← Chapters

မကြုံစဖူးသော အဆုံးအဖြတ်တိုက်ပွဲ......

Vol. 6 Ch. 79

မကြုံစဖူးသော အဆုံးအဖြတ်တိုက်ပွဲ......

Vol. 6 Ch. 79

ကျန်းချန်ရှန်း ရုတ်တရက်ဆန်စွာရောက်လာပြီး တိမ်တိုက်များကိုစီးနင်းနိုင်သည့်စွမ်းရည်ကြောင့် တာဝန်ရှိသူများကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။

သူတို့တွေသတိပြန်ဝင်လာချိန်မှာ ချန်းလီက စိတ်လှုပ်ရှားစွာနဲ့ ...."ဆရာတော်ချန်ရှန်း... နောက်ထပ် ပဲစေ့တပ်သားတွေ ဖန်တီးပေးမှာလား...."

သူမေးလိုက်သည်နှင့် အားလုံးက ကျန်းချန်ရှန်းကို မျှော်လင့်တကြီးကြည့်နေကြသည်။

သူတို့နဲ့ ရန်သူကြားက ကွာဟချက်က အင်မတန်ကြီးမားသည်။ ထို့ကြောင့် ကျန်းချန်ရှန်းအပေါ်တွင် မျှော်လင့်ချက်များပုံအောထားကြသည်။

ချန်မင်းဆက်ကို တိုက်ရိုက် ချေမှုန်းပစ်ခဲ့သော ပဲစေ့တပ်သားများ၏ အစွမ်းကို သူို့အားလုံးကြားသိထားကြသည်။

သို့သော် မင်းဆက်ကိုးဆက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ချောင် ဂိုဏ်းနှစ်ခုမှ သိုင်းပညာရှင် အများအပြား၏ ကြိုးပမ်းမှုကို ဆရာတော်ချန်ရှန်း၏ပဲစေ့တပ်သားများနှင့်ခုခံရန်လုံလောက်မည်လော....

ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး... "သန်းနဲ့ချီတဲ့ရန်သူတွေကို ပဲစေ့တပ်သားတွေနဲ့ဘယ်လို ရင်ဆိုင်နိုင်မှာလဲ...."

ဒါကိုကြားတော့ အရာရှိတွေ စိတ်ပျက်သွားကြသည်။

"ငါ ကိုယ်တိုင် စစ်မြေပြင်ကို သွားမယ်...."

သူ့စကားကြောင့် ခန်းမအတွင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တာဝန်ရှိသူများ အားလုံး စိတ်လှုပ်ရှားနေကြပြီး တချို့အရာရှိတွေဆို ဖင်ထိုင်ရက် လဲကျကုန်သည်။ အများစုမှာ အရာရှိဟောင်းများ ဖြစ်ကြသောကြောင့် ကျန်းချန်ရှန်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များအကြောင်းကို ကောင်းစွာ သိရှိထားကြသည်။

ကျန်းဇီယုက..... “လူတိုင်း....တပ်ခွဲတွေကို ထိန်းချုပ်ပြီး တိုင်းနဲ့ ပြည်နယ်တွေကို အေးချမ်းအောင်လုပ်ပါ..အဆုံးအဖြတ်တိုက်ပွဲ စတင်တော့မှာမို့ တကျန်း ကျဆုံးမှာမဟုတ်ဘူး...အဲ့အစား အရင်ကထက် ပိုအားကောင်းလာလိမ့်မယ်!"

"ညီလာခံသိမ်းမယ်....!"

တာဝန်ရှိသူများက ဒူးထောက်ကာ ကျန်းဇီယု ကို နှုတ်ဆက်ကြသည်။

အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင်....

တော်ဝင်စာကြည့်ဆောင်၌......

