ခွဲခွာခြင်း....
Vol. 52 Ch. 728
လီလော့က စိတ်ရှုပ်နေသလားဆိုတာဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ သူတွေးလိုက်မိသော စကားလုံးများကို အံကြိတ်ကာ မျိုချလိုက်သည်။
အချိန်တွေကုန်လွန်လာပြီး ချိန်းထားတဲ့အချိန်ရောက်လာခဲ့ချေပြီ။ ကျန်းချင်းအာကိုခေါ်ဆောင်ရန် လင်းကျောက်ယင် ရောက်လာသဖြင့် လီလော့၏နှလုံးသား အထိန်းအကွပ်မရှိ တုန်လှုပ်သွားခဲ့သည်။
နေဝင်ဆည်းဆာက ကောင်းကင်ကိုအနီရောင်ခြယ်သထားသည်။
လော့လန်အိမ်တော်၏ ယာဉ်တန်း ရပ်တန့်သွားပြီး လူတိုင်းက ၎င်းတို့၏ ညာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သွယ်လျပြီး ချောမောလှပသော ရုပ်သွင်တစ်ခု ရှိနေသည်။ ညနေခင်းလေပြေ ဖြတ်ကျော်လာချိန်မှာတော့ သူမရဲ့ ဆံပင်ရှည်တွေ လေပြေလေညင်းတွေနဲ့အတူလွင့်မြောနေပြီး သူမရဲ့ အပြာရောင် ဝတ်ရုံစက သူ့နောက်မှာ တဖျပ်ဖျပ် လှိုင်းထနေသည်။
လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့ ထွက်သွားကတည်းက ဤလှပသောရုပ်သွင်သည် လော့လန်အိမ်တော်၏ မဏ္ဍိုင်အဖြစ် ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးခဲ့ရသည်။
သူမသည် ဒီရေကို တွန်းလှန်ပြီး ပြိုကျနေသော လော့လန်အိမ်တော်၏ အကွဲအပြဲများကို ထိန်းသိမ်းခဲ့ရသည်။ ဤအရာက လီလော့ အတွက် အချိန်ဆွဲထားပေးခြင်းပင်.... သူမသာမရှိခဲ့လျှင် လီလော့တွင် ဗလာပဲ့တင်ထပ်သံရှိနေသည်ဆိုကတည်းက လော့လန်အိမ်တော်ပြိုလဲသွားနိုင်သည်။
လဲ့ကျန်းက လှံရှည်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"အားလုံး...အိမ်တော်သခင်မကို
အလေးပြုပြီး နှုတ်ဆက်ကြမယ်!!!!"
သူသည် လှံကိုအသုံးပြု၍ အင်အားရှိသမျှဖြင့် မြေကြီးပေါ်ဆောင့်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် လော့လန်အိမ်တော်၏ ကိုယ်ရံတော်များ အားလုံး တူညီစွာ ပြုလုပ်ကြပြီး ပြတ်သားသော ပဲ့တင်ထပ်သံကို ထုတ်လွှတ်လိုက်သည်။
သူတို့အားလုံးက..."အိမ်တော်သခင်မကိုအလေးပြုပြီး နှုတ်ဆက်လိုက်ကြလော့" ဟု ကြွေးကြော်ကာ ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်နေကြသည်။
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများသည် လူအုပ်ကြားကို လှည့်ပတ်ကြည့်ရာ သူမ၏ လှပသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်နေသည်။ သူမ၏ ချိုမြိန်သော အသံက လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။
"လော့လန်အိမ်တော်ရဲ့မိသားစုဝင်တို့....
