← Chapters

ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေသော ဝိညာဉ်လက်နက်၊ ဒါက တကယ်ပဲသိုင်းပညာဟုတ်ရဲ့လား.....

Vol. 6 Ch. 76

ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေသော ဝိညာဉ်လက်နက်၊ ဒါက တကယ်ပဲသိုင်းပညာဟုတ်ရဲ့လား.....

Vol. 6 Ch. 76

နန်းတော်ထဲရှိ တော်ဝင်စာကြည့်ဆောင်တွင်....

ကျန်းဇီယုသည် ကျန်းရှုနှင့်အတူ သဝဏ်လွှာများကို ပြန်လည်သုံးသပ်နေသည်။ထိုစဉ် ဝတ်ဖြူတော်အစောင့်တစ်ဦး ဝင်လာပြီး လျှို့ဝှက်စာတစ်စောင်ကို ပေးအပ်ခဲ့သည်။

ကျန်းရှုက ယူလိုက်ပြီး ကျန်းဇီယုဆီ လက်ဆင့်ကမ်း ပေးလိုက်သည်။

ကျန်းဇီယု စာကိုဖွင့်လိုက်သည်နှင့် သူ့အမူအရာ မည်းမှောင်သွားပြီး... "စုံစမ်းမှုဆက်လုပ်ပါ" ဟုသာအမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့!”

ဝတ်ဖြူတော်အစောင့်တပ်သား ထွက်သွားလေပြီ။

ကျန်းရှုက လျှို့ဝှက်စာထဲမှာ ဘာတွေရေးထားလဲ သိချင်နေသဖြင့် ကျန်းဇီယုက သူ့အကြည့်ကို သတိထားမိပြီး စာကို ပေးလိုက်သည်။ ဖတ်ကြည့်ပြီးတဲ့ နောက်မှာတော့ သူ့မျက်နှာက ဖြူဖျော့လာပြီး နဖူးမှာ ချွေးစို့လာသည်။

သူ့လက်တွေ တုန်နေရီနေပြီး ကျန်းဇီယုကိုကြည့်ပြီး တုန်တုန်ယင်ယင်အသံနဲ့မေးလိုက်သည်။

“ခမည်းတော်...… တကျန်းက မင်းဆက်ကိုးခုနဲ့ ရင်ဆိုင်ရရင် သားတော်တို့ အနိုင်ရဖို့ အခွင့်အရေးရှိပါ့မလား”

ကျန်းဇီယုက.... “မင်းက အနိုင်ရဖို့ အခွင့်အရေးမရှိဘူးလို့ ထင်နေတာလား.... မင်းသာ ဧကရာဇ်မင်းဖြစ်ခဲ့ရင် အခုဘာလုပ်မှာလဲ"

ကျန်းရှု နှုတ်ဆိတ်နေပြီး သေချာတွေးတောနေသည်။

တကျန်းကို ဝိုင်းရံထားသော မင်းဆက်ငါးဆက်ကြောင့် ဘေးဆိုးကျရောက်စေခဲ့သည်။ အကယ်၍ နောက်ထပ် မင်းဆက်လေးဆက်သာ တကျန်းကို တိုက်ခိုက်မည်ဆိုပါက မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

အရှုံးပေးလိုက်ရမှာလား....မဖြစ်နိုင်ဘူး...ဒါပေမယ့် ဆက်တိုက်နေရင်လည်း သေချာပေါက်ရှုံးနိမ့်မှာပဲ....

ထိုအချိန်တွင် ကျန်းဇီယု မတ်တပ်ထရပ်ပြီး သဲစားပွဲဆီသို့ သွားလိုက်သည်။ ကျန်းရှုကလည်း နောက်ကလိုက်သွားခဲ့သည်။

သားအဖနှစ်ယောက် သဲစားပွဲကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

ကျန်းဇီယု ရုတ်တရက်ပြောလိုက်သည်က

..... "အနောက်ဘက်ကို အစွမ်းကုန်တိုက်ဖို့တွေးထားတယ်....မင်း ဘယ်လိုထင်လဲ?"

