← Chapters

နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေတွင်

Vol. 39 Ch. 579

နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေတွင်

Vol. 39 Ch. 579

မဟာချွမ်အပျက်အစီးမှာ ပြိုင်စံရှားများအကြား တိုက်ပွဲက ဖြစ်ပွားခဲ့တာ တစ်လကြာပြီးနောက်..

ထိုသတင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာလုံးနီးပါးက အဲ့ဒါကို သိရှိသွားခဲ့ကြပြီးဖြစ်၏။

အလယ်ပိုင်းတိုက်.. ယန်ဆေးဂိုဏ်း၌..

ခမ်းနားထည်ဝါသော ခန်းဝါတစ်ခုတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်က မတ်တပ်ရပ်နေကြ၏။

အမျိုးသားက ချောမောသောသွင်ပြင်ရှိပြီး အမူအယာကတော့ သုန်မှုန်နေ၏။ သူကတော့ ဆန်းကြယ်တောင်ထွတ်၏ တပည့်ဟောင်း ကျိချန်းရှန် ဖြစ်လေသည်။

အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်က အဖြူဆွတ်ဆွတ်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်တရာ ချောမောလှပလေသည်။ သို့သော်လည်း သူမထံမှ အေးစက်စက်အော်ရာက ဖြာထွက်နေ၏။

နောက်ထပ်အမျိုးသမီးကလည်း အလွန်တရာ ချောမောကြည့်ကောင်းပြီး သူမ၏ သွင်ပြင်က ပန်းချီကားတစ်ချပ်နှင့် တူလေသည်။ သို့သော်လည်း သူမက အပျော်အပါးမက်သော အမျိုးသားငယ်လေးတစ်ယောက်လို ဝတ်ဆင်ထား၏။

သူတို့ထဲမှတစ်ယောက်က ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော လမ့်ရိုဖြစ်ပြီး အခြားတစ်ယောက်က ယန်ဆေးဂိုဏ်း၏ ထန်ယု ဖြစ်လေသည်။

သူတို့သုံးယောက်သည် မျက်နှာချင်းဆိုင်ရပ်ပြီး တိတ်ဆိတ်နေကြ၏။

လိုဏ်ဂူခန်းဝါတွင်းရှိ လေထုက တစ်နည်းတစ်ဖုံ တင်းကျပ်နေ၏။

“ဟားရား”

အတန်ကြပြီးနောက် ကျိချန်းရှန်က သက်ပြင်းချပြီး စကားစပြောလိုက်၏။

“သတင်းက သေချာသွားပြီလား.. ဂျူနီယာညီလေးဆူက တစ်ကယ်ပဲ နဂါးသင်္ချိုင်းတောင်ကြားထဲကို ခုန်ချသွားခဲ့တာလား”

“အင်း”

ထန်ယုက ခေါင်းညိတ်လိုက်၏။

“အဲ့ဒါကို မျက်မြင်ကိုယ်တွေ့ခဲ့တဲ့ လူတွေက အများကြီးပဲ.. သတင်းကတော့ လုံးဝ မမှားနိုင်ဘူး”

လမ့်ရိုသည် တစ်ချိန်လုံး စကားမပြောဘဲ ယခုအခါ သူမ၏ အကြည့်က အေးစက်သည်ထက် အေးစက်လာ၏။

ကျိချန်းရှန်က ခေါင်းခါ၍ သက်ပြင်းချကာ ညည်းတွားလိုက်၏။

“ဒီကိစ္စက တော်တော် ရိုက်ချက်ပြင်းတာပဲကွာ”

ထန်ယုက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့၍ တွေဝေငေးမောနေသော အမူအယာဖြင့် တီးတိုးရေရွတ်လိုက်၏။

“ဪ လက်စသတ်တော့ ရှင်က နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားကိုး.. အံ့ဩစရာ မရှိတော့ပါဘူးလေ”

ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ သတင်းကို ကြားရချိန်တွင် သူမသည် ဆူဇီမိုကို သံသယဝင်ခဲ့ဖူး၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုနှင့် နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတားက တူညီသော အချက်များစွာ ရှိလေသည်။

သို့သော်လည်း နောက်ပိုင်းမှာတော့ သူမသည် ထိုသံသယကို ပယ်ချပစ်လိုက်၏။

သူတို့နှစ်ယောက်ကြား မတူညီသည့် အချက်များကလည်း ထင်ရှားလွန်းနေခဲ့၏။

ထန်ယုသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားရင်း ဝမ်းနည်းမှုက လှိုက်တက်လာ၏။

