ပိုင်လုံအသွင်ပြောင်းခြင်း....နှုတ်ဆက်ခြင်း..... လူဝင်စားခြင်း....
Vol. 6 Ch. 77
မြို့တော်ရှိ အိမ်ကြီးတစ်ခုတွင်.......
ယုရန်ယီသည် အစေခံတစ်ဉီး သတင်းလာပို့သည်ကိုနားထောင်ပြီးနောက် ထွက်သွားရန် လက်ဟန်ပြကာ ကြောင်တက်တက်ဖြင့် ထိုင်ရာကပင်မထနိုင်တော့ပေ။
“ပဲစေ့တွေကို စစ်သားတွေအဖြစ် ဘယ်လိုအသွင်ပြောင်းခဲ့တာလဲ…”
ယုယန်ရိ တကိုယ်တည်း ရေရွတ်လိုက်သည်။ သူမသည် ချောင်ဂိုဏ်းမှ ဆင်းသက်လာခြင်းကြောင့်သာ လေးနက်သော သိုင်းပညာ နည်းစနစ်များ မည်ကဲ့သို့ ရှိသည်ကို သေချာနားလည်ထားသည်။
ပဲစေ့များကို စစ်သားအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ပညာရပ်မျိုးကိုတော့ တခါမျှ မကြားခဲ့ဖူးပေ။
ဒါက ထူးဆန်းလွန်းတယ်......
သူမ ရုတ်တရက် ကြောက်လန့်သွားပြီး လုံချီ တောင်ကို မျှော်ကြည့်လိုက်မိသည်။
ထိုသို့သောပညာရှင်သည် တကျန်းမှ ဆင်းသက်လာခြင်းမဟုတ်သည်မှာ သေချာသော်လည်း ချောင်ဂိုဏ်းများသည်လည်း ထိုကဲ့သို့သောလူမျိုးရှိသည်ကို တစ်ခါမျှ မကြားဖူးပေ။
သူ့နောက်မှာ အားကောင်းတဲ့ နောက်ခံအင်အားစုတစ်ခုရှိနေတာလား....ရှိခဲ့မယ်ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်က ဘာလဲ....
ယုယန်ရိတစ်ယောက် ဖြစ်နိုင်ချေ အားလုံးကို အသည်းအသန်တွေးတောနေပြီး တစ်ဖက်လူက တကယ်ပဲ အင်မော်တယ်နတ်ဘုရားလားလို့တောင် တွေးနေမိတော့သည်။
သူမတစ်ဦးတည်း ထိုသို့တွေးနေခြင်းမဟုတ်ခဲ့ပေ။ ပဲစေ့တွေကို စစ်သားတွေဖြစ်အောင် စွမ်းဆောင်နိုင်မှုအကြောင်း ကြားသိရသူတိုင်း ထူးထူးဆန်းဆန်း တွေးနေကြသည်။
မိုးကြိုးအတိဒုက္ခ၊ မြွေဝိဉာဉ်သားရဲကို မွေးမြူခြင်း၊ ပဲစေ့များကို စစ်သည်အဖြစ်သို့ ပြောင်းလဲစေခြင်း...လူငယ်ရုပ်ရည်....ဆရာတော်ချန်ရှန်း မလုပ်နိုင်သော အရာများ ရှိပါသလား။
လုံချီ ဘုရားကျောင်းတွင်.......
