ရှန်ရှန့်ကျုံဂိုဏ်း၏ပြစ်မှုကြီးသုံးခု။
Vol. 6 Ch. 82
ထိုအခိုက်အတန့်တွင် ခေါင်းလောင်းသံကြီးမြည်ဟီးသည်ကဲ့သို့သောအသံသည် ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။
ဝမ်ဖုန်းနှင့် တင်းဖန်းတို့မှာ တစ်ပြိုင်နက် မျက်လုံးများမှေးကျဉ်းလျက် အထက်သို့မော့ကြည့်လိုက်ကြသည်။ အဝေးရှိကောင်းကင်တွင် ရှန်ရှန့်ကျုံဂိုဏ်းကို ဖိစီးနေသည့် တိမ်တိုက်မည်းကြီးဖြစ်တည်နေ၏။ ထိုတိမ်တိုက်မည်းကြီးထက်တွင် မရေမတွက်နိုင်အောင်များပြားလှသော ပုံရိပ်များပေါ်ထွက်လာခဲ့သည်။
အမတနတ်ဘုရားစစ်သည်တော်များ ကောင်းကင်ဘုံမှဆင်းသက်လာသည်ကဲ့သို့ ဖိစီးမှုကြီးလှစွာသောအရှိန်အဝါသည် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကိုယ်ပိုင်ခန်းမများတွင် အသီးသီး အနားယူကျင့်ကြံနေကြသည့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း တစ်ပြိုင်နက်တည်း မျက်လုံးပွင့်လာခဲ့ကြလျက် သူတို့၏မျက်လုံးများထဲတွင် အေးစက်မှုတစ်စ ဖြတ်ပြေးသွား၏။ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီးနောက် ဝမ်ဖုန်းရှိနေသည့်စံအိမ်သို့ ရုတ်ချည်းရောက်ရှိလာခဲ့ကြသည်။
ကျန်းစန်းဖုန့်နှင့် အခြားသူများသည် ခန်းမထဲသို့ရောက်လာခဲ့ကြပြီးနောက် ဝမ်ဖုန်းကို ခပ်သာသာအရိုအသေပေး၍ တိမ်တိုက်မည်းကို ကြည့်လိုက်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများအားလုံးမှာ အရေးမထားဟန်ဖြင့် အနည်းငယ်မျှသော စိုးရိမ်ပူပန်မှုပင် မရှိကြချေ။
မဟာနတ်ဆိုးရွှမ်ရှ၏ ခေါ်ဆောင်သွားခြင်းခံနေရသည့် မင်းသမင်းကြီးယုရွှမ်းသည်လည်း ထိုကြိမ်းဝါးသံကိုကြားသည်တွင် မျက်လုံးများကိုမှေးကျဉ်းလျက် အေးစက်မှုတချို့ ဖြတ်ပြေးသွားခဲ့၏။
ချန်းလီက သူ့စကားကို ဘယ်လိုတောင် လျစ်လျူရှုရဲတာလဲ?