သူတို့နှစ်ယောက်သည် အတူတကွ အချိန်များစွာ မကုန်ဆုံးခဲ့ရသော်လည်း သူမသည် သူနှင့် နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရဖို့အတွက် စိတ်ထဲကနေ ကြိတ်ပြီး မျှော်လင့်မိနေခဲ့၏။

သို့သော် အခုအခါမှာတော့ သူမ၏ မျှော်လင့်ချက်များက ပျက်စီးသွားလေပြီ။

“ရှောင်းနင်ကော အဲ့ဒါကို သိပြီးပြီလား” ရုတ်တရက် ကျိချန်းရှန်က မေးလိုက်၏။

“သူ သိတယ်”

ထန်ယုက ပြန်ဖြေလိုက်၏။

“သူက အခု အခန်းထဲမှာ အောင်းနေတယ်.. စားလဲမစားဘူး.. သောက်လဲ မသောက်ဘူး.. တစ်နေ့လုံး ရှိနေပြီ.. ညဝိညာဉ်က စောင့်ရှောက်ပေးနေလို့သာ တော်သေးတယ်”

အခြားသော လိုဏ်ဂူခန်းဝါတစ်ခုထဲတွင်..

ရှောင်းနင်သည် နံရံကို မှီထားပြီး ဒူးနှစ်ဖက်ကိုထောင်ကာ လက်ဖြင့်ပိုက်ထား၏။ သူမ၏ မျက်လုံးများက နီရဲဖောင်းကား၍ စိုစွတ်နေ၏။

ညဝိညာဉ်က သူမဘေးကနေ တိတ်တဆိတ် စောင့်ကြည့်နေ၏။ သူ၏ မျက်လုံးများထဲတွင် လူသားတစ်ယောက်၏ စိုးရိမ်ပူပန်မှုမျိုးကို မြင်နေရလေသည်။

ထို့နောက် သူက တစ်စုံတစ်ရာကို တွေးလိုက်မိသည့်အလား.. သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က ထကြွလာ၏။

အနောက်ပိုင်းဒေသ..

ကန္တာရတစ်ခုတွင်..

ဖက်တီးတစ်ယောက်က အုတ်ဂူဘေးမှာ ထိုင်ရင်း သူ့ဘာသာသူ တတွတ်တွတ် ရေရွတ်နေ၏။

“နောင်ကြီးရာ.. ဘာလို့လဲဗျာ.. ဘာလို့လဲ.. ဘာလို့ အခုလိုမျိုး ထွက်သွားရတာလဲ”

ဖက်တီးလေးသည် အုတ်ဂူဘေးမှာ ထိုင်နေရင်း ကလေးငယ် တစ်ယောက်လို အော်ငိုနေ၏။

. . .

မြောက်ပိုင်းဒေသ.. မဟာချွမ်အပျက်အစီးတွင်..

ဤနေ့တွင် အပျက်အစီးနယ်မြေသို့ ပင်းပန်းနွမ်းလျနေပုံရသော ဧည့်သည်နှစ်ယောက်က မမျှော်လင့်ဘဲ ရောက်ချလာ၏။

သူတို့ထဲမှ တစ်ယောက်က အလွန်တရာ အရပ်ရှည်ပြီး နှစ်မီတာကျော်ရှိကာ (ခုနှစ်ပေလောက်) ခြေတံလက်တံများကလည်း ရှည်လျားလေသည်။ သူ့လက်နှစ်ဖက်ကို တွဲလောင်းချထားသည့်အခါ အဲ့ဒါက သူ့ဒူးခေါင်းအောက်ကို ရောက်လေသည်။

အရပ်ရှည်ရှည်လူက တုတ်ရှည်တစ်ချောင်းကို ကိုင်ထားပြီး သူ၏ မျက်လုံးများက နီရဲ၍ ကြမ်းကြုတ်မှုဖြင့် တောက်ပနေ၏။

အခြားလူကတော့ လက်ဗလာနှင့်ဖြစ်၏။ သူက အနည်းငယ် ပိုပုသော်လည်း သူ့ခန္ဓာကိုယ်က ပို၍ တုတ်ခိုင်တောင့်တင်းလေသည်။

သူတို့နှစ်ယောက်သည် အမွေးအမင်များထူပြီး လူသားပုံစံဖြစ်ကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော သားရဲချီများကိုတော့ လုံးဝ ဖုံးကွယ်မထားနိုင်ကြပေ။

