အရူး ယန်ရှန်း
Vol. 6 Ch. 71
ယန်တောက်သည် သူက ထိုကဲ့သို့ စိတ်မတည်ငြိမ်မှုကြီးကို ခံစားခဲ့ရသည်မှာ မည်မျှပင်ကြာခဲ့ပြီဆိုသည်ကို မသိခဲ့ပေ။ သူ့သား၏ ကောင်းကင်စိတ်ဝိညာဉ် ပျောက်ဆုံးသွားကတည်းကပင်။ အခြားကိစ္စကြောင့် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုတွင် ဝမ်ဖုန်းက ဧကရာဇ်အဆင့်ဆေးလုံး ကို ထုတ်လာနိုင်ခဲ့ရုံသာမက သူ့သားကိုပါ ဤ ဧကရာဇ်အဆင့်ဆေးလုံး ကို ပေးချင်နေဟန်တူသောကြောင့် ယန်တောက် သည် တကယ်ကို အံ့အားသင့်ခဲ့ရသည်။
"ဒီဟာက ဧကရာဇ်အဆင့်ဆေးလုံးပဲ!"
ယန်တောက် သည် သူ့သား၏ရောဂါလက္ခဏာများကို ကုသရန် မျှော်လင့်မိသော်လည်း သူသည်ဤနတ်ဆေးနှင့် မထိုက်တန်ဟုတွေးမိနေသည်။သူသည် ဆန်းကြယ်အင်ပါယာအဆင့်၏ စွမ်းအားအကြီးဆုံးသူ ဖြစ်နေစေကာမူ ဤနတ်ဆေးကို သုံးရန်အတွက် မထိုက်တန်ပေ။ တန်ဖိုးရှိလိုက်တဲ့အရာဘဲ!
ဧကရာဇ်အဆင့်ဆေးလုံးတွေကို ဆေးဧကရာဇ် အဆင့်ရှိသည့် အဂ္ဂိရတ်ပညာရှင်များကသာ သန့်စင်မွမ်းမံပေးနိုင်ပြီး ဆေးလုံးတစ်လုံးကပင် ကမ္ဘာပေါ်တွင် အလွန်မှ ရှားပါးလှသော ရတနာတစ်မျိုးဖြစ်သည်။
ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်များပင်လျှင် ဧကရာဇ်အဆင့်ဆေးလုံး အား မြင်တွေ့ရရန် မလုံလောက်ပေ။
"မင်း သားရဲ့ ကောင်းကင်စိတ်ဝိညာဉ် က ပျောက်ဆုံးနေပြီ ၊ကောင်းကင်စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးက မင်း သားရဲ့ စိတ်ဝိညာဉ် ကို၂၀%ပဲ ပြန်ဖြည့်ပေးနိုင်တယ်။တကယ်လို့ မင်း အကုန်ပြန်ဖြည့်ပေးချင်တယ်ဆိုရင်တော့ ဧကရာဇ်အဆင့်ဆေးလုံး ငါးလုံးလိုအပ်တယ်!"
ဝမ်ဖုန်းက ယန်တောက်၏ စိတ်လှုပ်ရှားနေဟန် မျက်လုံးများကို ကြည့်ရင်း ပြုံးပြီး တိုးတိုးပြောလိုက်သည်။
ဝမ်ဖုန်း၏စကားများသည် အစမှအဆုံးအထိ ယန်တောက်၏ နှလုံးသားတစ်ခုလုံးကို ကျိုးယို ရေအေးကန်ကဲ့သို့ စိုစွတ်ပြီးအေးခဲသွားစေသည်။
စိတ်ပျက်အားငယ်စွာဖြင့် မျှော်လင့်ချက်မဲ့ခြင်းမှ စပြီး မျှော်လင့်ချက်ရှိလာလိုက် ၊ မျှော်လင့်ချက်မဲ့လိုက် ၊ ထပ်ပြီး မျှော်လင့်ချက်ရှိလိုက် ၊ မရှိလိုက်ဖြင့် အချိန်တိုလေးအတွင်းမှာတင် ယန်တောက်သည် နတ်ပြည်မှ ငရဲသို့ ခရီးအကြိမ်ပေါင်းများစွာ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးတောင် ရယူဖို့ မတတ်နိုင်တာ ငါးလုံးဆို ဘယ်လိုလုပ်ရပါ့မလဲ?
