွေးချယ်မှာလား....."

ဒုကျောင်းအုပ်စုရှင်းကလည်း..... "လီလော့.... မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်က လူသားမျိုးနွယ်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့နယ်မြေတွေထဲ တစ်ခုပါ... ချင်းအာသာ အဲ့ကိုရောက်သွားရင် လက်ရှိ အခြေအနေကို ဖြေရှင်းရုံသာမက သန်မာဖို့အတွက် အရင်းအမြစ်တွေကို ချေးငှားနိုင်မှာပါ.... သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် မြ်ို့စားအဆင့် ကို နှစ်နှစ်အတွင်းမှာ ရောက်ရှိနိုင်မှာသေချာတယ်....."

ကျန်လူများက အပိုစကားမပြောဘဲ လီလော့ကို လှမ်းကြည့်ကာ သူ၏နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်နေသည်။

သူ့အမူအရာက ရှုပ်ထွေးနေဆဲဖြစ်ပြီး နောက်ဆုံးတွင် စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။

"ဌာနမှူးလင်း... ချင်းအာ ကောလိပ်တက်ရင်၊ အလင်းနှလုံးသားကို ကုစားနိုင်မယ့် အခွင့်အရေးရှိမှာလား....."

လင်းကျောင်ယင်က ခေါင်းညိတ်လိုက်ပြီး...

" ရောင်ခြည်ရေအိုင်ရဲ့လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးအချက်က အလင်းနှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးတောက်တွေကို ငြိမ်းသတ်နိုင်စေခြင်းပဲ...ဒါ့အပြင် မီးတောက်တွေကို ငြိမ်းသတ်ခြင်းက အလွန်နူးညံ့သိမ်မွေ့ပြီး အကျိုးကျေးဇူးတွေတောင်ရနိုင်သေးတယ်...ချင်းအာက အဆင့်ကိုးအလင်းနှလုံးသားကို ပထမဆုံးစတေးခဲ့သူမှမဟုတ်တာ..... ဒါပေမယ့် မီးတောက်ကို ငြိမ်းသတ်ရုံနဲ့ သူ့အသက်အန္တရာယ်ကို ချက်ချင်း ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်း သတိထားရမယ်.... .သူမရဲ့အလင်းနှလုံးသားက အချိန်အတော်ကြာ ပူလောင်နေတာကြောင့် သူမရဲ့ ခန္ဓာကိုယ်ဟာ သေချာပေါက် ဒဏ်ရာရနေခဲ့ပြီ..... သူမအနေနဲ့ ဒီနောက်ဆက်တွဲပြသာနာကနေ ပြန်လည်ကောင်းမွန်ချင်တယ်ဆိုရင် နောက်ထပ်ကုသမှုတွေ လိုအပ်လိမ့်မယ်..... အရေးကြီးဆုံးကတော့ သူမဟာ ဘုရင်အဆင့်ရတနာတွေ လိုအပ်နိုင်တယ်...."

"ဘုရင်အဆင့် အလင်းပဲ့တင်ထပ်သံ ရတနာ..?"

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့သော သဘာဝရတနာများသည် ရှားပါးပြီး ရှာဖွေရခက်သည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါသော ရတနာများကို ရှပြည်ထောင်စုတွင် ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ ပေါ်လာနိုင်သည်။ ၎င်းတို့သည် မြို့စားများအတွက် များစွာအကျိုးရှိပြီး ထိုအဆင့်ရှိ ကျွမ်းကျင်သူများပင် ၎င်းကို လိုချင်ကြပေမည်။

လီရုန်ယွင့်က ထိုအချိန်တွင် ကမန်းကတန်း အော်ဟစ်လိုက်သည်။

"ငါတို့မျိုးနွယ်စုရဲ့ ရတနာမဏ္ဍပ်မှာ အမှတ်အသားကိုးခုကြာပန်းတစ်ခုရှိတယ်....ဒါကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘိုးဘေးတွေဆီ ပြန်ပေးခဲ့တာမို့ ဌာနမှူးလင်းပြောတဲ့အချက်နဲ့ကိုက်ညီနေတယ်...."