ကျန်းရှုက မျက်မှောင်ကြုတ်လိုက်ပြီး.....

“ရှီပြည်နယ်က မြောက်ဘက်နဲ့ အရမ်းနီးတယ်။ အနောက်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မယ်ဆို မြောက်ပိုင်းမှယအကာအကွယ်အားနည်းသွားနိုင်တာမို့ ရန်သူတွေ မြို့တော်ကို အလွယ်တကူ ရောက်လာနိုင်တယ်... လောလောဆယ် မြို့တော်မှာ တပ်ဖွဲ့တွေ အများကြီး မရှိတော့ဘူး.... "

ကျန်းဇီယုက.... "သူတို့ကို ဒီကိုလာစေချင်တာ...."

ကျန်းရှု နားမလည်နိုင်ဟန်ဖြင့်.... “ခမည်းတော်က ဆရာဘိုးဘိုးကို အားကိုးချင်နေတာလား....ဆရာဘိုးဘိုးက သိုင်းပညာအကျော်အမော်တစ်ဦးဖြစ်ပေမယ့် ဘယ်လောက်ပဲသန်မာနေပါစေ ထောင်နဲ့ချီတဲ့ ရန်သူတွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး...."

ကျန်းဇီယုက ခပ်အေးအေးဖြင့်.... "မင်းဘယ်လိုသိလဲ"ဟု မေးခွန်းထုတ်လိုက်သည်။

ကျန်းရှု နှုတ်ဆိတ်နေ၏။

ကျန်းချန်ရှန်းကို မကြာခဏတွေ့ဖူးသော်လည်း တိုက်ခိုက်သည်ကို တခါမျှ မမြင်ဖူးပေ။

နောက်တစ်နေ့တွင် ဧကရာဇ်သည် မြောက်ဘက်ရှိ နိုင်ငံသားများကို ရှီပြည်နယ်နှင့် တောင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ တကယ်တော့ ဧကရာဇ်အမိန့်မပေးခဲ့လျှင်တောင် နယ်စပ်နားက မြို့သူမြို့သားတွေ ထွက်ပြေးနေကြဆဲပင်... လူ့သဘာဝအရ လူသားတိုင်း သေခြင်းတရားကို ကြောက်ကြသည်မဟုတ်လော.....

အပြင်ဘက်စီရင်စု ကိုးခုရှိ မြို့စောင့်တပ်များနှင့် ကျင်းမင်းဆက်၏ နယ်မြေများကတော့ ပြောင်းလဲခြင်းမရှိသေးပေ။ ကျန်းဇီယုသည် ရန်သူအတွက် တစ်ကွက်ချန်ထားပေးခဲ့သည်။

ဒီဇင်ဘာလ..လဆန်းတွင်....

ရှီပြည်နယ် စစ်မြေပြင်သည် ချန်မင်းဆက်နှင့် နီးကပ်နေပြီး လွင်ပြင်ပေါ်တွင် တည်ရှိသည်။ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များ ထိုနေရာတွင် စခန်းချခဲ့ပြီး စိတ်ဓာတ်ကျနေကြသည်။

တဲထဲမှာ စစ်သူကြီး ကျန်းထျန်းရန်က မြေပုံကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေသည်။

ထိုစဉ် စစ်သားတစ်ယောက် ပြေးဝင်လာပြီး .... “ဗိုလ်ချုပ်.....လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေက ကျွန်တော်တို့ကို ကူညီထောက်ပံ့ဖို့ရောက်လာကြပြီ....သူတို့ရဲ့ ခေါင်းဆောင်က အင်မော်တယ်ဆရာတော်ချန်ရှန်းရဲ့တပည့်ဟွမ်းချွမ်ပါ...."

ကျန်းထျန်းရန် ရုတ်တရက်ခေါင်းမော့ပြီး.....

"ဆရာဟွမ်းကို မြန်မြန် ဖိတ်ခေါ်လိုက်...."

