← Chapters

အသက်ကပ်ဘေး

Vol. 39 Ch. 573

အသက်ကပ်ဘေး

Vol. 39 Ch. 573

ဆူဇီမိုသည် သူ့ဘေးပတ်လည်ရှိ အဆုံးမဲ့မီးတောက်များကို ငေးကြည့်ရင်း အနည်းငယ် ငူငိုင်နေ၏။

သူသည် ဟင်္သပဒါးသစ်သီးကို ရခဲ့သော်လည်း သူ့သရုပ်မှန်က ပေါ်သွားခဲ့လေပြီ။

သူက အကျိုးအမြတ် ရခဲ့တာလား၊ ဆုံးရှုံးခဲ့တာလားဆိုတာ ကောက်ချက်ချဖို့ ခက်ခဲလေသည်။

မြောက်ပိုင်းဒေသရှိ အဖွဲ့အစည်းကြီးကြီးမားမား အားလုံးလိုလို၏ နိုးထဝိညာဉ်မျာက ဤမီးတောက်များမှာ ပါသွား၏။

ဤနေ့မှစ၍ ဆူဇီမိုသည် အဆုံးမသတ်သည့် အမဲလိုက်ခံရမှုနှင့် ကြုံတွေ့ရတော့မည်ဖြစ်ပြီး မြောက်ပိုင်းဒေသမှာ သူ့အတွက် ဘေးကင်းလုံခြုံသောနေရာက မရှိတော့လေပြီ။

မြောက်ပိုင်းဒေသကနေ လွတ်မြောက်အောင် ထွက်ပြေးဖို့ကရော ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။

မြောက်ပိုင်းဒေသက ကြီးမားလွန်း၏။

ဆူဇီမိုသည် အစောပိုင်း-ရွှေအမြုအဆင့်သာ ဖြစ်၏။ မြောက်ပိုင်းဒေသကနေ ထွက်ဖို့ဆို သူသည် နှစ်ပေါင်း ရာချီကြာအောင် ခရီးသွားရပေလိမ့်မည်။

ထိုအချိန်အတောအတွင်းမှာပင် သူက အသတ်ခံရဖို့ များလေသည်။

ဤတိုက်ပွဲ၏ အဆုံးသတ်၌ ဆူဇီမိုသည် ဖန်သားနန်းတော်ကိုသာ အာခံခဲ့သည် မဟုတ်ဘဲ မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတစ်ခုလုံးကိုပါ ဖြစ်လေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရနေ ငါအရင်ထွက်ဖို့ လုပ်ရမယ်”

သိပ်မကြာမီ သူ့စိတ်က တည်ငြိမ်လာပြီး ဆုံးဖြတ်ချက် ချလိုက်၏။

မြေပြင်ပေါ်က ရစ်ခွေနဂါးချိတ်စည်းကို ကောက်ယူပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်ကာ အစိမ်းရောင်ဝတ်ရုံအသစ်ကို ဝတ်ဆင်လိုက်၏။ သူသည် စတုရန်းကြေးမီးဖိုထဲသို့ ဝင်ပုန်းပြီး မီးတောက်များကြား ဖြတ်ကျော်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။

ရုတ်တရက်..

မီးတောက်များကြားမှ ရွှေရောင်အလင်းတစ်ခုက တလိပ်လိပ်တက်၍ ဖြတ်ကျော်လာလေသည်။

ထိုရွှေရောင်အလင်းကို လှမ်းကြည့်ပြီးနောက် ဆူဇီမိုသည် ခဏမျှ မှင်တက်သွားမိ၏။

အဲ့ဒါက ရွှေရောင်အလင်းဖြင့် တောက်ပနေသော မဟူရာခြင်းတောင်းလေးတစ်ခု ဖြစ်လေသည်။ အဲ့ဒါက သံမဏိအိုးလေးတစ်လုံးနှင့်တူပြီး အပေါ်ဘက်မှာ အပေါက်အနည်းငယ် ပါရှိလေသည်။

ထိုအပေါက်လေးများ၏နောက်မှာ မဟူရာကျောက်မျက်ကဲ့သို့ နက်မှောင်နေသော မျက်လုံးတစ်စုံက လျှင်မြန်စွာဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။

မြေခွေးလေး..