ကျန်းရှုက ကျန်းချန်ရှန်းဆီသို့ စိတ်လှုပ်ရှားစွာ လာရောက်လည်ပတ်ပြီး ပဲစေ့များကို စစ်သားအဖြစ်သို့ ပြောင်းလဲခြင်းမှာ တကယ်လားဟု မေးမြန်းခဲ့သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပဲ လက်တစ်ဆုပ်စာ ပဲစေ့များ သူ့လက်ဖဝါးမှာ ပေါ်လာပြီး ကျန်းရှုကို ပေးလိုက်သည်။
ကျန်းရှု ထိုပဲစေ့များကိုယူသွားပြီး တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားခဲ့သည်။ ပဲစေ့တစ်စေ့ကို မြေပြင်ပေါ်ပစ်ချလိုက်သည့်အခါ ဝိညာဉ်စစ်သားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်ကိုမြင်တော့ မျက်လုံးတွေ ပြူးကျယ်လာပြီး အသက်ရှုသံတွေ မြန်ဆန်လာသည်။ ပိုင်ချီလည်း အတော်အံ့သြနေရှာသည်။
“တကယ်ကြီးပဲ…"
ကျန်းရှု စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်နေရှာသည်။
ကျန်းချန်ရှန်းက သူ့မြေးတအံ့တသြဖြစ်နေပုံကိုကြည့်ပြီး အတော်သဘောကျနေသည်။
ကျန်းချန်ရှန်းသည် ဤကိစ္စကို အခြားတရားရုံးများမှ တပည့်များနှင့် ကိုးကွယ်ဆည်းကပ်သူများထံမှလည်းကြားနေရသောကြောင့် အမွှေးတိုင်အရေအတွက်ကို စစ်ဆေးလိုက်တော့ အမှတ်တိုးနှုန်း ပိုမြန်လာသည်ကိုတွေ့လိုက်ရသည်။
ပဲစေ့များကို စစ်သားအဖြစ်သို့ ပြောင်းလဲခြင်း၏ စွမ်းဆောင်မှုသည် ကြီးမားသောရလဒ်များကို ဆောင်ကြဉ်းလာမည်ဟု မမျှော်လင့်ခဲ့ပေ။
ဒါကလည်း အံ့သြစရာတော့ မဟုတ်ခဲ့ပေ။ နောက်ဆုံးတွင်၊ သူဖြတ်သန်းခဲ့သော မိုးကြိုးအတိဒုက္ခသည် ထင်ယောင်ထင်မှားဖြစ်နိုင်သော်လည်း ပဲစေ့များကို စစ်သားအဖြစ်သို့ ပြောင်းလဲခြင်း၏စွမ်းဆောင်မှုက တကျနစစ်သားများကို ရှုံးနိမ့်နေရာမှ အောင်ပွဲအဖြစ်သို့ ပြောင်းလဲသွားစေသည်မှာ အမှန်ပင်။
ထိုနေ့တွင် ဝမ်လီ၊ မင်ယွဲ့၊ချင်ကူတို့တတွေ ကျန်းချန်ရှန်ထံသို့ တယောက်ပြီး တယောက် လာခဲ့ကြသည်။ ကျန်းချန်ရှန်းက လက်ဆောင်အနေနဲ့ သူတို့ကို ပဲ့စေ့အိတ်တစ်လုံးစီပေးခဲ့ပြီး သေချာဝှက်ထားဖို့နှင့် အကြပ်အတည်းကာလတွေမှာသာ သုံးဖို့ သတိပေးခဲ့သည်။
ဟွာဂျန်ရှန်းကလည်း အများနည်းတူ ကျန်းချန်ရှန်း၏ မှော်ပဲစေ့များအကြောင်း သိချင်နေပါသည်။ ထုံးစံအတိုင်း ကျန်းချန်ရှန်းက သူ့မိန်းမကို ရက်ရောစွာဖြင့် အိတ်သုံးလုံး ပေးလိုက်သည်။
သာယာလှပသောနန်းတော်တစ်ခုတွင် တုနှိုင်းမဲ့သိုင်းတောင်ကြားနှင့်ကြယ်စင်စုဝေးခြင်းမျှော်စင်မှ ကျွမ်းကျင်သူများ စုရုံးနေကြသည်။
“ပဲစေ့တွေကို စစ်သားတွေဖြစ်အောင် ဘယ်လိုလုပ်နိုင်မှာလဲ? ရယ်စရာကောင်းလိုက်တာ.... ချန်မင်းဆက်က အရှုံးကိုဝန်မခံချင်လို့ ပေါက်ပန်းစျေး ဆင်ခြေတွေ ဖန်တီးနေတာလား....”
ထိပ်ပြောင်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ဉီးက ဒေါသတကြီးအော်လိုက်သည်။ သူသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးထူလပျစ်နှင့် ကျားသစ်နှင့်တူသော မျက်လုံးများကလည်း အလွန်ကြောက်စရာကောင်းသည်။
ခန်းမအလယ်မှာ ဒူးထောက်နေတဲ့သူ တုန်လှုပ်သွားပြီး ....“မလိမ်ဝံ့ပါဘူး… ပဲစေ့တွေကနေ စစ်သားတွေ ဖြစ်သွားတာ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တယ်.... ဒါ့အပြင် ထိုပဲစေ့တွေကနေ ပေါက်ဖွားလာတဲ့ စစ်သည်တွေက အင်မတန်သန်မာကြတယ်... ဝိညာဉ်နယ်ပယ်ကျွမ်းကျင်သူမဟုတ်ရင် သူတို့ကိုအနိုင်ယူဖို့ ခက်ခဲလိမ့်မယ်....ပဲ့စေ့စစ်သားတွေ စစ်မြေပြင်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိပြီး ချန်မင်းဆက်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူမရှိဘူး...."