သူသည် လုံချီ ဘုရားကျောင်းကို အမြဲတစေ ကြောက်ရွံ့နေခဲ့သည်။ သူ့ထံတွင်ဆရာတော်ချန်ရှန်း၏ ပုံတူကြေးရုပ်တုတစ်ခုပင် ရှိပြီး နေ့စဉ် နံ့သာတိုင်ထွန်းညှိပူဇော်ခဲ့သည်။ သူသည် ကောင်းကင်အကျဉ်းထောင်၏ တံခါးစောင့်တပ်သားတစ်ဦးဖြစ်စဥ်က အချိန်တွေကို မမေ့နိုင်ပေ။ တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ကောင်းကင်အကျဉ်းထောင်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လညိး နောက်ဆုံးတွင် ဆရာတော်ချန်ရှန်း ကြောင့်သေဆုံးခဲ့ရသည်။ ငါးဆယ့်နှစ်နှစ်ကြာပြီးသည့်တိုင် ထိုည၏ တုန်လှုပ်ချောက်ချားမှုကို မမေ့နိုင်သေးပေ။

ဟွမ်းချွမ်ကိုစောင့်ဆိုင်းနေရင်း ကျန်းထျန်းရန် မတ်တပ်ထရပ်ပြီး ရယ်မောလိုက်သည်။

သူသည် အသက်ကြီးနေပြီဖြစ်သဖြင့် သူ့ဘ၀တွင် စစ်ပွဲပေါင်းများစွာကို တွေ့ကြုံခဲ့ရဖူးသည်။ သို့သော် လက်ရှိအခြေအနေကြောင့် အတော်လေး ခေါင်းကိုက်နေသည်။

ချန်မင်းဆက်သည် ရှီပြည်နယ်ကို တိုက်ခိုက်ရန် ၎င်း၏စစ်တပ်တစ်ခုလုံးကို စည်းရုံးခဲ့သည်။ သူ၏စစ်တပ်သည် လပေါင်းများစွာ တောင့်ခံခဲ့သေည်လည်း မကြာမီ ပြိုလဲတော့မည်။ သို့သော်လည်း အခြားစစ်မြေပြင်များမှာလည်း အခြေနေ တင်းမာနေပြီး ၎င်းတို့အား ထောက်ပံ့မှုမပေးနိုင်ကြောင်းကိုလည်း နားလည်သည်။ ထို့ကြောင့် အံကြိတ်ကာ အခြေနေကိုတောင့်ခံရုံမှတပါး ရွေးစရာမရှိခဲ့ပေ။

သိပ်မကြာခင်မှာပဲ ဟွမ်းချွမ် တဲထဲကို ဝင်လာသည်။ ကျန်းထျန်းရန်က ဟွမ်းချွမ်ကိုတွေ့သည်နှင့်.....

“အင်မော်တယ်ဆရာတော်ရဲ့ တပည့်တွေ မျှော်လင့်ထားတဲ့အတိုင်းပဲ.... မင်းက တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ...... ”

ဟွမ်းချွမ်က လက်သီးဆုပ်ပြီးအရိုအသေပြုက... "ဒီဂျူနီယာရဲ့နာမည်က ဟွမ်းချွမ်လို့ခေါ်ပါတယ်....မင်္ဂလာပါ ဗိုလ်ချုပ်ကျန်း.... တကျန်း ဒုက္ခရောက်နေချိန်မှာ လုံချီ ဘုရားကျောင်းက ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး....ကျွန်တော်က နတ်ဘုရားနယ်ပယ်ရောက်နေပါပြီ....ကျွန်တော်နဲ့အတူ တပည့်တစ်ရာကျော် ပါလာခဲ့တယ်... တပည့်တွေထဲမှာ အညံ့ဆုံးက ပထမအဆင့် ကျွမ်းကျင်သူတွေပါ.... နောက်ပြီး ကျွန်တော်တို့နဲ့အတူ ဆရာတော်ပေးလိုက်တဲ့ရတနာတွေလည်းပါလာသေးတယ်...."

