← Chapters

ကျိုးပဲ့သွားသော လက်ကောက်ဝတ်

Vol. 39 Ch. 574

ကျိုးပဲ့သွားသော လက်ကောက်ဝတ်

Vol. 39 Ch. 574

ဆူဇီမိုသည် သူ့ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ သူ့လက်ထဲမှာ နို့နှစ်ရောင်လေးကြီးတစ်လက်က ရုတ်တရက် ပေါ်လာ၏။

မဟူရာရွှေမြားကို ဆွဲတင်လိုက်၏။

လေးက လပြည့်ဝန်းတစ်ခုလိုပင်။

လရောင်ဝှက်လေးနှင့် မဟူရာရွှေမြား..

လက်ရှိအခြေအနေမှာ ဆူဇီမို ထုတ်ဖော်နိုင်သော အသန်မာဆုံး တိုက်ခိုက်မှု ဖြစ်လေသည်။

မူလနတ္ထိတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ..

ဆူဇီမိုသည ဒီတိုင်းပဲ အလျှော့ပေးလိုက်မှာ မဟုတ်ပေ။

မူလနတ္ထိတစ်ယောက်၏ စောင့်ကြည့်နေမှုအောက်မှာ သူက လွတ်မြောက်အောင် ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ထိုမူလနတ္ထိအဆင့်ကို သတ်နိုင်မှသာ..

လရောင်ဝှက်လေးပေါ်ရှိ အလင်းက တောက်ပလာပြီး လပြည့်ဝန်းကြီးကို ပွေ့ဖက်ထားသည့်အလား ဆူဇီမို၏ ရင်ခွင်ထဲသို့ စိတ်ဝိညာဉ်ချီများက အတောမသတ် ဝင်ရောက်လာကြ၏။

မဟူရာရွှေမြားက အေးစက်စက်အလင်းဖြင့် တလက်လက် တောက်ပလာပြီး လပြည့်ဝန်းကြီးနှင့် တစ်ခုတည်းနီးပါး ပေါင်းစပ်သွားလေသည်။

ဘန်း..

မဟူရာရွှေမြားက ရှေ့သို့ ပစ်လွင့်ထွက်သွား၏။

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေလေသည်။

တာအိုသက်ရှိရွှမ်ယွီက လုံးဝ မလှုပ်ရှားပေ။ သူ့မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုမှုက အပြည့်..

“မင်းလုပ်နိုင်တာ ဒါပဲလား”

သူက လက်ကိုမြှောက်ပြီး ရှေ့တွင် ရောက်လာသော မဟူရာရွှေမြားကို ပုတ်ချလိုက်၏။

ချွမ်း..

သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

မဟူရာရွှေမြားက စင်ထွက်သွား၏။

သူ့လက်ချောင်းများက အကောင်းပကတိပင်။

သူ၏ လှုပ်ရှားပုံက အရမ်းကို သာမန်ဆန်လွန်းလေသည်။

ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွားပြီး သူ့ရင်ထဲမှာ နင့်ကနဲ ဖြစ်သွား၏။

အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းလွန်း၏။

မူလနတ္ထိအဆင့်တစ်ယောက်၏ စွမ်းအားက သူ့စိတ်ကူးထားသည်ထက် အဆများစွာ ကျော်လွန်လေသည်။

သူတို့နှစ်ယောက်ကြား ကွဟချက်က မိုးနှင့်မြေလို ကွာခြားလွန်းလှ၏။

ဆူဇီမို၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုက ဝင်ရောက်လာပြီး သူ့ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ ရုတ်တရက် သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။

သူသည် နတ်ဖီးနစ်အရိုးဖြင့် လက်သီးဆုပ်ပြီး တာအိုသက်ရှိရွှမ်ယွီ၏ ဦးခေါင်းကို ရိုးရှင်းစွာပင် ပစ်ထိုးချလိုက်၏။

မဟူရာရွှေမြားသည် ဆူဇီမို၏ အရံတိုက်ကွက်သာ ဖြစ်ပြီး အဲ့ဒါက တာအိုသက်ရှိရွှမ်ယွီကို စိတ်ရှုပ်ထွေးသွားစေဖို့သာ ရည်ရွယ်လေသည်။

သူ၏ တစ်ကယ့် သတ်ဖြတ်ကွက်က နတ်ဖီးနစ်အရိုးသာ ဖြစ်လေသည်။

တာအိုသက်ရှိရွှမ်ယွီ၏ ကျင့်ကြံမှုအဆင့်အရ သူက ရွှေအမြုတေတစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း မရှိဘဲ သေချာပေါက် ထိပ်တိုက်ရင်ဆိုင်ပေလိမ့်မည်။

ထိုသို့သာဆိုလျှင် သူသည် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို နှိုးဆွထုတ်ဖော်နိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလေသည်။

