← Chapters

ကျော်ကြားသော အင်ပါယာ

Vol. 6 Ch. 72

ကျော်ကြားသော အင်ပါယာ

Vol. 6 Ch. 72

ဘာလို့ ဆန်းကြယ်အဓိပတိအဆင့်လဲ။

ပြည်မကြီး၌ စကားပုံတစ်ခုရှိလေသည်။

မင်းက ဆန်းကြယ်အဓိပတိအဆင့်ကို မရောက်ဘူးဆိုရင် ပုရွက်ဆိတ်တွေလို အဆုံးသတ်ရလိမ့်မယ်။

စစ်မှန်သည့် ပါရမီရှင်များ၏အမြင်တွင် ဆန်းကြယ်အဓိပတိအဆင့်သည် ကျင့်ကြံခြင်းလမ်း‌ကြောင်း၏အစဖြစ်ပြီး ဤအဆင့်ကို ရောက်သောသူမှသာ ကျင့်ကြံခြင်းလမ်းကြောင်းဆီသို့ ဝင်ရောက်နိုင်ပေသည်။

အနီးအနားအကွာအဝေးနေရာကို တည်နေရာရွှေ့ပြောင်းနိုင်သောအစွမ်းရှိသည့် ဆန်းကြယ်အဓိပတိအဆင့်၏ စွမ်းအားကြောင့်သာမက ဆန်းကြယ်အဓိပတိအဆင့်ကိုရောက်ခြင်းသည် သင့်အား ကောင်းကင်နှင့် ကမ္ဘာကြီး၏ စည်းမျဉ်းဥပဒေများနှင့်ပါ ထိတွေ့နိုင်စေလိမ့်မည်။

ထို့ကြောင့် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်များရှိသော ရှန်ရှန့်ကျုံဂိုဏ်း၏ လင်းဖေးဝူ ၊ အခြားတပည့်များသာမက ယန်တောက်အပါအဝင် အားလုံး တုန်လှုပ်သွားကြသည်။

လီဟေးတစ်ယောက်သာ တည်တည်ငြိမ်ငြိမ်နှင့်ငြိမ်သက်နေလေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်း‌ချုပ်"

ထိတ်လန့်ပြီးနောက် ယန်တောက်သည် လျစ်လျူမရှုရဲတော့ဘဲ ဝမ်ဖုန်းအား ကျေးဇူးတင်စွာဖြင့် အလျင်အမြန် လေးလေးစားစား ဂါဝရပြုခဲ့သည်။

ယန်တောက်သည်နှစ်ပေါင်းများစွာ မည်မျှစိတ်ဆင်းရဲခဲ့ရသည်ကို မည်သူမျှမသိခဲ့ပေ ။သူသည် သူ၏သားအတွက် အပြစ်ရှိသလို အမြဲခံစားနေခဲ့ရသည်။

အကယ်၍ သူ၏ ခွန်အားသတ္တိသာ မလစ်ဟင်းခဲ့ဘဲ ထိုအဖြစ်အပျက်သာ မဖြစ်ခဲ့ဘူးဆိုလျှင် သူ၏သားသည် သူ၏စိတ်ဝိညာဉ်ကို မဆုံးရှုံးခဲ့ရသလို နှစ်ပေါင်း ၂၀ကျော်ကြာအောင် ရူးသွပ်နေမည်မဟုတ်ပေ။

သူ့သား၏ကျန်းမာရေးအတွက် သူ၏ဘဝကို အလဲအလှယ်လုပ်ရမည်ဆိုလျှင်ပင် ယန်တောက်သည် တုံ့ဆိုင်းနေမည်မဟုတ်ပေ။

ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော ကျင့်ကြံခြင်းကမ္ဘာထဲတွင် သူတို့ချစ်သော တစ်စုံတစ်ယောက်အတွက် သူတို့၏ဘဝကို စွန့်လွှတ်အနစ်နာခံချင်ကြသော လူအချို့အမြဲရှိပေသည်။

ထို့ကြောင့် လူသားများသည် လူသားဆန်သည့်စိတ်ဓာတ်တော့အပြည့်အဝရှိကြစမြဲပင်!