ကျန်းချန်ရှန်းနှင့် ကျန်းဇီယုတို့ မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ဖက်ရည်သောက်နေစဉ် ကျန်းရှုက ဘေးနားတွင်ရပ်နေပြီး ကျန်းချန်ရှန်းကို သဘောကျစွာ ကြည့်နေသည်။

ဒီနေ့ ခန်းမထဲမှာ တရားရုံး ပြိုကျတော့မယ်တောင်ထင်ခဲ့မိသည်။ ကျန်းချန်ရှန်း၏ တိမ်ပျံစီးနင်း၍ရောက်ရှိလာမှုသည် အရာရှိများအား ဤမျှလောက် လှုံ့ဆော်ပေးမည်ဟု မမျှော်လင့်ထားပေ။ ဒီလိုမြင်ကွင်းမျိုးကို သူပထမဆုံးမြင်တွေ့ဖူးခြင်းပင်....

ကျန်းချန်ရှန်းက.... “အဓိက စစ်မြေပြင်နဲ့ ဘယ်သူက အနီးစပ်ဆုံးလဲ”

ကျန်းဇီယုက သူဘာကိုဆိုလိုသည်ကို နားလည်သည်။ ကျန်းချန်ရှန်းက လုံချီဘုရားကျောင်းက တပည့်များအကြောင်းမေးနေခြင်းပင်....

“ပင်အန်းနဲ့ ရှုထျန်းကျိတို့တွေ အမြန်သွားနေကြပြီ...အစက ရန်သူကို ဝင်ခွင့်ပြုဖို့ ရည်ရွယ်ထားပေမယ့် ကျွန်တော့်လူတွေ ကြောက်လန့်နေကြတော့ မြောက်ပိုင်းဇူမင်းဆက်ရဲ့ စစ်မြေပြင်ကို စောင့်ဖို့ စေလွှတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး....”

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ ပင်းအန်းနှင့် ရှုထျန်းကျိတို့တွင် ၎င်းတို့တွင် လူဝင်စားအမှတ်အသားရှိသောကြောင့်၎င်းတိ့ကို အလွယ်တကူရှာဖွေနိုင်သည်။

ကျန်းဇီယုက သူ့အဖေကို ကြည့်လိုက်သည်။ ဤအချိန်ကာလအတွင်း သူ၏စိတ်ထဲတွင် စုစည်းထားသော စိတ်ဓာတ်ကျခြင်းကို တွန်းလှန်နိုင်ပြီး မျှော်လင့်ချက်များဖြင့် အစားထိုးနိုင်ခဲ့ပြီ။

သူ့အဖေက သူ့ရဲ့အကြီးကျယ်ဆုံးထောက်ခံသူဖြစ်ပေမယ့် ပေါ့ပေါ့တန်တန် မဖိတ်ကြားချင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့မှာ မာနရှိနေဆဲပင်... ယခုလို အကြံကုန်ဉာဏ်ကုန်ဖြစ်နေချိန်မှာ သူ့အဖေ အချိန်မီ ရောက်လာခြင်းကြောင့် သူတစ်ယောက်တည်း မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

"ဆရာတော်....ကျွန်တော်တို့ ဘယ်လိုတိုက်ကြမလဲ ..."

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး..... "မင်းက ဧကရာဇ်ပဲ...တိုက်ချင်သလိုသာတိုက်.... ငါမင်းကိုထောက်ခံပေးမယ်...."

ဒါကိုကြားတော့ ကျန်းဇီယုရဲ့အပြုံးက နက်ရှိုင်းလာသည်။

“ဒါဆို သူတို့ကို ထိပ်တိုက်အနိုင်ယူပြီး မကြုံစဖူး အဆုံးအဖြတ်တိုက်ပွဲတစ်ခုဖန်တီးမယ်...အဲ့အချိန်ကျရင် ဆရာတော် စစ်မြေပြင်ကို ဆင်းသက်လာပြီး တကျန်း စစ်တပ်ကို ကူညီပေးပါ....!”

ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်ကာ လက်ဖက်ရည်ကိုသာသောက်သုံးနေသည်။

နန်းတော်ရှိ လက်ဖက်ရည်သည် အကောင်းဆုံးဟု ဆိုရပေမည်။

ဒီကလေးက စားကောင်းတာတွေကို ဝှက်ထားတယ် ... ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ကို ဘာလို့ငါ့ဆီ မပို့ပေးတာလဲ......

