← Chapters

တစ္ဆေခြောက်ခံရခြင်း

Vol. 39 Ch. 582

တစ္ဆေခြောက်ခံရခြင်း

Vol. 39 Ch. 582

မကောင်းဆိုးဝါးဆန်သောလေများက ရုတ်တရက်ဆိုသလို တိုက်ခတ်လာ၏။

ဆယ်ပေအကွာတွင် ပုံရိပ်ယောင်များက တစ်ခုပြီးတစ်ခု ပေါ်လာပြီး ကြောက်စရာကောင်းသည့် မျက်နှာများက လျှင်မြန်စွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်လာ၏။

ဆူဇီမိုသည် ရင်ထိတ်၍ တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရလာ၏။

မဟာချွမ်အပျက်အစီးတွင် ပေါ်လာသော တမလွန်စစ်သားများသည် အတိတ်ကာလက မြှပ်နှံခံခဲ့ရသော အင်ပါယာစစ်တပ်မှ စစ်သည်များသာ ဖြစ်လေသည်။

ဒါဆို.. နဂါးသင်္ချိုင်းတောင်ကြားမှာ မြှုပ်နှံခံရသော လူတွေကရော ဘယ်လိုလူစားမျိုးတွေလဲ..

နှစ်တစ်သောင်းကြာပြီးတာတောင် သူတို့ရဲ့ ခန္ဓာကိုယ်တွေက မဆွေးမြည့်သေးပါလား..

နံရံမှာ စင်ကျန်နေခဲ့သော သွေးစက်များကတောင် အလွန်စွမ်းအားကြီးနေဆဲဖြစ်၏။

အင်ပါယာစစ်တပ်၏ ကျဆုံးမှုကနေ ဖြစ်တည်လာသော ထိုတမလွန်စစ်သားများကတောင် ရွှေအမြုတေများကို ကောင်းကောင်းဒုက္ခပေးနိုင်လေသည်။

ဒါဆို ဒီနေရာမှာ ကျဆုံးခဲ့သည့် ပညာရှင်များ၏ အငြိုးကြီးမားသော စိတ်ဝိညာဉ်တစ္ဆေများကဆို ဘယ်လောက်ထိတောင် ကြောက်စရာကောင်းလိုက်မလဲ..

“မဟန်ဘူး.. မြန်မြန်.. ပြန်ကြမယ်ဟေ့”

ဆူဇီမိုသည် တိုးတိတ်စွာအော်၍ မြေခွေးလေးကို ကောက်ပွေ့ကာ လာရာလမ်းအတိုင်း လှည့်ပြန်ဖို့ လုပ်လိုက်၏။

ကံကောင်းထောက်မစွာနှင့် သူတို့သည် ဘုရားကျောင်းမှ သိပ်ဝေးဝေးသို့ မရောက်သေးပေ။ သူတို့သည် ဘုရားကျောင်းဆီသို့ အသက်ရှူချိန်အနည်းငယ်အတွင်း ရောက်အောင်ပြန်သွားနိုင်လေသည်။

ရှေ့မှာ အကွေ့တစ်ချက်ရှိ၏။

ဆူဇီမိုသည် လမ်းတစ်လျှောက် အာရုံထွေပြားလာခဲ့သော်လည်း သူသည် လမ်းတစ်လျှောက် တစ်ကွေ့သာ ချိုးကွေ့ရသေးသည်ကို မှတ်မိလေသည်။

ပြောရမည်ဆို သူသည် ထိုအကွေ့ကို ကျော်လွန်သည်နှင့် ဘုရားကျောင်းအိုကို ပြန်မြင်ရပေလိမ့်မည်။

သို့သော်လည်း ထိုအကွေ့ကို ကျော်လွန်ပြီးနောက် ဆူဇီမိုသည် အလိုလို ရပ်တန့်လိုက်၏။

သူ့ရှေ့မှာ မည်သည့်ဘုရားကျောင်းမှ ရှိမနေပေ။

ထို့အစား တောင်လိုယာလို ပုံထပ်နေသော အလောင်းများသာ ရှိလေသည်။

မလှမ်းမကမ်းတွင် ပျစ်ချွဲချွဲသွေးမြစ်တစ်ခုက စီးဆင်းနေပြီး ညှီစို့စို့သွေးရနံ့နှင့်အတူ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားလေသည်။