သို့သော် မင်းသမင်းကြီးယုရွှမ်းသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် အနည်းငယ်သော်မှ မစိုးရိမ်မိပါ။ ဝမ်ဖုန်း၏ကြောက်မက်ဖွယ်စွမ်းအားကို မြင်တွေ့ခဲ့ပြီးနောက်တွင် ယုရွှမ်းသိသွားခဲ့ပါ၏။ သူမ၏အစ်ကိုတော်အနေဖြင့် ဤတစ်ကြိမ်တွင် သူမ၏ဘက်တွင် နတ်ဘုရားများရှိေနမည်ကို စိုးရိမ်သင့်ပေသည်။
“တစ်ယောက်ယောက်က ရှင်တို့ရှန်ရှန့်ကျုံဂိုဏ်းကို ပြစ်မှုကျူးလွန်ဖို့လာနေပြီ။ ရှင် မစိုးရိမ်ဘူးလား”
မင်းသမီးကြီးယုရွှမ်းသည် ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှကို ပြော၏။
“လူတစ်ယောက်ရဲ့လက်တွေဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ထက် ကျော်လွန်ပြီးမှရပ်တန့်တယ်”
မင်းသမီးကြီးယုရွှမ်း၏ စူးစမ်းမေးမြန်းခြင်းကိုရင်ဆိုင်ရသည်တွင် မဟာနတ်ဆိုးရွှမ်ရှသည် အရေးမထားဟန် ပြန်ပြောလိုက်၏။
မင်းသမီးကြီးယုရွှမ်းသည် မဟာနတ်ဆိုးရွှမ်ရှကို လေးနက်စွာစူးစိုက်ကြည့်ခဲ့၏။ သို့သော် စကားမဆိုခဲ့တော့ပေ။ သူမသည် ခေါ်ဆောင်ရာနောက်သို့ ဆိတ်ငြိမ်စွာလိုက်ပါသွားခဲ့သည်။ သူမ၏ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် စူးစမ်းသိမြင်လိုစိတ်သည် ပို၍ပို၍ကြီးမားလာနေခဲ့ပြီး သူမ၏စိတ်နှလုံးအတွင်းမှ မျှော်လင့်ချက်သည်လည်း ပို၍ပို၍ခိုင်မာလာခဲ့သည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်ခန့်၌ ယောင်ရီအင်ပါယာကြီးအား ဖျက်ဆီးခဲ့သည့် ဂုဏ်သိက္ခာကြီးမားလှသောဤတည်ရှိမှုသည် ရှန်ရှန့်ကျုံဂိုဏ်းအား အလွန်တရာရိုသေလေးစား၏။
တစ်ဖက်တွင်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးဆုံးတပည့်လီချင်းသည် လက်ကိုနောက်ပစ်လျက်ဖြင့် ကောင်းကင်မှပုံရိပ်များကို ရပ်ကြည့်နေခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ အရေးမထားဟန်ဖြင့် မျက်လုံးများသည်နက်ရှိုင်းသည်ဖြစ်ရာ သူ၏အတွေးကို မသိနိုင်ပေ။
ယခုပုံစံမှာ အတိတ်ကာလရှိလီချင်း၏ စရိုက်လက္ခဏာနှင့် ကွာခြားပေသည်။ လက်ရှိကာလ၏လီချင်းသည် မရေမတွက်နိုင်သောကိစ္စရပ်များကို ကြုံတွေ့ခဲ့ရပြီးဟန်ဖြင့် လွတ်လပ်ပြီးသီးခြားဆန်သည့်ကိုယ်ပိုင်စရိုက်လက္ခဏာမျိုး ရှိပေသည်။
တစ်ပြိုင်နက်တည်းတွင် ရှန်ရှန့်ကျုံဂိုဏ်းမှ မီတာရာချီကွာဝေးသည့်တောင်ထိပ်တွင် ပုံရိပ်များစွာရပ်နေကြလျက် ထိုပုံရိပ်များသည် မတူညီသည့်ဝတ်စားဆင်ယင်ပုံတို့ဖြင့် အုပ်စုအဖွဲ့များ ခွဲခြားထားပေသည်။