*ဒါ သာမန် ဆေးလုံးမဟုတ်ဘဲ ဧကရာဇ်အဆင့်ဆေးလုံးဖြစ်တာကြောင့် ဆေးတစ်လုံးရဖို့ဆိုတာ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ။မင်း ဆေးငါးလုံးလိုချင်လျှင် မင်းစိတ်ကူးအိမ်မက်အတိုင်း မလုပ်ရဲဘူးလား ။*
"ဒါပေမဲ့ ဒီဂိုဏ်းချုပ်မှာ ရှိတယ် ဒါပေမဲ့ တောင်းဆိုချက်တစ်ခုတော့ရှိတယ်!"
ယန်တောက် စိတ်ဓာတ်ကျနေချိန်တွင် ကောင်းကင်မှ အသံလိုလို အသံတစ်ခုကြောင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံး တုန်သွားပြီး ခေါင်းကိုရုတ်တရက် မော့လိုက်ကာ ဝမ်ဖုန်းကို စိုက်ကြည့်၍ "မင်း ဘာပဲ တောင်းဆိုဆို ငါလုပ်မယ် ငါလက်ခံတယ်" ဟုပြောလိုက်သည်။
သူသည် သူ့အပေါ်တွင်ထားသည့် ဝမ်ဖုန်း၏ရည်ရွယ်ချက်ကို လျစ်လျူရှုလိုက်ပြီး ဝမ်ဖုန်းလက်ဝယ်တွင် ဆေးလုံးငါးလုံး ရှိမရှိကိုပင် မတွေးတောချင်တော့ပေ။ယခုအချိန်တွင် ဝမ်ဖုန်း ၏စကားများသည် နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ လွတ်သွားလျှင် အခွင့်အရေး မရတော့မည်ကို စိုးရိမ်နေသည်။
ဖခင်တစ်ယောက်သည် သူ့သားအတွက် မည်သည့်အရာများ ပေးဆပ်ရန်ဆန္ဒရှိသည်ကို မည်သူကမျှ စိတ်ကူးကြည့်နိုင်မည်မဟုတ်ပါ။
ဝမ်ဖုန်း၏နောက်တွင် ရပ်နေသော လင်းဖေးဝူနှင့် အခြားသူများမှာ ယန်တောက် ၏ ဖခင်မေတ္တာကြောင့်အံ့အားသင့်ရုံသာမက ဝမ်ဖုန်း၏ ရဲတင်းမှုကြောင့်လည်း ထိတ်လန့်သွားကြသည်။
အခြားသူများကို ပေးသကဲ့သို့ အရူးတစ်ယောက်ကို ဧကရာဇ်အဆင့်ဆေးလုံး ကို ပေးနေသည်။
အမှန်ဆိုလျှင် လင်းဖေးဝူ နှင့် အခြားသူများသည် ဂိုဏ်းချုပ်၏စိတ်ဓာတ်ရှိရန် လုံးဝမဖြစ်နိုင်ဟု သူတို့ကိုယ်သူတို့ ပြောကြသည်။ လီဟေး သည်ပင် ဝမ်ဖုန်း၏ စိတ်ဓာတ်ကြောင့် တုန်လှုပ်သွားခဲ့ရသည်။
ဆန်းကြယ်အင်ပါယာအဆင့်၏ လူပြန်ဝင်စားထားသော လီဟေး သည် ဧကရာဇ်အဆင့်ဆေးလုံး၏ တန်ဖိုးကြီးမှုကို သာမန်လူများထက်ပိုပြီး သိသည်။ ဆန်းကြယ်အင်ပါယာအဆင့်တောင်မျှ ဧကရာဇ်အဆင့်ဆေးလုံးကို ရရန်မလွယ်ကူပေ။
ဆန်းကြယ်အင်ပါယာအဆင့်ရှိ စွမ်းအားရှင်များကြားတွင်ဧကရာဇ်အဆင့်ဆေးလုံး သည် အမြင့်ဆုံးဂုဏ်ဒြပ်ဖြစ်ပြီး မည်သူ့တွင်မှမရှိပါ။ ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်များအားလုံးသည် အခြေခံအားဖြင့် ဧကရာဇ်အဆက့်ဆေးလုံး လိုအပ်သည်။
စိတ်ဝိညာဉ်အားဖြည့်သည့် ဧကရာဇ်အဆင့်ဆေးလုံးသည် ဧကရာဇ်အဆင့်ဆေးလုံးများထဲမှ အဖိုးအတန်ဆုံးတစ်ခုဖြစ်သည်။
ဝမ်ဖုန်းရဲ့လက်ထဲက ဧကရာဇ်ဆေးလုံးသည်မည်မျှတန်ဖိုးကြီးလဲဆိုတာ တွေးကြည့်နိုင်ပါတယ်!