ဒီကမ္ဘာကြီးက ကျယ်ပြောပေမယ့် ကျွန်မ
နှလုံးသားထဲမှာတော့ လော့လန်အိမ်တော်ကိုသာ အိမ်လို့ သတ်မှတ်ထားတယ်.... ဒါကြောင့် ကမ္ဘာကြီးက ဘယ်လောက်ပဲ ကျယ်ပြောပါစေ၊ ရှုခင်းတွေ ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်နေပါစေ ဒီကိုရောက်အောင်ပြန်လာပါ့မယ်.... ဒီကြားထဲ ရှင်တို့အားလုံး အိမ်တော် ကာကွယ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်..ဒီလိုသာဆို ရှင်တို့ကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ...." ထို့နောက် သူမက ပေါ့ပေါ့ပါးပါး ဦးညွှတ်လိုက်သည်။
အားလုံးက နှလုံးသားရှိရာဝဲဘက်ရင်အုံပေါ်လက်အုပ်၍ တညီတညွတ်တည်း ကတိကဝတ်ပြုခဲ့ကြသည်။
ထို့နောက် သူမသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး မျက်လုံးများနီရဲနေသော ချိုင်ဝေနှင့် ယန်လင်းချီဆီသို့ လျှောက်သွားလိုက်သည်။ နှစ်ယောက်လုံးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီသ.... "လော့လန်အိမ်တော်ကို နင်တို့လက်ထဲ အပ်ခဲ့မယ်.... ဒီဝန်ထုပ်ဝန်ပိုးကို တာဝန်ယူပေးလို့ ကျေးဇူးတင်ပါတယ်...."
ချိုင်ဝေ၏ ချစ်စရာကောင်းသော မျက်ဝန်းတစ်စုံကနေ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။
"ချင်းအာ... တတ်နိုင်သမျှ ပြန်လာရမယ်နော်...."
ယန်လင်းချီသည်လည်း ရုတ်တရက် လမ်းခွဲခြင်းကြောင့် ဝမ်းနည်းမှုများပြည့်နှက်နေသည်။တွန့်ဆုတ်နေပေမယ့် တခြားရွေးချယ်စရာမရှိဘူးဆိုတာကိုလည်း သိနေသည်။ ထို့ကြောင့် ဝမ်းနည်းမှုကို ကြိတ်မှိတ်ခံစားရုံမှတပါးအခြားမရှိပေ။
"ချင်းအာ..ငါ ရှီးယန်စံအိမ်ကိုပိုအဆင့်မြင့်အောင်လုပ်ပေးမယ်မယ်ဆိုတာ နင်သိပါတယ်....!"
ကျန်းချင်းအာက သူတို့၏ ကျောပြင်ကိုညင်သာစွာ ပုတ်ပြီးနှစ်သိမ့်ပေးရှာသည်။ သူမသး လော့လန်အိမ်တော်မှ မထွက်ခွာချင်ခဲ့ပေ။ သူမပြောခဲ့သလို ပိုမိုကြီးကျယ်ပြန့်တဲ့
ကမ္ဘာကြီးက ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းပါစေ သူမတကယ်လိုချင်တာက ဒီမိသားစုလေးကိုပင်.....
အမှတ်ရစရာများ ပြည့်နှက်နေသော ဤနေရာ၌ နေရတာကို သူမ နှစ်သက်သည်။
ကံမကောင်းစွာပဲ၊ သူမရဲ့ လက်ရှိအခြေအနေအရထွက်သွားရတော့မည်။
သူမသည် သေခြင်းတရားကို မကြောက်သော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်လာမည့်အရာများကို ကြောက်မိသည်။ လီလော့ သည် စိတ်ဓာတ်ကျသည့်အထိ အသည်းကွဲနေလျှင် ကျင့်ကြမှုကို ထိခိုက်စေမည်ဖြစ်သည်။ သူ့မှာ နောက်ထပ်အချိန်လေးနှစ်သာကျန်တော့ပြီး ဆုတ်ယုတ်မှုမှန်သမျှက သူ့ကိုအဆုံးထိဆွဲချသွားပေမည်။
ချိုင်ဝေနှင့် ယန်လင်းချီကို နှစ်သိမ့်ပေးရင်း လီလော့ကို စိုက်ကြည့်နေသည်။
သူမသည် သူ့ရှေ့တွင် ရပ်နေကာ သွယ်လျသောရုပ်သွင်နှင့် ကြွေရောင်ကဲ့သို့ မျက်နှာလေးသည် နေရောင်အောက်တွင် တောက်ပနေသည်ယ လီလော့၏ ဝမ်းနည်းဖွယ် ရောင်ပြန်ဟပ်မှုကို သူမ၏ နက်နဲသော ရွှေရောင်မျက်လုံးများတွင် မြင်တွေ့နိုင်သည်။
"ငါထွက်သွားတာကိုသည်းမခံနိုင်ဘူးမလား..... သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တာက နင့်ကို ငါမျှော်လင့်ထားတာထက် ပိုထိခိုက်စေခဲ့တယ်ထင်တယ်...."