ထို့ပြင် ထျန်းရှင်းဂိုဏ်းမှ တာ့အိုဝတ်ရုံဖြင့်လှပသည့်အမျိုးသမီးသည်လည်း ထိုလူအုပ်များထဲတွင်ရှိနေခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူမသည် တာ့အိုဝတ်ရုံဝတ်ဆင်ထားသော ကြီးထွားသန်မာသည့် သက်လတ်ပိုင်းအရွယ်လူကြီး၏ဘေးတွင် ရိုကျိုးစွာဖြင့် ရပ်နေခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ ထျန်းရှင်းဂိုဏ်း၏ဂိုဏ်းချုပ် ကျန်းထျန်းဖြစ်သည်။
ကျန်းထျန်းနှင့်အတူ အခြားသောကျင့်ကြံသူများလည်း ရပ်နေခဲ့သည်။ ထိုသူတို့မှာ ယောင်ရီအင်ပါယာ၏ များစွာသော စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်ကြသည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းကိုရင်ဆိုင်ရန် မီးလျှံနှင့် နှင်းမြူ ထိပ်တန်းစစ်တပ်ကြီး(စစ်သည် ၄၂၀၀မှ ၆၂၀၀အထိ ပါဝင်သောစစ်တပ်)နှစ်ခုကို စေလွှတ်ခဲ့သည်။ သူတို့သည် အမှန်တကယ် လျှို့ဝှက်သိုသိပ်ကြသော်ငြား ထိပ်တန်းဂိုဏ်းကြီးများမှ စုံစမ်းသိရှိခြင်းကိုခံရမြဲဖြစ်လေသည်။
ကြီးကျယ်ခမ်းနားလှသည့် အခါသမယကို ရင်ဆိုင်ရမည်ဖြစ်ရာ ထိပ်တန်းဂိုဏ်းကြီးများအနေဖြင့် ဤစိတ်ဝင်စားမွေ့လျော်ဖွယ်ကိစ္စရပ်ကြီးကို အဘယ်သို့များ လာရောက်မပါဝင်ဘဲ ရှိနိုင်ပါမည်နည်း။
သေချာပေါက်ပင် သူတို့၏အဓိကရည်ရွယ်ချက်မှာ ဗြောင်းဆန်နေသည့်ရေပြင်မှ ငါးဖမ်းယူနိုင်မည်လောဟု လာကြည့်ခြင်းဖြစ်ပါ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော်ငြား တော်ဝင်စစ်တပ်၏ ချေမှုန်းဖျက်ဆီးခြင်းကိုခံရရန် ကြမ္မာပါလာခဲ့သည်။ ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်း၏အဖိုးတန်ရတနာများနှင့် မျိုးရိုးဆက်ခံမှုကျင့်စဉ်များသည်လည်း သိမ်းယူခံရပေမည်။
နေရာရှိထိပ်တန်းဂိုဏ်းကြီးများ၏ ၉၉ရာနှုန်းခန့်သည် ရှန်ရှန့်ကျုံဂိုဏ်းမှာ တော်ဝင်စစ်တပ်၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု ယုံကြည်ထားကြပါ၏။
ဤတစ်ကြိမ်တိုက်ခိုက်သည်မှာ အင်ပါယာ၏ထိပ်တန်းစစ်တပ်နှစ်ခုဖြစ်သည်။ သူတို့ကိုယ်တိုင်မှာ ထိပ်တန်းဂိုဏ်းကြီးများဖြစ်ကြသော်ငြား ထိုစစ်တပ်ကြီးကိုမူ ကြောက်ရွံ့တုန်လှုပ်ကြပေသည်။
အင်ပါယာ၏ထိပ်တန်းစစ်တပ်ငါးခု စတင်ဖြစ်တည်လာခဲ့ချိန်မှစ၍ စစ်တပ်နှစ်ခု အတူတကွပေါင်းစည်း၍ တာဝန်တစ်ခုကို ထမ်းဆောင်ကြခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။
ရှန်ရှန့်ကျုံဂိုဏ်းမှာ တော်ဝင်စစ်တပ်၏ချေမှုန်းဖျက်ဆီးခြင်းကို ခံခဲ့ရလျှင်သော်မှ ဂုဏ်ယူဝံ့ကြွားရန် လုံလုံလောက်လောက် ထိုက်တန်ပါ၏။