လူတစ်ရာသာပါလာသည်ဟုကြားတော့ ကျန်းထျန်းရန် အနည်းငယ်စိတ်ပျက်သွားသည်။ သို့သော် နောက်ဆုံးစာကြောင်းကို ကြားလိုက်သောအခါ မျက်လုံးများ တောက်ပလာကာ ရတနာအကြောင်း အလျင်စလိုမေးလိုက်သည်။

ဟွမ်းချွမ်က.... “ဘာလဲတော့သေချာမသိဘူး.... ဒါပေမယ့် ဆရာတော်က စစ်မြေပြင်မှာပဲ သုံးဖို့မှာလိုက်တယ်.... နောက်တစ်ကြိမ်တိုက်ခိုက်ရင် ကျွန်တော်တို့ကိုပါ အတူခေါ်သွားပေးပါ.....”

ထိုအချိန်တွင် စစ်သားတစ်ဦး ပြေးလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ.....

“သတင်းပို့ပါတယ်... ဆယ်မိုင်အကွာမှာ တပ်သားအများအပြား ရောက်ရှိနေပါပြီ.. သူတို့ရဲ့ အရေအတွက်က ဆုံးဖြတ်ရခက်ပေမယ့် အနည်းဆုံး 50,000 လောက်ရှိမယ်ထင်ပါတယ်....”

ကျန်းထျန်းရန် ထိုစကားကိုကြားသောအခါ သူ့အမူအရာ မည်းမှောင်သွားခဲ့သည်။ မြင်းတပ်သား 50,000 သည် ချန်မင်းဆက်၏ ထိပ်တန်းစစ်တပ်ဖြစ်ရမည်။

စစ်မြေပြင်တွင်၊ မြင်းတပ်သည် သာမာန်ခြေလျင်စစ်သားများ၏ အိပ်မက်ဆိုးတစ်ခုဖြစ်သည်။

ကျန်းထျန်းရန် ချက်ချင်းပင် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဟွမ်းချွမ်သည် သူ့အနားတွင် ရှိနေသည်။ စည်တီးသံ မြည်ဟီးပြီးနောက် စစ်စခန်းမှာ အနားယူနေတဲ့ စစ်သားတွေ လက်နက်ကိုယ်စီဖြင့် တပ်မှူးတွေဆီ ပြေးသွားနေကြသည်။

အင်အား 200,000 ရှိသော စစ်သားများ စစ်စခန်းအပြင်ဘက်တွင် စုရုံးသောအခါ ဟွမ်းချွမ်နှင့် ကျန်းထျန်းရန်တို့သည် စစ်မြင်းရထားပေါ်တွင် ရပ်နေခဲ့ကြသည်။ မိုးကုပ်စက်ဝိုင်းရဲ့အဆုံးမှာ ဖုန်မှုန့်တွေကို မြင်နေရပြီး မြင်းတပ်သား အများအပြား၏ဒုန်းစိုင်းခရီးနှင်မှုကြောင့် မြေပြင်ပင် အနည်းငယ် တုန်ခါနေသည်။

ချန်မင်းဆက်တွင် မြင်းတပ်အင်အား ၅၀၀၀၀ ကျော်ရှိသောကြောင့် တကျန်း ၏စစ်သားများအားလုံး ဖိအားများခံစားနေရသည်။

ဤကဲ့သို့ ကြီးမားသော တိုက်ခိုက်မှုကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးသည်။ အချိန်တိုင်း၊ အပြတ်အသတ်ရှုံးနိမ့်ပြီး ရန်သူကိုအသေခံတိုက်ခိုက်ခဲ့ကြရသည်

ကျန်းထျန်းရန်၏ အမူအရာ မည်းမှောင်နေပြီး အမိန့်ပေးခါနီးတွင် ဟွမ်းချွမ်က စစ်တပ်ရှေ့သို့ ခုန်ဆင်းကာ တစ်ယောက်တည်း ရှေ့သို့ လျှောက်သွားသည်။

"သူဘယ်သူလဲ?"

“သူ့ရဲ့ ၀တ်စားထားပုံအရဆို သိုင်းလောကထဲက ဖြစ်မယ်ထင်တယ်...”