တောင်ကြားသခင်ဝေက မျက်မှောင်ကြုံ့လိုက်ပြီး.... “ပဲစေ့တွေကို စစ်သားတွေဖြစ်အောင် လုပ်တဲ့နည်း..... ဒါက နတ်ဆိုးဘုန်းကြီး ယုံကြည်ချက်ရှိနေရခြင်းရဲ့အကြောင်းအရင်းလား....”
ကြယ်စင်စုဝေးခြင်းမျှော်စင်မှ ပညာရှင်က သက်ပြင်းချလိုက်ပြီး ....“ပဲစေ့တွေကို စစ်သားတွေဖြစ်အောင် ပြောင်းလဲပေးတဲ့ ပညာရပ်က စိတ်ကူးယဉ်လို့ မရတဲ့ အရာပဲ....ဆရာတော်ချန်ရှန်းက တကယ်ပဲ နတ်ဆိုး ဘုန်းကြီးဖြစ်နိုင်တယ်.... သူ့ကို မသုတ်သင်နိုင်ရင် တကျန်းက ကျုပ်တို့ရဲ့မင်းဆက်နှစ်ခုကို သိပ်မကြာခင်သိမ်းပိုက်သွားလိမ့်မယ်..."
သူ့စိတ်ထဲမှာ အလွန်အမင်း စိတ်မငြိမ်သော်လည်း အပြင်ပန်းသွင်ပြင်ကို ကောင်းစွာ ထိန်းထားနိုင်ခဲ့သည်။
"ဆရာတော်ချန်ရှန်းက တကယ်ပဲ နတ်ဆိုးဘုန်းကြီးလား....."
"ဟမ့်..ဒါက စိတ်ကူးယဉ် သိုင်းပညာ တစ်မျိုးမျိုးပဲ ဖြစ်ရမယ်....."
“ဒီနတ်ဆိုးဘုန်းကြီးမှာ ဘယ်လိုစွမ်းရည်မျိုးတွေရှိနေမလဲ..... သေချာစဉ်းစားကြည့်လိုက်ရင် ကျူပ်တို့ သူ့အကြောင်းဘာမှရေရေရာရာသိတာမဟုတ်ဘူး...."
"မဟာယနနဂါးမျှော်စင်က ငါတို့နဲ့ရန်သူတွေဖြစ်နေတာကံဆိုးတာပဲ...သူတို့ဆီကနေ ဘယသတင်းမှရနိုင်မှာမဟုတ်ဘူး.... အစက နတ်ဆိုးဘုန်းကြီးကို မနှင်ထုတ်ခင် တကျန်း ရဲ့ နယ်မြေတွေကို သိမ်းပိုက်ချင်ပေမယ့် ဒီအတိုင်းဆို ခက်ခဲမယ့်ပုံပဲ....”
“ပဲ့စေ့ကနေ စစ်သားအဖြစ်ပြောင်းနိုင်တဲ့ ပညာရပ်မျိုးလို မကောင်းဆိုးဝါးပညာရပ်တွေမှာလည်း ကန့်သတ်ချက်ရှိနိုင်မှာပါ...."
သိုင်းပညာရှင်အချင်းချင်း ဆွေးနွေးနေကြပြီး ကျန်းချန်ရှန်းကို ဘယ်သူမှ လျှော့မတွက်ရဲကြတော့ပေ။ သူပေးခဲ့တဲ့ ဖိအားက အရမ်းကြီးမားလွန်းလှသည်။
ချောင်ဂိုဏ်းကို တစ်စုံတစ်ယောက်က ခေါင်းကိုက်စေခဲ့တာ လွန်ခဲ့တဲ့ဘယ်နှနှစ်ကလဲ.....
နတ်ဆိုးဘုန်းတော်ကြီး အဘယ်ကြောင့် ထိုနေရာ၌ရှိနေသည်ကို သူတို့ မသိနိုင်ပေ။
ရွှေခန္ဓာနယ်ပယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်က ဧကရာဇ်ကို ကြိုးကိုင်ခြယ်လှယ်ခြင်းမပြုဘဲ မင်းဆက်ကို သိမ်းပိုက်ကာ သူ့အတွက် အရင်းအမြစ်များနှင့် ထောက်ပံ့ကြေးများကို စုဆောင်းနိုင်သည်။ သူသည် တပည့်များစွာကို ကျင်းမင်းဆက်၏မြို့တော်သို့ပင် စေလွှတ်ခဲ့သည်။ နတ်ဆိုးဘုန်းတော်ကြီးသည် များသောအားဖြင့် တောင်ပေါ်တွင်သာ နေထိုင်ကြောင်း သူတို့သိရှိထားသည်။
နတ်ဆိုးဘုန်းတော်ကြီးက တကျန်းကို ကိုယ်ကျိုးမဖက်ဘဲ ကူညီပေးနေပုံရသည်။ ဤပုဂ္ဂိုလ်သည် လောကီသားတို့ကို အကျိုးပြုရန် အမှန်တကယ် စေတနာရှိပါသလား....
