← Chapters

တလောကလုံး တာအိုဘိုးဘေးကိုသိကြတယ်.......

Vol. 6 Ch. 84

တလောကလုံး တာအိုဘိုးဘေးကိုသိကြတယ်.......

Vol. 6 Ch. 84

ချန်းဝူခေတ်၏ ၁၈နှစ်တွင်......

ချန်မင်းဆက်နှင့် မြောက်ပိုင်းဇူမင်းဆက်တို့ လက်နက်ချခဲ့သည်။ ဤအောင်ပွဲနှင့်အတူ ကျန်းမင်းဆက်သည် ကျူးကျော်နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ်တွင်း အရပ်ရပ်မှရန်သူအရာရှိများ၏ဉီးခေါင်းများဆက်သလာကြသည်။

လက်နက်ချခဲ့ကြသော အရာရှိများကို ခေါင်းဖြတ်သတ်ခြင်း သို့မဟုတ် နယ်စပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ပြည်နယ်သုံးခုမှ ဝန်ကြီးချုပ်များမှစ၍ သာမန်ခရိုင်အရာရှိများအထိ မည်သူမျှ သက်ညှာခြင်းမရှိခဲ့ပေ။

ဒီလိုရက်စက်မှုတွေကြောင့် ဘယ်သူမှ မပုန်ကန်ရဲကြတော့ပေ။

မင်းဆက်ရဲ့စစ်အင်အားကို တိုးချဲ့ပြီး အရပ်ဘက်ဝန်ထမ်းတွေ စုဆောင်းဖို့အတွက် ကျန်းဇီယုက ကုန်သည်တွေသာ ကြီးကြီးမားမား ပံ့ပိုးပေးနိုင်လျှင် မြင့်မြတ်သူအဖြစ် ရာထူးတိုးနိုင်တယ်လို့ ကမ္ဘာသိအောင် ကြေညာခဲ့သည်။ထို့ကြောင့် မူလက စစ်ရေးကြောင့်ချို့တဲ့နေသော နိုင်ငံ့ဘဏ္ဍာများ အချိန်တိုအတွင်း တိုးပွားလာသည်။ ထို့အပြင် တခြားမင်းဆက်က ကုန်သည်မိသားစုတွေလည်း လက်နက်ချအညံ့ခံလာကြသည်။

အတွင်း၌ဖြစ်စေ အပြင်၌ဖြစ်စေ မကြုံစဖူးမင်းဆက်တစ်ခု ပေါ်ထွန်းလာတော့မည်ဖြစ်ကာ အနီးနားရှိ မင်းဆက်များ သိမ်းပိုက်ခံရမည်မှာ သေချာပါသည်။

ကျန်းဇီယုသည် ယခင်ကအဖြစ်များကို သင်ခန်းစာယူပြီးနောက် စစ်ပွဲစတင်ရန် အလျင်စလိုခဲ့ပေ။ အဲဒီအစား သူ့နယ်မြေကို အရင်ဆုံး တည်ငြိမ်အောင် ထိန်းဖို့ဆုံးဖြတ်ခဲ့သည်။

ထျန်းဂန်၊နန်းယွမ်နှင့်ဝေ့မင်းဆက်တို့ လက်နက်ချခဲ့သည်။ ထိုမင်းဆက်များ၏ တော်ဝင်မိသားစုများကို ရာထူးမှ လျှော့ချခဲ့သော်လည်းမကျေမနပ်မဖြစ်ရဲကြပေ။ လက်နက်မချရင် အနှေးနဲ့အမြန်ဆိုသလို အသတ်ခံရလိမ့်မည်ကိုနားလည်ကြသည်။

တာအိုဘိုးဘေး၏ ဂုဏ်သတင်းနှင့်အတူ၊ တကျန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော ကာလတစ်ခုသို့ ပြောင်းလဲခဲ့သည်။

ညချမ်းချိန်ခါတွင်........

