ဒါ မျိုးချစ်ကြွက်တစ်ကောင်ပဲ
Vol. 40 Ch. 587
*ဘာ*
*စာသားတွေကို မေ့ကုန်ပြီ ဟုတ်လား*
လက်ရှိတွင် လူတိုင်း ကြံရာမရ ဖြစ်သွားကြလေသည်။
“မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”
ဖုန့်ရှောင်ဖုန်း၏ မျက်ရည်များက မျက်လုံးထောင့်၌ တွဲလဲခိုလာသည်။
“ကျေးဇူးပြုပြီး သေချာစဉ်းစားပါဦး၊ အရင်က မင်းရဲ့ ဖျော်ဖြေမှုကို ငါ ဖယ်ခဲ့တာက မှားမှန်း သိပါပြီ၊ ဒါပေမဲ့ ဘာပွဲမှ မရှိရင် ငါ သေလိမ့်မယ်၊ မိန်းကလေး ကျေးဇူးပြုပြီး ဒါကို သေချာ စဉ်းစားပေးပါဦး”
“ကျွန်မ တကယ် မမှတ်မိတာပါ၊ ကျွန်မ ဒီစင်ပေါ် တကယ် တက်ချင်ပါတယ် ဒါပေမဲ့ …”
ချန်ရှောင်ယန်က သူ့အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်နေပြီး သေသေချာချာ စဉ်းစားနေသည်။
“ကျွန်မ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးသားမို့လို့ အကုန်လုံး မေ့ကုန်ပြီ …”
“ကျွန်မက ကီးတွေနဲ့ အရမ်း အသားမကျသေးဘူး”
ချန်ရှောင်ယန်က အနည်းငယ် စိုးရိမ်နေလေသည်။
ဖုန့်ရှောင်ဖုန်း၏ မျက်နှာက သွေးမရှိတော့ပေ။ ဖျော်ဖြေမှုအသစ်တစ်ခု ပြုလုပ်ရန် သူ့အတွက် မဖြစ်နိုင်ချေ။
“မင်းရဲ့ email ထဲမှာ စာသားနဲ့ ကီးတွေ မရှိဘူးလား”
ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟုတ်သားပဲ”
ချန်ရှောင်ယန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားသည်။ သူမက ဖုန်းကို ထုတ်၍ ရှာကြည့်ပြီးနောက် အချို့နေရာကို ထောက်၍ ပြောလာသည်။
“ဒါ အသုံးမဝင်ဘူး၊ ကျွန်မ တစ်ခါမှ မလေ့ကျင့်ဖူးဘူး၊ ဒီလိုနေရာတွေမှာ ဘယ်လို တူရိယာမျိုးကို သုံးမှာလဲ၊ ဘာတွေကို ပေါင်းရင် အကောင်းဆုံး ဖြစ်မလဲ ကျွန်မ မသိဘူး”
“အရမ်း နောက်မကျသေးဘူး၊ အရာရာကို ချိန်ညှိဖို့ အရမ်း နောက်မကျသေးဘူး”
ဖုန့်ရှောင်ဖုန်းက အလျင်အမြန် အော်ပြောလိုက်သည်။
“အရံ ဂီတသမားအားလုံးကို အခုချက်ချင်း ခေါ်လိုက်၊ ဘယ်လို ပေါင်းစပ်မှုမျိုးက အကောင်းဆုံး ဖြစ်မလဲ စမ်းကြည့်ရအောင်”
“ပေါင်းစပ်ပုံတွေက ထောင်ချီရှိတာလေ ပြီးတော့ အချိန်က မိနစ်ပိုင်းပဲ ကျန်တော့တယ်၊ ဘယ်လိုလုပ် ဖြစ်အောင် လုပ်နိုင်မှာလဲ”
ဂီတအကြောင်း အနည်းငယ် နားလည်သူက မနေနိုင်ဘဲ ဝင်ပြောလာသည်။