တာအိုသက်ရှိရွှမ်ယွီ မျက်လုံးများက လှောင်ပြောင်လိုရိပ်ဖြင့် တောက်ပလာ၏။

“လှောင်ချိုင့်ထဲက တောကောင်က ရုန်းကန်ချင်လဲ အပိုပါပဲကွာ”

တာအိုသက်ရှိရွှမ်ယွီက လှောင်ရယ်လိုက်၏။ ဆူဇီမိုထင်ထားသည့် အတိုင်းပင် သူက သူ့လက်သီးကို ထုတ်၍ ဆူဇီမို၏ ညာလက်နှင့် တိုက်ရိုက် ထိတွေ့ဖို့ လုပ်လိုက်၏။

ဆူဇီမို၏ မျက်လုံးက ရက်စက်မှုဖြင့် တောက်ပလာ၏။

သူ၏ အတွင်းအမြုတေနှင့် ရွှေအမြုတေကို အရူးအမူး လှည့်ပတ်၍ သူ့သွေးချီများကို ထုတ်ဖော်လိုက်၏။ သူ့အရွတ်များနှင့် အရိုးများက မိုးကြိုးသံများနှင့်အတူ တဖျောက်ဖျောက်မြည်လာပြီး သူ၏ ဒွာရပေါက်များက သားရဲအလင်းဖြင့် တောက်ပလာ၏။

ဆူဇီမိုသည သူ့တစ်ကိုယ်လုံးရှိ စွမ်းအားများအားလုံးကို သူ့ညာဘက်လက်ထဲသို့ ပို့လွှတ်လိုက်၏။

ဤလှုပ်ရှားတစ်ကွက်က အနိုင်နှင့် အရှုံးကို အဆုံးအဖြတ် ပေးနိုင်လေသည်။

သူတို့၏ လက်သီးနှစ်ဖက်က တွေ့ဆုံတော့မည်ဆဲဆဲမှာပင် တာအိုသက်ရှိရွှမ်ယွီက သရော်ပြုံး၍ သူ့လက်သီးဆုပ်ကို ဖြန့်ကာ ဆူဇီမိုနှင့် ထိပ်တိုက်ရင်မဆိုင်တော့ပေ။

တာအိုသက်ရှိရွှမ်ယွီ၏ လက်ဝါးက ဝင်ရောက်လာသော လက်သီးကို ရှောင်ကာ ရုတ်တရက် ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

ဆူဇီမို၏ လှုပ်ရှားမှုက ရပ်တန့်သွား၏။

မြောက်များလှစွာသော တွန်းကန်အားက သူ့ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် စီးဝင်လာပြီး သူ့အရိုးများအားလုံးက ကျိုးကြေကုန်ပြီဟု ခံစားလိုက်ရလေသည်။

“အား”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး ညည်းတွားအော်ဟစ်လိုက်ရ၏။

တာအိုသက်ရှိရွှမ်ယွီ၏ လက်ဖဝါးက သူ့လက်ကောက်ဝတ်ကို သံမဏိချိတ်တစ်ခုလို တင်းကျပ်စွာ ဖမ်းဆုပ်ထား၏။

သိပ်သည်းပြင်းထန်သော စွမ်းအားက သူ့ညာဘက်လက်ကောက်ဝတ်တစ်ခုလုံးကို ဖိချေလုနီးပါးပင်။

အဲ့ဒါက အရမ်းကို နာကျင်ရလေသည်။

ဆူဇီမိုသည် တစ်ကိုယ်လုံး တုန်ယင်၍ အံကိုကြိတ်ထားရင်း ချွေးသီးချွေးပေါက်များက ကျဆင်းလာ၏။

တာအိုသက်ရှိရွှမ်ယွီက သူ့မျက်နှာကို အနည်းငယ်မော့၍ အေးစက်စက် အမူအယာဖြင့် ကြည့်ပြီး လှောင်ရယ်လိုက်၏။

“မင်းရဲ့ နတ်ဖီးနစ်အရိုးနဲ့ ငါ့ကို သတ်ဖို့ ကြိုးစားချင်တယ်ပေါ့လေ”

“ခွိ ခွိ”

တာအိုသက်ရှိရွှမ်ယွီက ရယ်မော၍ ခေါင်းခါလိုက်၏။

“မင်း ငယ်ပါသေးတယ်ကွာ”

သူတို့နှစ်ယောက်ကြား ကွာဟချက်က ကျင့်ကြံမှုအဆင့်နှင့် ခွန်အားမျှသာ မဟုတ်ပေ။

အတွေ့အကြုံနှင့် စိတ်ပိုင်းဆိုင်ရာအရမှာပါ ဆူဇီမိုက အရေးနိမ့်နေသေးလေသည်။

တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမို၏ စိတ်ဆန္ဒကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်ပြီး သူက နတ်ဖီးနစ်အရိုးနှင့် ထိပ်တိုက်ရင်မဆိုင်ဘဲ ဆူဇီမို၏ လက်ကောက်ဝတ်ကိုသာ ဖမ်းဆုပ်လိုက်လေသည်။