ကျန်းချန်ရှန်းက ကျန်းရှုကိုကြည့်လိုက်ပြီး "ရှုအာ.... မင်းအဖေဆီကနေ နိုင်ငံရေးအကြောင်း သင်ယူရတာ ခက်ခဲသလား?"

ကျင်းရှုက အလျင်စလိုဖြင့်...

" နည်းနည်းတော့ ပင်ပန်းပေမယ့် အစွမ်းကုန် ကြိုးစားပါ့မယ်"

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။ဝမ်ချန်းသည် ကျန်းရှု၏အသက်အရွယ်တွင် နိုင်ငံရေးစွမ်းရည်ကောင်းများကို ပြသနေပြီဖြစ်သည်။

ဤသို့ဖြင့် သုံးယောက်သား စကားစမြည်ပြောဆိုခဲ့ကြသည်။ကျန်းမိသားစု မျိုးဆက်သုံးဆက်အတူ ဆုံဖို့မလွယ်ကူပေ။ ထို့ကြောင့် ကျန်းချန်ရှန်း စိတ်လက်ကြည်သာနေပြီး ကျန်းဇီယုလည်း ခံစားချက်တွေ ပြည့်နှက်နေပါသည်။

သူသည် အပျော်ရွှင်ဆုံးဧကရာဇ်ဖြစ်နိုင်သည်။ သူ့အဖေရဲ့ အကာအကွယ်တွေ ရှိသည့်အပြင် သူ့မှာ ကလေးနှစ်ယောက်ရှိပြီး မထင်မှတ်ဘဲ အောင်မြင်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။

ကျန်းဇီယုက ကျန်းရှုကို ကြည့်ပြီး လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် ကျန်းချန်ရှန်း၏ စစ်မှန်သော အထောက်အထားကို ပြောပြရန် အခွင့်အလမ်းရှာရတော့မည်။

မဟုတ်သေးဘူး.....

နောင်တွင်၊ အိမ်ရှေ့မင်းသားတိုင်းသည် ဤလျှို့ဝှက်ချက်နှင့် ပတ်သက်၍ သိထားရမည်ဖြစ်သည်။

ထိုအကြောင်းအရာကို မိသားစု၏ လျှို့ဝှက်ချက်အဖြစ် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးရမည်...

ဇူလိုင်လတွင် ဧကရာဇ်က အမိန့်တစ်ခုထုတ်ပြန်ခဲ့ပြီး မြောက်ပိုင်းဇူမင်းဆက်၏ စစ်မြေပြင်တွင် ပြည်နယ်အသီးသီးမှ တပ်များစုရုံးခဲ့ကြသည်။ နိုင်ငံသားများကလည်း မင်းဆက်၏ရှင်သန်မှုအတွက် တိုက်ပွဲစတင်တော့မည်ကို သဘောပေါက်ခဲ့ကြသည်။

ကျန်းချန်ရှန်းသည် ကျန်းဇီယုကိုစိတ်အေးအောင်သေချာပြောဆိုပြီးနောက် ဆက်လက်၍ ကျင့်ကြံရန် ပြန်လာခဲ့ပြီး ဩဂုတ်လရောက်ရန် စောင့်ဆိုင်းခဲ့သည်။

ချောင်ဂိုဏ်းနှစ်ခုက ဩဂုတ်လမှာ စစ်ပွဲစတင်မယ်လို့ ပြောခဲ့တဲ့အတွက် ဩဂုတ်လစတင်တိုက်ခိုက်မည်ဟု သူယုံကြည်ခဲ့သည်။ သူတို့က တကျန်းကို ကြိုပြီး တိုက်ခိုက်ရင်တောင် ကျန်းချန်ရှန်းနှင့် ရင်ဆိုင်ရမှာပင်...