သူတို့က သားရဲများ ဖြစ်ကြ၏။

ဆူဇီမိုသာ သည်နေရာမှာရှိလျှင် ထိုသူနှစ်ယောက်က နှစ်ပေါင်းများစွာ သူသတိရနေခဲ့သော စိတ်ဝိညာဉ်မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ ဖြစ်သည်ကို မှတ်မိပေလိမ့်မည်။

မျောက်သည် အပျက်အစီးနယ်မြေ အနက်ပိုင်းထဲသို့ ဝင်ရောက်လာပြီးနောက် တမလွန်စစ်သားများ၏ ဝိုင်းရံပိတ်ဆို့မှုကို သူ၏ တုတ်ရှည်ဖြင့် ဖောက်ထွက်၍ နဂါးသင်္ချိုင်းတောင်ကြားဆီသို့ ချီတက်လာခဲ့လေသည်။

စိတ်ဝိညာဉ်ကျားက သူ့နောက်ကနေ ကပ်ပါလာပြီး အနောက်ကလိုက်လာသော တမလွန်စစ်သားများကို ခါချထားခဲ့၏။

စိတ်ဝိညာဉ်မျောက်နှင့် ကျားတို့က သူတို့၏ အတွင်းအမြုတေများကို ဖွဲ့တည်နိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့လေပြီ။

သူတို့၏ ကျင့်ကြံမှုအဆင့်ကသာ တိုးတက်လာခြင်း မဟုတ်ဘဲ သူတို့၏ တိုက်ခိုက်ရည်ကလည်း အတော်လေး ကြောက်စရာကောင်းလာခဲ့လေပြီ။

အထူးသဖြင့် မျောက်အတွက် ဖြစ်လေသည်။ မည်သည့်တမလွန်စစ်သားကမှ သူ၏ တုတ်ရှည်ရိုက်ချက်ကို ခံနိုင်ရည် မရှိကြပေ။

သူ့ရိုက်ချက်နှင့် ထိတွေ့တိုင်း အကုန်လုံးက ဖုန်မှုန့်အဖြစ်သို့ ပျက်ပြယ်ကုန်ကြသည်ချည်းသာ။

သိပ်မကြာမီ.. မျောက်နှင့် စိတ်ဝိညာဉ်ကျားသည် နဂါးသင်္ချိုင်းတောင်ကြား၏ ကမ်းပါးစွန်းသို့ ရောက်ရှိလာခဲ့ကြ၏။

ကမ်းပါးစွန်းကနေ အောက်သို့ ငုံ့ကြည့်ရင်း စိတ်ဝိညာဉ်ကျားသည် ခေါင်းထဲမှာ ချာချာလည်လာပြီး ပင့်သက်ကိုရှိုက်ကာ နောက်သို့ အလိုလို ပြန်ဆုတ်လိုက်မိ၏။

မျောက်က သူ့အကြည့်ကို မှေးကျဉ်းလိုက်၏။

နဂါးသင်္ချိုင်းတောင်ကြားမှ အလွန်တရာ ကြောက်စရာကောင်းသည့် အော်ရာနှင့် စွမ်းအင်များက ရုန်းကြွဖြာထွက်နေသည်ကို သူတို့ ခံစားမိကြ၏။ အဲ့ဒါက အရမ်းကို တုန်လှုပ်ချောက်ချားစရာ ကောင်းလေသည်။

“ခေါင်းဆောင်.. ကျုပ်တို့ အရင် ပြန်သင့်တယ်ထင်တယ်.. ဘာပဲပြောပြော ဒီနေရာက လူသားတွေရဲ့ ပိုင်နက်ပဲ.. ကျုပ် အခု မအီမသာ ခံစားနေရတယ်” စိတ်ဝိညာဉ်ကျားက စိုးထိတ်နေပုံရ၏။

အတွင်းအမြုတေကို ဖွဲ့တည်ပြီးနောက် သားရဲများက လူသားစကားကို ပြောနိုင်ကြလေသည်။

သူသည်လည်းပဲ ဆူဇီမို၏ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းမိ၏။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူက မျောက်လိုမဟုတ်ဘဲ.. ဆူဇီမို၏ သေဆုံးခဲ့သည့် နေရာကို ကြည့်ရဖို့အတွက်နှင့် မိုင်ပေါင်းထောင်ချီခရီးကို မမောနိုင်မပန်းနိုင် အပင်ပန်းဆင်းရဲခံ၍ မလာလိုခဲ့ပေ။

“ခေါင်းဆောင်.. အဲ့နေရာမှာ ရပ်ပြီး ငေးကြည့်နေရတာ ဘာအဓိပ္ပါယ် ရှိလို့လဲ.. သူက ခုန်ချခဲ့ပြီးပြီလေ”