ဝမ်ဖုန်းသည် တည်ငြိမ်စွာဖြင့် သူ၏လက်ကို လှုပ်ပြခဲ့သည်။

ဝမ်ဖုန်း၏ အေးဆေးတည်ငြိမ်သည့် အသွင်အပြင်ကြောင့် လင်းဖေးဝူနှင့် အခြားသူများသည် နောက်တစ်ဖန် အံ့ဩကုန်ကြပြီး ယန်တောက်၏မျက်လုံးထဲတွင် အလွန်ပင် လေးစားဖွယ်ကောင်း‌ နေလေသည်။

ဤသည်က ဧကရာဇ်အဆင့်ဆေးလုံးဖြစ်ပြီး ထိုဆေးလုံးကို သူ့အားပေးခဲ့စဉ်က ဂိုဏ်းချုပ်သည် ပူပင်သောက အနည်းငယ်တောင်မခံစားခဲ့ရပေ။ ဤဆေးလုံးသည် ဂိုဏ်းချုပ်အတွက် အမှိုက်တစ်ခုကဲ့သို့ပင်။ ဤကဲ့သို့စိတ်ဓာတ်မျိုးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ထိုက်ပေသည်။

ဝမ်ဖုန်း၏ဘေးတွင် ရပ်နေသော ကျန်းစန်ဖုန်းသည် အနည်းငယ်ပြုံးနေလေသည်။ဝမ်ဖုန်း၏ နောက်ကျောမှ လက်များသည် အဆက်မပြတ်တုန်နေလေသည်။အကယ်၍ ကျန်စန်းဖုန်းကသာ ထိုအရာကို မတားဆီးပေးခဲ့လျှင် ဂိုဏ်းချုပ်ကြီး၏ တုန်လှုပ်မှုထွက်ပေါ်လာပေလိမ့်မည်။

အခြားတစ်ဖက်တွင်ရှိသော ယဲ့မုချင်သည်လည်းပြုံးကာ ဝမ်ဖုန်း၏တုန်‌‌နေသောလက်ကို သူမ၏လက်များနှင့် ညင်သာစွာကိုင်လိုက်ပြီး တစ်ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်သည်။

သူ၏လက်ကို ငြင်သာစွာထိတွေ့လိုက်မှုကြောင့် ဝမ်ဖုန်းသည် သူ၏ဘေးတွင်ရှိသည့် ချစ်ရသည့်သူအားကြည့်ကာ အားတင်း၍ပြုံးပြလိုက်သည်။

ဒီဟာက ဧကရာဇ်အဆင့်ဆေးလုံးဘဲ!

ထိုဆေးလုံးကို အတည်မပြုခင်အချိန်က ဝမ်ဖုန်းသည် အလေးအနက်မထားဟု တွေးထားခဲ့သော်လည်း ယန်ရှန်းအား ဆေးလုံးပေးတော့မည်ဟုဆုံးဖြတ်ရသောအခါတွင် သူ၏နှလုံးသားကို သံချောင်းဖြင့်ရိုက်သကဲ့သို့ ခံစားလိုက်ရပြီး အလွန်နာကျင်ကာ အသက်ပင်မရှူနိုင်ပေ။

ထိုအချိန်တွင် ဝမ်ဖုန်းသည် နွေးထွေးသော ပွေ့ဖက်မှုတစ်ခုကို လိုအပ်နေသကဲ့လို့ခံစားလိုက်ရသောကြောင့် ယဲ့မုချင်ကို သနားစဖွယ်အမူအရာဖြင့်ကြည့်လိုက်သောအခါ သူမ၏အပြစ်ကင်းကာ ချစ်စဖွယ်ကောင်းသော အကြည့်ကိုရလိုက်သည်။

"ဂိုဏ်းကိုပြန်ကြစို့!"

ဝမ်ဖုန်း၏နှလုံးသား နာကျင်လာပြန်သောကြောင့်သူသည် သူ၏လက်ကို ဝှေ့ယမ်း၍ တည်ငြိမ်စွာပြောခဲ့သည်။

သောက်ကျိုးနည်း ၊ အကယ်၍ ယန်ရှင်းသည် အဓိကဇာတ်ဆောင်ပုံစံမဟုတ်ခဲ့ပါက သူ့အား သေခြင်းမှ တွန်းလှန်ခုခံပေးနိုင်မည်မဟုတ်ဟု ဝမ်ဖုန်းခံစားလိုက်ရသည်။

