← Chapters

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများရရှိခြင်း.... တကျန်း၏တာအို ဘိုးဘေး......

Vol. 6 Ch. 83

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများရရှိခြင်း.... တကျန်း၏တာအို ဘိုးဘေး......

Vol. 6 Ch. 83

[ ချန်းဝူခေါတ်၏၁၇နှစ်တွင်၊ တုံးဝူတောင်ကြား နှင့် ကြယ်စင်စုဝေးခြင်းမျှော်စင်တို့က တကျန်းကို တိုက်ခိုက်ရန် မင်းဆက်ကိုးဆက်ကို စုရုံးစေပြီး နောက်ပိုင်းတွင် အကျပ်အတည်းတစ်ခုအဖြစ်သို့ ရောက်သွားစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သင်အရေးယူဆောင်ရွက်ခဲ့သည်။ ရလဒ်အနေဖြင့် သင်သည် ဘေးဆိုးမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုအဖြစ်...နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော မဟာယန်တောင်တန်းလှုပ်ရှားမှုနည်းစနစ်ကို ရရှိခဲ့သည်...]

" ချန်းဝူခေါတ်၏ ၁၇ နှစ်တွင်၊ ဒုတိယ မျှော်စင်သခင်ဖြစ်သော ကျောင်းတော်သားလီက တကျန်း၏ တော်ဝင်မိသားစုကို တိုက်ခိုက်ရန် ဆန္ဒရှိခဲ့သည်။ ကံကောင်းထောက်မစွာ၊ သင်အရေးယူဆောင်ရွက်ခဲ့သည်။ သင်သည် ဘေးဆိုးမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုအဖြစ်

မှော်လက်နက်တစ်ခုဖြစ်သော မဟာဝိညာဉ်လက်စွပ်ကို ရရှိခဲ့သည်]

ကျန်းချန်ရှန်း၏မျက်လုံးများရှေ့တွင် ဆက်တိုက်သတိပေးချက်နှစ်ခုပေါ်လာတာကြောင့် ချက်ခြင်းပြုံးပြီး သူ့အခန်းထဲပြန်ဝင်သွားခဲ့သည်။

ပိုင်ချီ မော့ကြည့်လိုက်ပြီး စူးစမ်းချင်စိတ်ရှိသော်လည်း သူ့ကို မနှောင့်ယှက်ဝံ့ပေ။

ထိုအချိန်တွင်၊ ကျန်းချန်ရှန်း၏ကိုယ်ပွားရောက်လာသည်မှာ စစ်ပွဲပြီးဆုံးသွားပြီဟူသောအဓိပ္ပါယ်ပင်....

ကျန်းချန်ရှန်းသည် ချောင်ဂိုဏ်းနှစ်ခုနှင့် စစ်သားသန်းပေါင်းများစွာကို မည်ကဲ့သို့ အနိုင်ယူသည်ကို သူမ တွေးကြည့်လို့မရပေ။

အိမ်အတွင်းပိုင်းတွင်.....

ကျန်းချန်ရှန်းသည် မဟာဝိဉာဉ်လက်စွပ်ကို ဦးစွာ ထုတ်ယူလိုက်သည်။ မဟာဝိဉာဉ်လက်စွပ်သည် ငွေရောင်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်သည် အရောင်အမျိုးမျိုးရှိသော ကျောက်စိမ်းတုံးသေးသေးလေးများ မြှုပ်နှံထားသည်။ မဟာဝိဉာဉ်လက်စွပ် ၏ အမွေခံအမှတ်တရများ သူ့စိတ်ထဲတွင် တိုးဝင်လာသည်။

ဤလက်စွပ်ကို သိုလှောင်လက်စွပ်အဖြစ် အသုံးပြုနိုင်ပြီး အတွင်းတွင် ကြီးမားသောနေရာလွတ်ကို ဖုံးကွယ်ထားကာ ဝိညာဉ်စွမ်းအင်များကို မဟာဝိဉာဉ်လက်စွပ် အတွင်းသို့ ပို့လွှတ််လိုက်သည်နှင့် ၎င်းသည်ဝင်လာသောတိုက်ခိုက်မှုများကို ခုခံရန် အကာအကွယ်အကာတစ်ခုအဖြစ် ဖန်တီးပေးနိုင်သည်။ဒါဟာ အလွန်လက်တွေ့ကျသော မှော်လက်နက်တစ်ခုဖြစ်သည်။