တောင်ကြားသခင်ဝေက.....
" စီနီယာတုန်းဖန်း မကြာခင် ဒီကိုရောက်လာမှာပါ...အဲ့အချိန်ကျရင် တကျန်းကို စစ်တပ်နဲ့အတူချီတက်လိမ့်မယ်...."
ဒါကိုကြားတော့ ပညာရှင်တစ်ယောက်က.... “စီနီယာတုန်းဖန်းက နတ်ဆိုးဘုန်းတော်ကြကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလား..."
တောင်ကြားသခင်ဝေက... “ဟုတ်တယ်.. နတ်ဆိုးဘုန်းကြီးကို ထွက်သွားစေချင်ရင် သူ့ကို တိုက်ခိုက်ရမယ်..ဒါပေမယ့် စီနီယာတုန်းဖန်းက စစ်တပ်နှင့်အတူ လိုက်သွားမယ်လို့ ကတိပေးခဲ့တယ်... "
ပညာရှင်က အံ့သြစွာဖြင့် လျှာကိုက်လိုက်ပြီး..... “စီနီယာတုန်းဖန်းက အနှစ်သုံးရာလောက် အသက်ရှည်ခဲ့တာဆိုတော့ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ်ထင်တယ်...ခင်ဗျား သူ့ကို ဘယ်လိုမျိုး ဆွဲဆောင်ခဲ့တာလဲ....”
တောင်ကြားသခင်ဝေက ပြုံးလိုက်ပြီး..... " ဒီအကြောင်းကို မပြောပြနိုင်ဘူး"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သော်လည်း ကြယ်စင်စုဝေးခြင်းမျှော်စင်မှ သိုင်းပညာရှင်တို့၏ အမူအရာများမှာ သဘာဝမကျလှပေ။
တုနှိုင်းမဲ့သိုင်းတောင်ကြားသည် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို ဖိတ်ကြားနိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် ၎င်းတို့အနိုင်ရသောအခါ၊ တုနှိုင်းမဲ့သိုင်းတောင်ကြားက နယ်မြေ ပိုမိုရရှိလာမည်ဖြစ်သည်။ သိုင်းတောင်ကြားကို ချဲ့ထွင်လိုပါက ၎င်းတို့နှင့် အနီးဆုံးရှိ ကြယ်စင်စုဝေးခြင်းမျှော်စင်နယ်မြေများက ၎င်းတို့၏ ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။
လိုက်လျောညီထွေရှိပုံရသော လက်ရှိအခြေနေသည် အမှန်တကယ်တွင် ရေလှိုင်းများဖြင့် လှိုင်းထနေလေသည်။
ပဲစေ့များကို စစ်သည်များအဖြစ်သို့ ပြောင်းလဲခြင်းပညာရပ်က ချန်မင်းဆက်ကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပြီး အခြားမင်းဆက်လေးခုကိုလည်း တုန်လှုပ်စေခဲ့သည်။ တကျန်းသည် ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များ မြင့်မားလာဖို့ အမတနတ်ဘုရားတစ်ပါး၏ အကူအညီကို ရယူလိုက်ပုံရသည်။
ဧပြီလတွင်.......
ကျန်းချန်ရှန်းက ခြံဝင်းထဲမှာထိုင်းရင်း တောင်ထိပ်ပေါ်က ပိုင်လုံကို မျှော်ကြည့်နေသည်။ ပိုင်လုံ၏ကိုယ်ထည်သည် တောင်တစ်ဝိုက်တွင် ရစ်ပတ်ထားသော ကျောက်နံရံနှင့် ဆင်တူသည်။
ထိုစဉ် ပိုင်လုံ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အရေခွံများကွာကျလာသည်။
ပိုင်ချီက.... "ဒီကောင် အဆင့်တက်တော့မယ်ထင်တယ်...."
ပိုင်လုံကို ကျန်းချန်ရှန်းက ဆေးပြား တိုက်ကျွေးခဲ့သဖြင့် ပိုင်ချီ အလွန်မနာလိုဖြစ်ခဲ့သည်။
ကျန်းချန်ရှန်းက..... “အဆင့်တက်တက် မတက်တက် ပိုင်လုံကတိုက်ခ်ိုက်ဖို့မှမလိုတာ....”