ဆူဇီမို၏ ညာဘက်လက်ဝါးက မဖျက်ဆီးနိုင်သော နတ်ဖီးနစ်အရိုးဖြစ်၏။

သို့သော်လည်း သူ့လက်ကောက်ဝတ်ကတော့ မူလနတ္ထိတစ်ယောက်၏ စွမ်းအားနှင့်ယှဉ်လျှင် မနှိုင်းယှဉ်သာအောင် ပျော့ပျောင်းလေသည်။

တာအိုသက်ရှိရွှမ်ယွီ၏ လှုပ်ရှားပုံ ပြောင်းလဲသွားခြင်းက ဆူဇီမို၏ နောက်ဆုံးမျှော်လင့်ချက်ကြိုးမျှင်ကို ဖြတ်တောက်သွားလေသည်။

ဆူဇီမိုသည် လက်ကောက်ဝတ်မှ နာကျင်မှုကို တောင့်ခံရင်း တာအိုသက်ရှိရွှမ်ယွီကို မကျေမချမ်းနှင့် အံကြိတ်ပြီး ကြည့်လိုက်၏။

“နတ်ဖီးနစ်အရိုး”

တာအိုသက်ရှိရွှမ်ယွီက ပြောလိုက်၏။

“မင်းလိုမျိုး ပုရွက်ဆိတ်တစ်ကောင်က နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ထားချင်သေးတယ်ပေါ့”

“ဒီနေ့ကစပြီး နတ်ဖီးနစ်အရိုးက ငါ့ဟာပဲ”

သူ့စကား မဆုံးသေးခင်မှာပင် တာအိုသက်ရှိရွှမ်ယွီက သူ့လက်ချောင်းဆီသို့ ခွန်အားကို အနည်းငယ် စိုက်ထုတ်လိုက်၏။

ဂျွတ်..

အရိုးများကျိုးသံက ထွက်ပေါ်လာ၏။

တာအိုသက်ရှိရွှမ်ယွီက ဆူဇီမိုကို လက်ကောက်ဝတ်ကို တိုက်ရိုက်ချိုးပစ်လိုက်၏။

သူ့ညာဘက်လက်က တွဲလောင်းကျပြီး အရေနှင့် အသားများကသာ ချိတ်တွဲနေတော့၏။

ထိုသည်ကို ကြည့်ပြီး များစွာသော ကျင့်ကြံသူများသည် ရင်နင့်သွားကြ၏။

နာကျင်မှုကို မခံစားရသည့်အလား ဆူဇီမိုသည် အသံတစ်ချက်မှ မထွက်ပေ။ သူ့ခန္ဓာကိုယ်ကသာ အနည်းငယ် တုန်ယင်နေ၏။

ဆူဇီမိုသည် မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းထားပြီး အမူအယာက အလွန်တရာ အေးစက်နေ၏။

တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမို၏ မျက်လုံးထဲရှိ အမုန်းတရားကို လျစ်လျူရှုထားပြီး ထူးမခြားနားပုံစံနှင့်သာ ပြောလိုက်၏။

“တောကောင်လေး.. ဖေးချွန်ယွီဆိုတာ ငါ့မြေးကွ.. မင်းက သူ့ကို သတ်ရဲမှတော့ အဲ့ထက် ပိုဆိုးတာကို မင်းခံစားရအောင် ငါလုပ်ပြမယ်”

“မင်းလက်ကောက်ဝတ်ကို ချိုးတာက အခုမှ အစပဲ ရှိသေးတယ်”

တာအိုသက်ရှိရွှမ်ယွီ၏ အသံက ငရဲမှ တက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်လို အလွန်တရာ ကြောက်မက်ဖွယ် ကောာင်းနေ၏။

ဘုန်း..

ရုတ်တရက်.. တာအိုသက်ရှိရွှမ်ယွီသည် သူ့ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ဒါန်ထျန်ကို အသာအယာ ကန်ကျောက်လိုက်၏။

သူ့ကန်ချက်က အရမ်းကို မြန်ဆန်လွန်း၏။

ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင်တောင် အဲ့ဒါကို ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် တာအိုသက်ရှိရွှမ်ယွီ၏ လက်ဝါးက ဆူဇီမို၏ ညာဘက်လက်ကောက်ဝတ်ကို မလွှတ်တမ်း ဖမ်းဆုတ်ထားဆဲဖြစ်၏။

