← Chapters

ကံဆိုးသော ကင်ဟျွန်းမင်

Vol. 40 Ch. 586

ကံဆိုးသော ကင်ဟျွန်းမင်

Vol. 40 Ch. 586

“ဟက်ချိုး”

အခန်းနံပါတ် သုံးအတွင်း၌ ကင်ဟျွန်းမင်သည် ရုတ်တရက် နှာထချေလာပြီးနောက် မျက်မှောင်ကြုတ်ကာ နှာတရှုပ်ရှုပ် ဖြစ်နေသည်။ သူ့နှာခေါင်းက အလွန် ပိတ်လာသည်။

“ဟျွန်းမင်၊ မင်း နှာခေါင်းပိတ်ပြန်ပြီလား”

သူ့မန်နေဂျာက ချက်ချင်း စိုးရိမ်တကြီး ကြည့်လေသည်။

“ယီးပဲ၊ ဒီမှာ တော်တော်ကို နေလို့မကောင်းဘူး”

ကင်ဟျွန်းမင်က ထရပ်၍ အခန်းထဲ၌ ပတ်လျှောက်ကာ ပြောမပြတတ်လောက်အောင် ကသိကအောက် ဖြစ်သလို ခံစားနေရသည်။

ထိုသို့သောအချိန်၌ သူ့မျက်လုံးက တစ်နေရာ၌ ရပ်သွားပြီး သူ့အရှေ့မှ စားပွဲပုလေးကို ကြောင်ကြည့်နေသည်။ ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ချီးတဲ့မှပဲ၊ ဒီဂန္ဓမာပန်းတွေကို ဒီမှာ ဘယ်သူ ထားထားတာလဲ၊ ငါ ဂန္ဓမာပန်းနဲ့ ဓာတ်မတည့်တာကို သူတို့ မသိကြဘူးလား”

“ဟာ”

မန်နေဂျာက အံ့ဩသွားပြီး ချက်ချင်း တခြားတစ်ယောက်အား ဂန္ဓမာပန်းခြင်းအား လွှင့်ပစ်ရန် ခိုင်းစေလိုက်သည်။

“ဟျွန်းမင်၊ မင်း အဆင်ပြေရဲ့လား၊ ငါ ဆရာဝန် ခေါ်ပေးရမလား”

သူသည် ကင်ဟျွန်းမင်အရှေ့၌ ကိုယ်ကိုကိုင်း၍ စိုးရိမ်တကြီး ကြည့်နေသည်။ သူသည် ကင်ဟျွန်းမင်၏ မျက်နှာအား အလွန် စိုးရိမ်ပူပန်စွာ စိုက်ကြည့်၍ ပြောသည်။

“တော်သေးတယ်၊ မင်းမျက်နှာမှာ ဘာအဖုအပိန့်မှ မရှိလို့၊ မင်း စင်ပေါ် တက်လို့ ရသေးတယ်”

“ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်”

ကင်ဟျွန်းမင်သည် ဂန္ဓမာပန်းအား ကြောက်လန့်တကြား ကြည့်ပြီး သန့်စင်ခန်းထဲသို့ အလျင်အမြန် ဝင်သွားလေသည်။

“ဝေါ”

သန့်စင်ခန်းထဲမှ ရေကျသံ ထွက်ပေါ်လာသည်။

ကင်ဟျွန်းမင်သည် ရေဖြင့် မျက်နှာ သစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ကျိန်ဆဲနေ၏။

ထိုစဉ် သူ့မျက်လုံးများက အေးခဲသွားသည်။ မှန်မှတဆင့် သေးငယ်သော မျက်လုံးတစ်စုံက သူ့အနောက်မှ ထောင့်တစ်နေရာမှနေ၍ စိုက်ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းသည် မီးခိုးရောင်ရှိသော အမွေးထူသည့် တိရစ္ဆာန်တစ်ကောင်ပင်။

“ဒါက …”