သူသည် ပိုင်လုံကို အိမ်မွေးတိရစ္ဆာန်အဖြစ် အမှန်တကယ်မွေးမြူခဲ့သည်။ပိုင်လုံသည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာကုန်ဆုံးခဲ့သော်လည်း ၎င်း၏ကြီးမားသောအရွယ်အစားကြောင့်၊ အထူးတလည် လူမြင်အောင်လုပ်ပြနေစရာမလိုပေ။
ပိုင်လုံသည် ငယ်ငယ်ကတည်းက တခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ ၎င်း၏ကိုယ်ရည်ကိုယ်သွေးက နူးညံ့သိမ်မွေ့လွန်းသော်လည်း၊ ပိုင်လုံ၏ ခန္ဓာကိုယ်ကို ဝိဉာဉ်နယ်ပယ်အောက်က သိုင်းပညာရှင်များ ထိခိုက်အောင်လုပ်နိုင်ဖို့ ခဲယဉ်းသည်။ ထို့အပြင်၊ ၎င်း၏ကိုယ်ခန္ဓာရှိ နတ်ဆိုးအော်ရာများက နတ်ဘုရားနယ်ပယ်နှင့်နီးကပ်နေပါသည်။
ကျန်းချန်ရှန်းက.... "ဒီကမ္ဘာမှာ နဂါးတွေရှိလား"
ပိုင်ချီက ခေါင်းခါလိုက်ပြီး "သူတို့က ဒဏ္ဍာရီတွေပဲလေ.... နဂါးနဲ့တူတဲ့ နတ်ဆိုးသားရဲတွေတော့ရှိတယ်.... သူ့ကိုယ်နတ်ဆိုးနဂါးလို့ ခေါ်တဲ့ နတ်ဆိုးဘုရင်တစ်ပါးတော့ရှိဖူးတယ်.... ဒါပေမယ့် သူက အရှက်မရှိတဲ့ မြွေတစ်ကောင်သာသာပါပဲ....”
လူသားနှင့် ဝံပုလွေတို့သည် ပိုင်လုံ အရေခွံလဲနေသည်ကို စိုက်ကြည့်နေကြသည်။ လုံချီ ဘုရားကျောင်း၏ အခြားတပည့်များနှင့် ကိုးကွယ်သူများသည်လည်း ပိုင်လုံ၏ အရေခွံများကွာကျနေသည်ကို သတိပြုမိကြသည်။
ပိုင်လုံသည် အောင်မြင်စွာ အရေခွံလဲနိုင်ဖို့ အချိန်နှစ်ရက်တာ ကြာမြင့်ခဲ့သည်။အရေခွံလဲပြီးနောက် ၎င်း၏မြွေကိုယ်ထည် ပိုရှည်လာပြီး နေရောင်အောက်တွင် ၎င်း၏အကြေးခွံများသည် အလင်းရောင်ဖျော့ဖျော့ထင်ဟပ်နေပါသည်။ပိုင်လုံ ကောင်းကင်ယံကိုမော့၍ လျှာထုတ်နေသည်ကို ဧည့်သည်တွေ မြင်တဲ့အခါ အားလုံးက မြွေနတ်ဘုရားကို ကြည့်နေသလိုမျိုး ဒူးထောက်အရိုအသေပေးနေကြသည်။
ကျန်းချန်ရှန်းသည် ပိုင်လုံ၏ နတ်ဆိုးအော်ရာကို အာရုံခံကြည့်ပြီးနောက် နတ်ဘုရားနယ်ပယ်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားသည်ကို ခံစားလိုက်ရသောအခါ ကျေနပ်သွားသည်။
ပိုင်လုံသာ အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ရောက်ခဲ့လျှင် ပျံသန်းနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်တွင်၊ ဤမျှကြီးမားသော မြွေဖြူကြီးပေါ်တွင် စီးနင်းလိုက်ပါရသည်မှာ အမိုက်စားခံစားချက်မျိုးဖြစ်ပေလိမ့်မည်။
လောလောဆယ်တွင် ပိုင်လုံသည် အသက် 49 နှစ်သာရှိသေးသော်လည်း ပိုင်ချီ မနာလိုဖြစ်စေသော နတ်ဘုရားနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။
နတ်ဆိုးများအတွက် ကျင့်ကြံခြင်းသည် လူသားများထက် ပိုမိုခက်ခဲလေ့ရှိသည်။ သို့သော်လည်း အဆင့်များကို ဖြတ်ကျော်ပြီးသည်နှင့် ၎င်းတို့၏ သက်တမ်းက လူသားများထက် ပိုရှည်မည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် ၎င်းတို့၏ နတ်ဆိုးစွမ်းအားကို စုဆောင်းရန် အချိန်ကို အားကိုးနိုင်ကြသည်။
ပိုင်လုံ အရေခွံလဲသည့် သတင်းက မြို့တော်တွင် ပျံ့နှံ့လာကာ ဘုရားကျောင်းသို့ လာရောက် ဖူးမြော်သူဦးရေ လျင်မြန်စွာ တိုးပွားလာခဲ့သည်။
ဧပြီလတွင်.....