"မင်းတို့နှစ်ယောက် လမ်းခွဲပြီး အမှီအခိုကင်းစွာ အလုပ်လုပ်နိုင်မယ်ထင်တယ်....ချင်းအာက တောက်လောင်နေတဲ့ အလင်းနှလုံးသားကို ငြှိမ်းသတ်ဖို့အတွက် ကောလိပ်ကို ပြန်သွားနိုင်ပြီး မင်းက ရတနာကို ရအောင်ရှာဖို့ နည်းလမ်းရှာသင့်တယ်....."

ခေါင်းမာသော လီလော့သည် မျိုးနွယ်စုသို့ပြန်သွားရန် ဆန္ဒမရှိသည့်အတွက် သူမပို၍ စိုးရိမ်နေမိသည်။ ထိုအချိန်တွင် သူမသည် သူမ၏တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်မည်မဟုတ်တော့ပေ။

ဒီစကားကြားတော့ လီလော့က သံသယစိတ်နဲ့ .... "ဒေါ်လေးယွင့် ကျွန်တော့်ကို ဆွဲထားဖို့ကြိုးစားနေတာလား....."

" ငါအမှန်တိုင်းပြောနေတာ.....ငါတို့ရတနာမဏ္ဍပ်မှာ ဒီရတနာတကယ်မရှိရင် မင်းငါ့ကို ကြိုက်သလိုအပြစ်တင်နိုင်တယ်..."

လီလော့ ရှိုက်ကြီးတငင် ပြုံးပြီး သက်ပြင်းချလိုက်သည်။ သူမ ဤမျှလောက်အထိ လျှောက်လှမ်းလိုစိတ်ရှိသောကြောင့် သူဘာပြောနိုင်မည်နည်း။

"အမှတ်အသားကိုးခုကြာပန်းကိုရတဲ့အခါ၊ မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်ကို တိုက်ရိုက်ပို့ပေးလို့ရမလား...ဒါက ချင်းအာ ပြန်ကောင်းလာဖို့ လိုအပ်တဲ့အချိန်ကို လျှော့ချပေးမှာလား...."

"ဒါက ဘာပြဿနာမှ မရှိပါဘူး..မူလကောင်းကင်တိုက်ကြီးမှာ ရှန်းလိသစ်ပင် ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းကောလိပ်တစ်ခုရှိတယ်... အဲဒီသစ်ပင်က ရှေးဟောင်းကောလိပ်တွေရဲ့ တခြားသစ်ပင်တွေနဲ့ အထူးချိတ်ဆက်ထားပြီး သယ်ယူပို့ဆောင်နိုင်တယ်....” ဟုဌာနမှူးလင်းက ရှင်းပြခဲ့သည်။

ဤတုံ့ပြန်မှုကြောင့် လီလော့ နှုတ်ဆိတ်နေခဲ့သည်။

"မင်း ဆုံးဖြတ်ချက်ချပြီးပြီလား၊ ငါတို့ နှောင့်နှေးလို့ မရတော့ဘူး..."

ဒုတိယကျောင်းအုပ်ကြီးစုရှင်းက သူမလက်ကို ဝှေ့ယမ်းကာ စကားဆက်ပြောရန်မလိုတော့ဘဲ လင်းကျောက်ယင်ကို တဲအပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

လီလော့သည် ကျန်းချင်းအာကို နာကျည်းစွာ ပြုံးပြလိုက်ပြီး.... "ဘယ်လိုထင်လဲ...ချင်းအာ"

သူမ ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။

"နင်နဲ့အတူနေချင်တာတော့ သေချာတယ်..... ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်က နင့်အဖေရဲ့ မျိုးနွယ်ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ရိုးရှင်းလွန်းပြီး အကျိုးစီးပွားတွေ အရမ်းများနေတယ်.... နင့်ကို မရေမတွက်နိုင်တဲ့ ငြင်းခုံမှုတွေထဲ ဆွဲသွင်းခံရမှာကို ငါကြောက်တယ်....နင် အနိုင်ကျင့်ခံနေရမှာလဲ စိုးရိမ်တယ်...."

"မင်းက ငါ့ကို ကလေးလို ဆက်ဆံနေသေးတားလား ဟမ်!"