အကယ်၍ ဝမ်ဖုန်းသည် ဤဧကရာဇ်အဆင့်ဆေးလုံး၏ သတင်းကို ထုတ်ဖော်လိုပါက အင်အားတောင့်တင်းသော ဆန်းကြယ်အင်ပါယာအဆင့်သည်ပင် ဝမ်ဖုန်းအတွက် သူတို့၏ဘဝကိုပင် စွန့်လွှတ်ကြပေလိမ့်မည်။
လူတိုင်း အပြစ်မကင်းသော်လည်း သူကအပြစ်ရှိပေသည်။
လီဟေး သည် "ဝမ်ဖုန်းက ဘာလို့ အရူးတစ်ယောက်ကို ဧကရာဇ်အဆင့်ဆေးလုံး ကို ပေးဖို့ တွေးနေတာလဲ!"ဟု အမှန်ပင်မေးချင်နေခဲ့သည်။
ဆန်းကြယ်အင်ပါယာအဆင့်၏အထွတ်အထိပ်တွင်ရှိသော အင်အားရှိသူတစ်ဦးအား ပေးအပ်ပါက ချက်ချင်းပင်အကျိုးဖြစ်ထွန်းနိုင်ပြီး ဆန်းကြယ်အဓိပတိအဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်အင့်ဆေးလုံးကြောင့်ပင် ၎င်း၏အနာဂတ် အလားအလာသည် များစွာတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။
အရူးကို ပေးတာထက် ဒါက ပိုကောင်းတာမဟုတ်ဘူးလား?
"မင်းရဲ့သားရော မင်း ပါ ငါ့ရဲ့ရှန်ရှန့်ကျုံ ဂိုဏ်းကိုဝင်ပြီး ငါ့တပည့်ဖြစ်ရမယ်!"