Gala နွေဦးပွဲတော်သည် မူပိုင်အသစ်များကို လိုလားပြီး စိတ်ကူးယဉ် အဆန်ဆုံး စင်မြင့်ဖြစ်အောင် လိုက်ဖက်သော အစီအစဉ်များ ချမှတ်ထားသည်။ ဘာပြင်ဆင်မှုမှ မရှိသဖြင့် တစ်ခုခုလုပ်ရန် အချိန်နှောင်းသွားလေပြီ။
“ကျွန်တော် တစ်ချက်လောက် ကြည့်မယ်”
ရဲ့လင်းချန်သည် ချန်ရှောင်ယန် စင်ပေါ် တက်နိုင်ရန် အရာအားလုံးကို ပြုလုပ်ခဲ့သည်။ ထိုသို့ လုပ်ရသည့် တစ်စိတ်တစ်ဒေသမှာ သူ၏ မာန်မာနကြောင့် ဖြစ်သည်။ သူသည် ချန်ရှောင်ယန်အား Gala နွေဦးပွဲတော်သို့ ဖိတ်ခဲ့သူ ဖြစ်ပြီး သူ့အား သူ၏ ပရိသတ်လေးဟု သတ်မှတ်နိုင်ပေသည်။ အကယ်၍ သူမသာ ကျရှုံးသွားပါက သူ့ဂုဏ်သိက္ခာကို ဘယ်နား သွားထားရမည်နည်း။
“ဒီနားမှာ ပီယာနိုနဲ့ ဒရမ်ကို ပေါင်းတာ ပိုကောင်းမယ် ထင်တယ်၊ ပြီးတော့ ဒီနေရာမှာ bass သုံးပြီးတော့ …”
ရဲ့လင်းချန်သည် သာမန်ကာလျှံကာ တစ်ချက်ကြည့်၍ အကောင်းဆုံး အဖြေကို ထုတ်ပေးလိုက်သည်။
“အားလုံး မြန်မြန် စမ်းကြည့်ကြ”
ဖုန့်ရှောင်ဖုန်းက သေရေးရှင်ရေး အခြေအနေ၌ ဘယ်အရာကိုမဆို ကြိုးစားကြည့်ရန် အသင့်ဖြစ်နေပြီး အသည်းအသန် အော်ဟစ်နေသည်။
ထိုစဉ် ချန်ရှောင်ယန်က ရုတ်တရက် ပါးစပ်ဟ၍ ရဲ့လင်းချန်၏ ပခုံးကို ကိုက်လိုက်သည်။
ကိုက်ရာက မပြင်းထန်ပါ။ ထို့နောက် ရဲ့လင်းချန်အား အလွန် ခါးသီးသော အမူအရာနှင့် တစ်ချက် ကြည့်သည်။ သူမ၏ နှုတ်ခမ်းထောင့်များက ကော့ညွန့်၍ ပြုံးနေသော်လည်း မျက်လုံး၌ မျက်ရည်များ ဝဲနေကာ နောက်လှည့်၍ အလျင်အမြန် ထွက်သွားလေသည်။
*တကယ်ပဲ သူ ဖြစ်နေတာကိုး*
သူမ ယခင်ကတည်းက တွေးခဲ့မိသည်။ သူ့အား အလွန် ရင်းနှီးနေသည်ဟု ခံစားမိပြီး သူမ အကူအညီ လိုသည့် အကြိမ်တိုင်း သူက တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့သည်။ ဤသို့သော တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်ပါမည်နည်း။
သူက အဆိုတော်ဝိုင်၏ သူငယ်ချင်းပါဟုပင် လိမ်ခဲ့သေးသည်။ ယင်းက မုသားကြီးတစ်ခုပါတကား။
“မြန်မြန်လုပ်၊ အသံကို စမ်းကြ”
ချန်ရှောင်ယန်၏ အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူသည် လူသတိထားမိခြင်း မရှိဘဲ ချန်ရှောင်ယန်က အနောက်မှနေ၍ စိုးရိမ်ပူပန်စွာ အော်ဟစ်နေ၏။