ထိုထက်ရှသော အကောင်လေးက နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့လေပြီ။

သူမသည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော အိမ်ကနေ ထွက်ခွာဖို့ ရွေးချယ်လိုက်လေပြီ။

သူမသည် သူမ၏ အမေကို စွန့်ခွာ၍ အပြင်လောကသို့ ဝင်ရောက်ပေတော့မည်။

ဆူဇီမိုသည် မြေအောက်လိုဏ်ဂူထဲကနေ ထွက်လာတုန်းက အနည်းငယ် နှမြောတမ်းတနေသော်လည်း မြေခွေးလေးကို သူမဘာသာ ဆုံးဖြတ်ချက်ချခွင့် ပေးခဲ့၏။

ထိုခြင်းတောင်းလေးက သံမဏိအိုးတစ်လုံးနှင့်တူပြီး သာမန်ဟုသာ ထင်ရလေသည်။ သို့သော်လည်း တစ်ကယ်တမ်းမှာတော့ အဲ့ဒါက သူမကို ဘေးပတ်ဝန်းကျင်ရှိ ရွှေရောင်မီးတောက်များကနေ ကာကွယ်ပေးနိုင်လေသည်။

စောစောက များစွာသော နိုးထဝိညာဉ်များသည် သူတို့၏ ဓမ္မလက်နက်များကို သုံး၍ အစွမ်းကုန် ကြိုးစားခဲ့တာတောင် ရွှေရောင်မီးတောက်များကြားမှာ မီးလောင်ပြာကျကုန်ခဲ့ကြရ၏။

“ဟေး.. ဒီကိုလာ.. ငါ မင်းကို ဒီနေရာကနေ ခေါ်သွားပေးမယ်”

ဆူဇီမိုက နူးညံ့စွာ အော်လိုက်၏။

မြေခွေးလေးသည် မြေအောက်လိုဏ်ဂူထဲကနေ ထွက်ခွာလာခဲ့ရသည့် အကြောင်းရင်းမှာ သူ့ကြောင့် ဖြစ်ဖို့များလေသည်။

သူသည် သူမကို ဒီနေရာမှာ စွန့်လွှတ်မထားခဲ့နိုင်ပေ။

အပြင်လောကမှာ သူမ၏ ရိုးအမှုနှင့်ဆိုပါက တစ်လထက်ကျော်အောင် အသက်ရှင်ဖို့ပင် မလွယ်ကူပေ။

မြေခွေးလေးက နာခံစွာဖြင့် သူမ၏ မီးပိတ်ဆို့ခြင်းတောင်းကို ဆတ်ကနဲ မပြီး ဆူဇီမိုပေါ်သို့ ခုန်တက်ကာ ဝတ်ရုံစကြားထဲသို့ တိုးဝင်လိုက်၏။

ရွှစ်..

ဆူဇီမို၏ နောက်တွင် စိတ်ဝိညာဉ်တောင်ပံတစ်စုံက ပေါ်လာလေသည်။

ဆူဇီမိုသည် သူ့သွေးချီကို လှည့်ပတ်၍ စိတ်ဝိညာဉ်တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ အစွမ်းကုန် ပြေးထွက်လိုက်၏။

သူသိပ်ဝေးဝေး မသွားရသေးခင်မှာပင် ကောင်းကင်က ရုတ်တရက် မှောင်မည်းလာ၏။

မဟာချွမ်အပျက်အစီးကို ဖြတ်ကျော်၍ ကြောက်မက်ဖွယ်ရာ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ငါ့ခွင့်ပြုချက် မရှိဘဲနဲ့.. ဒီနေရာကနေ ဘယ်သူမှ ထွက်မသွားရဘူး”

နောက်ခဏ၌ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ဆင်းသက်လာပြီး မရေမတွက်နိုင်သော တမလွန်စစ်သားများသည် ဆိုးယုတ်ချီများအဖြစ်သို့ ချက်ချင်းပျက်ပြယ်သွားလေသည်။