“ပြောရရင် ဒီရှန်ရှန့်ကျုံဂိုဏ်းက တကယ့်ကိုအံ့ချီးဖွယ်ပါပဲ။ စတင်ဖြစ်တည်လာချိန်မှာ လူမသိသူမသိဂိုဏ်းလေးဖြစ်ခဲ့ရာကနေ ထိပ်တန်းဂိုဏ်းကြီးသုံးခုကို ဖျက်ဆီးပစ်လိုက်ပြီး တစ်လောကလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့တယ်။ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ ခမ်းနားထည်ဝါလှတဲ့ဧကရာဇ်ကြီးကို မယှဉ်နိုင်ခဲ့ပါဘူးလေ”
ထျန်းရှင်းဂိုဏ်းချုပ်ကျန်းထျန်းသည် ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြားထက်ရှိ တိမ်တိုက်မည်းကြီးကိုကြည့်ရင်းမှ ရေရွတ်၏။ သူ၏မျက်လုံးများမှာ နက်ရှိုင်းလွန်းလှလေရာ သူ၏စိတ်တွင်းမှအတွေးတို့ကို မှန်းဆသိရှိရန်မဖြစ်နိုင်ပေ။
“ချွန်ထက်နေတဲ့အဖျားက အရမ်းကိုထင်ပေါ်နေလွန်းလို့ လူကို အခွင့်အရေးပေးနေသလိုပါပဲ! အဲဒီ့လူရဲ့လိုအင်ဆန္ဒက အရမ်းသိသာထင်ရှားနေပါပြီ။ ဂိုဏ်းချုပ်ကျန်းမှာ ဘယ်လိုအစီအစဉ်ရှိလဲဆိုတာ သိချင်မိပါတယ်”
အခြားသော ထိပ်တန်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ်တစ်ဦးမှ ပြောခဲ့သည်။
“ကျုပ်မှာ ဘာအစီအစဉ်များရှိနိုင်မှာလဲ။ အဲဒီ့လူက ကောင်းကင်က နေမင်းကြီးလိုပဲ နေရာတိုင်းမှာတောက်ပနေတာလေ။ ဆိုမှတော့ ကျုပ်တို့တွေကလည်း နေမင်းရောင်ခြည်ကိုခံယူပြီး အဲဒီ့လူရဲ့ဆန္ဒနောက်ကို လိုက်ရမှာပဲပေါ့”
ကျန်းထျန်းသည် လက်သီးကို အနည်းငယ်တင်းတင်းဆုပ်လျက် ကျယ်လောင်စွာပြောလိုက်၏။
အရိုအသေတန်လှပုံမှာ ခွေးတစ်ကောင်မှလျှာဖြင့်လျက်နေသည်ကဲ့သသို့ အပြုအမူမျိုးဖြစ်လေသည်။
-ြီး!
ကျန်းထျန်း ကျုပ်မင်းကို ယုံကြည်ခဲ့တာကို မင်းကဘာလို့ လှည့်ကွက်တွေသုံးနေရတာတုန်း?!
မေးခွန်းမေးခဲ့သည့်ထိပ်တန်းဂိုဏ်းချုပ်သည် ကျန်းထျန်းကို ရွံရှာမုန်းတီးစွာကြည့်လျက် စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ကျန်းထျန်းကို စကားပြောလိုစိတ်လည်း ပျောက်ရှသွားတော့၏။
အခြားသောထိပ်တန်းဂိုဏ်းချုပ်များသည်လည်း နှုတ်ခမ်းထောင့်များတွန့်ကွေးရုံမျှ ပြုံးလိုက်ကြကာ မည်သည့်စကားမျှ ဆိုမလာခဲ့ချေ။
ထိုလူ၏လိုအင်ဆန္ဒသည် အလွန်ခိုင်မာ၏။ သူတို့အားလုံးသည် မိမိတို့ကိုယ်တိုင်အပြင် မိမိတို့၏ဂိုဏ်းအတွက်ပါ လွတ်မြောက်လမ်းကိုရှာဖွေလိုကြသည်။ မိမိတို့မှာ သေချင်နေသည် မဟုတ်ပါလျှင် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် မဖြစ်နိုင်ပေ။
ရှန်ရှန့်ကျုံဂိုဏ်းကိုကြည့်ရသည်တွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ငါးဦးရှိ၏။ သူတို့သည် ကမ္ဘာလောကကို တုန်လှုပ်စေနိုင်သည့် အဖျက်စွမ်းအားကြီးမားသူများဖြစ်ကြသော်ငြား လက်ရှိအချိန်တွင်တော့ ဖျက်ဆီးချေမှုန်းခံရနိုင်ခြေရှိ၏။