*ဒီမိန်းကလေး …*
ရဲ့လင်းချန်သည် ခါးသက်စွာ ပြုံး၍ ခေါင်းခါလိုက်သည်။ အစောပိုင်းက သူမသည် သူ့အား စမ်းသပ်နေရုံ သက်သက်ပင်။
ထိုသို့သောအချိန်၌ သူ့ဘေးမှ တစ်စုံတစ်ယောက်က အားဖြင့် ဆွဲဆိတ်နေသည်ဟု ခံစားလိုက်ရသည်။ ထိုသူမျာ ကျောက်လျန့်ရင် ဖြစ်ပြီး သူ့အား ဒေါသတကြီး စိုက်ကြည့်နေကာ မျက်နှာလေးက စူပုတ်နေ၏။
*သူက ဘာလုပ်နေတာလဲ၊ သူကလဲ ငါ့ကို ကိုက်ချင်နေတာလား*
“ညီလေးရဲ့၊ ငါ မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး”
လင်းအောင်က ပြုံး၍ အနားသို့ လျှောက်လာပြီး ရဲ့လင်းချန်အား ဖက်လိုက်သည်။ ထို့နောက် ချက်ချင်း အံကြိတ်၍ တီးတိုး ပြောလာသည်။
“လခွမ်း မင်းအတွက် တစ်ဖက်သတ် ခံစားချက်တွေ ရှိနေတဲ့ မိန်းကလေးတွေက အများကြီးပါလား၊ အခု ဘယ်နှစ်ယောက် ရှိနေပြီလဲ၊ ငါ့ညီမက မင်းကို အိမ်မှာ စောင့်နေတုန်းနော်”
“အဟမ်း … ကျွန်တော်က ဒီလို ဖြစ်ချင်တာ မဟုတ်ပါဘူး”
ရဲ့လင်းချန်က လည်ချောင်းရှင်း၍ အခန်းနံပါတ်သုံးကို လက်ညှိုးထိုးလိုက်သည်။
“ကျွန်တော်တို့ရဲ့ ပြည်ပမိတ်ဆွေကို ဆိုးဆိုးရွားရွား ဆော်လိုက်တာ ခင်ဗျားအတွက် အဆင်ပြေရဲ့လား”
“ငါ့ဖင်ကြီးကို ပြည်ပမိတ်ဆွေ၊ ဒီလိုအမှိုက်မျိုးကြောင့် ငါတို့နိုင်ငံ လမ်းမှားကုန်တာ၊ ငါ မင်းကို ပြောမယ်၊ ဒီဒါရိုက်တာက နည်းနည်း ကံဆိုးတော့မှာ၊ ဒီလို အရှုံးကြီး ရှုံးတာရဲ့ ဂယက်ရှိုက်မှုက မတွေးရဲစရာပဲ”
လင်းအောင်က တီးတိုး ပြောပြသည်။
ထိုသို့သောအချိန်၌ တေးဂီတာကို စတင် တီးခတ်လာသည်။
“ချန်ရှောင်ယန်က စင်ပေါ်တက်ဖို့ အဆင်သင့် ဖြစ်ပြီ”
“ချီးပဲ မြန်လှချည်လား၊ သူတို့ ပြင်ဆင်ချိန်တောင် ရလိုက်ရဲ့လား”
“ဘယ်သူ သိမှာလဲ၊ ပွဲကရော အခြေအနေ ဘယ်လို ရှိလဲ”
“Gala နွေဦးပွဲတော်ရဲ့ စင်ပေါ် တက်နိုင်တာက ဂုဏ်ယူစရာပဲ၊ ဒါပေမဲ့ ဒီလို အလျင်စလို လုပ်ရတာက ကံကောင်းတာလား ကံဆိုးတာလား မသိတော့ဘူး”
စင်နောက်ဘက်တွင် ပြောဆိုသံများနှင့် ညံနေ၏။
တစ်ချိန်တည်းမျာပင် ပရိသတ်များသည်လည်း ကြက်သေ သေကုန်လေသည်။
*ဘာတွေ ဖြစ်ကုန်တာလဲ၊ ကင်ဟျွန်းမင်ရဲ့ ဖျော်ဖြေမှု ဖြစ်ရမှာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ချန်ရှောင်ယန်ရဲ့ သီချင်း ဖြစ်လာတာလဲ*