ထို့နောက်တွင် သူမ မျက်လုံးခဏမှိတ်ထားပြီး.....
"နင့်ကို တောင်းပန်ဖို့ အခွင့်အရေး ပေးမယ်.... ငါ နင့်ကို တစ်ကြိမ်လောက်တေယ့ လွှတ်ပေးလိုက်မယ်.... မနေ့ညက စေ့စပ်ရေး သဘောတူညီချက် အသစ်ကို ပြန်ရေးချင်ပေမယ့် နင် ငြင်းခဲ့တယ်... ဆရာနဲ့ဆရာကတော်တို့ရှေ့မှာ ဒီစေ့စပ်ပွဲက နင့်လက်နင့်ခြေနဲ့စီမံထားတဲ့အရာဆိုတာကို သက်သေပြချင်နေတာလား....."
ကျန်းချင်ယောင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
"နင်ဘာသိလို့လဲ..? ဒီလိုအရေးကြီးတဲ့အဖြစ်အပျက်ကို ငါ့မိဘတွေ သက်သေခံပေးရမှာပေါ့.... ဒါမှတရားဝင်တယ်လို့ယူဆနိုင်မယ်..."
ယုံကြည်ချက်အပြည့်ရှိတဲ့အသံနဲ့ပြန်ပြောတဲ့အခါ လီလော့ရဲ့မျက်နှာနီရဲသွားခဲ့သည်။
ကျန်းချင်းအာက ပြုံးပြီး ဘာမှဆက်မပြောတော့ပေ။ သဘောတူညီချက်က အရေးမကြီးပေ။ သူတို့၏ နှလုံးသားများသည်သာ အမှန်တကယ် အရေးပါအရာရောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ယခုအချိန်တွင် စိတ်ကူးများကို ဘေးဖယ်ထားရန် ဆန္ဒရှိနေကြသည်။
"လီလော့ မနက်ဖြန်ကျရင် ငါ နင်ရဲ့အနားမှာရှိတော့မှာမဟုတ်ဘူး....ငါမရှိတော့ရင်လည်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်.... ဒီနေ့ ငါတို့ရဲ့အားနည်းချက်ကြောင့် ခွဲခွာရတော့မယ်...ဒီအတွက် ငါ့ကိုယ်ငါလည်း အပြစ်တင်တယ်.....ငါသာ သန်မာတယ်ဆိငါတို့ အခု ဒီအနေအထားမှာ ရှိမှာ မဟုတ်ဘူး” လို့ ကျန်းချင်းအာက ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။
လီလော့ သက်ပြင်းချလိုက်ပြီး....
"နင်ကကိုယ့်ကိုယ်ကို အပြစ်တင်တယ်ဆိုတော့ ငါသာဆို ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ရုံပဲရှိတော့မယ်.... ငါတို့မှာ အချိန်ရှိပါသေးတယ် ငါတို့ မသေနိုင်မှတော့ဒီ့ထက်ပိုပြီးသန်မာလာမှာသေချာတယ်...."
ကမ္ဘာပေါ်တွင် အလှပဆုံးသော မိန်းကလေးကို စိုက်ကြည့်နေရင်း...
"ငါတို့ ရှပြည်ထောင်စုကို နောက်တစ်ကြိမ်ပြန်ရောက်တဲ့အခါ သွေးကြွေးတွေအားလုံးကို တစ်ခုပြီးတစ်ခု ဖြေရှင်းကြမယ်... ရှန်ကျင်းရှောင်၊ ကိုယ်စားအုပ်ချုပ်သူ၊ ဇူချင်းဟောင် တစ်ယောက်မှမလွတ်မြောက်နိုင်စေရဘူး..."