ဂိုဏ်းသည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ အဘယ်သို့များ အင်ပါယာကြီးတစ်ခုလုံး၏အင်အားထက် သာလွန်နိုင်ပါမည်နည်း။
ထိပ်တန်းဂိုဏ်းချုပ်များမှ အချင်းချင်း အပြန်အလှန် လှုံ့ဆော်စစ်ဆေးပြောဆိုနေကြချိန်တွင် ချန်းလီသည် စစ်တပ်ကြီးနှစ်ခုကိုဦးဆောင်၍ ဝမ်ဖုန်းရှိရာစံအိမ်အထက်သို့ ရောက်ရှိသွားခဲ့လေပြီ။
ချန်းလီသည် လှောင်ရယ်သည့်မျက်နှာအမူအရာဖြင့် ဝမ်ဖုန်းနှင့်အခြားသူများကို အထက်စီးဆန်စွာ ငုံ့ကြည့်လိုက်သည်။ ဧကရာဇ်၏ဆန္ဒတော်ရှေ့မှောက်၌ မည်သည့်ဂိုဏ်းဖြစ်စေ ကြက်လေး၊ငှက်လေးများသဖွယ်ဖြစ်၍ တန်းတူသတ်မှတ်ခံပေသည်။
“စစ်သူကြီးချန်းက ဘာကိစ္စကြောင့်များ ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဒီလိုလူတွေအများကြီးနဲ့ သိုက်သိုက်မြိုက်မြိုက် ရောက်လာရတာလဲဗျာ”
ပဋိပက္ခဖန်တီးရန်ရောက်လာသည့်ချန်းလီကို မျက်နှာချင်းဆိုင်လျက် ဝမ်ဖုန်းသည် အပြုံးဖြင့်မေးလိုက်သည်။
ထိုအမူအရာသည် စစ်တပ်ကြီးနှင့်ရင်ဆိုင်နေသည်နှင့်မတူဘဲ နှစ်ပေါင်းများစွာဝေးကွာနေခဲ့သည့် မိတ်ဆွေဟောင်းကြီးအား နှုတ်ဆက်စကားဆိုနေသည်ကဲ့သို့ ဖြစ်လေသည်။
“ဝမ်ဖုန်း မင်းတကယ်မသိဘူးလား!”
စစ်သူကြီးချန်းလီသည် အထက်စီးဆန်လှသည့်အသံအနေအထားဖြင့် ပြန်အော်ပြော၏။ သူ၏မျက်လုံးများမှာ သေလူတစ်ဦးအား ကြည့်နေသည်ကဲ့သို့ ခံစားချက်ကင်းမဲ့နေခဲ့သည်။
ချန်းလီ အမုန်းဆုံးမှာ ဝမ်ဖုန်း၏ ထိုအရေးမထားဟန်သော အမူအရာဖြစ်သည်။ သူသည် အင်ပါယာ၏စစ်သူကြီးတစ်ဦးဖြစ်သည်။ သူသွားသည့်နေရာတိုင်းတွင် ရိုသေလေးစားစွာဖြင့် ဆက်ဆံခံခဲ့ရသည်မဟုတ်ပါလော။
ဝမ်ဖုန်းသည် သူ့အား လျစ်လျူရှုကာ အရေးမထားဟန်ဆက်ဆံသည့် ပထမဆုံးလူဖြစ်သည်။
ယခုတွင် သူသည် စစ်တပ်ကြီးနှစ်ခုကို ဦးဆောင်ချီတက်လာခဲ့၏။ သို့သော်ငြား ဝမ်ဖုန်းသည် ထိုအပြုအမူ၊ အမူအရာအတိုင်း ရှိနေဆဲဖြစ်လေသည်။
ဝမ်ဖုန်း၏ထိုအမူအရာသည် ချန်းလီအား အင်အားကြီးမားသည့်ရန်သူကို ဖြိုခွင်းသည့်အောင်မြင်မှုကို မခံစားရစေဘဲ အလွန်အမင်း စိတ်မချမ်းမြေ့နိုင် ဖြစ်စေပေသည်။
ဝမ်ဖုန်းသည် ခေါင်းခါယမ်းလျက် စစ်သူကြီးချန်းလီအား အရေးမထားဟန် ကြည့်လိုက်၏။
ထိုတည်ငြိမ်အေးဆေးလှသည့် အမူအရာသည် ချန်းလီအား မိမိမှ ဝမ်ဖုန်းအား အထင်မြင်သေးစွာပြုမူနေသည်ဟု မခံစားရဘဲ ဝမ်ဖုန်းမှ မိမိအား အထင်မြင်သေးစွာပြုမူနေခဲ့သည်ဟု ခံစားရစေရာ ချန်းလီကို ပို၍ စိတ်မချမ်းမြေ့နိုင် ဖြစ်စေခဲ့သည်။။
“မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းဟာ ပြစ်မှုကြီးသုံးခုကျူးလွန်ထားတယ်”
“ဧကရာဇ်ကြီးကို လေးစားမှုမရှိဘဲ ဧကရာဇ်ရဲ့အမိန့်ဆန္ဒကို မနာခံတဲ့ပြစ်မှု!”