*************

"ဝိုး နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံမှာ မြင်းနက်တစ်ကောင် ရှိတယ်မလား"

(မြင်းနက်= ရုတ်တရက် ထင်ပေါ်ကျော်ကြားလာသူ)

"ဘယ်လို၊ နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံရဲ့ခေါင်းဆောင်က မင်းသားမဟုတ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်လား။"

"ဘယ်လို ၊ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေက နတ်ဆိုးချိတ်ပိတ်ခြင်းစာရင်းမှာ ထိပ်တန်းအဆင့်သုံး နေရာကို ပိုင်ဆိုင်ထားတာလား"

"ဘာလဲ ဒါဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းက အဓိကဂိုဏ်းကြီးသုံးခုကို တိုက်ခိုက်သတ်ဖြတ်ပြီး စစ်ရှုံးခြင်းကနေ အောင်နိုင်ခြင်းကို ဖြစ်စေနိုင်ပြီး အင်ပါယာရဲ့ထိပ်တန်းဂိုဏ်းကြီးသုံးခုကိုဖျက်ဆီးပစ်နိုင်တယ်ပေါ့"

ရှန်လင်မြို့တွင် မရှိသောကျင့်ကြံသူတို့သည် ရှန်လင်မြို့မှ ပြန်ရောက်လာသော ကျင့်ကြံသူများဆီမှ နားထောင်ကြရသည်။ သူတို့သည် လေ့ကျင့်သင်ကြားပေးခံထားရသကဲ့သို့ သူတို့၏ အမူအရာများသည် တူညီနေကြပြီး သူတို့အားလုံးက ထိတ်လန့်သွားကြသည်။

အပိုပြောခြင်းမရှိပေ။

နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံ၏ထိပ်တန်းအဆင့်သုံးနေရာတွင်ရှိနေသော ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များဖြစ်စေ ၊ သို့မဟုတ် အင်ပါယာ၏ထိပ်တန်းဂိုဏ်းကြီးသုံးခုကို ဖျက်ဆီးခဲ့သော ရှန်ရှန့်ကျုံဂိုဏ်းဖြစ်စေ ၊ ကြီးမြတ်သောယောင်ရီဧကရာဇ်၏ ဆုချီးမြှင့်ခြင်း ကိုငြင်းဆိုလိုက်သော ရှန်ရှန့်ကျုံဂိုဏ်းပင်ဖြစ်စေ တစ်ခုတည်းသော အကြောင်းရင်းတစ်ခုကြောင့် ယောင်ရီအင်ပါယာတစ်ခုလုံးကို ‌အုတ်အော်သောင်း‌နင်းဖြစ်စေနိုင်ပေသည်။

ဝမ်ဖုန်းသည် ယန်တောက်အား ဧကရာဇ်ဆေးလုံးပေးပြီးသောအခါ စိတ်ပျက်လက်ပျက်မျက်နှာဖြင့် အားလုံးကို ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်ခေါ်လာခဲ့သည်။ ယောင်ရီအင်ပါယာတစ်ခုလုံးသည် နေ့တစ်ဝက်တာအတွင်းမှာပင် ပျက်စီးသွားပြီး ယောင်ရိီအင်ပါယာ၏ကျင့်ကြံသူများအားလုံးလည်း ငြင်းခုန်နေကြသည်။

"မင်းသားလို အင်ပါယာရဲ့ ပထမဆုံးအဆင့်မှာရှိတဲ့ ပါရမီရှင်တောင်မှ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေကို ရှုံးသွားတာလား၊ မဖြစ်နိုင်လိုက်တာ"

"ဘယ်လို ဂိုဏ်းမျိုးပါလိမ့်၊ ငါအရင်က ဒီလိုမျိုးတစ်ခါမှ မကြားဖူးခဲ့ဘူး ဘာလို့ဒီလောက်တောင်အင်အားကြီးရတာလဲ ဧကရာဇ်ရဲ့ဆုချီးမြှင့်မှုကို ငြင်းဆန်တယ်ဆိုတာဟုတ်လို့လား။ ဒါက အဓိပ္ပါယ်မရှိတာဘဲ ဒီလိုသတင်းမျိုးတွေ ဘယ်ကထွက်လာတာလဲ"

"ဒါဆို ဒါကသတင်းအမှားတွေလား"