ကျန်းချန်ရှန်းက လက်စွပ်ကို ချက်ချင်း ဝတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုနိုင်ဖို့ လက်စွပ်ကို သန့်စင်လိုက်လေသည်။

တစ်နာရီကြာပြီးနောက်၊ မဟာယန်တောင်တန်းလှုပ်ရှားမှုနည်းစနစ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သည်။

မဟာယန်တောင်တန်း လှုပ်ရှားမှုနည်းစနသစ်ကလည်း အံ့သြဖွယ်ကောင်းသည်။၎င်းသည် သူ၏ ပထမဆုံးသော နတ်ဘုရားစွမ်းရည်ကျင်စဉ်ဖြစ်သည်။

ပဲစေ့များကို စစ်သားအဖြစ်သို့ အသွင်ပြောင်းခြင်းသည် နတ်ဘုရားစွမ်းရည်မဟုတ်ပေ။

ထို့ကြောင့် မဟာယန်တောင်တန်း လှုပ်ရှားမှုနည်းစနစ် မည်မျှ အစွမ်းထက်သည်ကို သူ မြင်ချင်သည်။

ထိုကျင့်စဉ်သည် အမည်နာမကဲ့သို့ပင် တောင်တန်းများကို ရွေ့လျားစေနိုင်သည်။ နတ်ဘုရားစွမ်းရည်ဖြစ်ရခြင်း အကြောင်းရင်းမှာ သဘာဝအတိုင်း တောင်တန်းများကို ရွှေ့နိုင်သောကြောင့် မဟုတ်ပေ။ ဤကျင့်စဉ်ကိုသုံး၍ သူသည် ခန္ဓာကိုယ်ထဲသို့ တောင်တန်းများကို ခေတ္တစုပ်ယူနိုင်ပြီး ၎င်းတို့ကို ရွေ့လျားနိုင်စေကာ စုပ်ယူထားသော တောင်တန်းများ၏အလေးချိန်ကို ရရှိစေမည်ဖြစ်သည်။ သူသည် တောင်များကို တိုက်ရိုက်မြှောက်ကာ သူ့လက်ဖဝါးထဲသို့ ကျုံ့နိုင်သော်လည်း တကယ့်အလေးချိန်က မပြောင်းလဲပေ။

မဆိုးပါဘူး!

ကျန်းချန်ရှန်းသည် သူ၏လက်ဖဝါးထဲတွင် တောင်ကြီးတစ်ခုကို ဤကျင့်စဉ်သုံး၍ ဖုံးကွယ်ထားနိုင်သည်။

မဟာယန်တောင်တန်းလှုပ်ရှားမှုကိုသာ ရုတ်တရက်သုံးပြီး ရန်သူကိုချေမှုန်းနိုင်မည်ဆို မည်ကဲ့သို့ လွှမ်းမိုးနိုင်မည်နည်း။

ထို့အပြင် မဟာယန်တောင်တန်းရွေ့လျားမှုသည် တောင်များကိုသာ ရွေ့လျားနိုင်သော နည်းစနစ်တစ်ခု မဟုတ်ပေ။ ၎င်းသည် အခြားသော ကြီးမားသော အရာဝတ္ထုများကို တူညီသော အကျိုးသက်ရောက်မှုဖြင့် ရွှေ့နိုင်သည်။ သို့သော်၊ လူ၏ဝိညာဉ်စွမ်းအင်ကို ဖရိုဖရဲဖြစ်စေနိုင်သောကြောင့် လူ၏ကိုယ်ခန္ဓာအတွင်း သက်ရှိသတ္တဝါများကို ဖုံးကွယ်မထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

၎င်းသည် နတ်ဘုရားစွမ်းရည်ဖြစ်သောကြောင့်၊ ဝိညာဉ်စွမ်းအင်သက်သက်ဖြင့် အသုံးပြုနိုင်သည့်အရာမဟုတ်သည်မှာ သေချာပြီး ဝိညာဉ်ရေးစွမ်းအင်ကို အသုံးပြုရုံထက် ပို၍ကြီးမားသောအကျိုးသက်ရောက်မှုကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

ကျန်းချန်ရှန်းသည် ဤဆုနှစ်ခုအတွက် အလွန်ကျေနပ်နေသည်။ အနာဂတ်တွင် အချိန်အတော်ကြာ အနားယူနိုင်မည်ဖြစ်ပြီး မဟာယန်တောင်တန်းလှုပ်ရှားမှုကိုလေ့ကျင့်နိုင်လျှင် တာအိုကျင့်စဉ်၏ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ရက်အတော်ကြာပြှီးနောက်....တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ သတင်းတစ်ပုဒ်ပျံ့နှံ့နေသည်။