လီလော့က ချင်းအာ၏ သွယ်လျသော ကျောက်စိမ်းလက်များကို ဆုပ်ကိုင်လိုက်သည်။

ကျန်းချင်းအာသည် လီလော့ ၏ ချောမောသော မျက်နှာကိုကြည့်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပွေ့ဖက်လိုက်လေသည်။

"လီလော့...နင့်ကို မျိုးနွယ်စုထဲက တစ်ယောက်ယောက် အနိုင်ကျင့်ရင် ငါ့ကိုပြော..ငါ လာရိုက်ပေးမယ်....."

ကျန်းချင်းအာက လီလော့၏ ပုခုံးကို မှီနွဲ့၍ လွှမ်းမိုးချုပ်ကိုင်ထားသော စကားလုံးများကို ပေါ့ပေါ့တန်တန် ပြောနေပါသည်။

လီလော့ ရယ်ရမလား ငိုရမလား မသိတေယ့ပေ။

"ငါတို့နှစ်ယောက်က နေရာလွဲနေသလိုပဲ...."

သူမကို ကာကွယ်ပေးပြီး ထိုစကားအတိုင်းများကို သူကသာ ပြောနေသင့်သည် မဟုတ်လော။ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုပြောင်းပြန်ဖြစ်နေခဲ့တာလဲ.....

သို့သော်၊ ကျန်းချင်းအာ၏စကားများမှတဆင့် သူမ၏ရွေးချယ်မှုကို သိရှိနိုင်သည်။

ထို့ကြောင့် သူ့လက်ကို ဆန့်တန်းကာ သူမ၏ သေးသွယ်သော ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရှည်လျားသော ဆံပင်ရှည်များကို မက်မောစွာနမ်းရှိုက်လိုက်သည်။

ရင်းနှီးသောရနံ့ကို သူ့နှလုံးသားထဲတွင် ထာဝစဉ် မှတ်သားထားရန် ကြိုးစားနေပုံရသည်။

ကျန်းချင်းအာက ခပ်သော့သော့ရယ်မောလိုက်ပြီး.... "လီလော့၊ နင် ငါနဲ့ လောင်းချင်လား..."

"ဘာလဲ?"

လီလော့က ခေါင်းမော့ကြည့်လိုက်တော့ ရယ်မြူးရိပ်သန်းနေသော မျက်ဝန်းတစ်စုံနှင့်တွေ့ဆုံခဲ့သည်။

" မြ်ို့စားအဆင့်ကို ဘယ်သူအရင်ရောက်မလဲဆိုတာ လောင်းကြည့်ရအောင်...."

"ဒါက တရားမျှတမှု မရှိဘူး....တစ်ခါတလေလေးများငါ့ကို ဦးဆောင်ခွင့်ပေးပါဉီးလား..."

ကျန်းချင်းအာ၏ ဖြူဖွေးသော အသားအရေသည် ဤအချိန်တွင် တောက်ပနေပုံရပြီး သူမနှုတ်ခမ်းကို ဖြည်းညှင်းစွာကိုက်လိုက်သည်။ လီလော့၏ နားနားသို့ တိုးတိုးလေး တီးတိုးပြောရင်း ရှားရှားပါးပါး အမှုန်အမွှား အလင်းတန်းတစ်ခု သူ့မျက်လုံးများမှတဆင့် လင်းလက်သွားပုံရသည်။

"ဒါဟာ တရားမျှတမှု မရှိဘူး၊ ဒါပေမယ့် ဆုက ဆွဲဆောင်မှုရှိတယ်....နင် မလောင်းချင်တာ သေချာလား"

သူမ၏ရိုးရှင်းသော စကားလုံးများက ပိုမိုနက်နဲသော အဓိပ္ပါယ်ကို သိရှိနိုင်စေသည်။ နားရွက်များ နီမြန်းသွားသော ချင်းအာကို စိုက်ကြည့်နေရင်း သူ့အသက်ရှုသံတွေပြင်းထန်လာသည်။

မည်မျှပင် ထိန်းသိမ်းစေကာမူ ဤအရာသည် သူငြင်းဆန်၍ မရနိုင်သော အရာဖြစ်သည်။

"လောင်းမယ်!"

All Chapters