စိတ်ဝိညာဉ်ကျားက ထပ်မံ ဖျောင်းဖျလိုက်၏။

“ကျုပ်တို့ အခုနေပြန်ပြီး တောင်တန်းတချို့ကို လျှောက်ကြည့်သင့်တယ်.. အဲ့လိုသာဆို ကျုပ်တို့ရဲ့ အချိန်တွေက ပျော်ဖို့ကောင်းမှာ”

မျောက်က ပြန်မဖြေဘဲ နဂါးသင်္ချိုင်းတောင်ကြားကိုသာ တိတ်တဆိတ် ငေးကြည့်နေ၏။ သူ့မျက်လုံထဲရှိ သွေးနီရောင်အလင်းစက်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ သတ်ဖြတ်လိုစိတ်က ကြောက်စရာကောင်းလောက်အောင် ထကြွလာ၏။

အတန်ကြာပြီးနောက် မျောက်က ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူ့မျက်လုံးထဲရှိ သွေးနီရောင်အလင်းစက်ကလည်း တဖြည်းဖြည်း ဖျော့တော့သွားပြီး စိတ်ဝိညာဉ်ကျားကို ခေါင်းညိတ်ပြလိုက်၏။

“သွားကြမယ်”

မျောက်နှင့် စိတ်ဝိညာဉ်ကျားက လေထဲသို့ ပျံတက်၍ နောက်တစ်ခဏ၌ ပျောက်ကွယ်သွားကြလေသည်။

သိပ်မကြာမီ နဂါးသင်္ချိုင်းတောင်ကြားအထက် လေဟာနယ်မှာ ရုတ်တရက် အက်ကွဲကြောင်းတစ်ခုက ပေါ်လာပြီး ကျောချမ်းဖွယ်ရာ လေများက တဟူးဟူး တိုက်ခတ်လာ၏။

လေဟာနယ် အက်ကွဲကြောင်းထဲမှ ပုံရိပ်နှစ်ခုက ခုန်ထွက်လာ၏။

ရှေ့မှတစ်ယောက်က အဖိုးအိုတစ်ယောက်ဖြစ်ပြီး အတော်လေး ဣန္ဒြေရနေဆဲဖြစ်၏။ သို့သော်လည်း နောက်မှတစ်ယောက်ကတော့ ဖြူလျော့သော မျက်နှာနှင့် ဒယီးဒယိုင် ထွက်လာ၏။ သူ့ခြေထောက်များက ခွေယိုင်နေပြီး လဲမကျအောင် မနည်းထိန်းနေရ၏။

အဖိုးအိုက သရဖူတစ်ခုကို ဆောင်းထားပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ၏ ပါးပြင်နှစ်ဖက်က နီကြင့်ကြင့်ရှိပြီး သူ့မုတ်ဆိတ်ရှည်က လေနှင့်အတူ ယိမ်းနေ၏။

သူ့ရှေ့မှာ စားပွဲခုံတစ်လုံး ချပေးပြီး သူ့ဘယ်ဘက်လက်က သစ်သားတုံးကိုကိုင်၍ ညာဘက်လက်က ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားမည်ဆိုလျှင် သူက နယ်စဉ်လှည့်နေသော ပုံပြောသမားတစ်ယောက်နှင့် ချွတ်စွတ်တူနေပေလိမ့်မည်။

နောက်ကနေ လိုက်လာသောလူက အမွေးအမင်များ မရှိဘဲ ဖြူဖတ်ဖြူရော်မျက်နှာနှင့် အနည်းငယ် လုံးဝိုင်းသောပုံသဏ္ဌာန် ရှိလေသည်။ သူကတော့ တစ်ခါက ဆူဇီမိုနှင့်အတူ တားမြစ်နယ်မြေကိုးခုထဲမှ တစ်ခုဖြစ်သော နဂါးရိုးတောင်ကြားသို့ ဝင်ရောက်ခဲ့ဖူးသော လင်းရွှမ်ကျီ ဖြစ်လေသည်။

နဂါးသင်္ချိုင်းတောင်ကြား၏ အစွန်သို့ ရောက်လာပြီးနောက် အဖိုးအိုက တိတ်တဆိတ် ငုံ့ကြည့်လိုက်၏။

လင်းရွှမ်ကျီက အသက်ကို ဖြည်းဖြည်းချင်းရှူ၍ မေးလိုက်၏။

“အဖိုးကြီး.. နဂါးသင်္ချိုင်းတောင်ကြားအောက်မှာ ဘာတွေ ရှိလဲ”

“ဘာရှိမယ်လို့ မင်းထင်လဲ”

အဖိုးအိုက လင်းရွှမ်ကျီကို လှည့်ကြည့်ပြီး ပြန်မေးလိုက်၏။

“ဘာရှိရမလဲ.. ပုံထပ်နေတဲ့ အလောင်းတွေပဲ...”