တကျန်းစစ်တပ်က မတူညီသော မင်းဆက်ကိုးခု၏တပ်များနှင့် တိုက်ခိုက်နေစဉ် ဆရာတော်ချန်ရှန်းရောက်လာပြီး ရန်သူ့တပ်သား လေးသန်းကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။ တကျန်း စစ်တပ် အောင်ပွဲခံနိုင်ခဲ့ပြီး တပ်ကိုးတပ် လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့ပြီး တပ်ဖွဲ့ဝင် ဆယ်သန်း၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။

စီရင်စုနှစ်ဆယ့်နှစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး အနီးနားရှိ မင်းဆက်များကလည်း တုန်လှုပ်သွားကြသည်။

ဒီသတင်းကို လူတိုင်းကြားတဲ့အခါ သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သတင်းမှားနေသည်ဟုသာထင်နေခြင်းပင်.... ဒါဟာ ကမ္ဘာပေါ်မှာ အရယ်ရဆုံးသောဟာသတစ်ခုလိုပင်....

ရန်သူဘက်မှ တပ်ဖွဲ့ဝင် သန်းပေါင်းသောင်းချီရှိတယ်....ဒါကို တစ်နေ့တည်းနဲ့ လူလေးသန်း ဘယ်လိုသတ်နိုင်မလဲ.....

ဝက်ကောင်ရေ လေးသန်းလောက်ရှိရင်တောင် တစ်ရက်ကို ဘယ်နှစ်ကောင်သတ်နိုင်မလဲ.....

သို့သော်လည်း စစ်မြေပြင်၏ အသေးစိတ်အချက်များ ပိုမိုပျံ့နှံ့လာခဲ့သည်။ ရွှေခန္ဓာနယ်ပယ်အဆင့်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများ သတ်ဖြတ်ခြင်းခံရသည်ဟု အချို့ကပြောကြပြီး.. အချို့က ကောင်းကင်ထက်တွင် ခရမ်းရောင်လက်ဖဝါးပုံသဏ္ဍာန်တိမ်တိုက်များစုဝေးနေသည်ဟုဆိုကြသည်။ အချို့ကလည်း ကောင်းကင်ပေါ်ကနေ လက်နက်တွေမိုးလိုရွာချလာသည်ဟုဆိုကြပြီး အချို့က ပဲစေ့တွေကနေ စစ်သားများအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုကြသည်။ သတင်းတွေ ပျံ့လာလေလေ ရယ်စရာကောင်းလေလေပင်....

ဆရာတော်ချန်ရှန်း ၏အမည် ကမ္ဘာတစ်ဝှမ်းတွင် တစ်ဖန်ပျံ့နှံ့သွားခဲ့သည်။ ဒီတစ်ခါတော့ သူ့နာမည်က နာမည်ဆိုးအဖြစ်သာကျော်ကြားခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းသည် ဝိညာဉ်ပေါင်း လေးသန်းကျော် စုဆောင်းမှုဖြင့် ဖွဲ့စည်းထားသော ဂုဏ်သတင်းဖြစ်သည်။

ကျန်းဇီယု ထိုသတင်းကိုကြားသောအခါ ကျယ်လောင်စွာရယ်မောပြီး အလွန်စိတ်လှုပ်ရှားနေလေသည်။

အရေးပေါ် အစည်းအဝေး ကျင်းပပြီး တာဝန်ရှိသူများက စုရုံးခဲ့ကြကယ လူတိုင်း အရမ်းစိတ်လှုပ်ရှားနေကြသည်။

တကျန်း ဆက်လက် ရှင်သန်နိုင်ခဲ့ပြီ.....

"တကျန်း အဆုံးသတ်တော့မယ်လို့ပြောခဲ့ကြတယ်မလား.... အခု ဘယ်လိုခံစားရလဲ...."

ကျန်းဇီယုက စိတ်အားထက်သန်သော အပြုံးဖြင့် မေးလိုက်ကာ ကျန်းရှုကလည်း အရာရှိများကို လှောင်ပြောင်ရိပ်စွန်းနေသောအကြည့်ဖြင့်ကြည့်နေသည်။

အရာရှိအများစုသည် အဆင်မပြေသည့်အမူအရာများရှိပြီး ကျန်းဇီယုကို မျက်နှာချိုသွေးဖို့သာတတ်နိုင်ကြတော့သည်။

“အရှင်မင်းမြတ်က အင်မတန် ပညာရှိလှပါတယ်..... အရှင်က တကျန်းကို ကယ်တင်လိုက်ပြန်ပြီ!"