"သူ ဘာလုပ်ချင်တာလဲ.....မြန်မြန်သေချင်လို့လား...."

“ဒီသိုင်းသမားတွေက တကယ်ဒုက္ခပေးတယ်။ သူတို့က စစ်တပ်ရဲ့ အမိန့်ကို ဘယ်တော့မှ မနာခံဘူး....”

“ငါ သူ့ကို အရင်က တွေ့ဖူးတယ်.... သူက လုံချီဘုရားကျောင်းရဲ့ ဂရမ်းမာစတာဟွမ်းချွမ် .....”

"ဂရမ်းမာစတာ....? အရမ်းကောင်းတယ်၊ နောက်ဆုံးတော့ ငါတို့မှာ မျှော်လင့်ချက်ရှိလာပြီ....!”

စစ်သားများအချင်းချင်း ဆွေးနွေးကြသည်။ စစ်ဗိုလ်ချုပ်များထဲမှ တစ်ယောက်က ဟွမ်းချွမ်ကို တားချင်သော်လည်း ကျန်းထျန်းရန် က သူ့ကို တားလိုက်သည်။ ကျန်းထျန်းရန် သည် ဟွမ်းချွမ်၏ စွမ်းဆောင်မှုကို မြင်ချင်နေသည်။

ချန်မင်းဆက်၏ မြင်းတပ် အရှိန်အဟုန်ဖြင့် တိုးလာကာ ရှေ့တန်းသို့ နီးကပ်လာသည်။

ဟွမ်ချွမ်းတစ်ယောက်တည်း ရှေ့တက်လာသည်ကို ရန်သူဘက်ကဗိုလ်ချုပ်လည်း သတိပြုမိခဲ့သည်။

သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်ပြီး ချန်းမင်းဆက်၏ အပြင်းထန်ဆုံး ဗိုလ်ချုပ်များထဲမှ တစ်ဦးဖြစ်သည်။ သူ့ရဲ့ကိုယ်ပိုင်အင်အားနဲ့တင်မကဘဲ သူ့နောက်က စစ်တပ်ကိုလည်း ယုံကြည်မှုအပြည့်ရှိသောကြောင့် ဘာကိုမျှကြောက်နေမည်မဟုတ်ပေ။

" သူတို့ကိုသတ်ပစ်၊ ရှီပြည်နယ်ကိုသိမ်းပိုက်ပြီးရင် တကျန်းကိုသိမ်းပိုက်မယ်....ခေါတ်အဆက်ဆက်တည်တံ့မယ့် ချန်းမင်းဆက်အတွက်တိုက်ပွဲဝင်ကြလော့..!!!"

ဗိုလ်ချုပ်က သံမဏိလှံကို မြှောက်ပြီး ခြင်္သေ့တစ်ကောင်နှယ် ကြွေးကြော်နေ၏ သူ့နောက်ကတပ်သားတွေကလည်း သံပြိုင်ကြွေးကြော်နေပြီး သူတို့၏ အသံများက လူတိုင်းကို ထိတ်လန့်စေမည့် ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ဖန်တီးခဲ့သည်။

လုံချီ ဘုရားကျောင်း၏ တပည့်များ ရှေ့တန်းမှ ပြေးထွက်လာပြီး ဟွမ်းချွမ်ဆီသို့ အလျင်အမြန် ရောက်လာကြသည်။ သူတို့အားလုံး အလွန်အမင်း ကြောက်ရွံ့ကြသော်လည်း တိုက်ပွဲတွင် သေဆုံးနိုင်သည်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးမှသာ တောင်ပေါ်မှ ဆင်းရဲလာခဲ့ကြခြင်းဖြစ်သည်။

ဟွမ်းချွမ်သည် သူ၏ ချည်ထိုးပိုးအိတ်ကို ထုတ်လိုက်ပြီး အခြားတပည့်များကလည်း အလားတူထုတ်ယူလိုက်ကြသည်။

"ဆရာ ကျွန်တော့်ကိုနောက်နေတာတော့မဟုတ်ပါဘူးနော်...."