သူသည် မျက်လုံးကိုပွတ်၍ အနည်းငယ် ကြောက်လန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

တစ်ချက် ကြည့်လိုက်မိသည်နှင့် သူ့တစ်ကိုယ်လုံး ဓာတ်လိုက်သကဲ့သို့ တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။ သူသည် လိပ်ပြာလွင့်မတတ် ဖြစ်နေကာ သတိမလစ်သွား၍ တော်သေးသည်။

သူသည ထိုတိရစ္ဆာန်၏ မျက်လုံးများအား မိနစ်ဝက်ခန့် စိုက်ကြည့်နေမိသည်။

“ချီး … အား …”

သန့်စင်ခန်းထဲမှ အလွန်အမင်း ဆိုးရွားသော ငိုသံထွက်လာပြီးနောက် ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာလေသည်။

“ကျွီ”

ကင်ဟျွန်းမင်သည် သန့်စင်ခန်းတံခါးကို တွန်းဖွင့်ပြီး ခုန်ထွက်လာလေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေဆဲပင်။

“ကြွက်၊ ကြွက်”

သူ့အသံက စူးရှပြီး ပြေးလွှားရင်း အော်ဟစ်နေသည်။ သို့သော် သူသည် ခပ်မြန်မြန် ပြေးနေသဖြင့် ခြေထောက်က စားပွဲခုံပုလေးနှင့် တိုက်မိသွားသည်။ သူ့ခြေချောင်းများ ထောက်ခနဲ ကျိုးသွားပြီး ခန္ဓာကိုယ်က ရှေ့သို့ယိုင်ကာ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

အားလုံး ကြက်သေ သေသွားကြသည်။

ဤမျှ အချိန်တိုလေးအတွင်း၌ အားလုံး ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့ဦးနှောက်က လိုက်မမီနိုင် ဖြစ်နေ၏။

မန်နေဂျာက အံ့အားသင့်နေသည်။ သက်တော်စောင့်များလည်း ကြက်သေ သေနေ၏။ ချန်ရှောင်ယန်နှင့် ကျောက်လျန့်ရင်သည်လည်း အံ့ဩနေကြသည်။

*သူ အဲ့လောက် … ကံဆိုးဖို့ လိုလို့လား*

“ဟျွန်းမင်…”

စက္ကန့်အနည်းငယ် ကြာပြီးနောက် မန်နေဂျာသည် သတိပြန်ဝင်လာပြီး စိုးရိမ်တကြီး ထအော်လာသည်။ သူ ရှေ့သို့ ပြေးတက်လာသော်လည်း သတိလက်လွတ် ဖြစ်နေသဖြင့် ခြေခေါက်ကာ လေထဲ မြောက်တက်သွားသည်။ ထို့နောက် သူသည် သိုးကို ခုန်အုပ်သော ဆာလောင်နေသည့် ကျားတစ်ကောင်ကဲ့သို့ ကင်ဟျွန်းမင်ပေါ်သို့ ပစ်ကျ သွားသည်။

“ခွိ”

ကျောက်လျန့်ရင်သည် သူမပါးစပ်အား အလျင်အမြန် အုပ်လိုက်မိသည်။ သူမပခုံးနှစ်ဖက်က အပြင်းအထန် တုန်နေပြီး ရဲ့လင်းချန်ထံသို့ ခပ်သွက်သွက် ထွက်သွားလေသည်။

“သိပ်ရယ်ရတာပဲ၊ ကျွန်မ ရယ်ရလွန်းလို့ သေတော့မယ် …”

ကျောက်လျန့်ရင်သည် အရယ်လွန်နေသဖြင့် အသက်ရှူမဝ ဖြစ်ကာ တစ်ခဏမျှ စကားမပြောနိုင် ဖြစ်နေသည်။

သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် သူမက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်၍ မေးလေသည်။

“ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ၊ ရှင် သူ့ကံကို ဖတ်တုန်းက သိပ်တိကျတာပဲ၊ ရှင် လူတစ်ယောက်ရဲ့ အနာဂတ်ကို ရှင် ဘယ်လို ဖတ်ရမလဲဆိုတာကို တကယ် သိနေတာလား”

“အင်း…”

ရဲ့လင်းချန်က အသာ ပြုံးနေသည်။

“ဒါဆို ငါ့အနာဂတ်ကိုလဲ ဖတ်ပေးလေ”

ကျောက်လျန့်ရင်က စိတ်အားထက်သန်နေ၏။

“မင်းကိုလား … အနာဂတ်ကံ ကောင်းတယ်၊ ကျန်းမာရေး ကောင်းတယ်”

ရဲ့လင်းချန်က သာမန်ကာလျှံကာ ပြောလိုက်သည်။

“ဟွန့်”

ကျောက်လျန့်ရင်က မကျေနပ်သံ ပြုလာသည်။ သူမ ပါးနှစ်ဖက်က နီရဲနေပြီး စကား ဆက်မပြောတော့ချေ။

ချန်ရှောင်ယန်သည် သူတို့ဘေး၌ ရပ်၍ ရဲ့လင်းချန်အား ခဏခဏ ကြည့်နေသည်။ သူမ ဘာတွေတွေးနေသလဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပါ။

“ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ”

“လခွမ်း၊ ကင်ဟျွန်းမင် တစ်ခုခု ဖြစ်သွားတယ်၊ ဆိုးလိုက်တာ၊ ဘယ်လိုလုပ် သူ့အခန်းထဲမှာ တစ်ခုခု ဖြစ်ရတာလဲ”

“သူ ကြွက်ကြောင့် လန့်သွားတာလို့ ကြားတယ်၊ သူ့ပုံစံက တော်တော် အခြေအနေ ဆိုးတဲ့ပုံပဲ”

“ဟမ်၊ ကြွက်ကြောင့် လန့်သွားတာ ဟုတ်လား၊ သူက ယောက်ျား မဟုတ်ဘူးလား”

“လခွမ်းကွာ၊ ငါ ခုနလေးတင် အော်သံ တစ်သံ ကြားလိုက်တယ်၊ အဲ့ဒါ သူအော်သံ မဟုတ်လား၊ ငါက အဲ့ဒါကို အဆိုတော်တစ်ယောက် အမြင့်သံနဲ့ အော်ဆိုနေတယ် မှတ်နေတာ”

ယင်းသည် အရေးကြီးသော ကိစ္စ ဖြစ်သဖြင့် မကြာခင်မှာပင် နေရာတိုင်းသို့ ပျံ့နှံ့သွားလေသည်။ စင်နောက်၌ ရှိနေသည့် မည်သူမဆို ထိုအကြောင်း အလျင်အမြန် သိသွားကြသည်။

“ရှပ် ရှပ် ရှပ်”

ဖုန့်ရှောင်ဖုန်းက သုန်မှုန်နေသော မျက်နှာထားနှင့် လူတစ်စုနှင့်အတူ အပြေး လာနေသည်။ ရဲ့လင်းချန်က သူ့အသိတစ်ယောက်ကို သတိထားမိသွားသည်။ ထိုသူကား … လင်းအောင်ပင်။

ဒဏ်ရာက မပြင်းထန်ပါ။ သို့သော် ဒဏ်ရာက ခြေချောင်း၌ ဖြစ်နေကာ ကင်ဟျွန်းမင်သည် အကသမား တစ်ဦးအဖြစ် နာမည်ကြီးလေသည်။ ယင်းက အချိန်တိုအတွင်း သူ ပြန်ကောင်းလာပြီး ကနိုင်မည် မဟုတ်ဟု ဆိုလိုနေ၏။

“ဘာဖြစ်တာလဲ၊ ဒါ ဘယ်လို မတော်တဆမှုမျိုးလဲ၊ တစ်ယောက်ယောက်က မင်းကို တိုက်ခိုက်လာတာလား”

