← Chapters

အကြီးကျယ်အမြင့်မြတ်ဆုံး ဖြစ်လာဖို့

Vol. 39 Ch. 584

အကြီးကျယ်အမြင့်မြတ်ဆုံး ဖြစ်လာဖို့

Vol. 39 Ch. 584

ကျင့်ကြံရေးလောကမှာ သွေးလွှမ်းတိုက်ပွဲများကို ဖြစ်ပေါ်လာစေနိုင်သော.. ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က ယခုအခါ ဘာနာမည်မှ မရှိသော ဦးပဉ္ဇင်းလေးတစ်ပါး၏ လက်ထဲမှာ ရှိနေ၏။

ဒီနေရာမှာ တိုက်ပွဲများ မရှိသလို သွေးထွက်သံယိုခြင်းများလည်း မရှိပေ။

တစ်ကယ်ဆို ဦးပဉ္ဇင်းလေးက အဲ့ဒါကို စိတ်ပါလက်ပါနှင့်ပင် သူ့ကို မျှဝေပေးနေသေး၏။

အဲ့ဒါကို တော်တော်လေးကို လွဲမှားနေခြင်း ဖြစ်လေသည်။

ကံကြမ္မာက ဘယ်လောက်တောင် မျက်နှာပြောင်တိုက်သလဲဆို ယခု ဆူဇီမိုက ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို နောက်ဆုံး ရရှိချိန်တွင် သူ့မှာ ကျင့်ကြုံနိုင်သည့် အစွမ်းအစ မရှိတော့ပေ။

ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က ဗုဒ္ဓဂိုဏ်းများ၏ အန္တိမလျှို့ဝှက်ဂန္တဝင်ကျမ်း ဖြစ်သော်လည်း ကြေမွနေသော ဒါန်ထျန်နှင့် လူတစ်ယောက် ကျင့်ကြံနိုင်သော အရာတော့ မဟုတ်ပေ။

တာအိုသက်ရှိရွှမ်ယွီက ရက်စက်လွန်းလှ၏။

သူသည် ထိုးချက်တစ်ချက်၊ ကန်ချက်တစ်ချက်နှင့်အတူ ဆူဇီမို၏ မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်ပစ်လိုက်၏။

ဆူဇီမိုသည် လက်သီးကို တင်းကျပ်နေအောင်ဆုပ်ပြီး ခိုင်မာပြတ်သားသော အကြည့်ဖြင့် ခေါင်းကို အနည်းငယ် မော့လိုက်၏။

ငါ့လျှောက်နေတဲ့ ခြေလှမ်းကို ဘယ်သူ့မှ မရပ်တန့်နိုင်စေရဘူး..

ငါသွားမယ့်လမ်းကြောင်းကို ဘယ်သူ့မှ မရပ်တန့်နိုင်စေရဘူး..

ထိုကဲ့သို့ ထိုးနှက်ခံထားရတာတောင် ဆူဇီမိုသည် အလျှော့ပေးလိုက်ဖို့ စိတ်ကူး မရှိပေ။

သူသည် ကံကြမ္မာအောက်မှာ ဒူးထောက်မှာ မဟုတ်ပေ။

တစ်စုံတစ်ယောက်က ဒုက္ခသုက္ခနှင့် အပင်ပန်းဆင်းရဲခံ၍ သူ့ကံကြမ္မာကို တစ်ခါက ပြောင်းလဲပေးခဲ့ဖူး၏။

အခုနေ သူအရှုံးပေးလိုက်လျှင် ထိုလူကို အားနာစရာ ကောင်းမနေဘူးလား.. ဘယ်လို မျက်နှာပြရပါ့မလဲ..

ဆူဇီမိုသည် တင်ပျဉ်ခွေ ထိုင်ချပြီး သူ့ဘေးပတ်လည်ရှိ စိတ်ဝိညာဉ်ချီများကို စတင်အာရုံခံကာ သူ့ဒါန်ထျန်ထဲသို့ နည်းနည်းချင်း ဆွဲယူသွင်းလိုက်၏။

သူ့ခန္ဓာကိုယ်နှင့် ဒါန်ထျန်ထဲသို့ ဝင်ရောက်လာပြီးနောက် အဲ့ဒါက ကြန့်ကြာမနေနိုင်ဘဲ ချက်ချင်း ပျက်ပြယ်ထွက်ခွာသွားလေသည်။