ဝမ်ဖုန်းက လင်းဖေးဝူ နှင့် တခြားသူတွေရဲ့ ထိတ်လန့်တုန်လှုပ်မှုကို မသိခဲ့ပါ။ သူသည် တစ်ခုခုပြုလုပ်လျှင် မည်သည်ကိုမျှ ဂရုမစိုက်တော့ချေ။ သူသည် ယန်တောက် ကိုလေး လေးနက်နက်ကြည့်ပြီး ပြောခဲ့သည်။
ရိုးရိုးသားသားပြောရမည်ဆိုလျှင် ယန်တောက် ၏သားအတွက်မဟုတ်ပါက ဝမ်ဖုန်းသည်လည်း ဧကရာဇ်အဆင့်ဆေးလုံး ကို အရူးအား ပေးရန် အမှန်တကယ် တုံ့ဆိုင်းနေမည်ဖြစ်သည်။
အကယ်၍ ဤဧကရာဇ်အဆင့်ဆေးလုံးကို ချီမိန်ချွေရွှယ် သို့မဟုတ် ယဲ့ကူချန် နှင့် အခြားသူများကို ပေးပါက ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့် တွင်ရှိသော အခြားသန်မာသူတစ်ဦးသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် ပေါ်လာလိမ့်မည်မဟုတ်ပါေလာ။
ထို့အပြင် ယန်တောက် သား၏ရောဂါလက္ခဏာများကို ကုသရန်အတွက် ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်အဆင့်ဆေးငါးလုံး လိုအပ်နေပြီး ဝမ်ဖုန်း သည် ဤကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်အဆင့်ဆေးလုံးငါးလုံးနှင့် မည်မျှ စွမ်းအားကြီးမားသည့် အရာများကို ပြုလုပ်ဖန်တီးနိုင်သည်ကို မသိပေ။
သို့သော်လည်း ဝမ်ဖုန်းသည် ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်အဆင့်ဆေးလုံးကို ယန်တောက် ၏ ရူးကြောင်နေသောသားထံ ပေးရန် ကြံရွယ်ထားဆဲဖြစ်သည်။
ဤ ဧကရာဇ်အဆင့်ဆေးလုံးသည် အခြားသူများ အတွက်အလွန်အဖိုးတန်ပြီး အတုမရှိသော ရတနာဟု ခေါ်ဆိုနိုင်ပေသည်။
သို့သော် ဝမ်ဖုန်း အတွက် ရဖို့ မခက်ခဲပါ။ စနစ်ကို တတိယအဆင့်သို့ အဆင့်မြှင့်ပြီးလျှင် စနစ် ဈေးဆိုင်ကို ဖွင့်နိုင်သည်။ ထိုအချိန်တွင် သူသည် ဂိုဏ်းတန်ဖိုးကို အသုံးပြုပြီး စနစ် ဈေးဆိုင်မှ ရတနာများကို လဲလှယ်နိုင်ပေသည်။
ဤ ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်ဆေးလုံးသည်လည်း စနစ်ဈေးဆ်ိုင်တွင် ပေါ်လာလိမ့်မည်။ ထို့ကြောင့် ဝမ်ဖုန်းတွင်ဧကရာဇ် ဆေးငါးလုံးရှိသည်မှာ သေချာပါသည်။
"ဒါ ဒါက .... ဒီလောက်ရိုးရှင်းတယ်လား?"
ဝမ်ဖုန်း၏ စကားသံတိတ်သွားသောအခါ ယန်တောက်သည် အံ့အားသင့်သွားသည်။ သူက ဝမ်ဖုန်း ကို စူးစိုက်ကြည့်နေပြီး တစ်ချက်တုန်လှုပ်သွားသည်။
ဝမ်ဖုန်းက သူ့အတွက် ခက်ခဲမည့် တောင်းဆိုချက်ကို တောင်းဆိုလိမ့်မည် သို့မဟုတ် ရတနာတစ်ခုအတွက် တန်ရာတန်ကြေးပေးရလိမ့်မည်ဟု တွေးထားခဲ့သော်လည်း ယခုလောက် ရိုးရှင်းတဲ့ တောင်းဆိုမှုတစ်ခုဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူ့သားကို ကုသနိုင်မည်ဆိုပါက ယောင်ရီ အင်ပါယာမှထွက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ကာ ဧကရာဇ် ယောင်ရီ ကို တိုက်ခိုက်ရလျှင်တောင်မှ ဓားကိုင်ပြီး ဧကရာဇ်ကို ချက်ခြင်း ပြေးတိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