သွေးမြစ်၏ မျက်နှာပြင်ပေါ်တွင် ကြောက်လန့်စရာ မျက်နှာကြီးများက ပေါ်လာပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးဖြီးနေကြ၏။

ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းပြီး သေချာစူးစိုက်ကြည့်လိုက်၏။

သူ့ရှေ့ရှိ မြင်ကွင်းက ပျောက်ကွယ်မသွားသေးပေ။

တစ်ဖက်မှာတော့ အလောင်းကောင်များက တစ်ကောင်ပြီးတစ်ကောင် အသက်ဝင်လာကြ၏။

သူတို့၏ ခန္ဓာကိုယ်မှ ပုပ်သိုးဆွေးမြည့်နေသော အသားများက တွဲလောင်းကျနေပြီး ရုန်းကန်၍ မတ်တပ်ထရပ်လာကြ၏။ သူတို့သည် ဖြည်းဖြည်းချင်း ယိမ်းထိုး၍ ထလာကြပြီး မသတီစရာ အနံ့ဆိုးများနှင့်အတူ ဆူဇီမိုဆီသို့ ဒယီးဒယိုင်နှင့် လျှောက်လှမ်းလာကြ၏။

ရှေ့တည့်တည့် သွေးမြစ်ထဲမှလည်း လက်များက တစ်ဖက်ပြီးတစ်ဖက် ပြူထွက်လာကြ၏။

သွေးများဖြင့် စိုရွှဲနေသော လူများသည် သွေးမြစ်ကမ်းပါးမှ တွားသွား၍ တက်လာကြပြီး နီရဲနေသော မျက်လုံးများနှင့်အတူ သွားဖြီးနေကြ၏။

ဆူဇီမိုသည် ကျောရိုးတစ်လျှောက် ချမ်းတုန်၍ နဖူးမှ ချွေးအေးများက စီးကျလာ၏။

မြေခွေးလေးသည် ပိုလို့တောင် ထိတ်လန့်တုန်လှုပ်နေပြီး ဆူဇီမို၏ ရင်ခွင်ထဲမှာ သူမ၏ ခေါင်းကိုဝှက်ကာ တဂတ်ဂတ်နှင့် မေးရိုက်နေ၏။

သူတို့ရှေ့မှ ဖြစ်ပျက်နေသောအရာက ဖြစ်နိုင်ခြေနှစ်ခုသာ ရှိလေသည်။

ပထမတစ်ချက်.. သူစောစောက တွေ့ခဲ့ရသော ဦးပဉ္ဇင်းလေးနှင့် ကျမ်းစာတိုက်က ပုံရိပ်ယောင်များသာဖြစ်ပြီး တောင်ကြား၏ အောက်ခြေမှာ မည်သည့်ဘုရားကျောင်းအိုမှလည်း ရှိမနေခဲ့တာပင်။

ဒုတိယတစ်ချက် သူသည် မူလရှိနေခဲ့သော နေရာကနေ မထွက်ခွာရသေးတာပင်။

ထိုဖြစ်နိုင်ခြေနှစ်ခုစလုံးကလည်း သိပ်တော့ ယုတ္တိရှိမနေပေ။

ပထမဖြစ်နိုင်ခြေအရဆိုလျှင် သူ၏ အာရုံငါးပါးကို ထိုမျှအထိ ပီပြင်အောင် လှည့်စားနိုင်ခြင်းမှာ အဲ့ဒါက တစ်ကယ့်ကို မဟားတရား ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုပင်။

ကျမ်းစာတိုက်၊ ဘုရားကျောင်းအိုနှင့် ဦးပဉ္ဇင်းလေးတို့က အားလုံး အတုအယာင်တွေချည်းသာ။

နဂါးသင်္ချိုင်းတောင်ကြား ဖြစ်ပေါ်လာခဲ့တာက နှစ်တစ်သောင်းတောင် ရှိနေမှ.. အဲ့ဒီအောက်ခြေမှာ ဘယ်လိုလုပ်ပြီး ဘုရားကျောင်းအိုတစ်ခုက ရှိနေနိုင်မှာလဲ။