Gala နွေဦးပွဲတော်၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်သည်။
[လခွမ်း … ချီးပဲ … ချီးပဲဟေ့]
[Gala နွေဦးပွဲတော်မှာ တစ်ခုခု ဖြစ်သွားတာလား၊ သောက်ကျိုးနည်း ဘာဖြစ်ကုန်တာလဲ၊ ချန်ရှောင်ယန်ရဲ့ ဖျော်ဖြေမှုကို ဖျက်လိုက်ပြီ မဟုတ်ဘူးလား]
[ဒီအပြုအမူက ရယ်ချင်စရာပဲ၊ ဒါရိုက်တာက ထင်သလို လုပ်နေတာပဲ၊ ဟုတ်တယ်မလား၊ သူ ရူးနေတာလား]
[လခွမ်းကွာ၊ ကိုရီးယားကောင်ရဲ့ ဖျော်ဖြေပွဲကြောင့် ငါ လိုင်းပြောင်းတော့မလို့ကို၊ ဒါက တကယ့် အံ့ဩစရာပဲ]
[အဆိုတော်ဝိုင်ရဲ့ သီချင်းပဲ၊ ငါတို့ကို နောက်ထပ် အံ့ဩမှုတွေ ပေးဦးမှာလား မသိဘူး]
လူအများသည် မနေနိုင်ဘဲ ဖုန်းထုတ်နေကြသည်။
“ဟေ့ ဝမ်ခေါင် မင်း Gala နွေဦးပွဲတော်ကို ကြည့်နေလား”
“ဘယ်သောက်ကောင်က ကြည့်မှာလဲ၊ သူတို့က ကိုရီးယားကောင်ကို ဖျော်ဖြေဖို့ ဖိတ်ထားတာလေ၊ အဲ့တော့ ငါ စိတ်မဝင်စားဘူး၊ ငါ မာကျောက် ကစားနေတာ”
“ယီးပဲ ကိုရီးယားကောင်က မဖျော်ဖြေတော့ဘူးကွ၊ ချန်ရှောင်ယန်ရဲ့ ဖျော်ဖြေပွဲကွ”
“ဘာ … ချန်ရှောင်ယန်ရဲ့ သီချင်းကို ဖျက်လိုက်ပြီ မဟုတ်ဘူးလား၊ မင်း ငါ့ကိုတော့ မလိမ်ဘူးမလား”
“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲကွ၊ သူ့သီချင်းက စတော့မယ်၊ တီဗွီကို ဖွင့်ကြည့်လိုက်”
“အေးအေး ငါ အခု ကြည့်လိုက်မယ်”
ဝမ်ခေါင်က ကဒ်တွေကို ချပြီး အခန်းထဲမှ တီဗွီကို မြန်မြန် ဖွင့်လိုက်သည်။
သူ၏ မာကျောက် ကစားဖော်များကလည်း အခြေအနေကို သိပြီးနောက် ကစားခြင်းကို ရပ်၍ တီဗွီအား စိတ်အားထက်သန်စွာ ကြည့်နေသည်။
“ချန်ရှောင်ယန်ပဲ၊ ငါ့နတ်သမီးလေး”
“သီချင်းက ကောင်းမှာ သေချာတယ်၊ ငါတော့ မျှော်လင့်နေပြီ”
…
အိမ်တစ်အိမ်၌။
“အမေ၊ အဖေ၊ ကိုရီးယားရဲ့ ဖျော်ဖြေမှုကို ဖျက်လိုက်ပြီ၊ Gala နွေဦးပွဲတော်ကို လာကြည့်ပါဦး”
“တကယ် ဖျက်လိုက်တာလား”
“အင်း မရှိတော့ဘူး၊ အစီအစဉ်ကို ကြည့်လိုက်ဦး၊ အစီအစဉ်က ချန်ရှောင်ယန်ရဲ့ သီချင်းကို ပြောင်းသွားပြီ”
“ချန်ရှောင်ယန်က ဘယ်သူလဲ၊ အသစ်လား၊ အင်း … ကိုရီးယားကောင်ထက်တော့ ပိုကောင်းပါတယ်”
လူကြီး စုံတွဲက တီဗွီရှေ့၌ ထိုင်လိုက်ကြသည်။