"တကယ်ပဲ၊ ငါဒီသတင်းတွေကြားပြီးတော့ အဓိကဂိုဏ်းကြီးသုံးခုရဲ့ ကျန်ရှိနေတဲ့အိမ်တွေကိုရှာဖွေဖို့ ငါသွားခဲ့တယ် ဒါပေမဲ့ မမျှော်လင့်စွာနဲ့ဘဲ သူတို့အားလုံး ပျက်စီးကုန်ကြပြီ။"

"ဟေး ဒါက မယုံနိုင်စရာဘဲ"

"ဘာသတင်းမှမကြားဘဲ ဒီလောက်‌ ကြောက်မက်ဖွယ်‌ ကောင်းတဲ့ ဂိုဏ်းက ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ"

"ဟေး တအားကြောက်စရာကောင်းလွန်းတာကလဲ ကောင်းတဲ့အရာမဟုတ်ဘူး ၊ခဏစောင့်စမ်းပါ ဘယ်လို အင်မော်တယ်ဂိုဏ်းမျိုးက ကြာကြာမောက်မာနိုင်မှာလဲ"

ယောင်ရီအင်ပါယာတစ်ခုလုံး၏ ကျင့်ကြံသူ များသည် တုန်လှုပ်နေကြသော်လည်း အများစုမှာရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီဧကရာဇ်ကို အကြိမ်များစွာ ငြင်းပယ်နေသောကြောင့် သူတို့အားယောင်ရီအင်ပါယာမှ မုန်းတီးကာ ဝိုင်းဝန်းချေမှုန်းပစ်ကြမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။

နောက်ဆုံး၌ အင်ပါယာထဲရှိ ဂိုဏ်းကြီးများကိုဆန့်ကျင်ရန်ကြံစည်နေသောလူတစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်မောက်မာသည်ဟူ၍ ဆင်ခြေပေးခြင်းသာဖြစ်သည်ဟူသော ကောလဟာသတင်းများ က အင်ပါယာထဲတွင် ရှိနေ‌ဆဲပင်။

ယောင်ရီအင်ပါယာတစ်ခုလုံး၌ရှိသည့် ကျင့်ကြံသူများသည် ထိုအကြောင်းကိုပြောနေကြချိန်တွင် ယောင်ရီတော်ဝင်မြို့တော်၌ ထိုအကြောင်းကို မည်သူကမျှမပြောရဲကြပေ။

မင်းသားနှင့် စစ်သူကြီးချန်းလီသည် တော်ဝင်မြို့တော်ဆီသို့ ပြန်‌ရောက်သည့်အခါ ယောင်ရီမြို့တော်တစ်ခုလုံး၏ အငွေ့အသက်များသည် တောက်ပနေလေ၏။ယောင်ရီမြို့တော်၏ အစောင့်အကြပ်များသည် တိုးတက်လာသော အဆင့်အမျိုးမျိုးရှိနေလေ‌သည်။

ယောင်ရီတော်ဝင်မြို့တော်တစ်ခုလုံးရှိ ကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားနေကြသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကြောင့် တုန်လှုပ်ခြောက်ခြားနေကြသော်လည်း သူတို့သည် စကားတစ်ခွန်းမျှပင် မပြောရဲကြပေ။

တောက်ပသော တော်ဝင်မြို့တော်၏ အလယ်ဗဟိုတွင် အလွန့်အလွန်ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများရှိပေသည်။ သင်ဟာ အစွန်အဖျားတွင်ရပ်နေစေကာမူ သင့်အား အရှုံးပေးချင်စိတ်များပေါ်ပေါက်လာအောင်ပြုလုပ်နိုင်သော အင်ပါယာ၏ ဘုန်းတန်ခိုးအာနုဘော်ကို ခံစားနိုင်ပေသည်။အင်ပါယာမြို့တော်၏ ကြီးမြတ်သောစစ်သည်များ အနီးတွင်ရပ်နေခြင်းကပင် တော်ဝင်မြို့တော်ရှိ ကျင့်ကြံသူများအား မိုးကြိုးရေကန်ကိုကျော်လွန်၍ ခြေတစ်လှမ်းတောင် မလှမ်းရဲအောင်ပြုလုပ်ခဲ့သည်။

ဤသည်မှာ ယောင်ရီအင်ပါယာ၏ အစစ်အမှန်စွမ်းအား ဗဟိုချက်ဖြစ်သည့် ယောင်ရီနန်းတော်ဖြစ်၏!