ကျန်းချန်ရှန်းသည် ချောင်ဂိုဏ်း နှစ်ခုအား စောင့်ဆိုင်းပြီး လူများစုဝေးရန် အချိန်ပိုပေးကာ သူ၏ရှင်သန်မှုဆုလာဘ်များ ပိုမိုရက်ရောစွာရရှိရန် ဆန္ဒရှိခဲ့သည်။

ရက်တွေကြာလာတာနဲ့အမျှ လုံချီဘုရားကျောင်းမှာ ဘုရားဖူးအရေအတွက် လျော့နည်းလာသည်။ တစ်မြို့လုံး အထိတ်တလန့် ဖြစ်နေပြီး အရင်ကလို မသာယာတော့ပေ။ တောင်ဘက်သို့ ပြောင်းရွှေ့နေထိုင်သူ အများအပြားပင် ရှိခဲ့သည်။

မန်ချွဲ့ဆောင်၏ဖခငိကတော့ မြို့တော်မှ မထွက်ခွာခဲ့ပေ။ ယင်းအစား သမီးဖြစ်သူကို နေ့တိုင်း သိုင်းပညာလေ့ကျင့်ရန် တောင်ပေါ်သို့စေလွှတ်ခဲ့သည်။ မင်ယွဲ့က သူမ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် အထူးဂရုစိုက်ခဲ့သည်။

ချင်ကူ၊ဝမ်လီနှင့် အခြားသော အကြီးတန်း တပည့်များကလည်း ချင်းအာကို သင်ကြားပို့ချပေးကြသည်။

ချင်းအာက မန်ချွဲ့ဆောင်ဝင်စားသူမည်ဟု မည်သူထင်မည်နည်း.... အကယ်၍သာ အကြောင်းစုံသိသွားလျှင် ထိတ်လန့်နေကြမည်လား...မယုံကြည်နိုင် ဖြစ်ကြမည်လား....

ကျန်းချန်ရှန်း သိချင်သော်လည်း မည်သူကိုမျှ မပြောနိုင်ပေ။

ဩဂုတ်လ နီးကပ်လာသည်နှင့်အမျှ မြောက်ပိုင်းဇူမင်းဆက်၏ စစ်မြေပြင်တွင် နှစ်ဖက်တပ်များ စုရုံးလာသည်။ စစ်တပ်နှစ်ခုသည် ဆယ်မိုင်အကွာတွင်ရှိပြီး အချင်းချင်းတွေ့မြင်နေရသည်။

မြောက်ပိုင်းဇူမင်းဆက်၏ စခန်းတွင် မင်းဆက်ကိုးဆက်မှ စစ်ဗိုလ်ချုပ်များ စုဝေးခဲ့ကြသည်။ ခေါင်းဆောင်သည် မင်းဆက် ကိုးဆက်မှ စစ်သူကြီးမဟုတ်ဘဲ တုနှိုင်းမဲ့သိုင်းတောင်ကြားမှ သိုင်းပညာရှင်ဖြစ်သည်။ သူ့အမည်မှာ မန်ရွှမ်း ဖြစ်ပြီး အစစ်မှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်သည်။ သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဝက်ဝံတစ်ကောင်လို ထိုင်နေ၏။သူ၏အော်ရာက အခြားသော စစ်ဗိုလ်ချုပ်များထက် သိသိသာသာ ပြင်းထန်သည်။

မန်ရွှမ်းက မျက်လုံးမှိတ်လျှက်နှင့် "တကျန်း က တပ်တွေ ဘယ်လောက်စုပြီးပြီလဲ"

ဗိုလ်ချုပ်တစ်ယောက်က... “လောလောဆယ်တော့ ၈၀၀,၀၀၀လောက် ရှိတယ်....စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး....”

တခြား စစ်ဗိုလ်ချုပ်တွေကလည်း ရယ်ကြသည်။ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ သန်းနဲ့ချီတဲ့ အရေအတွက်မို့ မည်မျှ အံ့မခန်းဖြစ်ခဲ့သနည်း။ ရန်သူတပ်သား ၈၀၀,၀၀၀ ရယ်စရာကောင်းသော ပမာဏပင်.....

“ ဆရာတော်ချန်ရှန်းက သူတို့ကို စွန့်ပစ်ခဲ့ပြီလား....