အခုဆို သူ့ဒါန်ထျန်က အဆုံးမဲ့တွင်းနက်ကြီးတစ်ခုလို အရာအားလုံးကို ဝါးမျိုသွားလေသည်။

ဆူဇီမိုသည် လုံးဝ အလျှော့မပေးပေ။

သူသည် ချီများကို ဆက်လက်စုဆောင်းပြီး စုဖွဲ့ရင်း သူ့မျက်စိရှေ့မှောက်မှာတင် ပြန်ပျက်ပြယ်သွားတာကို အနီးကပ် စောင့်ကြည့်နေမိ၏။

ထိုစက်ဝန်းက ဆက်လက်လည်ပတ်နေ၏။

တစ်လကြာသွား၏။

နှစ်လကြာသွား၏။

တစ်ခဏအတွင်း ခြောက်လတာက ကုန်ဆုံးသွားလေသည်။

ဆူဇီမို၏ ဒဏ်ရာများက လုံးဝ သက်သာပျောက်ကင်းသွားပြီဖြစ်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်အခြေအနေကတော့ အလှည့်အပြောင်းဖြစ်၍ တိုးတက်ကောင်းမွန်လာခြင်း မရှိပေ။

ပြင်ပကမ္ဘာနှင့် ဖြတ်တောက်ထားသည့်အတွက် ဒီနေရာမှာ အသက်ဓါတ်ကြွယ်ဝသည့် အသားများ သို့မဟုတ် လောကဆိုင်ရာရတနာများ ရှိမနေပေ။

သူတို့ ဗိုက်ဆာလာလျှင် ဤလူနှစ်ယောက်နှင့် မြေခွေးတစ်ကောင်သည် ဥယျာဉ်ထဲမှ အသီးအနှံများကို ခူးယူစားသောက်ကြမည် ဖြစ်လေသည်။

ရေဆာလာလျှင် သူတို့သည့် အဝီစိတွင်းထဲမှ ရေများကို ခပ်သောက်ကြမည် ဖြစ်လေသည်။

ကျင့်ကြံသူများအတွက်တော့ အဲ့ဒါက ကိစ္စများစွာ မရှိပေ။

သူတို့သည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီကို စုပ်ယူပြီး သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်လိမ့်မည် ဖြစ်လေသည်။

သို့သော်လည်း သားရဲကျင့်ကြမှုကတော့ အသက်ဓါတ်များစွာကို လိုအပ်လေသည်။

ပြီးခဲ့သည့် နှစ်ဝက်အတွင်း ဆူဇီမို၏ သားရဲကျင့်ကြံမှုက ရပ်တန့်နေပြီး သူ့အတွင်းအမြုတေမှာလည်း ပင့်ကူအိမ်အက်ကွဲကြောင်းများက ရှိနေဆဲဖြစ်၏။

အင်မော်တယ်ကျင့်ကြံမှုမှာလည်း နှစ်ဝက်အတွင်း သူစုပ်ယူခဲ့သော ချီများက သူ့ကိုယ်ထဲမှာ ရှိမနေနိုင်ဘဲ သူ့ဒါန်ထျန်မှလည်း မည်သည့်တုံ့ပြန်မှုမှ မရပေ။

သူ့ဒါန်ထျန်က ဗလာကျင်း၍ ဟောင်းလောင်းဖြစ်နေဆဲဖြစ်၏။

တစ်ကယ်တော့ ဆူဇီမို၏ နှစ်ဝက်တာက လုံးဝ အချည်းနှီးဖြစ်ခဲ့တာတော့ မဟုတ်ပေ။

ကျမ်းစာတိုက်ထဲတွင် ဗုဒ္ဓဂိုဏ်းများ၏ လျှို့ဝှက်ဂန္တဝင်ကျမ်းများစွာ ရှိနေ၏။

သူအံ့အားသင့်ရသည်မှာ ဟိုအရင်က သူဖတ်လို့ နားမလည်နိုင်ခဲ့သော ဗုဒ္ဓကျမ်းစာများကို ယခုဖတ်ကြည့်သောအခါ သူသည် အမှန်တစ်ကယ်ကို နားလည်နိုင်နေခဲ့လေသည်။