လင်းအောင်က မေးလိုက်သည်။ သူသည် ပွဲတော်၏ လုံခြုံရေးအတွက် တာဝန်ယူရသော အဖွဲ့ကို ဦးဆောင်သူ ဖြစ်သည်။

မန်နေဂျာက ခေါင်းကိုခါလိုက်ပြီး အလွန် ပြောရခက်နေသည်။

“ကြွက်တစ်ကောင်ကြောင့် သူ လန့်သွားတာ”

“…”

လင်းအောင်သည် ကင်ဟျွန်းမင်အား တစ်ချက်ကြည့်လိုက်ပြီး သူ့တွင် တစ်ခုခု ချို့ယွင်းနေပုံ ပေါ်မနေချေ။

“သွားပြီ၊ ငါတို့ သူ့ဖျော်ဖြေမှုကို ပြလို့မရမှာစိုးရတယ်”

ဖုန့်ရှောင်ဖုန်းသည် မျက်မှောင်ကြုတ်နေပြီး နဖူး၌ ချွေးများ စို့နေ၏။

Gala နွေဦးပွဲတော် စတင်နေသည်မှာ အချိန် အတိုင်းအတာ တစ်ခုထိ ရှိနေပြီ ဖြစ်သော်လည်း ကြည့်ရှုသူနှုန်းက အံ့ဩစရာ ကောင်းလောက်အောင် နိမ့်ဆင်းနေသည်။ လူထုက သူတို့အား အွန်လိုင်းပေါ်၌ ဆဲဆိုနေဆဲ ဖြစ်ပြီး ယင်းက အထက်ပိုင်းများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

Gala နွေဦးပွဲတော်သည် နိုင်ငံ၏ အထင်ကရ ဖြစ်ပြီး အလွန်အမင်း အာရုံစိုက်ခြင်း ခံရလေသည်။ သို့သော် ယခုအချိန်၌ ၎င်း၏ ကျော်ကြားမှုက သိသိသာသာ ကျဆင်းနေပြီး အထက်လူကြီးများအား အလွန် မကျေမနပ် ဖြစ်လာစေသည်။ အထူးသဖြင့် အခြေအနေတစ်ခုလုံးက ကသောင်းကနင်း ဖြစ်နေ၏။

*သွားပြီ၊ အခု အားလုံး ပြီးသွားပြီပဲ*

“@@@$$$$”

ကင်ဟျွန်းမင်သည် ဆိုဖာပေါ်၌ အလွန် ကြည့်ရဆိုးသော အမူအရာနှင့် လဲလျောင်းနေ၏။ သူသည် ဆဲဆို ကြိမ်းမောင်း၍ ဝုန်းဒိုင်းကြဲနေလေသည်။

သူသည် တရုတ်နိုင်ငံ၌ ဝင်ငွေဖြောင့်သော်လည်း တစ်ခါမှ တရုတ်ဘာသာစကား သင်ယူရန် စိတ်ကူးမရှိခဲ့ချေ။

“သူ ဘာပြောတာလဲ”

လင်းအောင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများက စူးခနဲ လက်သွားလေသည်။

“သူပြောတာက တရုတ်လူမျိုးတွေရဲ့ Gala နွေဦးပွဲတော်က … အမှိုက်ပဲတဲ့”

ဘာသာပြန်က အနေရခက်စွာ ပြောလိုက်သည်။

“ဒုန်း”

သူ ဘာမှမပြောနိုင်ခင်မှာပင် လင်းအောင်က ဆိုဖာကို တစ်ချက် ကန်လိုက်သဖြင့် ကင်ဟျွန်းမင် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်၌ အကြိမ် အနည်းငယ်မျှ လိမ့်သွားလေသည်။