“တကျန်းဧကရာဇ်က ငါတို့ကိုသတ်ဖို့ ရှီပြည်နယ်မှာ စောင့်ချင်နေတာ ဖြစ်နိုင်တယ်.... အခုတော့ သူစိတ်ပြောင်းသွားပြီပဲ..ဒါက..ဆရာတော်ချန်ရှန်းက စိတ်မချရလို့ပဲလား. သေခြင်းတရားကိုကြောက်နေတာလား...တစ်ခုခုတော့တစ်ခုခုပဲ....”

“ သူရင်ဆိုင်ရမှာ မင်းဆက်ကိုးဆက်တင် မဟုတ်ဘူး... ချောင်ဂိုဏ်းနှစ်ခုရဲ့ အရှင်သခင်တွေတောင် ရောက်လာကြပြီ.... နတ်ဆိုးဘုန်တော်ကြီးချန်ရှန်း ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူကိုယ်တိုင် လာတိုက်ခိုက်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး....”

"စိတ်မကောင်းစရာပဲ....ငါက ပဲစေ့တပ်သားတွေကိုမြင်ဖူးချင်သေးတာ...."

"ဟားဟားဟား၊ သူက တမင်တကာ ဆန်းကြယ်တယ်ထင်ရအောင် လုပ်နေတယ်လို့ပဲ ထင်တယ်...ဒါက သိုင်းပညာဆိုင်ရာ နည်းစနစ်အချို့ပဲဖြစ်လိမ့်မယ်...

အဲ့ဒီ ပဲတောင့်တပ်သားတွေကစစ်မှန်တဲ့ ချီနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်နိုင်တယ်....”

စစ်ဗိုလ်ချုပ်ကြီးများက ရယ်မောကြသည်။ မင်းဆက်ကိုးပါးလက်မတွဲခင်မှာ ဘယ်သူမှ တစ်ယောက်တည်းရှေ့မထွက်ရဲကြပေ။ ယခု သူတို့သည် လက်ချင်းချိတ်ပြီကြီးကျယ်ခမ်းနားသော စစ်တပ်ကို ကြည့်လိုက်တော့ သူတို့ကိုယ်သူတို့ ကြီးကျယ်သည်ဟု ခံစားလိုက်ရသည်။

သူ့ဘဝတွင် ထိုသို့သောစစ်ပွဲကို မြင်နိုင်ခဲလျှင် ဤဘဝတွင် နောင်တရစရာရှိတော့မည်မဟုတ်ပေ။

မန်ရွှမ်းက တခြားဘာမှ မပြောဘဲ လေ့ကျင့်ရေးကိုသာ အာရုံစိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပင်.....

တကျန်း စစ်စခန်းရှိ တဲအမျိုးမျိုးရှေ့တွင်......

စစ်သားများသည် လာမည့်ကမ္ဘာ့တုန်လှုပ်ချောက်ချားဖွယ် အဆုံးအဖြတ်တိုက်ပွဲကို ဆွေးနွေးနေကြသည် ။ ဤစစ်ပွဲသည် ရှေးခေတ်ကတည်းက စီရင်စု ၁၃ခုတွင် တစ်ခါမျှ မတွေ့ဖူးသောစစ်ပွဲဖြစ်သည်။ တပ်ဖွဲ့ဝင် သန်းပေါင်းများစွာနဲ့ စစ်ပွဲဆိုတာ ရှေ့မှီနောက်မှီပုဂ္ဂိုလ်များပင် တစ်ခါမှ မကြားဖူးကြပေ။

မြောက်ပိုင်းဇူမင်းဆက်၏ စစ်စခန်းကို ကြည့်လိုက်ရုံဖြင့် သူတို့၏ ဦးရေပြားများထုံကျင်နေကြသည်။ တိုက်ခိုက်ရေး တပ်ဖွဲ့များအပြင် ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့ အများအပြားလည်း ရှိခဲ့သည်။ ထို့ကြောင့် မင်းဆက်ကိုးပါး၏တပ်များ စုရုံးလာသောအခါ မိုင်ဒါဇင်နှင့်ချီ၍နေရာယူထားကြပြီး ဒီမြင်ကွင်းက စစ်သား သန်းပေါင်းများစွာထက် အများကြီး ပိုကြောက်စရာကောင်းနေသည်။