ခပ်ဝေးဝေးကနေ စောင့်ကြည့်နေကြသော ရွှေအမြုတေများသည် တုန်လှုပ်သွားကြပြီး အထိန်းအကွပ်မဲ့စွာ တဆတ်ဆတ် တုန်ယင်၍ မြေပြင်ပေါ်မှာ ဒူးထောက်ကျလုနီးပါး ဖြစ်ကုန်ကြ၏။

ကျရောက်လာသော ဖိအားက အရမ်းကြီးမားလွန်းလေသည်။

ဤခြိမ်းမောင်းမှုအောက်တွင် များစွာသော ရွှေအမြုတေများသည် အချိန်မရွေး ဖိခြေသတ်ခံရမည့် ပုရွက်ဆိတ်များကဲ့သို့ သိမ်ငယ်လာကြလေသည်။

ထိုအော်ရာက နိုးထဝိညာဉ်များထက် ပိုမိုသန်မာ၏။

အစက အလျှံညီးညီးဖြင့် တောက်လောင်နေသော ရွှေရောင်မီးတောက်များတောင်မှ တစ်စုံတစ်ယောက်၏ ဖိနှိမ်ခြင်း ခံလိုက်ရသည့်အလား သိသိသာသာ အားပျော့ပျက်ပြယ်ကုန်ကြ၏။

“ကြောက်စရာ ကောင်းလိုက်တာကွာ.. အဲ့ဒါ ဘယ်သူလဲ”

“အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က ဘာပါလိမ့်.. ဟို.. အဆင့်များလား”

“မူလနတ္ထိ.. မူလနတ္ထိပညာရှင်တစ်ယောက် ရောက်လာတာ ဖြစ်ရမယ်”

“မူလနတ္ထိအဆင့်တစ်ယောက်က ဟင်္သပဒါးသစ်သီးကို လိုချင်တာတော့ မဖြစ်နိုင်ဘူး.. နောက်ထပ် အကြောင်းရင်းတစ်ခု ရှိလိမ့်မယ်ထင်တယ်”

များစွာသော ရွှေအမြုတေများသည် အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်အာရုံထဲမှာ မေးခွန်းပေါင်းများစွာက ပေါ်ပေါက်လာကြ၏။

ထိုစွမ်းအားက ကျဆင်းလာခြင်းနှင့်အတူ ဆူဇီမို၏ အမူအယာကလည်း ရုတ်ချည်းပြောင်းလဲသွား၏။ သူသည် ဗွက်တောထဲမှာ လျှောက်လှမ်းနေရသလို သူ့ခြေလှမ်းများက ပို၍ပို၍ လေးကန်လာ၏။

သို့သော်လည်း သူက ရပ်တန့်လိုက်ဖို့ စိတ်ကူး မရှိပေ။

ရောက်ရှိလာသောသူက အလွန်တရာကို သန်မာလှ၏။

သည့်အရင်က ဆူဇီမိုသည် ကျင့်ကြံသူများစွာနှင့် ထိတွေ့ဆက်ဆံခဲ့ဖူး၏။ ဤပုဂ္ဂိုလ်၏ အော်ရာက အဆူရာ.. ယန်ပေးချန်နှင့် အတော်လေး ဆင်တူလေသည်။

အဲ့ဒါက မူလနတ္ထိအဆင့်တစ်ယောက်ပင်။

မူလနတ္ထိအဆင့်တစ်ယောက်က ဘာကြောင့် ဒီနေရာကို ရောက်လာသလဲ သူ မသိပေ။

သို့သော်လည်း အဲ့ဒါက သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ လိုသည်ဆိုတာကို သူသိထားလေသည်။

တန်ဖိုးကြီးဝတ်ရုံနှင့် သက်လတ်ပိုင်းရွယ်လူတစ်ယောက်သည် ခက်ထန်သော အကြည့်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ လေထဲရှိ တောက်လောင်နေသော ရွှေရောင်မီးတောက်များကို မြင်ချိန်တွင် သူ့မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုက ဝင်ရောက်လာ၏။