ဟွမ်းချွမ် ထိုသို့ တွေးနေနေရင်း အိတ်မှ လက်တစ်ဆုပ်စာ ပဲစေ့များကို ထုတ်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဤပဲစေ့များ ထိရောက်မှုမရှိပါက အသက်မဆုံးရှုံးစေရန် အချိန်မီ ဆုတ်ခွာနိုင်ဖို့လည်းပြင်ဆင်ထားသည်။

တခြားတပည့်တွေလည်း အလားတူလုပ်ဆောင်နေကြသည်။ ဝိညာဉ်စွမ်းအင် ပဲစေ့များ မြေပေါ်သို့ ကျလာပြီး လူသားပုံစံများအဖြစ်သို့ လျင်မြန်စွာ ကြီးထွားလာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည်ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ စိမ်းမြသော အသွေးအရောင်ရှိပြီး ရုပ်ရည်အသွင်အပြင်ကို မမြင်နိုင်ပေ။ တခဏအတွင်းမှာပင် စစ်မြေပြင်တွင် ဝိညာဉ်စစ်သား တစ်သောင်းနီးပါး ပေါ်လာပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ချန်မင်းဆက်၏ မြင်းစီးတပ်သားများ ထိတ်လန့်သွားသော်လည်း စစ်သူကြီးများက မြင်းများကို မရပ်တန့်ဝံ့ပေ။ သူတို့ရပ်တန့်လိုက်သည်နှင့် သူတို့နောက်မှတပ်သားများ၏ မြင်းခွာများအောက်တွင် အသက်ပျောက်သွားနိုင်သည်။ ထို့ကြောင့် တောင့်တင်းပြီး ရှေ့သို့ ဒုန်းစိုင်းပြေးလွှားနေကြရသည်။

"အို..ဘုရားရေ! အဲဒါဘာလဲ?"

"လုံချီဘုရားကျောင်းက သိုင်းပညာဂိုဏ်းတစ်ခုရောဟုတ်သေးရဲ့လား...?"

"ငါအိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်..... ကျောက်စိမ်းအရုပ်တွေ အများကြီးထွက်လာဖို့ မြေပြင်မှာ ဘာတွေဖြန်းခဲ့ကြတာလဲ....”

“ဒါက ဆရာတော်ချန်ရှန်းရဲ့ အင်မော်တယ်မန္တာန်တွေပဲဖြစ်ရမယ်.... ငါအရင်ကပြောဖူးသားပဲ... ဆရာတော်ချန်ရှန်းက သိုင်းပညာရှင်မဟုတ်တဲ့ အင်မော်တယ်နတ်ဘုရားပါလို့.....”

"ဒါဆို ငါတို့မှာ မျှော်လင့်ချက်ရှိလာပြီ... "

တကျန်း၏ စစ်သည်များ စိတ်လှုပ်ရှား နေကြသည်။ ပဲစေ့များကို စစ်သားအဖြစ် ပြောင်းလဲပေးသည့် မြင်ကွင်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းလွန်းလှသည်။ ကျန်းထျန်းရန်ပင်လျှင် စိတ်လှုပ်ရှားပြီး တုန်လှုပ်နေ၏။

ဟွမ်းချွမ်အပါအဝင်လုံချီ ဘုရားကျောင်းမှ တပည့်များအားလုံး ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ မူလက အဆောင်စက္ကူနှင့် ဆင်တူသော ရတနာတစ်ခုဟု ထင်မြင်ခဲ့ကြသော်လည်း ယခုလိုဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ကြပေ။

သူတို့အားလုံး လုံချီ ဘုရားကျောင်းကတပါ့်တွေဖြစ်နေကြသည့်တိုင် ဖြစ်ပျက်ခဲ့တာတွေကို နားမလည်နိုင်ကြသေးပေ။

"ရန်သူကိုပဲအာရုံစိုက်...မပေါ့ဆကြနဲ့ "

ဟွမ်းချွမ် အော်လိုက်သည်။ ယခုအချိန်သည် တုန်လှုပ်ရမည့်အချိန်မဟုတ်ပေ။

ရန်သူကို အရင်သတ်ကြရအောင်.....