“ဒါ သတိပေးရုံပဲ ရှိသေးတယ်၊ မင်းက အခု ငါတို့ ပိုင်နက်ထဲမှာ၊ မင်းပါးစပ်ကို သေချာလေး သန့်အောင် ထားထား”

လင်းအောင်က ခနဲ့လိုက်သည်။

ကင်ဟျွန်းမင် မှင်တက်သွားပြီး လေတောင် မလည်ရဲတော့ချေ။

ထို့နောက် လင်းအောင်က ဖုန့်ရှောင်ဖုန်းကို လှည့်ကြည့်၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါရိုက်တာဖုန့်၊ ဒီတစ်ခေါက် ခင်ဗျား ပြောတဲ့ ပြောင်းလဲမှုတွေက မေးခွန်းထုတ်စရာတွေပဲ၊ ခင်ဗျား လူတိုင်းကို ဘယ်လို ရှင်းပြဖို့ တွေးထားလဲ ဆိုတာကို ကျုပ် သိချင်တယ်”

“ကျွန် … ကျွန်တော် …”

ဖုန့်ရှောင်ဖုန်းသည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး ငိုကြွေးလုမတတ် ဖြစ်နေ၏။

“ကင်ဟျွန်းမင်ရဲ့ ဖျော်ဖြေမှု ရောက်ဖို့ ဘယ်လောက် လိုသေးလဲ”

“ဒါရိုက်တာဖုန့်၊ အစီအစဉ် နှစ်ခုပဲ ကျန်ပါတော့တယ်”

ဝန်ထမ်းက အလျင်စလို ပြောလိုက်သည်။

“ဒါဆို အခြား ဖျော်ဖြေမှုတွေကို မြန်မြန် ထည့်လိုက်”

ဖုန့်ရှောင်ဖုန်းက အံကြိတ်၍ ပြောလိုက်လေသည်။ နောက်ဆုံးမိနစ်လောက်မှ အစီအစဉ် ပြောင်းလဲခြင်းက သေတွင်း တူးသလိုပင်။ သို့သော် လက်ရှိတွင် အခြားနည်းလမ်း မရှိချေ။ ဘာပွဲမှ မပြခြင်းထက် ဖျော်ဖြေမှု ပြောင်းလိုက်ခြင်းက ပိုကောင်းပေသည်။ အနည်းဆုံး သူ၏ ကျဆုံးခြင်းက အကျည်းတန်မှု နည်းပါးသွား ပေလိမ့်မည်။

သူ အသည်းအသန် ထပြောသည်။

“ချန်ရှောင်ယန်၊ ချန်ရှောင်ယန်ကို လိုက်ရှာ၊ ပြီးတော့ ကောတန့်ရှန်းကိုရောပဲ၊ အရင် အစီအစဉ်အတိုင်း လုပ်ပြီးတော့ သူတို့ကို ပြင်ခိုင်းထားလိုက်”

ဖရိုဖရဲ ဖြစ်နေလေပြီ။

စင်နောက်ဘက် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး လူတိုင်း အလုပ်ရှုပ်ကုန်သည်။

မကြာခင်မှာပင် ချန်ရှောင်ယန်က ခပ်ဝေးဝေး မရောက်သေးကြောင်း လူတိုင်း သတိပြုမိသွားသည်။

“ချန်ရှောင်ယန် ကူညီပါဦး”

ဖုန့်ရှောင်ဖုန်းက ချက်ချင်း အသည်းအသန် ပြေးသွားလေသည်။

“မြန်မြန်လေး ပြင်ဆင်ထားပေးပါ၊ မင်း ရှစ်မိနစ်နေရင် စင်ပေါ် တက်ရမယ်”

“ဟင် … ကျွန်မက စင်ပေါ် တက်ရမှာလား”

ချန်ရှောင်ယန် အနည်းငယ် တွေဝေသွားသည်။

“ဒါပေမဲ့ ကျွန်မ တချို့စာသားတွေ မေ့ကုန်ပြီ …”

All Chapters