ဆူဇီမိုသည် မည်သို့မှ မလွတ်မြောက်နိုင်ပေ။

ထိုကန်ချက်က ညင်သာပုံရသော်လည်း ကြောက်စရာကောင်းသည့် စွမ်းအားများက ဆူဇီမို၏ ဒါန်ထျန်ပေါ် ဆင်းသက်လာ၏။

ကြီးမားသည့် လှံတံကြီးဖြင့် ဆူဇီမို၏ ဒါန်ထျန်ကို ထိုးဖောက်လိုက်သလိုပင်။

“ဟင်းး”

ဆူဇီမိုသည် တသိမ့်သိမ့် တုန်ယင်သွားပြီး စူးစူးရှရှ နာကျင်မှုက သူ့ဝမ်းဗိုက်တစ်လျှောက် ပြန့်နှံ့ကာ သတိလစ်မတတ် ဖြစ်သွား၏။

သူ့ဒါန်ထျန်ပေါ်တွင် သွေးသံရဲရဲ အပေါက်ကြီးတစ်ပေါက်က ပေါ်လာပြီး အသားစများ သွေးများဖြင့် ညစ်ပေနောက်ကျိနေ၏။

ဖျက်ဆီးခံလိုက်ရလေပြီ..

တာအိုသက်ရှိရွှမ်ယွီ၏ ကန်ချက်ဖြင့် သူ့ရွှေအမြုတေက ကြေမွသွားပြီဆိုတာကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေ၏။

သူ့စိတ်ဝိညာဉ်စွမ်းအင်က လျှင်မြန်စွာ ထွက်ပြေးကုန်လေသည်။

နောက်ခဏ၌ သူ့ဒါန်ထျန်သည် စိတ်ဝိညာဉ်စွမ်းအင် လုံးဝ မရှိတော့သည့် နေရာလွတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် အကြောဆွဲနေပြီး ကောင်းကောင်း မရပ်နိုင်တော့ပေ။ သူ့မျက်မှာက ဖြူဆုတ်၍ သူ့မျက်လုံးများက အရောင်မှိန်ကာ သူ့အသက်ရှုသံက အားပျော့လာလေသည်။

သူ၏ ကျင့်ကြံမှုက ဖျက်ဆီးခံလိုက်ရလေပြီ။

ရွှေအမြုတေတစ်ယောက်၏ ပင်မအူတိုင်က သူတို့၏ ရွှေအမြုတေသာ ဖြစ်လေသည်။ အဲ့ဒါက ဖျက်ဆီးခံလိုက်ရသည်နှင့် ပြန်လည်ကောင်းမလာနိုင်တော့ပေ။

နှစ်ပေါင်းများစွာ အပင်ပန်းဆင်းရဲခံ၍ ကျင့်ကြံလာမှုက တစ်ခဏတည်းနှင့် ဖျက်ဆီးခံလိုက်ရလေပြီ။

ကျင့်ကြံသူများအတွက်တော့ သူတို့၏ ရွှေအမြုကို ဖျက်ဆီးခံရတာထက် ပို၍ ရက်စက်သည့်အရာ ဘာမှ မရှိတော့ပေ။

နေရာတစ်ဝှမ်းက ငြိမ်သက်သွားကြ၏။

ရွှေအမြုတေများသည် အမူအယာ အမျိုးမျိုးနှင့် ရှိနေကြ၏။ သူတို့ထဲမှ အချို့က အားရဝမ်းသာ၊ အချို့က သက်ပြင်းချ၍ အချို့ကတော့ ကိုယ်ချင်းစာမိနေကြ၏။

မူတန်ချင်းနှင့် ပိုင်ယုဟန်သည် အတိတ်ကာလတုန်းက ဆူဇီမိုနှင့် ပတ်သတ်ဆက်နွယ်မှုအချို့ ရှိခဲ့ဖူး၏။ ဤအခိုက်အတန့်၌ သူတို့နှစ်ယောက်သည် ထိုမြင်ကွင်းကို ဆက်လက် မကြည့်ရက်တော့ပေ။

တူကူကျန့်က မျက်လွှာချထားပြီး သူ့ခေါင်းကို မသိမသာ ခါရမ်းလိုက်၏။

ဆူဇီမိုသည် ဘယ်လိုမျိုး ပြန်ဝင်စားမွန်းစတားပင် ဖြစ်ခဲ့ပါစေ.. ဘယ်လိုပင် အံ့မခန်း ဖြစ်ခဲ့ပါစေ.. သူက ဒဏ္ဍာရီလာအန္တိမအခြေတည်အဆင့်ကို ကျင့်ကြံ၍ နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ပိုင်ဆိုင်ခဲ့သည်ဆိုလျှင်တောင်... ယခုအခါ အဲ့ဒါတွေ အကုန်လုံးက သူ၏ ရွှေအမြုတေ ပျက်စီးခြင်းနှင့်အတူ ပျောက်ကွယ်သွားလေပြီ။

All Chapters