ဒါကိုကြားတော့ တပည့်တွေအားလုံး ချန်မင်းဆက်ရဲ့ မြင်းတပ်ကို စေ့စေ့ကြည့်နေကြသည်။ စိမ်းလန်းသောရေလွှမ်းမိုးမှုကဲ့သို့ ဝိညာဉ်တပ်သား တစ်သောင်းနီးပါး ချက်ချင်း ပြေးထွက်လာကြပြီး သူတို့အားလုံး တညီတညွှတ်တည်း ဓားတဝင့်ဝင့်နှင့်ချီတက်နေသည်မှာ အလွန်အံ့မခန်း မြင်ကွင်းတစ်ခုဖြစ်သည်။

နှစ်ဖက်တပ်သားများ ထိပ်တိုက်ရင်ဆိုင်ကြချိန်တွင် ဝိညာဉ်စစ်သားများသည် ကျန်းချန်ရှန်းထံမှ ဝိညာဉ်စွမ်းအင် အရိပ်အယောင်မျှသာပိုင်ဆိုင်ထားသော်လည်း ၎င်းတို့သည် သာမန်စစ်သားများ အနိုင်ယူနိုင်သည့် အရာမဟုတ်ပေ။ ဓားများကို အလျင်အမြန် ဝှေ့ယမ်းကာ စစ်သားများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်နေပြီး တခဏချင်းမှာပဲ မြင်းစီးတပ်သားအများအပြား ကျဆုံးနေပြီဖြစ်သည်။

စစ်သူကြီးသည် ဝိညာဉ်စစ်သားကို လှံဖြင့် ထိုးလိုက်သော်လည်း ဝိညာဉ်စစ်သားသည် နာကျင်မှုကို မကြောက်ဘဲ ဘေးတိုက်ရှောင်သွားခဲ့သည်။ ဒါပေမယ့် သူ့နောက်က မြင်းစီးသမားကို ဓားရိပ်နဲ့ ထိုးဖောက်ပြီး အသေသတ်ခဲ့သည်။

"သေစမ်းကွာ .!"

စစ်သူကြီး မာန်သွင်းလိုက်သည်နှင့် သူ၏အစစ်အမှန်ချီများ သံမဏိလှံတလျှောက် စီးဆင်းသွားပြီး ဝိညာဉ်စစ်သားကို ပျယ်လွှင့်စေခဲ့သည်။

ဝိညာဉ်စစ်သားသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးနှင့် မယှဉ်နိုင်ခဲ့ပေ။

သို့သော်၊ ချန်မင်းဆက်၏ မြင်းစီးတပ်သားအားလုံးက စစ်သူကြီးလို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မဟုတ်ကြပေ။ ဝိဉာဉ် စစ်သည်များသည် သိုးအုပ်ထဲသို့ရောက်နေသော ကျားများပမာ အညှာတာကင်းမဲ့စွာတိုက်ခိုက်နေကြသည်။

ဤမြင်ကွင်းသည် ဟွမ်းချွမ်နှင့် အခြားသူများကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

ဤအခိုက်တွင်၊ ကျန်းထျန်းရန်က လက်တစ်ဖက် မြှောက်လိုက်ပြီး.... "တပ်သားအားလုံး တိုက်ခိုက်ကြ!"

တကျန်း၏ မြင်းတပ် ဦးဆောင်ကာ ရှေ့သို့ ချီတက်ခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ တကျန်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အရင်ကထက် အများကြီး မြင့်မားလာခဲ့ပြီ။ မိုင်ထောင်ပေါင်းများစွာအတွင်း မည်သည့်အရာကိုမဆို ကိုက်ဝါးနိုင်သည့် ကျားတစ်ကောင်၏ အော်ရာမျိုးဖြင့် ရန်သူကိုချေမှုန်းဖို့ စစ်ပွဲတစ်ခု တရားဝင်စနေပြီ။

ချန်းဝူခေါတ်၏ 17 နှစ်တွင်...