သူ့အကြည့်က ဖေးချွန်ယွီ၏ အလောင်းပေါ် ရောက်ရှိသွားချိန်တွင် သူ့မျက်လုံးထဲရှိ တွေဝေခြင်းများက ပျောက်ကွယ်သွားပြီး အဆုံးမသတ်နိုင်သည့် သတ်ဖြတ်လိုစိတ်ဆန္ဒများက အစားထိုး ဝင်ရောက်လာလေသည်။

အချို့သော ကျင့်ကြံသူများသည် ထိုဖိအားကို တောင့်မခံနိုင်တော့ဘဲ စောစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ပြန်ပြောပြလိုက်၏။

“ဟမ့်”

သက်လတ်ပိုင်းရွယ်လူ၏ အကြည့်က ထွက်ပြေးဖို့ ကြိုးစားနေသော ဆူဇီမိုပေါ်သို့ ကျရောက်သွားပြီး အေးစက်ခက်ထန်စွာနှင့် ငေါက်ငမ်းလိုက်၏။

“တောကောင်လေး.. မင်းက ငါ..တာအိုသက်ရှိ ရွှမ်ယွီရဲ့ ရှေ့မှာတောင် ထွက်ပြေးဖို့ ကြိုးစားရဲတယ်လား”

ဝုန်း..

တာအိုသက်ရှိရွှမ်ယွီ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။

ကြောက်စရာကောင်းသည့် စွမ်းအားက ချက်ချင်း ဆင်းသက်လာလေသည်။

ဝုန်းကနဲ မြည်သံနှင့်အတူ ဆူဇီမို၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပစ်ဆောင့်ကျသွား၏။

ကြီးမားသော တုန်ခါမှုဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားများက စုတ်ပြဲကျကာ သွေးများက ပန်းထွက်လာပြီး သူ၏ မူလဒဏ်ရာများပေါ်မှာပါ နောက်ထပ်ဒဏ်ရာများက ထပ်ဆင့်ကုန်၏။

တစ်ခဏအတွင်း ဆူဇီမိုသည် သွေးသံများ ရဲပလောင်းထနေသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ သူသည် ခပ်ထိုင်းထိုင်း ညည်းညူ၍ ဒူးများက ခွေယိုင်ကာ ပစ်လဲကျလုမတတ် ဖြစ်နေ၏။

ကွာဟချက်က ကြီးမားလွန်း၏။

ခွန်အားကွာခြားရုံ သက်သက်မျှ မဟုတ်တော့ပေ။

သူတို့နှစ်ယောက်ကြား အဆင့်ကွာဟချက်က မိုးနဲ့မြေလိုပင်။

တာအိုသက်ရှိရွှမ်ယွီက လှုပ်ရှားမှု လုံးဝ မပြုလုပ်ရသေးပေ။ မူလနတ္ထိတစ်ယောက်၏ ဖိအားသက်သက်ကိုတောင်မှ ဆူဇီမိုသည် ခံနိုင်ရည် မရှိပေ။

မြေခွေးလေးသည် တုန်လှုပ်ချောက်ချားသွား၏။

စောစောတုန်းက ဆူဇီမိုသည် သူမကို ထွေးပိုက်၍ ကာကွယ်ပေးခဲ့၏။

ဆူဇီမိုသည် ထိခိုက်မှုအားလုံးကို သူ့ခန္ဓာကိုယ်ဖြင့် ကာဆီးခံ၍ ခုခံပေးခဲ့၏။

ဆူဇီမိုသည် တာအိုသက်ရှိရွှမ်ယွီကို ကျောပေး၍ ဆက်လက်ထွက်ပြေးလိုက်၏။ သူသည် မောဟိုက်နေပြီး အသက်ရှူခြင်းမှာ သွေးရနံ့က ပါနေကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျနေ၏။ သို့သော်လည်း သူ့အကြည့်က တစ်မူထူးခြားစွာ ပြတ်သားပြီး ပြင်းထန်ကြမ်းကြုတ်နေ၏။