“တိုက်ပွဲတစ်ခုက ကမ္ဘာကြီးကို အဆုံးအဖြတ်ပေးလိမ့်မယ်.... အခုချိန်ကစပြီး ဘယ်ဧကရာဇ်ကမှ အရှင့်ကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး....!”

"ဒါဟာ အရှင့်ရဲ့ဘုန်းတန်ခိုးကြောင့်ကြုံတွေ့ရတဲ့ မကြုံစဖူး အောင်မြင်မှုတစ်ခုပါ..."

အရာရှိများ၏ မြှောက်ပင့်ပေးမှုကြောင့် ကျန်းဇီယု ပို၍ပင် ပျော်ရွှင်နေသည်။ ဒီနေ့အတွက် သူ ဘယ်လောက် ဂုဏ်ယူခဲ့လဲ..... လွန်ခဲ့သည့် နှစ်နှစ်ကျော်က စုဆောင်းမိခဲ့သော ဒေါသများ လုံးလုံးလျားလျား ပြေပျောက်သွားခဲ့ချေပြီ.....

ဟန်ထျန်းကျီက ဘာမှဝင်ပြန်မပြောပေ။ စစ်မြေပြင်အကြောင်း အသေးစိတ်ကို သိသောကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ တကယ်တော့ ချောင်ဂိုဏ်းနှစ်ခုကို ဖျက်ဆီးခဲ့သူမှာ ဆရာတော်ချန်ရှန်း ဖြစ်သည်။

ဒီစစ်ပွဲပြီးရင် မင်းဆက် ကိးဆက် ကျဆုံးသွားရုံမက ချောင်ဂိုဏ်းနှစ်ခုလည်း ပြီးဆုံးသွားလိမ့်မည်။

ထို့နောက်တွင်၊ ချောင်ဂိုဏ်းများအားလုံးအချင်းချင်းလောဘတကြီး တိုက်ခိုက်ကြတော့မည်။ ယခု တုံးဝူတောင်ကြားနှင့် ကြယ်စင်စုဝေးခြင်းမျှော်စင် သည် ထိုကဲ့သို့ ဘေးဆိုးကြီးကြုံတွေ့ခဲ့ရသောကြောင့် အခြားသော ချောင် ဂိုဏ်းများက ၎င်းတို့ကို ဝါးမျိုတော့မည်မှာ သေချာပါသည်။

ယခုဆို တကျန်းသည် လွတ်လပ်သော သိုင်းပညာ မင်းဆက်ကို တည်ထောင်တော့မည်ဖြစ်သည်။

အချိန်အတော်ကြာအောင် မင်းဆက်များကို သိုင်းပညာရှိများက ထိန်းချုပ်ထားခဲ့သည်။ တကျန်းသာလျှင် သိုင်းပညာထက်သာလွန်သောအာဏာကိုကိုင်စွဲထားနိုင်သည်။

ဟန်ထျန်းကျီလည်း အများနည်းတူ စိတ်လှုပ်ရှားနေသည်။မည်သို့ပင်ဆိုစေ သူဟာ တကျန်းနဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့တာကြောင့် တကျန်း ထွန်းကားလာတာနဲ့အမျှ သူလည်း ဂုဏ်တက်လာမည်သာ.....

ချန်းလီက ရှေ့ထွက်လာပြီး....

"အရှင်မင်းကြီး.... အခုလိုအောင်မြင်မှုတွေဆောင်ကျဉ်းလာပေးတဲ့ ဆရာတော်ချန်ရှန်း ကို ဘယ်လို ဆုလာဘ်ချီးမြှင့်ဖို့စဉ်းစားထားပါသလဲ.."

အခြားအရာရှိများကလည်း ထိုမေးမြန်းချက်ကို သဘောတူကြသည်။ ကျန်းချန်ရှန်းနဲ့ ကျန်းဇီယုတို့ရဲ့ ဆက်ဆံရေးအကြောင်းကို လူတိုင်းသိကြသည်။မည်မျှပင် ဆုပေးသည်ဖြစ်စေ ဒါဟာ ပြဿနာဖြစ်မည်မဟုတ်ပေ။ ဆရာတော်ချန်ရှန်းသည် မင်းဆက်ကိုးပါးကို တစ်ယောက်တည်း နှိမ်နှင်းထားသောကြောင့် အာဏာကို တပ်မက်နေမည်ကို စိတ်ပူစရာမလိုပေ။ သူသာ ပုန်ကန်ချင်ရင် ဘယ်သူ တားနိုင်မှာလဲ....