ကျန်းချန်ရှန်းက သစ်ပင်တစ်ပင်ပေါ်တွင် ထိုင်ကာ တောက်ပနေသော မြို့တော်ကို ကြည့်နေသည်။ နှစ်ဝက်ကြာပြီးနောက် မြို့တော်သည် အလွန်ချမ်းသာကြွယ်ဝလာပြီး တစ်ညလုံး အမြဲလင်းထိန်နေတာကြောင့် နေမဝင် မြို့တစ်မြို့လို ခံစားနေရသည်။

သူသည် ယခင်ဘဝက ထန်မင်းဆက်ရှိ ရှေးဟောင်းမြို့တစ်မြို့သို့ ရောက်သွားသလို ခံစားခဲ့ရသည်။

စစ်တပ်အင်အားနှင့် နယ်မြေအရ၊ တကျန်း သည် မဟာထန်မင်းဆက်ထက် သာလွန်သည်။ သို့သော်လည်း ဤကမ္ဘာသည် သိုင်းလောကနှင့်သက်ဆိုင်သောကမ္ဘာဖြစ်ပြီးယခင်ကမ္ဘာပေါ်က ခွန်အားကန့်သတ်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။

ကျန်းချန်ရှန်းက စိတ်ခံစားချက်နဲ့ သက်ပြင်းချလိုက်ပြီး အတော်လေးကို ကျေနပ်နေမိသည်။

သူသည် နန်းတွင်းရေးရာများ၌ပါဝင်ပတ်သတ်ခြင်းမရှိသော်လည်း မင်းဆက်အတွက် တကယ်ပင်ကျေနပ်နေပါသည်။

ဒီအတိုင်းသာဆို နောက်အနှစ်နှစ်ဆယ်လောက်ထိ အေးချမ်းနေပေလိမ့်မည်။

ခဏလောက်ကြည့်ပြီးနောက် ကျန်းချန်ရှန်း သစ်ပင်အောက်မှာ ထိုင်ပြီးဆက်လက်ကျင့်ကြံနေခဲ့သည်။

.........................

ဝေါ.....ဝေါ....ဝေါ....

ကြီးမားသောရေတံခွန်အောက်တွင်၊ ရေကန်တစ်ခုလုံး မြူခိုးများဖုံးလွှမ်းနေသဖြင့် ဤနေရာသည် လောကနိဗ္ဗာန်တစ်ခုလိုဖြစ်နေသည်။ ကျောက်တုံးကြီးပေါ်တွင် လှဲလျောင်းနေသော လူတစ်ယောက်က ရေဖိအား၏သက်ရောက်မှုကို တောင့်ခံနေပြီး သူ့တစ်ကိုယ်လုံးမှာ စူးရှသော သွေးချီများဖြင့် ဝိုင်းရံထားသည်။

ထိုလူငယ်ကိုအနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ရုပ်ရည်သည် ကျန်းရှုနှင့် အတိအကျတူသည်။ သို့သော် မျက်ခုံးနှစ်ခုကြားရှိ မွေးရာပါအမှတ်အသားမှာ သွေးနီရောင်ဖြစ်နေသောကြောင့် သူ့ကို ရန်လိုပုံပေါက်စေသည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက နေပူစာလှုုံာ ရေကန်ဘေးရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေသည်။ထိုစဉ် လူတစ်ယောက်က သူ့အနားသို့လင်းယုန်ငှက်တစ်ကောင်သဖွယ ဆင်းသက်လာသည်။ ဤလူသည် ခါးတွင်သံမဏိကြာပွတ်ကိုချိတ်ဆွဲထားပြီး အမွေးပွဝတ်စုံခပ်ပွပွကိုဝတ်ဆင်ထားသည်။

“ပဏ္ဍိတ... မင်းရဲ့ တပည့်ကို ဘာလို့ ဒီမှာ စောင့်နေတာလဲ။....ငါတို့ သူ့ကို လုယူသွားမှာစိုးရိမ်လို့လား...."

သမုဒ္ဒရာလေးစင်းပဏ္ဍတိက မျက်လုံး တစ်ဖက်ကို ဖွင့်၍ ထိုသူကို ကြည့်လိုက်ကာ....

"စီနီယာအစ်ကိုဟန်ဖုန်း ....မင်း ဒီမှာ ဘာလုပ်နေတာလဲ...."

ဟန်ဖုန်းဆိုသူက ပြုံးလိုက်ပြီး....

"အပြင်လောကမှာ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်... မင်းက တကျန်းက ပြန်လာတာဆိုတော့ မေးကြည့်မလို့....."