ဦးပဉ္ဇင်းလေး၏ မျက်လုံးများက ရေကဲ့သို့ တောက်ပကြည်လင်နေတာကိုတော့ ဆူဇီမို မှတ်မိလေသည်။

ထိုမျက်လုံးများက အတုအယောင်တော့ မဖြစ်နိုင်ပေ။

ဒုတိယဖြစ်နိုင်ခြေအရဆိုရင်တော့ ယခု ဆူဇီမို ကြုံတွေ့နေရသည်က မော်တယ်ကမ္ဘာမှာ တွေ့ကြုံရလေ့ရှိသော ကျတ်ကုန်းတစ်ခုလိုပင်။

သူသည် ရှေ့သို့ မရပ်မနား ပြေးလွှားနေသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတော့ နေရာကနေ လုံးဝ မရွေ့ရသေးတာမျိုးပင်။

သူ၏ အာရုံငါးပါးကို အန္တိမဓမ္မစွမ်းအားဖြင့် ဖြတ်တောက်၍ သူ၏ ဦးတည်ဘက်ကို ထင်ယောင်ထင်မှားဖြင့် ပျောက်ဆုံးသွားအောင် စွမ်းဆောင်နိုင်သော အစွမ်းထက်သည့်ဆိုးယုတ်တစ္ဆေများ ရှိနေနိုင်လေသည်။

ရုတ်တရက်..

သူ့ဂုတ်ပေါ်သို့ အသက်ရှုထုတ်လိုက်သည့် လေတိုးမှုမျိုးက လာရောက်ထိတွေ့သလို ခံစားလိုက်ရ၏။

ဟင်း..

ချက်ချင်းပင် ခေါင်းနပန်းများကြီးလာ၏။

ဘာမှ စဉ်းစားမနေဘဲ သူ့မျက်လုံးများက တောက်ပလာပြီး လက်ပြန်ရိုက်ချလိုက်၏။

ဝှစ်..

သူ့လက်သီးက လေကိုသာ ထိုးမိလေသည်။

သူ့နောက်မှာ မည်သူမှ ရှိမနေပေ။

ဆူဇီမိုသည် လေအေးများကို ရှူသွင်းလိုက်၏။ သူလှည့်ကြည့်တော့မည့်ဆဲဆဲမှာပင် သွေးများစွန်းထင်းနေသော အဖြူရောင်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဖိုသီဖတ်သီဆံပင်များနှင့် အမျိုးသမီးတစ်ယောက်က မလှမ်းမကမ်းမှာ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

အမျိုးသမီးက သူ့ကို ကျောပေးထားပြီး မလှုပ်မယှက် ရပ်နေကာ သူမ၏ မျက်နှာကို မမြင်ရပေ။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ရှိသော မည်သူမဆို မဟာချွမ်အပျက်အစီးက တည်ရှိမှုများကထက် များစွာပို၍ ကြောက်စရာကောင်းပေလိမ့်မည်။

အပျက်အစီးနယ်မြေရှိ တမလွန်စစ်သားများက အစစ်အမှန် ရုပ်ဒြပ်ထု မရှိပေ။

ဤအမျိုးသမီးသည် အတိတ်ကာလက မည်မျှထိ ကြောက်စရာကောင်းခဲ့သလဲ သို့မဟုတ် သူမက မည်မျှ ကြီးမားသည့် အငြိုးအတေးအာဃာတကို ဆုပ်ကိုင်ထားသလဲ ဆူဇီမို မသိပေ။ သို့သော် သူမ၏ ဆိုးယုတ်ချီများက အစိုင်အခဲအဖြစ် စုဖွဲ့လာပြီး အစစ်အမှန် အသားများပင် ဖြစ်ပေါ်နေပြီကို သူတွေ့လိုက်ရ၏။

ဆူဇီမိုသည် အခုလို ဒုက္ခိတဖြစ်နေတာကို မဆိုထားနှင့် သူ၏ အထွတ်အထိပ် အခြေအနေတုန်းကဆိုလျှင်တောင် ဤကဲ့သို့သော တည်ရှိမှုမျိုးနှင့် ကြုံတွေ့ရပါက လွတ်မြောက်အောင် ထွက်ပြေးဖို့ ခက်ခဲပေလိမ့်မည်။

သူသည် နမော်နမဲ့ မပြုမူရဲဘဲ အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးကို တင်းကျပ်သော အမူအယာဖြင့် စိုက်ကြည့်နေ၏။

ရုတ်တရက်..