ယောင်ရီနန်းတော်သည် နန်းတော်အခမ်းအနားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးရသော ၊ အမိန့်များကိုချမှတ်ရသော မဟာတရားရုံးအစည်းအဝေးကို ကျင်းပရသောနေရာဖြစ်ပြီး အင်ပါယာ၏အဓိကအချက်အချာလဲဖြစ်ပေသည်။

ထိုအချိန်တွင် စစ်သူကြီး ချန်းလီနှင့် တော်ဝင်မင်းသားယုဖေးသည် ပလ္လင်ပေါ်တွင် ထိုင်နေသည့် အမြင့်မြတ်ဆုံးသူအား မော်မကြည့်ဝံ့သဖြင့် ခန်းမထဲတွင် ရိုသေလေးစားစွာဖြင့် ရပ်နေခဲ့ကြသည်။

ထိုသူသည် အဝါရောင်နဂါးဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအကြည့်တစ်ချက်တွင်ပင် အဆုံးမရှိသော အင်ပါယာ၏ဖိနှိပ်မှုကို ခံစားရနိုင်ပြီး အလွန်စူးရှသော ထိုမျက်လုံးများတွင်အလွန့် အလွန်ထက်မြက်မှု အရိပ်အယောင်များလင်းလက်နေခဲ့သည်။

"အရှင်မင်းကြီး ဒါက ဘယ်လိုဖြစ်ရတာပါလဲ"

စစ်သူကြီးချန်းလီသည် မဟာဧကရာဇ်ယောင်ရီကို ရိုသေစွာဂါဝရပြု၍မေးလိုက်သည်။

အကယ်၍ သူသာ ဧကရာဇ်လောက် သန်မာမည်ဆိုလျှင်ပင် သူသည် ယောင်ရီ ဧကရာဇ်၏ရှေ့မှောက်တွင် အနည်းငယ်မျှ စည်းကျော်ရဲမည်မဟုတ်ပေ။

"ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် ပါရမီရှင်ငါးဦးလား ၊ ငါတို့ရဲ့အင်ပါယာထဲမှာ ဒီလောက်ကြီးမားတဲ့ ဂိုဏ်းကြီးရှိတယ်ဆိုတာ သိမ်းငှက်စံအိမ် ကလူတွေမသိကြသေးဘူးကိုး!ဟားဟား ဘယ်လောက်တောင်တော်လိုက်တဲ့ အင်ပါယာ အမတ်လဲ "

ချန်းလီ၏အသံတိတ်သွားသောအခါ ခန်းမထဲတွင် ထည်ဝါသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ဧကရာဇ်ယောင်ရီ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီးနောက် သူသည် အသံနက်ကြီးဖြင့် အော်ခဲ့သည်။

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ပါရမီရှင်ငါးယောက်ရှိခြင်းသည် ဧကရာဇ်ယောင်ရီကိုပင် ထိတ်လန့်သွား‌ေစခဲ့ပြီး သူ၏ ကြီးမားသောအင်ပါယာထဲတွင် ဤစွမ်းအားကိုကြိုတင်သိသူမည်သူမျှမရှိခဲ့လေသလား။

ဧကရာဇ် ယောင်ရီ စိတ်မတိုစေရန် မည်သို့လုပ်နိုင်ပါမည်နည်း။ ရှန်ရှန့်ကျုံဂိုဏ်း ပေါ်ပေါက်လာခြင်းသည် သူ၏ တပ်ဖြန့်ထားမှုအချို့ကို ရပ်တန့်သွားစေခဲ့ပြီး ဧကရာဇ်ယောင်ရီကိုအလွန်ဒေါသထွက်စေခဲ့သည်။

အထူးသဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသည် သူနှင့်သူ၏ဆုချီးမြှင့်ခြင်းကို ငြင်းဆိုခြင်းကြောင့် ပို၍ပင် ဒေါသထွက်နေလေသည်။

ဧကရာဇ်ယောင်ရီသည် ဤကဲ့သို့ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှကြာခဲ့ပြီလဲ။ မဟာနတ်ဆိုးအိုကြီး ရွှမ်ရှအား နှိမ်နင်းပြီးကတည်းက သူ့အားမည်သူကမျှ ရန်မစရဲကြပေ။

ဤအကြောင်းအရာသည်လည်း ဤနှစ်အတောအတွင်းများတွင် နစ်မြှုပ်နေကာဧကရာဇ်ယောင်ရီရဲ့ ဘုန်းတန်ခိုးအား ကမ္ဘာပေါ်ရှိ မည်သူကမျှ မသိကြတော့ပေ!