ပင်းအန်းသည် မီးပုံရှေ့တွင်ထိုင်ကာ ကြီးမားလှသော နွားခြေထောက်ကိုအားရပါးရစာစသောက်နေသည်။သူသည် နှလုံးသားမရှိဆုံးသူဖြစ်ပြီး ဘာကိုမျှမစိုးရိမ်နေပေ။

ရှုထျန်းကျိ၊ ကျုံးထျန်းဝူနှင့် ဟွမ်းချွမ်တို့က ဘေးချင်းကပ်ရပ်နေကြပြီး အားလုံးက စိတ်ပူနေသည့်အကြည့်များဖြင့် ရန်သူ၏စစ်တပ်ကိုကြည့်နေကြသည်။

ကျုံးထျန်းဝူက..... "အရှင်က တပ်ဖွဲ့တွေ အများကြီးစုပြီးတော့မှ ဆရာတော်ချန်ရှန်းက အရေးယူတော့မယ်လို့ ပြောနေတာလား....."

ဟွမ်းချွမ်က "သူဒီမှာရှိသင့်တယ်...ဟိုအရင် မဟာယာနနဂါးမျှော်စင်က ချူမင်းဆက်ကို ပြန်တည်ထောင်ဖို့ကြိုးစားတုန်းက ငါ့ဆရာက အရေးယူခဲ့တယ်....အခု တကျန်းကို တိုင်းတစ်ပါးသားတွေ သိမ်းပိုက်တော့မှာဆိုတော့ သူ ဘယ်လို ငြိမ်နေနိုင်မှာလဲ...."

ရှုထျန်းကျိက ညည်းတွားရင်း.... “အခုက အရင်နဲ့မတူတော့ဘူး....အဲဒီချောင်ဂိုဏ်းနှစ်ခုက မင်းရဲ့ဆရာပေါ်လာတာကို စောင့်နေကြတာ....”

ကျန်းဇီယု နန်းတက်ပြီးကတည်းက ချောင် ဂိုဏ်းများ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနေခဲ့ကြသည်။

ချောင်ဂိုဏ်းများ မည်မျှ အစွမ်းထက်ပြီး သိုင်းပညာရှင်များ မည်မျှ အားကောင်းသည်ကို အားလုံး သိကြသည်။ ယခုအချိန်တွင် ချောင်ဂိုဏ်းနှစ်ခု၏ ရှေ့တွင် မားမားမတ်မတ် ရပ်တည်နိုင်သူမှာ တကျန်း ၏ စစ်သည်များမဟုတ်ဘဲ ဆရာတော်ချန်ရှန်း ဖြစ်သည်။

ထိုအချိန်မှာပင်....

လူတစ်ယောက် သူတို့ရှိရာဆီလျှောက်လာသည်။ ဟွမ်းချွမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အံ့အားသင့်သွားသည်။အမြင်မမှားကြောင်း သေချာစေရန် မျက်တောင်ခတ်လိုက်ပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။

"ကောင်စုတ်လေး မင်းဘာလို့ဒီကိုရောက်နေတာလဲ"

ဟွမ်းချွမ်က လင်းရှောင်ထံသို့ အမြန်ပြေးသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လင်းရှောင်သည် ကျန်းချန်ရှန်း၏ တပည့်ငယ်ဖြစ်သည်။ သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကလဲ့စားချေရန် တောင်ပေါ်မှ ဆင်းလာကာ သူ့အကြောင်း သတင်းမကြားရတော့ပေ။

ယခုအချိန်တွင် လင်းရှောင်သည် အနက်ရောင် ၀တ်စုံကိုဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက်ချိတ်ဆွဲထားသည်။ သူ၏ အနက်ရောင် ဆံပင်များကို ပေါ့ပေါ့ပါးပါး ချည်နှောင်ထားက မျက်နှာကို ပေါ်လွင်စေပါသည်။ သူ့စိတ်နေစိတ်ထား ပြောင်းလဲသွားပြီး အရင်ကလို ရှက်တတ်သူမဟုတ်တော့ပေ။

လင်းရှောင်က ပြုံးပြလိုက်ပြီး "တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ လုံချီ ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ကျွန်တော်လည်း ဒီအတိုင်းနေနေလို့မှမဖြစ်တာ..."