ဇန်န၀ါရီလအစတွင် သတင်းကောင်းတစ်ခုက မင်းဆက်တစ်လျှောက် ပျံ့နှံ့သွားသည်။

ရှီပြည်နယ်ရှိ စစ်တပ်သည် ချန်မင်းဆက်စစ်တပ်ကို ဆက်တိုက်အနိုင်ယူပြီး တန်ပြန်တိုက်ခိုက်ခဲ့သည်။ အောင်ပွဲသတင်းကတင် စိတ်လှုပ်ရှားစရာဖြစ်နေပြီဖြစ်သော်လည်း စစ်မြေပြင်တွင် ဖြစ်ပျက်ခဲ့သမျှကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။

လုံချီဘုရားကျောင်း၏တပည့်များသည် ပဲစေ့များကို စစ်သားများအဖြစ် ပြောင်းလဲခြင်းဖြင့် အခြေနေကိုပြောင်းပြန်လှန်နိုင်ခဲ့ကြသည်။

လူအတော်များများက ထိုသတင်းကို မယုံကြည်နိုင်သော်လည်း သတင်းများက အလွန်လျင်မြန်စွာပျံ့နှံ့နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုံချီ ဘုရားကျောင်း၏ တပည့်များသည် တိုက်ပွဲတစ်ခုတွင် တိုက်ပွဲဝင်ရုံသာမက တိုက်ပွဲများစွာတွင်လည်း တူညီသောနည်းလမ်းဖြင့် အောင်ပွဲ ခံနိုင်ခဲ့ကြသည်။

ရန်သူ့တပ်သားတစ်ဝက်ကျော်ကို ဝိညာဉ်စစ်သားများက သတ်လိုက်တိုင်း ချန်မင်းဆက်၏စစ်သားများ ကြောက်ရွံ့တုန်လှုပ်ကာ အဆက်မပြတ်ဆုတ်ခွာသွားခဲ့သည်။

ညီလာခံခန်းမထဲတွင်....

"ဟားဟားဟား! ပဲစေ့တွေကို စစ်သည်အဖြစ် အသွင်ပြောင်းလိုင်တော့ ချန်မင်းဆက် ကြောက်လန့်သွားမှာ သေချာတယ်...”

ကျန်းဇီယု အကျယ်ကြီး ရယ်မောလိုက်သည်။ အလွန်စိတ်လှုပ်ရှားနေသဖြင့် ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်ပေ။

စစ်ဘက်၊အရပ်ဘက်အရာရှိများအားလုံး စိတ်လှုပ်ရှားနေကြသော်လည်း ယုံရခက်နေဆဲပင်....

ဟန်ထျန်းကျီလည်း နားမလည်နိုင်တော့ပေ။

ပဲစေ့များကို စစ်သားအဖြစ်အသွင်ပြောင်းခြင်း......ဒါက ရယ်စရာကောင်းလွန်းတယ်....ထင်ယောင်ထင်မှားဖြစ်နေကြတာများလား....မဟုတ်သေးဘူး....ထင်ယောင်ထင်မှားဆိုရင် ရန်သူက ဟာကွက်ကို သေချာပေါက်မြင်နေမှာပေါ့.....

ကျန်းချန်ရှန်းအပေါ် ဟန်ထျန်းကျီ၏ အထင်ကြီးလေးစားမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ကျန်းချန်ရှန်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။

ဆရာတော်ချန်ရှန်းကဘယ်လိိုလူလဲ.... သူလည်း ရှန်းရှန်တုန်းထျန်းကကျွမ်းကျင်သူပဲလား...ဒါပေမယ့် ရှန်းရှန်တုန်းထျန်းမှာ ပဲစေ့တွေကို စစ်သားတွေဖြစ်အောင်ပြောင်းနိုင်တဲ့ သိုင်းကျင့်စဉ်မျိုးရှိတယ်လို့ တစ်ခါမျှ မကြားဖူးဘူး....နေစမ်းပါဉီး.. ဒါကြီးကသိုင်းပညာဟုတ်သေးရဲ့လား.....

All Chapters