"အရှင် စိတ်အေးအေးထားပါ"

ဧကရာဇ်ယောင်ရီ၏ ခပ်ရွဲ့ရွဲ့စကားများကို ကြားလိုက်ရသောအခါ တော်ဝင်စစ်သူကြီးချန်းလီနှင့် တော်ဝင်မင်းသားယုဖေးတို့သည် ထိတ်လန့်ခြောက်ခြားကာ အလျင်အမြန်အရိုအသေပေးခဲ့ကြသည်။

"စိတ်လျော့ရမှာလား၊ ဒီအင်ပါယာကို ဘယ်လို စိတ်ချရမလဲ ၊ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိတဲ့ ပါရမီရှင်ငါးယောက်ရှိတယ်။ မင်းသိတဲ့အတိုင်း ရှန်ရှန့်ကျုံဂိုဏ်းသာ အင်ပါယာက်ိုဆန့်ကျင်မယ်ဆိုရင် ငါရဲ့ အင်ပါယာကြီးမှာ ပြသနာဘယ်လောက်တောင်များသွားလိုက်မလဲ။ ဒေါသကိုလျော့ရဦးမှာလား"

ဧကရာဇ်ယောင်ရီသည် အေးစက်စွာပြောလိုက်ပြီး သူ၏မျက်လုံးထဲတွင် လူသတ်ချင်သည့် အရိပ်အယောင်များပါထွက်ပေါ်နေလေသည်။

ဧကရာဇ်ယောင်ရီ၏ ဒေါသတကြီး အော်သံကိုကြားလိုက်သောအခါ စစ်သူကြီးချန်းလီနှင့် တော်ဝင်မင်းသားယုဖေးတို့သည် ခေါင်းများကို ဦးညွှတ်လိုက်ကြသည်။

"သိမ်းငှက် စံအိမ် သခင် ယင် ကို ရာထူးကနေ ဖယ်ရှားလိုက် ၊ ဒီနေ့ကစပြီး မင်းက သိမ်းငှက် စံအိမ် သခင် ဖြစ်သွားပြီ"

ဧကရာဇ်ယောင်ရီသည် အေးစက်စွာပြောခဲ့သည်။

ဧကရာဇ်ယောင်ရီ၏ စကားသံတိတ်သွားသောအခါ တော်ဝင်စစ်သူကြီးချန်းလီနှင့် တော်ဝင်မင်းသားယုဖေးတို့သည် အံ့ဩတုန်လှုပ်သွားကြသည်။

"အမိန့်အတိုင်းပါအရှင်"

တစ်ချိန်တည်းမှာပင် တစ်ခါမျှ အရိပ်ယောင်ယောင် မမြင်ဖူးသော အနက်ရောင်ပုံရိပ်တစ်ခု ခန်းမထဲတွင်ပေါ်လာခဲ့ပြီး တုံ့ပြန်မှုတစ်ခုပြုလုပ်ပြီးနောက် ပျောက်ကွယ်သွားပြန်သည်။

ထိုလူပေါ်လာသောအခါ စစ်သူကြီး ချန်းလီသည် အလွန်ထိတ်လန့်ကြောက်ရွံ့နေပုံရပြီး တော်ဝင်မင်းသား ယုဖေးပင်လျှင် အနည်းငယ်ကြောက်ရွံနေလေသည်။

ကောလဟာလတစ်ခုမှာ အရှင်မင်းမြတ်တွင် လူများ၏စိတ်ဝိညာဉ်ကို ပျောက်သွားအောင် လုပ်နိုင်သော တစ္ဆေတပ်ဖွဲ့ရှိသည် ဟူ၍ ဖြစ်သည်။ ထိုသူသည်လည်း ထိုအဖွဲ့ထဲမှ တစ်ယောက်ဖြစ်နိုင်ပေသည်။