"ကိုယ်တော့်စိတ်ထဲမှာသိချင်နေတဲ့မေးခွန်းပဲ.... ဆရာတော်ချန်ရှန်းက ကိုယ်တော်ရဲ့ဆရာသခင်ဖြစ်တာမို့ အုပ်ချုပ်ရေးပိုင်းကိုစိတ်မဝင်စားမှန်းသိတယ်.... ဆရာတော်က တစ်နေ့တာလုံး ဆေးဖော်တာနဲ့တာအိုကျင့်ကြံရေးကိုသာအာရုံစိုက်တာကြောင့် ဆရာတော်ကို တာအိုဘိုးဘေးဘွဲ့တံဆိပ်အပ်နှင်းမယ်.... ယခုအချိန်ကစပြီး အနာဂတ်ဧကရာဇ်တွေအားလုံး လုံချီ ဘုရားကျောင်းကို သေချာအလေးထားဖို့ သိုင်းလောကရဲ့မွန်မြတ်သန့်ရှင်းတဲ့နယ်မြေအဖြစ် ထူထောင်သွားမယ်..... တကျန်း မင်းဆက်ရဲ့ အရာရှိတွေနဲ့ သာမန်ပြည်သူတွေအားလုံး တာအိုဘိုးဘေးတို့ကို ဒူးထောက်အရိုအသေပြုဖို့အမိန့်ထုတ်ပြန်လိုက်ပါ..."

ကျန်းဇီယုက ပြုံးလိုက်ပြီး ဆက်မပြောခင် ခဏလောက် ခေတ္တရပ်လိုက်ပြီး..... "သိုင်းပညာရှင်တွေက လုံချီဘုရားကျောင်းရဲ့ တပည့်တွေကို စိန်ခေါ်ချင်ရင် ဖြစ်နိုင်ပါသေးတယ်။ သူတို့က တာအိုဘိုးဘေးကိုတောင် စိန်ခေါ်နိုင်ပေမယ့် အပြစ်မဲ့သူတွေကို မထိခိုက်စေရဘူး....."

ယင်းမှာစိန်ခေါ်ခြင်းကိုမတားမြစ်ရန်မှာကြားထားသည့် ကျန်းချန်ရှန်း၏ အထူးအမိန့်ဖြစ်သည်။ အကြောင်းရင်းကိုတော့ မပြောခဲ့ပေ။ ကျန်းဇီယုကတော့ အပျင်းပြေ တိုက်ခိုက်ချင်သည်ဟုသာ ထင်ခဲ့သည်။မည်ဆိုစေ လူတိုင်းမှာ ရန်လိုတဲ့အမှောင်ဘက်ခြမ်း ရှိစမြဲပင်....

"ဉာဏ်ပညာကြီးမြတ်လှကြောင်းပါ...!"

အရာရှိများက သူ့ကို ချီးကျူးကြပြီး မည်သူမျှ မချေပဝံ့ပေ။

တာအိုဘိုးဘေး...

ဒီခေါင်းစဉ်က တကယ်ကို ကျေနပ်စရာပင်....

ကျန်းဇီယုအနေဖြင့် ကျန်းချန်ရှန်းကို တာအို ဘိုးဘေးဘွဲ့ကို ပေးရသည့်နောက်ထပ် အကြောင်းအရင်းတစ်ခုရှိနေကြောင်း သူတို့မသိခဲ့ကြပေ။ ကျန်းချန်ရှန်းသည် တာအိုဘိုးဘေးသာမကဘဲ တော်ဝင်မိသားစု၏ဘိုးဘေးဆိုလည်းဟုတ်ပေသည်။

ဧကရာဇ်သည် ဆရာတော်ချန်ရှန်းကို တာအို ဘိုးဘေးအဖြစ် ခန့်အပ်မည်ဟု ကမ္ဘာသိအောင်ကြေငြာခဲ့သည်။ လုံချီဘုရားကျောင်းကို သိုင်းလောက၏မွန်မြတ်သန့်ရှင်းသောနယ်မြေအဖြစ်လည်း ကြေညာခဲ့ပြီး မြို့များအားလုံးသို့ သတိပေးချက်ဖြန့်ဝေခဲ့သည်။