ထိုသို့ပြောနေရင်း လင်းရွှမ်ကျီသည် အဖိုးအို၏ မျက်နှာအမူအယာကနေ တစ်ခုခုကို ဖတ်မိသွားသလို ကြောက်လန့်တကြားနှင့် မေးလိုက်၏။

“အဖိုးကြီး.. အဲ့မှာ အသက်ရှင်နေသေးတဲ့ လူတွေတော့ မရှိလောက်ပါဘူးနော်.. ဟုတ်တယ်မလား”

“ဟေး”

အဖိုးအိုက ထူးဆန်းစွာ ရယ်မော၍ တိတ်တဆိတ် အသိအမှတ် ပြုလိုက်၏။

လင်းရွှမ်ကျီက သူ့မေးစေ့ကိုပွတ်ပြီး အလေးအနက် ပြောလိုက်၏။

“အဲ့လိုသာဆို.. အဲ့ကောင်လေးက အသက်ရှင်နိုင်နေသေးတာပေါ့”

သူက ရုတ်တရက် ပျော်ရွှင်သွားသည့်ပုံစံ ထုတ်ပြလာပြီး ရယ်မောလိုက်၏။

“ကျုပ်ပြောပါတယ်.. သူ့ကံကြမ္မာက အရမ်းကို ခိုင်မာပါတယ်လို့.. နဂါးအရိုးတောင်ကြားကနေ နဂါးဥကိုတောင် သွားစားလာခဲ့တဲ့သူက ဒီလို လွယ်လွယ်နဲ့ ဘယ်သေနိုင်ပါ့မလ”

အဖိုးအိုက မှင်သေသေနှင့် ခေါင်းခါလိုက်၏။

“မင်းက အဓိကအချက်ကို မေ့နေတာပဲ”

“အမ်” လင်းရွှမ်ကျီသည် ဇဝေဇဝါ ဖြစ်သွား၏။

အဖိုးအိုက ဆက်ပြောလေသည်။

“အဓိကအချက်က ဆူဇီမိုက မသေခဲ့ရင်တောင် သူ့ဘဝက သေတာနဲ့ ဘာမှ မခြားဘူး”

လင်းရွှမ်ကျီသည် အတွေးပေါက်သွားပြီဖြစ်၏။

အဖိုးအိုက ဆက်ပြောလိုက်၏။

“သူ့ရွှေအမြုတေက ပျက်စီးသွားပြီတော့ သူ့အတွင်းအမြုတေကလဲ ကြေမွသွားတယ်ဆိုတာ မမေ့နဲ့.. သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ထပ်ပြီး ကျင့်ကြံလို့ မရတော့ဘူး.. သူ့ဘဝက သေလူတစ်ယောက်လိုပဲ”

လင်းရွှမ်ကျီသည် သဘောပေါက်သွား၏။

အဖိုးအိုပြောတာ မှန်လေသည်။ ဆူဇီမိုသည် သူ၏ ရွှေအမြုတေနှင့် အတွင်းအမြုတေ ပျက်စီးသွားပြီးနောက် သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားအဖြစ် ဆက်ပြီး ရှိမနေနိုင်တော့ပေ။

သူအသက်ရှင်နေသေးရင်ရော ဘာလုပ်လို့ ရဦးမှာလဲ..

သူ၏ ကြီးမားသည့် သွေးကြွေးအတွက် ပြန်လက်စားချေဖို့ အခွင့်အရေးကို ဘယ်တော့မှ ထပ်ပြီး ရမှာ မဟုတ်တော့ပေ။

အဖိုးအိုက သက်ပြင်းချပြီး ညည်းတွားရေရွတ်လိုက်၏။

“အရင်တုန်းက အဲ့ကောင်လေးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့အတွက် ပညာရှင်တစ်ယောက်က အများကြီး ကြိုးပမ်းအားထုတ်ခဲ့ရတယ်.. ကံမကောင်းစွာနဲ့ပဲ... နောက်ဆုံးမှာတော့ သူက သူ့ရဲ့ ကံကြမ္မာကို အနိုင်မယူနိုင်သေးဘူးပဲ.. လူတစ်ယောက်က သေဖို့ ကံပါလာရင် သေကိုသေရမယ့် သဘောပဲ..”

All Chapters