"ရှန်ရှန့်ကျုံဂိုဏ်းကို ပထမဦးစားပေး ရှာဖွေရမဲ့ဂိုဏ်းအ‌နေနဲ့စာရင်းသွင်းပြီး လုပ်ဆောင်ချက်မှန်သမျှကို ဒီဧကရာဇ်ဆီ အ‌ကြောင်းကြားပါ၊ ဒီအမိန့်က ဒီနေ့ကစပြီး အကျုံးဝင်တယ်"

ဧကရာဇ်ယောင်ရီသည် နောက်တစ်ကြိမ်ပြောခဲ့သည်။

ဧကရာဇ်‌ ယောင်ရီ၏ စကားဆုံးသောအခါတွင် ထိုအရိပ်သည် ပြန်မပေါ်လာတော့ဘဲ စစ်သူကြီးချန်းလီသာမက တော်ဝင်မင်းသား ယုဖေးကပါ ရှန်ရှန့်ကျုံဂိုဏ်းကြီး အဆုံးသတ်ပြီး ဒဏ္ဍာရီလာတစ္ဆေစစ်တပ်၏ အနိုင်ယူခြင်း ခံရ တော့မည်ကို သိခဲ့ကြပေသည်။

ဆက်ပြီး စောင့်ကြည့်နေလိုက်ပါ။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထုတ်ဖော် ပြောရန်လျှို့ဝှက်ချက်မရှိတော့ပေ။

"အောက်ကိုဆင်း နံရံကိုမျက်နှာမူပြီး သုံးသပ်နေ၊ တော်ဝင်မင်းသားဖြစ်ပြီး နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ပထမနေရာတောင်မရခဲ့ဘူး။ အသုံးမကျလိုက်ပုံများ"

ဧကရာဇ်ယောင်ရီသည် ခန်းမတွင်ရပ်နေသော မင်းသားယုဖေးကို ကြည့်ကာ ဒေါသတကြီးအော်ပြောခဲ့သည်။

"မှန်လှပါ"

ဧကရာဇ်ယောင်ရီ၏ဒေါသသည် တော်ဝင်မင်းသားယုဖေးကို အလွန်ပင်ကြောက်ရွံ့စေခဲ့သည်။ သူသည်အလျင်အမြန် ဝန်ခံကာ ဂါရဝပြုလိုက်ပြီး ပြန်လှည့်ကာနောက်ဆုတ်ခဲ့သည်။သိို့သော် လှည့်ထွက်ခဲ့ချိန်၌ သူ၏မျက်လုံးတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

"ချန်းလီ"

"ရှိပါတယ်အရှင်"

"မင်းက မီးတပ်ဖွဲ့ကို တိတ်တဆိတ် အသင့်စုရုံးပြီး ရှင်းယောင်တောင်တန်းမှာ စုဝေးခိုင်းလိုက်"

"အရှင် ၊ဒါကတော့...."

ဧကရာဇ်ယောင်ရီ၏စကားများကိုကြားလိုက်သောအခါ စစ်သူကြီး ချန်းလီသည် အလွန်အံ့ဩတုန်လှုပ်သွားသောကြောင့် ဧကရာဇ်ယောင်ရီကိုကြည့်ကာ အံ့အားသင့်စွာပြန်ပြောခဲ့သည်။

တော်ဝင်စစ်တပ်ကို အမိန့်ပေးရသော စစ်သူကြီးအနေဖြင့် ချန်းလီသည် မီးတပ်ဖွဲ့၏ ပြင်းထန်မှုကိုကောင်းကောင်းသိသည်။၎င်းတပ်သည် အင်ပါယာ၏ထိပ်တန်းစစ်တပ်များထဲမှတစ်ခုဖြစ်ပြီး ထိုတပ်တွင် စုစုပေါင်းစစ်သည် ၅၀၀၀ ရှိကာ တစ်ဦးချင်းဆီတွင်လည်း အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့် စွမ်းအားရှိကြသည်။ထိုစစ်သည်များသည် သာမန်စစ်သည်များနှင့် လုံးဝမတူပေ။

အင်ပါယာရှိထိပ်တန်းစစ်တပ်တိုင်းသည် ၎င်းတို့ ပေါ်ထွက်လာသည့် အခါ၌ ဂိုဏ်းများကို ကြောက်လန့်စေကြပေလိမ့်မည်။

All Chapters