ချန်မင်းဆက်၏ မြို့တော်ကို သိမ်းပိုက်လိုက်သောကြောင့် ချန်မင်းဆက်၏ဧကရာဇ်အနေဖြင့် လက်နက်ချရန်မှတပါး ရွေးချယ်စရာမရှိပေ။ ကျန်းဇီယုသည် ရှီပြည်နယ်စစ်မြေပြင်တွင် ပံ့ပိုးပေးခဲ့သော စစ်သားများနှင့် အခြားစစ်မြေပြင်ရှိ သိုင်းပညာရှင်အားလုံးကို နတ်ဘုရားနယ်ပယ်ရောက်အောင် ပံ့ပိုးပေးမည့်အကြောင်း ကမ္ဘာသိအောင် ကြေညာခဲ့သည်။
ထို့အပြင် စစ်ပွဲစတင်ချိန်မှစ၍ ပြင်ပစီရင်စုကိုးခုနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံသားအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့ကြောင့် ရှီပြည်နယ်၏ လူဦးရေသည် မကြုံစဖူး မြင့်မားလာခဲ့သည်။
တစ်နေ့သ၌.....
ကျန်းချန်ရှန်းသည် တစ်စုံတစ်ခုကို အာရုံခဲမိလိုက်သဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
"ဒါက ကံကြမ္မာပဲလား..."
ကျန်းချန်ရှန်း၏ ရေရွတ်သံကိုကြားတော့ ပိုင်ချီ မျက်လုံးဖွင့်ပြီး သူ့ကို စိုက်ကြည့်နေသည်။
ရုတ်တရက်၊ ကျန်းချန်ရှန်း မတ်တပ်ရပ်ပြီး ခြံဝင်းထဲက ထွက်သွားခဲ့သည်။
တောင်တံခါးရှေ့မှာ အမွှေးနံ့သာဝယ်ဖို့ တန်းစီနေကြသူတွေထဲတွင် သားအဖ နှစ်ယောက်ရှိနေသည်။ ဖခင်က အရပ်ရှည်ပြီး သန်မာတဲ့ပုံရပေမယ့် သမီးဖြစ်သူကတော့ အသက် ဆယ်နှစ်အောက်ရှိမည်ထင်သည်။ သူတို့ရဲ့ အသားအရေ တစ်နှစ်ပတ်လုံး လေဒဏ်၊နေဒဏ်ခံထားရသောကြောင့် အနည်းငယ်ညိုညစ်နေသည်။
“ချင်းအာ....အဖေ လုံချီ ဘုရားကျောင်းမှာ သမီးအတွက် အမွှေးတိုင်တွေ ပူဇော်ပြီးရင် သမီးရဲ့ကျန်းမာရေး အခြေအနေ သေချာပေါက် ပြန်ကောင်းလာလိမ့်မယ်....”