အဲ့ဒါက ဉာဏ်အလင်းပွင့်သွားသည့် ပုံစံမျိုးပင်။

အချိန်ကာလက လျှင်မြန်စွာပင် ခရီးဆက်နေပြီး နောက်ထပ်ခြောက်လတာက ကုန်ဆုံးသွားလေသည်။

ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိလာခဲ့လေပြီ။

ဤတစ်နှစ်မှာ သူ၏ အတွင်းအမြုတေက ပြန်လည်သက်သာကောင်းမွန်မည့် လက္ခဏာ လုံးဝ မပြပေ။

သူ့ဝမ်းဗိုက်တွင်းရှိ ဒါန်ထျန်ကလည်း ပေါက်နေသော ရေအိတ်တစ်လုံးလို မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ဆူဇီမို၏ အကြည့်များက အရင်ကလို ပြတ်သားမှုနှင့် ခိုင်မာမှု ရှိမနေတော့ပေ။

ငါက အရူးလိုပဲ ဒီအတိုင်း ဆက်ပြီး ကျင့်ကြံနေရမှာလား..

အံ့ဩဘနန်းဖြစ်ရပ်တစ်ခုက ဘယ်အချိန်မှာ ပေါ်လာမှာလဲ..

ခြံဝန်းထဲမှာ ဟိုဟိုသည်သည် စဉ်းစားနေပြီးနောက် ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို ထုတ်ယူလိုက်၏။

ဟင်္သပဒါးသစ်သီးက နီရဲတောက်ပမှည့်ဝင်း၍ တောက်လောင်သော စွမ်းအင်များကို ထုတ်ပေးနေ၏။

နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးသည် များစွာသော လူများထံမှ သွေးအဆီအနှစ်များစွာကိုပါ စုပ်ယူထားခဲ့၏။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ဟင်္သပဒါးသစ်သီးကို တစ်ခါတည်း ကိုက်ဖဲ့စားသောက်ကာ တင်ပျဉ်ခွေထိုင်ပြီး သူ့ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို ခံစားကြည့်နေလိုက်၏။

ဟင်္သသစ်သီးမှာ အသက်ဓါတ်များက အလွန်တရာ ပေါကြွယ်ဝစွာ ပါဝင်လေသည်။

ထိုအသက်ဓါတ်များက ဆိုင်ကလုန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ မွှေနှောက်ဝင်ရောက်ကာ သူ၏ မျိုးဆက်သွေး၊ အသား၊ အရိုး၊ အရွတ်နှင့် အင်္ဂါများဆီသို့ စိမ့်ဝင်ပျံ့နှံ့သွား၏။

ဆူဇီမိုသည် သူ့ကိုယ်သူ တည်ငြိမ်စေ၍ ရုန်းကြွနေသော စွမ်းအင်များကို သူ့ဒါန်ထျန်ဆီသို့ ဖြည်းဖြည်းချင်း လမ်းညွှန်ပို့လွှတ်လိုက်၏။

ပုံမှန်အားဖြင့်ဆိုလျှင် ဟင်္သပဒါးသစ်သီးမှာ ပါဝင်သော စွမ်းအားများက သူ့ကို အဆင့်သေးတစ်ဆင့် ကျော်ဖြတ်ရန် ကူညီပေးဖို့ လုံလောက်လေသည်။

ဆူဇီမိုသည် သူ့ကျင့်ကြံမှုကို ပြန်ရရှိဖို့ မျှော်လင့်မထားပေ။

သူသည် ချီစုဖွဲ့မှုအဆင့် ၁ ကနေပဲ ပြန်စရစရ.. သူ့ဒါန်ထျန်ထဲမှာ စိတ်ဝိညာဉ်ချီအချို့ကို ထိန်းသိမ်းထားနိုင်ဖို့သာ မျှော်လင့်မိလေသည်။

ကံမကောင်းစွာနှင့် ရုန်းကြွသောင်းကျန်းနေသော ဆိုင်ကလုန်းစွမ်းအင်များက သူ့ဒါန်ထျန်ထဲသို့ ဝင်ရောက်လာပြီးနောက် အကျိုးသက်ရောက်မှုများစွာ မရှိပေ။

ဆူဇီမိုသည် သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး အနည်းငယ် ငူငိုင်ကာ စိတ်ပျက်နေမိ၏။