အဖြူရောင်ဝတ်အမျိုးသမီးက လှုပ်ရှားလာ၏။

သူမ၏ လည်ပင်းအောက်ပိုင်းက လုံးဝ လှုပ်ရှားခြင်း မရှိပေ။

သို့သော်လည်း သူမ၏ ဦးခေါင်းက နောက်ဘက်သို့ ကြောက်စရာပုံစံဖြင့် ဆူဇီမိုဘက်သို့ တည့်တည့်လှည့်လာ၏။

သူမ၏ ပါးစပ်၊ နှာခေါင်းနှင့် နားများက သွေးများဖြင့် ပြည့်နေပြီး မျက်လုံးများက မရှိဘဲ သွေးသံရဲရဲ ဟောင်းလောင်းပေါက် မျက်တွင်းအိမ်ကြီးနှစ်ပေါက်သာ ရှိလေသည်။

အမျိုးသမီးက ဆိုးယုတ်စွာ ပြုံးလိုက်ပြီး သူမ၏ မသတီစရာ နီနီရဲရဲ လျှာရှည်ရှည်ကြီးက မြေတစ်ကောင်ကဲ့သို့ ရှည်ထွက်လာ၏။

မြေခွေးလေးသည် သူမ၏ လက်ဖဝါးလေးနှစ်ဖက်ကြားကနေ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ချိန်ဖြစ်ပြီး ထိုသည်ကို မြင်သောအခါ ...

“အား”

သူမသည် သံကုန်ခြစ် အော်ဟစ်လိုက်ပြီး တုန်လှုပ်ချောက်ချားမှုဖြင့် သတိလစ်သွားလေသည်။

အဲ့ဒါက အံ့ဩစရာတော့ မဟုတ်ပေ။ အတွေ့အကြုံများစွာ ကြွယ်ဝသော ဆူဇီမိုပင်လျှင် ကျောရိုးတစ်လျှောက် ချမ်းတုန်၍ ခြေလက်များက ပျော့ခွေချင်လာ၏။

အဖြူရောင်ဝတ်အမျိုးသမီးက မကောင်းဆိုးဝါးဆန်သော လေတိုးသံနှင့်အတူ ရှေ့သို့ ခုန်အုပ်လာ၏။

ဆူဇီမိုသည် သူ့ညာဘက်လက်ကို ထုတ်၍ ကပျာကယာ ခုခံလိုက်၏။

သူ၏ စွမ်းအားအရ.. အဖြူရောင်ဝတ်အမျိုးသမီးကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

နတ်ဖီးနစ်အရိုးကသာလျှင် အလုပ်ဖြစ်နိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်လေသည်။

ရွှစ်..

ရုတ်တရက်.. အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ ခြေလှမ်းကို ရပ်တန့်၍ ဆူဇီမို၏ ညာဘက်လက်ကို သူမ၏ ဗလာကျင်းနေသော သွေးသံရဲရဲ မျက်လုံးအိမ်များဖြင့် တစ်နည်းတစ်ဖုံ စိုးရိမ်စွာ ကြည့်လိုက်၏။

“ကျွတ်.. ကျွတ်.. ကျွတ်..”