လူထွားကြီးသည် သူ့သမီး၏လက်ကို ကိုင်ကာ နူးညံ့စွာ ပြုံးပြသည်။
ချင်းအာဆိုသူကလေးမက ခေါင်းညိတ်ပြပြီး လုံချီ ဘုရားကျောင်းကို ထိတ်လန့်စွာ ကြည့်နေသည်။
လုံချီ ဘုရားကျောင်းသည်ဧကရာဇ်ထံမှ ကြီးမားသောအထောက်အပံ့ကို ရရှိခဲ့ပြီး အဆောက်အဦးများစွာကို ပြန်လည်မွမ်းမံနိုငခဲ့သည်။ တပည့်များစွာ လာရောက်လည်ပတ်ကြပြီး သူတို့အားလုံး သိုင်းပညာကို လေ့ကျင့်ကြသည်။
ဆယ်စုနှစ်တွေကြာလာခဲ့ပြီး လုံချီ ဘုရားကျောင်းတွင်တပည့်အရေအတွက် 800 ကျော်သွားခဲ့ပြီ။ ကျန်းချန်ရှန်းက စီမံခန့်ခွဲခဲပေမဲ့ သူထုတ်ပေးလိုက်တဲ့ သိုင်းပညာတွေက တပည့်တွေကို အကျိုးပြုဖို့ လုံလောက်ပါသည်။
ထိုသားအဖ တင်မကဘဲ မြို့တော်သို့လာရောက်သူတိုင်းသည် လုံချီ ဘုရားကျောင်းတွင် အမွှေးတိုင် ထွန်းညှိပူဇော်လိုက်လျှင် ကမ္ဘာပေါ်ရှိ နတ်ဘုရားများနှင့် အမတအရှင်များက ၎င်းတို့အတွက် ကံကောင်းခြင်းတွေ ဆောင်ကျဉ်းလာပေးမည်ဟု မျှော်လင့်ကြသည်။
နံ့သာတိုင်ဝယ်ပြီးနောက် သားအဖနှစ်ယောက် ဘုရားကျောင်းထဲသို့ ဝင်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ချင်အာက စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်နေသည်။ သိုင်းပညာ လေ့ကျင့်နေသော တပည့်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်သဖြင့်ထွားကျိုင်းသောလူလည်း ထိတ်လန့်သွားသည်။ တောင်ပတ်ပတ်လည်တွင် ကြီးမားသော မြွေတစ်ကောင် ရစ်ပတ်နေသည်ကိုလည်း မြင်တွေ့နိုင်သည်။
ထွားကြိုင်းသောလူသည် မြွေသားရဲအကြောင်းကို ယုံတမ်းစကားဟုသာ အမြဲထင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဒါဟာ အသိဉာဏ်မဲ့သော နတ်ဆိုးမဟုတ်ကြောင်းသိနိုင်သည်။
လမ်းလျှောက်လာရင်း သူတို့ရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
ထွားကျိုင်းသောလူသည် ကျန်းချန်ရှန်းကို တိုက်မိလုမတတ်ဖြစ်သွားသည်။ တောင်းပန်ခါနီးတွင် တစ်ဖက်လူ၏ ရုပ်ရည်နုပျိုမှုကြောင့် အံ့အားသင့်သွားသည်။
ကျန်းချန်ရှန်းသည် ချောမောသောအသွင်အပြင်ရှိပြီး သူ့အင်္ကျီပေါ်တွင် အလင်းဖျော့ဖျော့သန်းနေသောကြောင့် သူသည် အခြားသော တာအိုဘုန်းတော်ကြီး များနှင့် သိသိသာသာ ကွဲပြားသည်။
ကျန်းချန်ရှန်းက ချင်းအာကို ကြည့်လိုက်ပြီး.... "ဒါ မင်းရဲ့သမီးလား.... ကျန်းမာရေးကောင်းပုံမပေါ်ဘူး.....”
ထွားကြိုင်းသောလူသည် ထိုစကားကိုကြားသောအခါ တစ်ဖက်လူက ကျွမ်းကျင်သူဖြစ်သည်ကို သဘောပေါက်ခဲ့သည်။ထို့ကြောင့် အမြန် လက်သီးဆုပ်၍ အရိုအသေပြုကာ...
“ဆရာတော်....ကျွန်တော်တို့က ပြင်ပစီရင်စုကိုးခုက လာတာပါ....သမီလေးက လမ်းမှာ ခရီးပန်းတဲ့ဒဏ်ကြောင့် အမျိုးအမည်မသိတဲ့ရောဂါဝေဒနါခံစားနေရပါတယ်.... သမားတော်တွေနဲ့ပြသခဲ့ပေမယ့်လည်း ရောဂါပရင်အမြစ်ကိုရှာမတွေ့ဘူး....ဆရာတော်မှများ ကုသပေးနိုင်မယ့်နည်းလမ်းရှိမလား..…”
ချင်းအာက သူ့အဖေနောက်မှာ ပုန်းနေပြီး ကျန်းချန်ရှန်းကို ထိတ်လန့်တကြားကြည့်နေသည်။
" ဆရာတော် ဘာလို့ထွက်လာတာလဲ... "
ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာပြီး မင်ယွဲ့ရောက်လာသည်။
ထိုစကားကိုကြားသောအခါ ထွားကျိုင်းသောလူ ထိတ်လန့်သွားသည်။
သူ့ရှေ့က လူငယ်က ထာဝရရုပ်ရည်နုပျိုသာ်ဟု ကောလဟာလထွက်နေသော အမတဆရာတော်လား.....
ကျန်းချန်ရှန်းက မင်ယွဲ့ကို ခေါင်းညိတ်ပြပြီး ချင်းအာကို ကြည့်လိုက်သည်။
"လာပါဦး...."