ဟွမ်းချွမ်က... "ညီလေး၊ မင်း ပိုသန်မာလာတယ်လို့ခံစားနေရတယ်....."

ရှုထျန်းကျိနှင့် ကျုံးထျန်းဝူတို့ကလည်း မနီးမဝေးကနေ လင်းရှောင်ကိုအကဲခတ်နေကြသည်။ထို့နောက် ရှုထျန်းကျိက မျက်မှောင်ကြုတ်ပြီး..... “ဒီကလေးက သန်မာလိုက်တာ...."

ရှုထျန်းကျိသည် နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်သော်လည်း လင်းရှောင်ထံမှ အန္တာရာယ်အငွေ့အသက်ကိုခံစားနေရသည်။

လင်းရှောင်က ခပ်ပြုံးပြုံးဖြင့်... "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော် ကံကောင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဓားသိုင်းတစ်ခု သင်ယူခဲ့တယ်....လုံချီ ဘုရားကျောင်းကို ပြန်ရောက်တဲ့အခါ အစ်ကို့ကို သင်ပေးမယ်...."

ဟွမ်းချွမ်က ပိုလို့တောင် စူးစမ်းချင်လာသည်ယ သူသည် လင်းရှောင်ကို ရှုထျန်းကျိ ရှေ့မှာ ထိုင်ခိုင်းပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်းအတွေ့အကြုံများကို ပြန်ပြောပြရန် တောင်းဆိုခဲ့သည်။

လင်းရှောင် တစ်ဦးတည်း စစ်မြေပြင်သို့ရောက်လာခြင်းမဟုတ်ပေ။ နောက်ထပ်လည်း တယောက်ပြီး တယောက် ရောက်လာသည်။

တကျန်းကို တည်ထောင်ခဲ့သည်မှာ ၆၇ နှစ်ရှိပြီဖြစ်သည်။ သိုင်းလောကမှာ သိုင်းပညာသမားအများစုဟာ တကျန်းကပင်ဖြစ်သောကြောင့် တကျန်းကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပေသည်။

မြောက်ပိုင်းဇူ စခန်း၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်ပါက တကျန်း စခန်းက တိတ်ဆိတ်နေပုံရသည်။ ရန်သူ၏ အင်အားကို စောင့်ကြည့်ရန် တပ်နှစ်တပ်ကြားတွင် ကင်းထောက်များ အဆက်မပြတ်ကူးလူး နေပါသည်။

နေ့ရက်တွေ ကုန်လွန်ပြီးနောက် သြဂုတ်လသို့ရောက်လာခဲ့ချေပြီ.....

လေခွင်းသံက ကောင်းကင်ယံကို ဖြတ်ပြီး တကျန်း စစ်သည်တွေရဲ့ ဉီးခေါင်းပေါ်ကနေပျံဝဲကာ ပင်မတဲကို တိုက်ရိုက်ထိုးဖောက်ပြီး သဲစားပွဲထဲသို့ စိုက်သွားခဲ့သည်။ချင်ဝမ်တဖြစ်လဲ ကျန်းယုက မြှားတံကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း တဲအတွင်းမှ စစ်သည်များက ဓားရှည်များကို ဆွဲထုတ်ပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

ဆံပင်တွေဖွေးဖွေးဖြူနေပြီဖြစ်သော ကျန်းယုသည် အတိတ်ကလို စိတ်အားထက်သန်သောမင်းသားတစ်ပါးမဟုတ်တော့ပေ။ ယခု သူသည် တကျန်း၏ စစ်ဦးစီးချုပ်ဖြစ်ခဲ့ပြီး ဤအဆုံးအဖြတ်တိုက်ပွဲကို ဦးဆောင်မည်ဖြစ်သည်။