ထိုသတင်းကြောင့် သိုင်းလောကသားများ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ဟိုယခင် ကတည်းက လုံချီဘုရားကျောင်းသည် တော်ဝင်နန်းတော်မှ သန့်ရှင်းသောနယ်မြေအဖြစ် အပ်နှင်းခံရသည့် ပထမဆုံးသော သိုင်းပညာဂိုဏ်းဖြစ်သည်။ အရင်တုန်းကတော့ ဧကရာဇ်တွေဟာ သိုင်းပညာဂိုဏ်းတွေကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သိုင်းလောကသားများအတွက်အပ်နှင်းထားသော သန့်ရှင်းသောနယ်မြေများစွာမရှိခဲ့ပေ။

လုံချီဘုရားကျောင်းရှိလူတိုင်း စိတ်လှုပ်ရှားနေကြသည်။ ဘုရားဖူးများ အဆက်မပြတ်လာရောက်ကြပြီး တံခါးပေါက်တွင် ဈေးကဲ့သို့ စည်ကားနေပါသည်။ မှူးမတ်အမြောက်အများကလည်း လက်ဆောင်များနှင့်အတူရောက်လာကြသည်။

ခြံဝင်းထဲတွင်......

ချင်းအာတို့သားအဖနှစ်ယောက်တွေ့ဆုံနေကြသည်။

"ချင်းအာ၊ နောက်ဆို ဘုရားကျောင်းမှာပဲ ကောင်းကောင်းလေ့ကျင့်....တောင်အောက်ဆင်းမလာနဲ့တော့....သမီးကိုတွေ့ဖို့အဖေ မကြာမကြာလာခဲ့မယ်....."

ဤနေရာသည် တကျန်း၏သန့်ရှင်းသောနယ်မြေဖြစ်သည်။ ချင်းအာ၏ဖခင်သည် အခွင့်ထူးများစွာကို မခံယူဝံ့ဘဲ လုံချီဘုရားကျောင်းက သူ့သမီးကို မလိုချင်တော့မည်ကိုသာ စိုးရိမ်သည်။

ချင်းအာက ခေါင်းညိတ်ပြီး တခစ်ခစ်ရယ်ကာ..... “ဖေဖေ...သမီး ဒီနေရာကို အရမ်းကြိုက်တယ်....လူတိုင်းက သမီးကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်... စိတ်မပူပါနဲ့...ဒီမှာနေရတာပျော်ပါတယ်...."

လူထွားကြီး၏ မျက်လုံးများ နီရဲလာကာ ချင်းအာ၏ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"ချင်းအာက လိမ္မာလိုက်တာ.... အဖေတို့

မိသားစုရဲ့ ကံကြမ္မာ ပြောင်းလဲတော့မယ်.....”

ကောင်းကင်ဘုံက သူတို့ တကယ်ကို ကောင်းချီးပေးခဲ့ချေပြီ.....

လူထွားကြီးက ကျန်းချန်ရှန်းကို မမေ့နိုင်ပေ။ သူတို့မိသားစု၏ ကံကောင်းခြင်းမှာ ဆရာတော်ချန်ရှန်းကြောင့်ဖြစ်သည်ကိုသူသိသည်။

လုံချီ ဘုရားကျောင်း၏ ရှုပ်ယှက်ခတ်မှုများသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ဟွာဂျန်ရှင်းနှင့်ကျန်းရှုတို့သည် အခြားမင်းသား၊ မင်းသမီးများကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာလေ့ရှိသည်။ သူတို့အားလုံးက သူ့မြေးတွေနဲ့ မြေးမတွေမို့ ကျန်းချန်ရှန်းက သဘာဝအတိုင်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။

မင်းသားများနှင့် မင်းသမီးများက ကျန်းချန်ရှန်းကိုချစ်ခင်ကြပြီး အဆုံးအဖြတ်တိုက်ပွဲနှင့် စစ်သားအဖြစ် ကြဲပက်ခဲ့သော ပဲစေ့များအကြောင်း အဆက်မပြတ်မေးမြန်းကြသည်။

သူတို့ ရောက်ရှိလာခြင်းသည် ကျန်းဇီယု၏ စိတ်ကူးပင် ဖြစ်သည်။ ကျန်းချန်ရှန်းအား နောင်လာနောက်သားများ အသိအမှတ်ပြုစေလိုသောကြောင့်ပင်......