တာအိုသက်ရှိရွှမ်ယွီက လက်နှစ်ဖက်နောက်ပစ်၍ လေထဲကနေ လျှောက်လှမ်းရင်း မြေပြင်ပေါ်မှာ ရုန်းကန်ပြေးလွှားနေသော ဆူဇီမိုကို ငုံ့ကြည့်နေ၏။

ထိုမျက်လုံးများက အသက်ရှင်သန်ဖို့အတွက် အသည်းအသန် ရုန်းကန်နေရသော ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား လှောင်ပြောင်မှု၊ ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေ၏။

“ဆရာ.. မို.. သူ...”

ထိုသည်ကို မြင်သောအခါ မူတန်ချင်းသည် တစ်ခုခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေ၏။

မဟာကျိုး၏ နံပါတ်တစ်နတ်ပန်းပဲဆရာက ဤကဲ့သို့သော သရုပ်သကန် အဆင့်အတန်းနှင့် ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ပြီးခဲ့သည့် နှစ်အနည်းငယ်က ဆူဇီမိုသည် မဟာကျိုးမြို့တော်မှာ သူ့အတွက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ပေးခဲ့ဖူး၏။

ထိုအချိန်က သူသည် အတွေ့အကြုံ အနည်းငယ် နုနယ်သေး၏။

သို့သော် ယခုအခါ အဲ့ဒီ ပျော့ပျော့ဖတ်ဖတ်ပုံစံ စာပေသမားလေးက အခုလောက် အတိုင်းအတာထိ ကြီးထွားလာခဲ့လေပြီ။

သို့သော်လည်း ကံဆိုးစွာနှင့် ထိုစာပေသမားက သေရပေတော့မည်။

“ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်သလဲကွာ.. အား”

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မူတန်ချင်းသည် ဝမ်းနည်းပူဆွေးခြင်းနှင့် သက်ပြင်းရှည်ကြီး ချလိုက်၏။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုက သူ့ကို ကူညီပေးခဲ့ဖူးလေသည်။

ဆူဇီမို၏ အဆုံးသတ်ကို မြင်ရသောအခါ မူတန်ချင်းသည် ရင်ထဲမှာ နာကျင်လာ၏။

ပိုင်ယုဟန်သည် တစ်ခုခုကို ပြန်လည် အမှတ်ရသွားပုံရပြီး တွေဝေနေသောပုံစံဖြင့် တီးတိုးပြောလိုက်၏။

“သခင်လေးဆူရဲ့ သေဆုံးမှုသတင်းကို တတိယမင်းသမီးသာ ကြားရရင်.. သူက တော်တော်ကို ရင်ကွဲနာကျမှာပဲ”

မူတန်ချင်းက ညည်းတွားလိုက်၏။

“နောက်ဆုံးမှာတော့ လူသားတွေက သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ကံကြမ္မာကို မတိုက်ခိုက်နိုင်ဘူးပဲ.. သူဘယ်လိုပဲ ကြိုးစားရုန်းကန်ခဲ့ပါစေ နောက်ဆုံးမှာ မူလနတ္ထိအဆင့်တစ်ယောက်ပါ ရောက်ချလာပြီဆိုတော့ ကံကြမ္မာက သူ့ကို မသေ သေအောင် သတ်နေတာပဲ.. အဲ့ဒါက သူ့ဘဝမှာ ဘယ်လိုမှ ရှောင်လွှဲလို့မရမယ့် သေကံပဲ ထင်ပါရဲ့”

လေထဲတွင်..

တာအိုသက်ရှိရွှမ်ယွီက အရုပ်နှင့် ကစားနေရတာကို စိတ်မရှည်နိုင်တော့သည့်ပုံပင်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်၍ ရုတ်တရက် ဆင်းသက်လာပြီး ဆူဇီမို၏ ရှေ့ကနေ ပိတ်ရပ်လိုက်၏။

ထိုအချိန်မှာပင် ထူးဆန်းတာ တစ်ခုခုက ဖြစ်ပျက်လာလေသည်။

All Chapters