ကျန်းချင်းအာက ခေါင်းညိတ်သဘောတူသည်။
ထို့နောက် သူမသည် စောင့်ဆိုင်းနေသော လင်းကျောက်ယင်ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လီလော့ကို
အတတ်နိုင်ဆုံး တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။
" လီလော့...ဂရုစိုက်နော်..."
လီလော့သည် သူမ၏ ရင်းနှီးသော ကိုယ်သင်းရနံ့ကို နောက်ဆုံးအကြိမ် ရှူရှိုက်ရင်း သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း မှတ်သားထားခဲ့သည်။ သူ၏ စိတ်ခံစားမှုများ အထွတ်အထိပ်သို့ ရောက်သည်နှင့်အမျှ သူ့နှလုံးသားက ထိန်းမရအောင်တုန်ရီနေသည်။
"ငါ့ကိုစောင့်နေပါ...အမှတ်သားကိုးခုကြာပန်းကို မင်းဆီ သေချာပေါက် ပို့ပေးမယ်"
ကျန်းချင်းအာ နောက်တစ်ကြိမ် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး လူအများရှေ့တွင် လီလော့၏ နှုတ်ခမ်းများကို ဖိကပ်ကာ နမ်းရှိုက်လိုက်တော့သည်။
သူမ နှလုံးသားက မလိုလားသော်လည်း လီလော့ ၏ ရင်ခွင်မှ ရုန်းထွက်ပြီး လင်းကျောက်ယင် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လီလော့ ထိုနေရာတွင် တိတ်တဆိတ် အမြစ်တွယ်နေခဲ့ပြီး သူ့အကြည့်တွေက နေရောင်အောက်ကမှာ တောက်ပနေသော သူ့ဘယ်တော့မှ မမေ့နိုင်တဲ့ မိန်းမပျိုကိုသာငေးမောနေသည်။
တွန့်ဆုတ်နေသောအကြည့်များကြားတွင် ကျန်းချင်းအာက လင်းကျောက်ယင်ထံသို့
လျှောက်လှမ်းသွားခဲ့သည်။ လက်းကျောက်ယင်က ကျန်းချင်းအာ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားစေရန် တောက်ပသော အလင်းရောင်များဖြင့် ထုတ်လွှင့်လိုက်ပြီး မှောင်နေသောကောင်းကင်ယံသို့ ဖြတ်သန်းသွားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လီလော့သည် အလင်းရောင်မှိန်ဖျော့ဖျော့ဖျော့ကို ကြည့်ရင်း ထိုနေရာတွင် ရပ်နေသည်။ ထိုအခါ ရင်းနှီးသော ပဲ့တင်ထပ်သံ စွမ်းအားများ လွှမ်းခြုံထားသော အသံကို ကြားလိုက်ရသည်။
"လီလော့....ငါတို့လောင်းကြေးကို မမေ့နဲ့ "
ထိုအသံသည် အနည်းငယ်မျှသာ သာလွန်ပုံပေါက်သော်လည်း စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်သည့် ဆွဲဆောင်မှုတစ်ခုလည်း သယ်ဆောင်လာသည်။ထိုအသံက လီလော့၏ နားထဲသို့ ပေါ့ပါးစွာ ပျံ့နှံ့သွားပြီး လွမ်းဆွေးသော ခံစားချက်ကြောင့် သူ့နှလုံးသားထဲတွင် လှိုင်းထန်နေချေပြီ။
လီလော့သည် သူ၏ တုန်လှုပ်နေသော ခံစားချက်များကို ငြိမ်သက်စေပြီး ပြင်းထန်စွာ အသက်ရှူသွင်းလိုက်သည်။
ထို့နောက် ခေါင်းကိုလှည့်ပြီး ကျန်တဲ့ လော့လန်အိမ်တော်သားများကိုကြည့်လိုက်သည်။
မိသားစုလေးယောက်ထဲက သူတစ်ယောက်ပဲကျန်တော့တယ်.....သူလည်း ထွက်သွားဖို့ အချိန်တန်ခဲ့ပြီ......