လုံချီဘုရားကျောင်း၏ ရှုပ်ယှက်ခတ်မှုများက နှစ်သစ်မရောက်မီမှသာရပ်တန့်သွားခဲ့သည်။

..........................

တောင်များကြားတွင် မက်မွန်သီးဥယျာဉ်တစ်ခုက ရွာတစ်ရွာကဲ့သို့ လျှို့ဝှက်စွာတည်ရှိနေသည်။

မက်မွန်ဉယျာဉ်ထဲက နားနေဆောင်တစ်ခုတွင်.....

ဘန်းးးးးး

စားပွဲတစ်လုံးကို အပိုင်းပိုင်း ခွဲပစ်လိုက်သူမှာ အပြာရောင်ဝတ်ဆင်ဝတ်ဆင်ထားသော

လူငယ်လေးဖြစ်ပြီး သူ၏ချောမောသောမျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေ၏။

တောင်ကြားသခင်ဝေဟောင်က မှိုင်းညို့နေသော အမူအရာနှင့် ထိုင်နေသည်။

အပြာရောင်ဝတ်လုံနှင့် လူငယ်အနားတွင် လှပ၍ကျက်သရေရှိသောဝတ်ရုံဖြူဝတ် အမျိုးသမီးတစ်ဦး ရပ်နေပြီး လူငယ်ကို စိုးရိမ်သောကဖြင့် ကြည့်လိုက်သည်။

အပြာရောင်ဝတ်လူငယ်က ဝေဟောင်ကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့်...

“မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး! ကျွန်တော့်အဖေက နှစ်ပေါင်းသုံးရာကျော်ရှင်သန်ခဲ့တဲ့ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူပါ.... သူ့လိုပြိုင်ဘက်ကင်းတဲ့သူက ချောင်ဂိုဏ်းနှစ်ခုနဲ့အတူ စစ်မြေပြင်မှာ ဘယ်လိုသေသွားရတာလဲ....ဒါ့အပြင်သူတို့ကို လူတစ်ယောက်တည်းကသတ်သွားတယ်ဆိုတာလုံးဝယုတ္တိမရှိဘူး.... ကျွန်တော့်ကို နောက်ပြောင်နေတာလား ယောက္ခမကြီး....

"

သူသည် စီနီယာတုံးဖန်း၏သားဖြစ်သူ တုံးဖန်းရုကျွင်းဖြစ်သည်။

စီနီယာတုံးဖန်းကို သူတို့ဘက်ပါအောင်ဆွဲခေါ်ဖို့အတွက် ဝေဟောင်သည် ၎င်း၏တစ်ဦးတည်းသောသမီးကို တုံးဖန်းရုကျွင်းနှင့် လက်ထပ်ပေးခဲ့သည်။ထို့အပြင် တုံးဖန်းရုကျွင်းကို နောက်အသစ်တက်မည့် တောင်ကြားသခင်ဖြစ်စေရမည်ဟု ကတိပြုခဲ့သည်။

တုံးဝူတောင်ကြားသည် မျိုးရိုးအလိုက် တောင်ကြားသခင်ရွေးချယ်သည့်ဓလေ့မရှိပေ။ တုံးဖန်းရုကျွင်းသည် တုံးဝူတောင်ကြား ၏ တပည့်တစ်ဦးဖြစ်လာပြီး များစွာပါဝင်ကူညီနေသရွေ့ တောင်ကြားသခင်ဖြစ်လာရန်မှာ ခက်ခဲမည်မဟုတ်ပေ။ ထို့အပြင် သူ့တွင် ရွှေခန္ဓာနယ်ပယ်ဖခင်က ကျောထောက်နောက်ခံပေးထားသည်။

ဝေဟောင်က ....."ရုကျွင်း... ငါ မင်းကို ဘာလို့နောက်ပြောင်ရမှာလဲ.....မင်းရဲ့ စီနီယာ ဦးလေးတွေအားလုံး သေသွားပြီဆိုတာနဲ့တင် သက်သေပြဖို့ မလုံလောက်ဘူးလား.... တုံးဝူတောင်ကြားနဲ့ ကြယ်စင်စုဝေးခြင်းမျှော်စင် က မင်းအဖေကို လုပ်ကြံတယ်လို့ မင်းထင်လား.... သေချာသတိကပ်စမ်း.... ငါကလွဲရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်မှမကျန်တော့ဘူး....”

"ဒါ့အပြင်၊ ရွှေခန္ဓာနယ်ပယ်တစ်ယောက်ကို ရန်စဖို့ ငါတို့မှယ ဘယ်လို အင်အားရှိနိုင်မှာလဲ....."