သူမက မကောင်းဆိုးဝါးဆန်စွာ ရယ်မော၍ ဆူဇီမို၏ မျက်လုံးရှေ့မှ ဖျက်ကနဲ ပျောက်ကွယ်သွား၏။

ဆူဇီမိုသည် ထိတ်လန့်သွားပြီး သူ့ဘေးပတ်လည်ကို ကပျာကယာ လှည့်ပတ်ကြည့်လိုက်၏။

စောစောက ဖြစ်ပျက်ခဲ့သော အရာအားလုံးက ထင်ယောင်ထင်မှားပုံရိပ်များအလား အဖြူရောင်ဝတ်အမျိုးသမီး၏ အရိပ်အယောင် တစွန်းတစကိုမှ မမြင်ရတော့ပေ။

သူတို့နှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းကြောင်း ဆူဇီမို သိထားလေသည်။

အဖြူရောင်ဝတ်အမျိုးသမီးသည် ဆိုးယုတ်ချီများကနေ ဖွဲ့တည်လာခြင်းဖြစ်သော်လည်း သူမ၏ ခွန်အားက မူလနတ္ထိအဆင့်အောက် မလျော့နိုင်လောက်ပေ။

သူမ၏ ခွန်အားက ဓမ္မဝိသေသအဆင့်လောက် ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ရှေ့တွင် သွေးမြစ်ထဲမှ တွားသွား၍ တက်လာကြသော ပုပ်သိုးဆွေးမြည့်နေသည့် အသားများနှင့် အလောင်းများကလည်း လျှင်မြန်စွာ နီးကပ်လာနေ၏။

သွေးသံရဲရဲ ပုံရိပ်များက ရုတ်တရက် ကြောက်စရာကောင်းသည့် မျက်နှာပေးများဖြင့် ခုန်အုပ်လာပြီး ဆူဇီမို၏ လည်ပင်းကို ကိုက်ဖြတ်ဖို့ ကြိုးစားလိုက်ကြ၏။

ဆူဇီမိုသည် သူ့ညာဘက်လက်ကို ဓါးတစ်လက်လို ဝေ့ရမ်း၍ ဝင်ရောက်လာသော သွေးသံရဲရဲများပုံရိပ်များကို ရိုက်ချလိုက်၏။

ရှီး.. ရှဲ..

အပူစွမ်းအားက ထွက်ပေါ်လာ၏။

ဝင်ရောက်လာသော ထိုသွေးသံရဲရဲပုံရိပ်များကို မီးတောက်များက ဝါးမျိုသွားပြီး အသံတစ်ချက်တောင် မထွက်လိုက်နိုင်ပေ။

အခြားသော အလောင်းများနှင့် သွေးသံရဲရဲပုံရိပ်များသည် သူတို့၏ လမ်းကြောင်းကို ကပျာကယာ ရပ်တန့်လိုက်ကြ၏။

တစ္ဆေသရဲများ အကြောက်ဆုံးက မိုးကြိုးနှင့် မီးတောက်များ ဖြစ်လေသည်။

သူတို့သည် နတ်ဖီးနစ်အရိုးထဲမှာ သိုလှောင်ထားသည့် ကြောက်စရာကောင်းသည့် စွမ်းအားများကို ခံစားမိနိုင်ကြလေသည်။

ထိုသို့ဆိုလျှင်တောင် အလောင်းများနှင့် သွေးသံရဲရဲပုံရိပ်များက ထွက်မသွားသေးဘဲ မလှမ်းမကမ်းမှာ ရပ်၍ သွားရည်တများများနှင့် ဆူဇီမိုကို စောင့်ကြည့်နေကြ၏။

ထိုစဉ်မှာပင် အဖြူရောင်ဝတ်အမျိုးသမီးက ဆူဇီမို၏နောက်မှာ တိတ်တဆိတ်နှင့် ဖြည်းဖြည်းချင်း စုဖွဲ့ကာ ပေါ်လာလေသည်။

အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သူမ၏ ဟောင်းလောင်းပေါက် မျက်လုံးအိမ်ထဲတွင် သွေးနီရောင်အလင်းက ပေါ်လာလေသည်။ သူမ၏ အရိုးစုလက်ဝါးကို ဆန့်တန်း၍ အေးစက်စက်နှင့် တောက်ပနေသော လက်သည်းများဖြင့် ဆူဇီမို၏ ဦးခေါင်းဆီသို့ ဖြည်းဖြည်းချင်း...

All Chapters