ပြီးခဲ့သည့်နှစ်အတွင်း သူသည် မရေမတွက်နိုင်သော ရှုံးနိမ့်မှုများဖြင့် ကြုံတွေခဲ့ရသော်လည်း လက်လျှော့ဖို့စိတ်ကူး လုံးဝ မရှိခဲ့ပေ။

သို့သော် ယခုအခါမှာတော့ သူ၏ ယုံကြည်မှုနှင့် ပြတ်သားမှုတို့က ယိမ်းယိုင်လာလေပြီ။

ဆူဇီမို၏ စိတ်ပျက်မှုကို ခံစားမိလိုက်ပြီး မြေခွေးလေးသည် စိုးရိမ်ပူပန်သော အမူအယာဖြင့် သူ၏ ပါးပြင်နှင့် ဆူဇီမို၏ လက်မောင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးနေ၏။

“အကောင်လေး.. ငါတောင်းပန်ပါတယ်.. ငါ မင်းကိုပါ ငါ့ပြဿနာထဲ ဆွဲခေါ်မိသွားတယ်”

ဆူဇီမိုသည် မြေခွေးလေး၏ ကျောကို ပွတ်သပ်၍ ပြုံးလိုက်၏။

“အစကတော့ ငါမင်းကို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြေအောက်လိုဏ်ဂူထဲကနေ အပြင်လောကဆီ ခေါ်သွားပေးမလို့ပဲ.. အခုတော့ နောက်ထပ်လိုဏ်ဂူတစ်ခုထဲမှာပဲ ထပ်ပြီး ပိတ်မိနေပြန်ပြီဆိုတော့..”

“အူး..ဝူ..”

မြေခွေးလေးက လူလိုစကားမပြောနိုင်သော်လည်း သူမ၏ လက်ကလေးနှစ်ဖက်ကို ခေါင်းပေါ်မှာမြှောက်၍ ဝေ့ရမ်းကာ အသက်ရှူပြလိုက်၏။

ဆူဇီမို နားလည်လေသည်။

မြေခွေးလေးပြောသည်မှာ.. ဒီနေရာက မဆိုးပါဘူး။ ကောင်းကင်ကလဲကျယ်တယ်။ လတ်ဆတ်တဲ့ လေတွေကိုလဲ ရှူရှိုက်ရပါတယ် ဟု ဖြစ်လေသည်။

ထို့နောက် မြေခွေးလေးက သူမကိုယ်သူမ ညွှန်ပြပြီးနောက် ဆူဇီမိုကို ပြန်၍ ညွှန်ပြလိုက်၏။ သူမ၏ ရွှန်းလဲ့နေသော မျက်လုံးများကို ပုတ်ခတ်ကာ အလွန်တရာ ညို့ငင်ဓါတ်ပြည့်ဝစွာဖြင့် လှုပ်ရှားပြလိုက်၏။

ဆူဇီမိုသည် ခေါင်းကို ငုံ့ပြီး ငူငူငိုင်ငိုင်နှင့် ပြုံးနေမိ၏။

သူသည် ဒီတောင်ကြားထဲမှာပဲ သူ့ဘဝတစ်လျှောက်လုံး ဘဝသက်တမ်းကုန်သည့်အထိ နေသွားရဖို့များကြောင်း ရုတ်တရက် နားလည်သဘောပေါက်လာ၏။

သူသည် လက်စားချေဖို့ကို စဉ်းစားနေစရာပင် မလိုပေ။

အဲ့ဒါထက် သူသည် တျဲယွဲ့နောက်သို့ လိုက်ဖို့ကိုလည်း စဉ်းစားနေစရာ မလိုတော့ပေ။

ထိုအချိန်မှာပင် ဘုရားကျောင်းအိုထဲမှ ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

“အရာအားလုံးက ဓမ္မနဲ့ ပုံရိပ်ယောင်တွေပဲ.. ဘဝဆိုတာလဲ လျှပ်စီးလက်သလို တဒင်္ဂလေးပဲ”

မန္တန်ရွတ်ဖတ်သံက ကောင်းကင်ဘုံက ပလွေသံလို လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲထိ ဝင်ရောက်လာ၏။ ဦးပဉ္ဇင်းလေး၏ မန္တန်ရွတ်ဖတ်သံနှင့် နှိုင်းယှဉ်လျှင် ထိုအသံက ပို၍ တည်ငြိမ်ရင့်ကျက်ပြီး ဓမ္မစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဆူဇီမို၏ စိုးရိမ်ပူပန်မှုများနှင့် စိတ်ပျက်အားငယ်မှုများက သိသိသာသာ လျော့ကျသွား၏။

သူသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။

ဘုရားကျောင်းအိုအတွင်းတွင် ခန်းမကြီး၏ သစ်သားတံခါးက ကျွီကနဲမြည်၍ ပွင့်လာ၏။

အထဲတွင် အလင်းရောင်က မှိန်နေပြီး ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ကို ခပ်သဲ့သဲ့ မြင်ရလေသည်။ သူ့မုတ်ဆိတ်က ဖြူဆွတ်နေပြီး အလွန်တရာ ပိန်လှီကာ ကြမ်းပြင်ပေါ်မှာ ထိုင်နေ၏။

ဦးပဉ္ဇင်းလေး၏ ဆရာက နောက်ဆုံးမှာတော့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့လေပြီ။

ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်ပြီး.. အလေးအနက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ.. ဆရာတော်”

“ဒကာ.. သင့်စိတ်က ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရတာပဲ” ဘုန်းကြီးအိုက နွေးထွေးစွာနှင့် ပြောလိုက်၏။

ဆူဇီမိုက သူ့နှုပ်ခမ်းကို သပ်ပြီးနောက် မေးလိုက်လေသည်။

“ဆရာတော်.. ကျတော်မေးပါရစေ.. ဒါန်ထျန်နဲ့ ရွှေအမြုတေက ပျက်စီးသွားခဲ့ရင် အဲ့ဒါကို ပြန်ကုသဖို့ မျှော်လင့်ချက် ရှိနိုင်သေးလား”

“ငါ မသိဘူး”

ခန်းမက အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဘုန်းကြီးအို၏ အသံက ဆက်ထွက်လာ၏။

“သမိုင်းတစ်လျှောက်မှာတော့ ဒါန်ထျန်ပျက်စီးသွားပြီးတဲ့နောက် ဆက်ပြီး ကျင့်ကြံနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး”

ထိုအသံကို ကြားသည့်အခါ ဆူဇီမိုသည် ခါးသက်စွာ ပြုံးလိုက်၏။

နောက်ဆုံးတော့လဲ သူက ကံကြမ္မာကို အရှုံးပေးရတော့မှာပါလား..

ရုတ်တရက် ဘုန်းကြီးအိုက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဒါပေမယ့်လို့.. လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.. ဒီကပ်ဘေးစမ်းသပ်ချက်ကို သင်ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ် ဒကာ”

“အမ်”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။ ဘုန်းကြီးအိုက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေပုံရ၏။

ဘုန်းကြီးအိုက ဆက်ပြောလေသည်။

“သင် ဒီခန်းမထဲကို ဝင်လာမယ်ဆိုရင်.. အဖြေတစ်ခုခုကို ရှာတွေ့ရင် တွေ့သွားပါလိမ့်မယ် ဒကာလေး”

ဆူဇီမိုသည် မျက်ခုံးပင့်လိုက်၏။ သူသည် ဒွိဟဖြစ်နေသော်လည်း ခန်းမထဲသို့ ဝင်ရောက်လိုက်၏။

သူဝင်ရောက်လာပြီးနောက် ခန်းမ၏ တစ်ဖက်တစ်ချက်စီမှ ဖယောင်းတိုင်များက တစ်တိုင်ပြီးတစ်တိုင် မီးလင်းလာလေသည်။

ဆူဇီမိုသည် ဘုန်းကြီးအိုကို ကျော်ကြည့်ပြီးနောက် သူ့အကြည့်က ခန်းမ၏ အဆုံးရှိ နံရံပေါ်သို့ ကျရောက်သွားလေသည်။

သူ့ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွားပြီးနောက် သူ့မျက်လုံးများက ကြယ်များထက်ပင် ပိုမိုတောက်ပဝင်းလက်လာလေသည်။

နံရံပေါ်မှာ အဆိုအမိန့်တစ်ခု ရှိနေ၏။

“ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်.. အရင်ဆုံး အောက်ခြေခိုင်အောင်လုပ်ပါ.. ဆင်းရဲဒုက္ခတွေကိုလဲ လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားသူတွေကိုလဲ ကူညီစောင်မပါ”

All Chapters