ရုတ်တရက် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ Gala နွေဦးပွဲတော်ကို မကြည့်ရန် သစ္စာဆိုထားသည့် လူထုသည် သတင်း ရသည်နှင့် တီဗွီကို ဖွင့်၍ အလွန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းလာကြသည်။
သီချင်း မစခင်မှာပင် ဝေ့ပေါ်နှင့် အခြား မီဒီယာ ပလက်ဖောင်းများ၏ ရေပန်းစားနေသော ရှာဖွေမှုများ၌ နံပါတ်တစ် ချိတ်ကုန်သည်။
[Gala နွေဦးပွဲတော်မှာ ရုတ်တရက် ဖျော်ဖြေမှု ပြောင်းလဲခြင်း၊ စာရင်းထဲက အထုတ်ခံလိုက်တဲ့ ချန်ရှောင်ယန်က စင်ပေါ် ပြန်ရောက်လာပြီ]
[အား … ငါ ယန်ယန်ကို အားပေးတယ်၊ လုပ်ထား ယန်ယန်ရေ]
[ဟားဟားဟား … ငါ ပျော်တယ်ဟေ့၊ ကိုရီးယားနိုင်ငံတော့ တွေဝေနေလောက်ပြီ၊ ဟဲဟဲဟဲ]
[ဒီ Gala နွေဦးပွဲတော်မှာ ငါ ဘာလို့ တအား ပျော်နေတာပါလိမ့်]
[အဆိုတော်ဝိုင်နဲ့ ချန်ရှောင်ယန်ရဲ့ ပေါင်းစပ်မှုက တကယ် စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ]
သို့သော် ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များက ယင်းကို လက်မခံဘဲ မကျေနပ်သံများ ထွက်ပေါ်လာသည်။
[သေစမ်း … ဘာတွေဖြစ်ကုန်တာလဲ၊ ငါရဲ့ နတ်ဘုရားလေး ဟျွန်းမင်ကို တွေ့ရဖို့ ငါ အကြာကြီး စောင့်နေ ခဲ့တာလေ]
[ချီး Gala … ငါ့ဟျွန်းမင်လေး ဘယ်မှာလဲ]
[အား … ငါ အလကားသက်သက် စောင့်လိုက်ရပြီ၊ အမှိုက်၊ အမှိုက်ပဲ]
[ဟျွန်းမင်ကို ပေးစမ်း၊ ငါတို့ ချန်ရှောင်ယန်ကို မကြည့်ချင်ဘူး၊ ဟျွန်းမင် ရှင့်ကို ချစ်တယ်]
[ဟေ့ မင်းတို့ အမာခံ ပရိသတ်တွေ၊ ငါ တစ်ခုလောက် အသိပေးချင်လို့၊ မင်းတို့ရဲ့ ဟျွန်းမင်လေးက ကြွက်လေးတစ်ကောင်ကြောင့် ကြောက်ချီးပါသွားတာ၊ သူ ပေါ်မလာနိုင်တော့ဘူး၊ ဝါးဟားဟားဟား]
[မင်း အတည်ပြောနေတာလား၊ ကြွက်တစ်ကောင်ကို ကြောက်တာလား၊ ခွီး …]
[ဒီသတင်းက တစ်ရာ ရာခိုင်နှုန်း မှန်တယ်၊ ဟျွန်းမင်က ယောက်ျားတစ်ယောက်ပါလို့ ပြောနေခဲ့ အဲ့အမာခံ ပရိသတ်တွေ ဘယ်မှာလဲ၊ ဝိုး … ယောက်ျားဆန်လိုက်တာကွ၊ ကြွက်တစ်ကောင်ကို ကြောက်ရတယ်လို့]
[ဒါ မျိုးချစ်ကြွက်တစ်ကောင်ပဲ၊ အဲ့ဒါက သူရဲကောင်းပဲကွ၊ ငါ သီချင်းတစ်ပုဒ်နဲ့ အောင်ပွဲခံဦးမယ်]
[ကြွက်တွေအပေါ်ထားတဲ့ ငါ့အမြင်တွေ အကြီးကြီး ပြောင်းလဲသွားပြီ]
…