ထွားကြိုင်းသောလူသည် ထိုစကားကိုကြားသောအခါ၊ ရှက်ရွံ့နေသော ချင်းအာကို ချက်ချင်းတွန်းထုတ်လိုက်သည်။
ကျန်းချန်ရှန်းသည် သူ၏ညာဖက်လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး သူမ၏နဖူးကို ပုတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်အချို့ သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး သူမကို ကုသပေးခဲ့သည်။
မင်ယွဲ့ သူတို့နားသို့ လျှောက်လာပြီး ဒီမြင်ကွင်းကို သေချာကြည့်နေသည်။ ကျန်းချန်ရှန်းက ဧည့်သည်တစ်ယောက်ကိုအခုလိုထွက်တွေ့တာ ပထမဆုံးအကြိမ်ဖြစ်တာမို့ ဒီသားအဖကို မသိချင်ယောင်ဆောင်နေလို့မရတော့ပေ။
ခဏအကြာတွင် ကျန်းချန်ရှန်းက လက်ပြန်ရုတ်လိုက်ပြီး ....
" သူ နေကောင်းသွားပါပြီ.. နောက်ဆိုကိုယ်လက် လေ့ကျင့်ခန်း များများလုပ်ခိုင်းပါ.... မြို့တော်မှာ အကြာကြီးနေကြမယ်ဆို မင်းရဲ့သမီးလေးကို သိုင်းပညာ လေ့ကျင့်ဖို့ တောင်ပေါ်ကို လွှတ်လို့ရတယ်.. ဘုရားကျောင်းမှာ မနေချင်ရင်လည်း နေ့တိုင်း အိမ်ပြန်လို့ရတယ်.... ဆုံးဖြတ်ပြီးရင် သူ့ကိုလာရှာလိုက်..."
ကျန်ချန်ရှန်းက မင်ယွဲ့ကိုပါကြည့်လိုက်ပြီး...
"ကြားလား"
ထိုအခါမှသာ မင်ယဲဲ့ သတိပြန်ဝင်လာပြီး "ကြားပါတယ်!"
ကျန်းချန်ရှန်းက ခေါင်းယမ်း၍ ရယ်မောကာ ထွက်ခွာသွားခဲ့သည်။
ထွားကျိုင်းသောလူသည် နေရာတွင်ပင် အမြစ်တွယ်နေ၏။ ကြီးမားသော အံ့အားသင့်မှုက သူ့ကို အိမ်မက်မက်နေသည်ဟုပင် ခံစားရစေသည်။
မင်ယွဲ့က ချင်းအာကိုကြည့်ကာ အံ့သြစွာဖြင့်.... “ခင်ဗျားရဲ့သမီး အရမ်းကံကောင်းတယ်....လုံချီ ဘုရားကျောင်းတည်ထောင်ပြီးကတည်းက ဘယ်သူမှ အခုလိုကုသမှုမျိုး မခံယူဖူးဘူး.... ခင်ဗျားရဲ့သမီးကို လုံချီ ဘုရားကျောင်းရဲ့ တပည့်ဖြစ်စေချင်လား...."
ဖြတ်သွားသော ဧည့်သည်များနှင့် တပည့်များအားလုံး အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။ ကျန်းချန်ရှန်းကို ပြန်ရှာဖို့ ကြိုးစားကြတဲ့အခါ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
ထွားကျိုင်းသောလူက အလျင်စလိုဖြင့်....
“ဖြစ်စေချင်တယ်...ဖြစ်စေချင်တယ်... ဒါက ကျွန်တော်တို့အတွက်ကောင်းချီးပဲ....."
ချင်းအာက စိတ်လှုပ်ရှားစွာဖြင့် ဖခင်၏လက်ကို ကိုင်လိုက်ပြီး ကျန်းချန်ရှန်း ထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ သူမ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပေ။
ကျန်းချန်ရှန်း ခြံထဲသို့ ပြန်လာပြီး တရားထိုင်နေစဉ် ပိုင်ချီက..
"အဲဒီကလေးမလေးရဲ့ နောက်ခံက ဘာမို့လို့ ဆရာတော်က ပုဂ္ဂိုလ်ရေးအရ ထွက်တွေ့ရတာလဲ.....”
ကျန်းချန်ရှန်းက.... "ငါတို့တွေ ရေစက်ပါတယ်လို့ ခံစားရတယ်"
စီနီယာအစ်မ... အရင်ဘဝတုန်းက အလုပ်ကြိုးစားခဲ့ပေမယ့် လုံချီ ဘုရားကျောင်းကို ပြန်ရောက်လာခဲ့ပြန်ပြီ.... ဒီဘဝမှာလည်း ဘုရားကျောင်းအတွက် ကြိုးစားပေးပါဉီး....