တုံးဖန်းရုကျွင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေရသည်။ ဝေဟောင်က သူ့ကို လှည့်စားမှာမဟုတ်မှန်းသိပေမယ့် အဖြစ်မှန်ကိုလက်မခံနိုင်သေးပေ။

သူ့စိတ်ထဲတွင်တော့ သူ့အဖေအတွက် မခံမရပ်နိုင်ဖြစ်နေသည်။

ချောင်ဂိုဏ်းမှ ထိပ်တန်း သိုင်းပညာရှင်များအားလုံး တိုက်ပွဲတွင် မည်သို့ သုတ်သင်ခံခဲ့ရသနည်း။

“ဘယ်လိုဖြစ်တာလဲ… နတ်ဆိုးဘုန်းကြီးက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရလဲ....…”

တုံးဖန်းရုကျွင်း တုန်တုန်ယင်ယင်နှင့် ကုလားထိုင်ပေါ် လဲကျသွားသည်။

မကြုံစဖူး အကြောက်တရားက သူ့နှလုံးသားထဲတွင် ပြည့်လျှံနေ၏။

သူတဉီးတည်းသာ ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ ဝေဟောင်လည်း ထိုနည်းတူပင်......

ဝတ်ရုံဖြူအမျိုးသမီးက.... “အဖေ...သမီးတို့ ဘာဆက်လုပ်ရမှာလဲ...”

ဝေဟောင်က ခေါင်းကို မော့ကာ....

“ထွက်သွား၊ ဒီနေရာက ထွက်သွား…” ဟု အသံကျယ်ကျယ်ဖြင့်သာအော်လိုက်တော့သည်။

တုံးဖန်းရုကျွင်းက လက်သီး ဆုပ်ထားပြီး အံကြိတ်ထားသည်။

"မုန်းတီးလိုက်တာ....."

ဝေဟောင်က...."မင်း လက်စားချေချင်တာလား....ဒါဆို မေ့လိုက်တော့... အရင်ဆုံးအသက်ရှင်ဖို့သာကြိုးစား.... အနှစ်ရာပေါင်းများစွာကြာတဲ့အခါ နတ်ဆိုးဘုန်းကြီးသေဆုံးသွားရင် ငါတို့တကျန်းကို လက်စားချေနိုင်ပြီ.... အဲဒီနေ့အထိ မင်းအသက်ရှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”

တုံးဝူတောင်ကြား ထိုနေ့အထိ တည်တံ့နိုင်မည်ဟုလည်း သူလည်းမျှော်လင့်ခဲ့သည်...

"သူက ဘယ်နယ်ပယ်မှာလဲ..... ရွှေခန္ဓာနယ်ပယ်ထက်ပိုမြင့်တဲ့ နယ်ပယ်တစ်ခု ရှိနိုင်ပါ့မလား....”

တုံးဖန်းရုကျွင်း၏စိတ်ထဲတွင် ဒေါသနှင့် မကျေနပ်ချက်များက တမြည့်မြည့်လှိုက်စားနေသည်။

ဝေဟောင်က နှုတ်ဆိတ်နေပြီး သူလည်း စိတ်ရှုပ်နေသည်။

တုံးဖန်းရုကျွင်း မတ်တပ်ထရပ်ပြီး အသက်ပြင်းပြင်းရှူကာ....

"ရှန်းရှန်တုံးထျန်းကိုသွားရမယ်.... ဒီကမ္ဘာကြီးမှာ ရွှေခန္ဓာနယ်ပယ်ကထက် မြင့်မားတဲ့နယ်ပယ် အမှန်တကယ်တည်ရှိနေတယ်ဆို သူတို့တွေက ရှန်းရှန်တုံးထျန်းမှာပဲ ရှိနေလိမ့်မယ်.... သိုင်းပညာကို လေ့ကျင့်ပြီး အနာဂတ်မှာ အဖေ့အတွက် လက်စားချေရမယ်...."

"ယောက္ခမကြီး.... ကျွန်တော်သူ့ကို ယောက္ခမကြီးဆီ အပ်ခဲ့မယ်....."

ထိုစကားနှင့်အတူ တုံးဖန်းရုကျွင်းသည် ဝတ်ရုံဖြူဝတ်အမျိုးသမီး၏ အော်ဟစ်သံကို လျစ်လျူရှု၍ ပြတ်ပြတ်သားသား ထွက်သွားခဲ့ချေပြီ.....

All Chapters