သူ့တွင် နောက်ဆုတ်တတ်သော ပင်ကိုယ်စရိုက်ရှိပြီး ယောင်ရီ အင်ပါယာ၏ အကြီးအကဲ အုပ်ချုပ်သူတစ်ဦးဖြစ်ရန် မသင့်တော်ပေ။ အကယ်၍ သူသည် ယောင်ရီ အင်ပါယာမှမဟုတ်တော့ပါက ဉာဏ်ရည်နှင့် အရင်းအမြစ်အချို့ကို ရယူရန် ရည်ရွယ်ချက်မဟုတ်ခဲ့လျှင် သူ၏သားကို ကုသပေးနိုင်မည့် သတင်းအချက်အလက်များကို ငွေပေးပြိီးရှာဖွေနိုင်သည် ။
သူသည် ဆန်းကြယ်အင်ပါယာအဆင့်၏ အဆင့်မြင့်ဂုဏ်သိက္ခာရှိပြီး တန်ခိုးကြီးမားသူဖြစ်ပြီး ဘွဲ့တခုကို အဘယ်ကြောင့် လိုအပ်နေမည်သနည်း။
"ဟုတ်တယ်၊ ဒါက ရိုးရိုးရှင်းရှင်းလေးပါ! ဒါပေမယ့် မင်း မှတ်ထားရမယ့်တစ်ခုရှိတယ်၊ မင်းငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ပြီးတာနဲ့ မင်းဟာ ရှန်ရှန့်ကျုံဂိုဏ်းဝင်ဖြစ်သွားမယ်၊ မင်းသေရင်တောင်မှ ရှန်ရှန့်ကျုံဂိုဏ်းရဲ့တစ္ဆေဖြစ်သွားရမယ်။ မင်းသစ္စာဖောက်ရင် မင်းတင်မဟုတ်ဘူး မင်းရဲ့သားပါ သေလိမ့်မယ်!"
ဝမ်ဖုန်းက မျက်တောင်မခတ်ဘဲလေးလေးနက်နက်ပြောလိုက်သည်။
ဝမ်ဖုန်းသည် သစ္စာဖောက်ခြင်းကို အမုန်းဆုံးဖြစ်သည်။သူ သို့မဟုတ် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို သစ္စာဖောက်ရဲသော မည်သူမဆို ကမ္ဘာ့အဆုံးတွင်တောင် နေစရာမရှိစေအောင် တုံ့ပြန်တတ်သူဖြစ်သည်။
"အခုချိန်ကစပြီး ကျုပ် ၊ ယန်တောက် က ရှန်ရှန့်ကျုံဂိုဏ်းဝင်ဖြစ်သွားပါပြီ။ အသက်ရှင်နေစဉ် ကျုပ်ကို ဒီဂိုဏ်းက ပိုင်ဆိုင်ပြီး သေသွားရင်တော့ ဒီ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တစ္ဆေဖြစ်ရလိမ့်မယ်!"
"အခုချိန်ကစပြီး ကျုပ် ၊ ယန်ရှန်း က ရှန်ရှန့်ကျုံဂိုဏ်းဝင်ဖြစ်သွားပါပြီ။ အသက်ရှင်နေစဉ် ကျုပ်ကို ဒီဂိုဏ်းက ပိုင်ဆိုင်ပြီး သေသွားရင်တော့ ဒီ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တစ္ဆေဖြစ်ရလိမ့်မယ်!"
ဝမ်ဖုန်းထံမှ အမိန့်ကို လက်ခံပြီးနောက် ယန်တောက် သည် မဆိုင်းမတွဘဲ ပထမစာကြောင်းအား သူ့အတွက် ၊ ဒုတိယစာကြောင်းအား သူ့သားအတွက် ပြောခဲ့သည်။
"ယန်ရှန်း ,ကောင်းလိုက်တဲ့နာမည်!"
ယန်တောက် ၏ စကားများကို ကြားသောအခါ ဝမ်ဖုန်းသည် ပြုံး၍ ချီးကျူးခဲ့သည်။
"ဒင် ၊ ဆန်းကြယ်အင်ပါယာအဆင့်မှ စွမ်းအားရှင်ကို စုဆောင်းနိုင်တဲ့ပြီး ဂိုဏ်းမှတ် ၅၀၀၀၀ ကို ဆုချီးမြှင့်ခံရပြီး ကျပန်းဆင့်ခေါ်ခွင့်တစ်ခု ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်!"
"ဒင် တပည့်ဆယ်ယောက်ကိုစုဆောင်းနိုင်ပြီး တာဝန်ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်! တာဝန်ပြီးမြောက်ခြင်းဆုအနေဖြင့် ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ် နှင့် ကျပန်းထီဆုငါးခုကို ရယူပါ!"