“အပြစ်သားလင်းမိသားစုရဲ့ ကျန်ရစ်သူကို လက်ခံထားပြီး ဧကရာဇ်ရဲ့အချုပ်အခြာအာဏာကို စိန်ခေါ်တဲ့ပြစ်မှု!”
“တော်ဝင်မြို့စားကို သတ်ဖြတ်ပြီး တော်ဝင်စစ်တပ်ကို ဖျက်ဆီးခဲ့တဲ့ပြစ်မှု!”
“ဒီပြစ်မှုကြီးသုံးခုကို ပေါင်းစည်းလိုက်ရင် လုံးဝကို ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုဖြစ်တယ်! မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းဟာ အတင့်ရဲတယ်။ ဒီနေ့ ငါစစ်သူကြီးက စစ်တပ်နှစ်ခုကိုဦးဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို အရေးယူမယ်။ ပြစ်မှုကို လက်ခံသလား”
ချန်းလီသည် ဝမ်ဖုန်းကို စူးရဲစွာစိုက်ကြည့်လျက် အသံနက်ဖြင့်ကျယ်လောင်စွာပြောခဲ့သည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြားတစ်ခွင်တွင် လွှမ်းခြုံသွားခဲ့ပေသည်။
ထိုအခိုက်တွင် ချန်းလီသည် လေဟာပြင်တွင် လက်ကိုနောက်ပစ်လျက် ရပ်နေခဲ့ခြင်းဖြစ်ပြီး သူ၏နောက်တွင် စစ်တပ်ကြီးနှစ်ခုရှိနေခဲ့သည်။ သူတို့သည် ပြိုင်ဘက်ကင်းစစ်သူကြီးဟူသော ဟန်ပန်မျိုးဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအား နိုင်ထက်စီးနင်းပြုမူနေကြ၏။
အရပ်လေးမျက်နှာရှိ အထင်မြင်သေးဟန်အကြည့်များသည် မီတာရာချီအကွာအဝေးရှိ ဂိုဏ်းကြီးများကို စိတ်နှလုံးတုန်လှုပ်စေပေသည်။
အင်ပါယာ၏စစ်သူကြီးသည် မျှော်လင့်ထားသည့်အတိုင်းပင်.. မည်သို့လက်ဦးမှုရယူရမည်ကို ကောင်းကောင်းသိ၏။
သာမန်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါလျှင် ချန်းလီနှင့်ရင်ဆိုင်ရသည်နှင့် သေလောက်အောင်ကြောက်ရွံ့နေလိမ့်မည်ဖြစ်ဘသည်။ သို့သော် ဝမ်ဖုန်းသည်တော့ အရေးမထားဟန် ရှိနေဆဲဖြစ်သည်။ ဝမ်ဖုန်းသည် ချန်းလီအား ခပ်ဖျော့ဖျော့အပြုံးဖြင့် ကြည့်နေခဲ့သည်။
“ဒီလောကကြီးမှာ ငါဂိုဏ်းချုပ်ကို ခေါင်းငုံ့အမှုထမ်းစေနိုင်မယ့်လူရယ်လို့ တစ်ယောက်မှမရှိဘူး! သူက အဲဒီ့ရာဇပလ္လင်ပေါ်မှာထိုင်နေတာ အချိန်တွေအရမ်းကြာသွားလို့ သူ့ကိုယ်သူ တကယ်ကြီး တစ်လောကလုံးကို ထိန်းချုပ်နိုင်တယ်များ ထင်သွားတာလား?”
“ဝမ်ဖုန်း မင်းက မောက်မာထောင်လွှားနေလွန်းတာပဲ!”
“ကြည့်ရတာ မင်းက နောင်တရ,ရကောင်းမှန်းမသိသေးဘူးပဲ။ ဒီအချိန်ထိတောင် ဧကရာဇ်ကို အထင်မြင်သေးစော်ကားဝံ့သေးတယ်!”