ကျန်းယု ရှေ့သို့ တိုးလာပြီး မြှားကို ဆွဲထုတ်ကာ စာရွက်ကို ဖွင့်လိုက်သည်။ ဖတ်ပြီးတာနဲ့ သူ့အမူအရာက ချက်ချင်း မည်းမှောင်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

"အတင့်ရဲလှချည်လား....! သုံးရက်အတွင်း စစ်ပွဲက စတင်မှာမို့ သေဖို့ပြင်ထားတဲ့....!”

သူပြောသည့်အခိုက်တွင် စစ်သားများသည် ဒေါသတကြီးဖြစ်ကာ မြောက်ပိုင်းဇူမင်းဆက်ကို ကျိန်ဆဲကြသည်။

ဒါဟာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပေမယ့် သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။

အပြင်ဘက်တွင်.....

ရှုထျန်းကျိ၏ အမူအရာမှာ လေးနက်နေကာ သူ့ဘေးနားကလူကို ကြည့်လိုက်ပြီး

..... “ဒီမြှားကိုတောင် မတားနိုင်ဘူးလား” ဟုမေးလိုက်သည်။

သူ့ဘေးမှာ အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ထားတဲ့ လူတစ်ယောက် ရပ်နေသည်။ထိုလူသည် အသက်ကြီးသော်လည်း အရပ်မြင့်မြင့်နှင့် ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည်။ သူသည် တစ်ချိန်က သိုင်းပညာလောကကို တုန်လှုပ်စေခဲ့သော ဧကရာဇ်ယန်ကျောက်ဖြစ်သည်။

ဧကရာဇ်ယန်ကျောက်၏ မျက်နှာ ပြာနှမ်းသွားပြီး..... “ကျုပ် မတားနိုင်ခဲ့ဘူး.... မြန်လွန်းတယ်.....”

သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်သည်။ သို့သော် သူ မရပ်တန့်နိုင်သောမြှားတစ်စင်းရှိနေသည်။

ထို့အပြင် ရန်သူ့စခန်း၏ ဆယ်မိုင်အကွာမှ မြှားပစ်ခံရသည်။

ရှုထျန်းကျိ ၏နှလုံး ချောက်ကမ်းပါးအောက်ခြေသို့ နစ်မြုပ်သွားသလိုခံစားနေရသည်။

များမကြာမီပင်၊ ကျန်းယုသည် အဆင့်မြင့်အရာရှိအားလုံးကို စုရုံးပြီး သုံးရက်အတွင်း စစ်ပွဲစတင်တော့မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

သန်းပေါင်းများစွာသော တပ်များ၏ မျက်နှာစာတွင် ၎င်းတို့အားလုံး တိုက်ခိုက်ရန် သတ္တိမရှိကြပေ။မည်သို့ပင်ဆိုစေ ဝိုင်းသတ်ခံရဖို့ အလားအလာများသည်။

ချင်ဝမ်သည် တပ်သားအားလုံးကို စူးစူးစိုက်စိုက်ကြည့်ကာ..... “ငါ့အမိန့်မပါဘဲ သုံးရက်အတွင်း ရန်သူကစပြီးတိုက်ခိုက်ရင်တောင် ဘယ်စစ်တပ်ကမှ ကြိုတင်တိုက်ခိုက်ခြင်းမပြုရဘူး....နားလည်ကြလား..."

"နားလည်ပါတယ်....!"

တပ်သားအားလုံး တညီတညွတ်တည်း အမိန့်နာခံကြသည်။ သူတို့အားလုံး မကြောက်ရွံ့မနေဘဲ သူတို့၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ပြည့်နေသည်။

တိုင်းပြည်အတွက် တိုက်ပွဲမှာ သေရမှာကို ဘာကိုကြောက်နေရမည်နည်း.......

All Chapters