ထိုအချိန်တွင် ဝမ်ဖုန်း၏ စိတ်ထဲတွင် စနစ်သံနှစ်ခု ထွက်ပေါ်လာပြီး ဝမ်ဖုန်းကိုပြုံးရယ်စေခဲ့သည်။
ဧကရာဇ်အဆင့်ဆေးလုံးများသည် အမှန်တကယ် အဖိုးတန်သောရတနာများဖြစ်သော်လည်း ၎င်းတို့သည် လူအစစ်များနှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ခေတ္တခဏစဉ်းစားပြီးနောက် ဝမ်ဖုန်း သည် "စနစ် ၊ ယန်ရှန်း ရဲ့ ခန္ဓာကိုယ်က ဧကရာဇ်အဆင့်ဆေးလုံးရဲ့ ဆေးစွမ်းကို မခံနိုင်မှာကို စိုးရိမ်မိတယ်" ဟူ၍ စိတ်ထဲမှ မေးလိုက်သည်။
ဧကရာဇ်ဆေးလုံး ၏ ဆေးစွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်၊ ဆေးအစွမ်းကိုသေလုမြောပါးဖြစ်နေသော ယန်ရှန်း တင်မဟုတ် အင်အားကောင်းသော ဆန်းကြယ်အဓိပတိအဆင့်ပင် မခံနိုင်ပါ။
ဧကရာဇ်အဆင့်ဆေးလုံး၏ အစွမ်းသည် ယန်ရှန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် အားဖြည့်ပေးနိုင်သည် ။
ဝမ်ဖုန်းသည် သူ၏လျစ်လျူရှုထားမှုကြောင့် လူတွေသာမက ငွေကိုပါ မဆုံးရှုံးချင်ပါ။
"ဒင် ၊ ငါတို့ ဒီ ဆေးအစွမ်းကို ဖော်ထုတ်ပေးပြီး ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်ဆေးလုံးရဲ့ဆေးအစွမ်းတွေကို သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့အောင်လုပ်ပေးဖို့အတွက် ဆန်းကြယ်အဓိပတိအဆင့်ရဲ့ အားအကောင်းဆုံးလူတစ်ယောက်နဲ့ ဆန်းကြယ်အင်ပါယာအဆင့်ရဲ့ အားအကောင်းဆုံးလူငါးယောက်လိုပါတယ်။ပြီးတော့ ဒါက ကောင်းကင်စိတ်ဝိညာဉ်ပျောက်ဆုံးခြင်းမှာအရေးအကြီးဆုံးအပိုင်းပါပဲ!"
ဝမ်ဖုန်းသည်အသံကြားရပြီးနောက် သူသည် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်ကို မဖြေရှင်းနိုင်ဘဲ ပို၍ပင် စိတ်ထဲတွေးမရဖြစ်သွားသည်။ ယန်ရှန်း၏ သေလုမြောပါး ခန္ဓာကိုယ်သည် ဤဆေးအစွမ်းကြီးကို ခံနိုင်ရန်မဖြစ်နိုင်ပေ။
"ဒင် ၊ ယန်ရှန်း မှာ ထူးခြားတဲ့ ခန္ဓာကိုယ်မရှိပေမဲ့တစ်ကိုယ်လုံးမှာ အခြားသူများ မရှိနိုင်တဲ့ အပ်စိုက်ကုရမည့်အမှတ်တွေက အလွန်ထူနေတာေကြာင့် စွမ်းအားကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်!"