ချန်းလီသည် ကျယ်လောင်စွာကြိမ်းဝါးလျက် သူ၏မျက်လုံးများတွင်လည်း ဒေါသရိပ်များဖြတ်ပြေးသွားခဲ့သည်။ ဤသို့သော အခြေအနေ၌ပင် ဝမ်ဖုန်းသည် မောက်မာထောင်လွှားနေနိုင်ဦးမည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။
စစ်သူကြီးချန်းလီ၏ ကြီးထွားသန်မာသောခန္ဓာကိုယ်မှ ပြင်းထန်လှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြာထွက်လာခဲ့သည်။ သူ၏နောက်ရှိ စစ်တပ်ကြီးနှစ်ခုသည်လည်း ကြောက်မက်ဖွယ်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ထုတ်လွှတ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြား၏အပူချိန်သည် သုညဒီဂရီသို့ ကျသွားခဲ့သည့်အလား နေရာရှိလူတို့ကို အေးစက်မှုကြောင့် အလိုအလျောက်ကျောချမ်းစေခဲ့ပေသည်။
ဝမ်ဖုန်း၏စကားကိုကြားကြသည်တွင် အဝေးတွင်စောင့်ကြည့်နေသည့် ဂိုဏ်းကြီးများသည်လည်း စိတ်ပျက်စွာ ခေါင်းခါရမ်းကြကုန်သည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းမှာ ဤမျှတိုတောင်းလှသော အချိန်အတွင်းတွင် ယောင်ရီအင်ပါယာကြီးတစ်ခုလုံးကို အံ့ဩထိတ်လန့်စေနိုင်ခဲ့သည်ကြောင့် ထိုရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်တရာ ထူးကဲသာလွန်သည်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ယခုတွင်တော့ ဝမ်ဖုန်းတို့သည် သူ၏ဂိုဏ်းတစ်ခုတည်း၏ ခမ်းနားကြီးကျယ်မှုတွင် နစ်မြုပ်နေလျက် မောက်မာထောင်လွှားနေသည့်လူတစ်သိုက်သာ ဖြစ်ပုံရလေသည်။
“အကြီးအကဲဝမ် ဖြစ်နိုင်ရင် နောက်ပိုင်းမှာအခွင့်အရေးရှာပြီး ထျန်းရှင်းကို ကယ်ကြရအောင်”
ကျန်းထျန်းသည် လက်ကိုနောက်ပစ်လျက် ရှန်ရှန့်ကျုံဂိုဏ်းအား ရပ်ကြည့်နေရင်းဖြင့် ခပ်သာသာေပြာ၏။
“ဂိုဏ်းချုပ် အဲဒီ့နိမ့်ကျတဲ့အစေအပါးက ဂိုဏ်းကိုသစ္စာဖောက်သွားတာကို ဘာလို့လဲ…?”
ရှန်ရှန့်ကျုံဂိုဏ်း ပျက်စီးတော့မည့်အရေး၌ ပျော်ရွှင်ဝမ်းမြောက်နေသည့် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးအကြီးအကဲဝမ့်သည် မျက်နှာအမူအရာပြောင်းလဲသွား၍ ရှုပ်ထွေးသွားခဲ့သည်။
“လူကြီးတစ်ယောက်က သူ့ကို စိတ်ကူးယဉ်အတွေးတွေ ယူဆောင်လာပေးခဲ့တယ်။ သူ့ကို သန့်ရှင်းစင်ကြယ်အောင် သန့်စင်ဆေးကြောပေးရမယ်။ နည်းနည်းလေးတောင် မထိခိုက်စေနဲ့။ ဆံချည်မျှင်တစ်မျှင်စာ ဒဏ်ရာလေးတောင် မဖြစ်စေနဲ့။ မဟုတ်ရင် သူ့ရဲ့အလှကို ထိခိုက်လိမ့်မယ်”