"ဒင် ၊ ပြီးတော့ ယန်ရှန်း က ကောင်းကင်စိတ်ဝိညာဉ်ဧကရာဇ်ဆေးငါးလုံးကို လက်ခံရယူပြီး ကောင်းကင်စိတ်ဝိညာဉ် ကို အပြည့်အဝ ပြန်လည်ရရှိတာနဲ့ တပြိုင်နက် သူ့ရဲ့ ကျင့်ကြံမှုကို အလွန်မြင့်မားသောအဆင့်သို့ မြှင့်ပြီးကျင့်ကြံသွားမှာ ဖြစ်ပြီး၊ သူက ဆန်းကြယ်အဓိပတိအဆင့် ကို ချက်ခြင်းအောင်မြင်နိုင် ပေလိမ့်မယ်"
ဝမ်ဖုန်းသည် ထိတ်လန့်သွားပြီး သူ့မျက်လုံးများတွင် အလင်းတန်း တောက်ပသွားသကဲ့သို့ခံစားလိုက်ရပြီး ယန်ရှန်း သည် ကံကြမ္မာ၏ ဇာတ်ဆောင်ပုံစံ နမူနာဖြစ်သည်ကို သူ ပို၍ပင်သေချာလာခဲ့သည်။
ယန်ရှန်း မှာ ထူးခြားသောကိုယ်ခန္ဓာမရှိသော်လည်း၊ တစ်ကိုယ်လုံး၏ သွေးကြောများနှင့် အပ်စိုက် များသာ ထူထဲသော်လည်း၊ သူသည် ဧကရာဇ်အဆင့် ကို သေလုမြောပါးအခြေအနေဖြင့်တောင် ကိုင်ထားနိုင်သည်။ သွေးကြောတွေရဲ့ အထူဘယ်လောက်ရှိနိုင်မလဲ?။
နောက်ဆုံးတွင် ဝမ်ဖုန်းသည် ဤကဲ့သို့ တည်ရှိမှုကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ၏ ဂိုဏ်းတွင် လျှို့ဝှက်ဆန်းကြယ်သော ရွှမ်လင်း လိပ်ခန္ဓာ ရှိသည့် လီချင်း ကဲ့သို့ ထူးထူးခြားခြား ကိုယ်ခန္ဓာရှိသော ပုဂ္ဂိုလ်ပင်လျှင် ၎င်းကို အသုံးမချနိုင်ပေ။ လက်ရှိကျင့်ကြံမှုအ ခြေခံသည် ဧကရာဇ်ဆေးလုံး၏ စွမ်းအားကို အပြည့်အဝထိန်းသိမ်းထားပေသည်။
"မင်းရဲ့သားရဲ့ခန္ဓာကိုယ်က ဒီကောင်းကင်စိတ်ဝိညာဥ်ဧကရာဇ်ဆေးလုံးကို လက်မခံနိုင်ဘူး။ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဂိုဏ်းက ဆန်းကြယ်အဓိပတိအဆင့်သန်မာတဲ့လူနဲ့ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ငါးယောက်ကိုကူညီခိုင်းလိုက်မယ်။ မင်း က မင်းရဲ့သားအတွက် ဧကရာဇ်ဆေးလုံး ရဲ့စွမ်းအားကို လမ်းညွှန်ပြသရမယ်။"
ဝမ်ဖုန်းလည်း ဖုံးကွယ်မထားခဲ့ဘဲ ယန်တောက် ကိုပြောပြလိုက်သည် ။
သို့သော်လည်း ဝမ်ဖုန်း သည် သူ့စကားကြောင့် အနားရှိနေသူတိုင်းကို မည်မျှအထိတ်တလန့်ဖြစ်စေခဲ့သည်မသိ။ ကျန်းစန်ဖုန်း ၏ ကျင့်ကြံမှုကို သတိထားမိနေသော ရှောင်းရှီရိလင် နှင့် လီဟေး မှလွဲ၍ လင်းဖေးဝူ နှင့် ယန်တောက် အပါအဝင် လူတိုင်း ထိတ်လန့်သွားကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းမှာ တကယ်ဘဲ ဆန်းကြယ်အဓိပတိအဆင့်ကိုကျင့်ကြံနိုင်ပြီလား?
ယန်တောက်သည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး လင်းဖေးဝူနဲ့ အခြားသူများသည်လည်း အံ့အားသင့်ပြီး ဝမ်းသာသွားသည့်အပြင် အလွန်လည်းတုန်လှုပ်သွားကြပေသည်။