ထိုစကားအတွက် ကျန်းထျန်းသည် အသံပို့ဆောင်ခြင်းမန္တာန်ကို အသုံးပြုခဲ့သည်။
ထိုစကားသည် အကြီးအကဲဝမ့်ကို ဒေါသထွက်စေခဲ့၏။
‘ဘာလို့ အဲဒီ့နိမ့်ကျတဲ့အစေအပါးက အမြဲကံကောင်းနေရတာလဲ’
သူမသည် လူအများရှေ့တွင် လီထျန်းရှင်း၏ဆရာဖြစ်သော်ငြား လီထျန်းရှင်းအား မြင်တွေ့နေရသည်ကို များစွာသဘောမကျနေပါချေ။ သူမသည် လီထျန်းရှင်း၏အလှအပကို ငှားရမ်း၍ အင်အားကြီးသူများကို တွယ်ကပ်လိုခြင်းသာဖြစ်ပါ၏။
လီထျန်းရှင်းမှ ထျန်းရှင်းဂိုဏ်းကို သစ္စာဖောက်ခဲ့ချိန်တွင် သူတို့နှစ်ဦးသည် အလုံးစုံကင်းကွာသွားခဲ့တော့သည်။ အကြီးအကဲဝမ့်သည် လီထျန်းရှင်း၏သေဆုံးမှုကိုသာ လိုလားပါ၏။ ထို့ကြောင့် သူမ လိုက်လာခဲ့ခြင်းဖြစ်သည်။ သူမသည် အင်ပါယာ၏စစ်တပ်လက်အောက်တွင် လီထျန်းရှင်း၏ ဆိုးရွားလှစွာသေဆုံးသွားမည့်မြင်ကွင်းကို မြင်တွေ့လိုသည်။ လူမဆန်လှသည့်နည်းလမ်းဖြင့် ဆိုးဆိုးရွားရွား ခံစားရသည်ကို မြင်တွေ့လိုပါ၏။
၎င်းမြင်ကွင်းကို သူမ၏မျက်လုံးဖြင့် တပ်အပ်မြင်တွေ့ရပါလျှင် အတော်လေး စိတ်ကျနပ်မိမည်ဖြစ်သည်။ သို့သော် ထိုနိမ့်ကျသည့်အစေအပါးသည် ကပ်ဘေးကို ထပ်မံရှောင်လွှဲနိုင်ခဲ့မည်ဟု အကြီးအကဲဝမ့် မျှော်လင့်မထားခဲ့ပါချေ။
တစ်ဖက်တွင်မူ စစ်သူကြီးချန်းလီ၏စကားအဆုံး၌ ဝမ်ဖုန်း၏မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဝမ်ဖုန်းသည် စိတ်ထုံထိုင်းနေသည့်အလား စစ်သူကြီးချန်းလီအား ကြည့်လျက် ကျယ်လောင်စွာပြောခဲ့သည်။
“စစ်သူကြီးချန်း ဘယ်လိုပဲရိုးစင်းပြီးမိုက်မဲပါစေဦးတော့ ခင်ဗျားက အင်ပါယာရဲ့စစ်သူကြီးပါပဲ!”
“အဲဒီ့သောက်သုံးမကျတဲ့ဧကရာဇ်က လူတွေစေလွှတ်ပြီး ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကို လာသတ်ခိုင်းတယ်။ အဲဒါကို ဒီဂိုဏ်းချုပ်က သူ့ကိုလေးစားပေးဖို့ မျှော်လင့်နေသေးတာလား? ခင်ဗျား အိပ်မက်မက်နေတာလား?”
“သူကများ ဒီဂိုဏ်းချုပ်ကို နောင်တရအောင်လုပ်ဖို့ ထိုက်တန်တယ်ထင်နေသေးတယ်။ ဟာသပဲ!”
“ငါဂိုဏ်းချုပ် ခံစားကြည့်ချင်တယ်။ အင်ပါယာရဲ့အရှင်သခင်ကို ဖြုတ်ချတာက ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ငါဂိုဏ်းချုပ် ခံစားကြည့်ချင်တယ်။ စဉ်းစားကြည့်ရုံနဲ့တင် အတော်လေးမိုက်နေပြီ!”
ဝမ်ဖုန်း၏ ကြမ်းရှရိုင်းပျသောအသံသည် လောကတစ်ခွင်၌ ပဲ့တင်ထပ်သွားခဲ့သည်။