ဒါကိုကြားတော့ သမုဒ္ဒရာလေးစင်း ထထိုင်လိုက်ပြီး သူ့နားရွက်ကို လက်တစ်ချောင်းနဲ့ကလော်လိုက်ကာ.... “ဘာကိစ္စရှိလို့လဲ” ဟု စိတ်မရှည်စွာ မေးလိုက်သည်။

“ တုံးဝူတောင်ကြားနဲ့ ကြယ်စင်စုဝေးခြင်းမျှော်စင်တို့က တကျန်းကို ဝိုင်းထားဖို့ မင်းဆက်ကိုးဆက်ကို ဦးဆောင်ခဲ့တယ်... တုံးဝူတောင်ကြားက ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကိုတောင် ဖိတ်ကြားခဲ့တယ်...ဒါပေမယ့် သူတို့ လုံးဝရှုံးနိမ့်သွားခဲ့တယ်.... ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူဆို အလောင်းမကျန်ဘဲ စစ်မြေပြင်မှာ သေဆုံးခဲ့တယ်.... ဒါတွေအားလုံးက တာအိုဘိုးဘေးလို့ခေါ်တဲ့ တကျန်းရဲ့ဆရာတော်ချန်ရှန်း တစ်ယောက်တည်းကြောင့်လို့ပြောနေကြတယ်....”

ဟန်ဖုန်းက ရယ်မောနေသော်လည်း ပဏ္ဍတိ၏အမူအရာ သိသိသာသာပြောင်းလဲသွားသည်။

နတ်ဆိုးဘုန်းတော်ကြီးက အရင်ကလိုကြောက်စရာကောင်းနေတုန်းပဲလား.....ရွှေခန္ဓာနယ်ပယ်ကိုတောင် သတ်ဖြတ်နိုင်နေပြီပဲ....

ဟန်ုဖုန်းက သက်ပြင်းချလိုက်ပြီး.... “ရွှေခန္ဓာနယ်ပယ်တွေက အလွန်အစွမ်းထက်တယ်.. သူတို့သေရင်တောင် ရွှေအရိုးတွေ မပျက်စီးဘဲကျန်ခဲ့မှာ...ဒါပေမယ့် ရွှေခန္ဓာနယ်််ပယ်ကျွမ်းကျင်သူကို တကျန်းရဲ့တာအိုဘိုးဘေးက ထက်ပိုင်းပိုင်းခဲ့တယ်ဆိုပဲ....အခုတလော တပည့်တွေအားလုံးဒီအကြောင်းပဲ ဆွေးနွေးနေကြတဲ့အပြင် အရင်မျိုးဆက်က သက်ကြီးရွယ်အိုတွေတောင် သိချင်နေကြတယ်....”

“ဒီတိုက်ပွဲအပြီးမှာ သူတကယ်နာမည်ကြီးလာတယ်..... တကျန်းက ဒီတိုက်ကြီးရဲ့

တောင်ဘက်မှာရှိနေတဲ့မထင်မရှားနယ်မြေလေးပါ.... တကျန်းမှာ နဂါးသွေးကြောတွေ

ရှိနေပေမယ့် ရှန်းရှန်တုံးထျန်းနဲ့အတော်ဝေးကွာတယ်....ဒါတောင် သူ့ဂုဏ်သတင်းက ဒီနေရာအထိ ပျံ့နှံ့နေပြီဆိုတော့ တကယ်ကို အထင်ကြီးစရာပဲ.....”

ပဏ္ဍိတာက.... “ဟုတ်တယ်လေ....ရွှေခန္ဓာနယ်ပယ်တစ်ယောက်ကို သတ်နိုင်ရင် မင်းနာမည်က ကမ္ဘာကြီးကို လှုပ်ခတ်စေမှာ မဟုတ်ဘူးလား...."

ဟန်ဖုန်းက သက်ပြင်းချလိုက်ပြီး.... “ ရွှေ ခန္ဓာနယ်ပယ်ဆိုတာလွယ်လွယ်ကူကူတက်လှမ်းနိုင်တဲ့နယ်ပယ်မှမဟုတ်တာ.... စကားမစပ်၊ မင်း တကျန်းရဲ့တာအိုဘိုးဘေးကို မြင်ဖူးလား....."

“ သူ့နဲ့ အရင်က တွေ့ဖူးတဲ့အပြင် တိုက်ခိုက်ခဲ့ဖူးတယ်....."

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ဟန်ပါပါဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။

"မင်းရဲ့ခွန်အားက အရမ်းအားနည်းနေတယ်....မင်းဘယ်လိုအသက်ရှင်ခဲ့တာလဲ...."

“မင်း နားမလည်ပါဘူးကွာ.... ဒါက ငါ့ရဲ့ ပင်ကိုယ်စရိုက်ပဲလေ....သိုင်းပညာပိုင်းဆိုင်ရာ အားနည်းနေပေမယ့် ငါ့ရဲ့တည်ကြည်လေးနက်မှုက တကျန်းရဲ့ တာအို ဘိုးဘေးကို ယုံကြည်စေခဲ့တယ်...ဒါ့ကြောင့် အတူ သောက်ဖို့တောင်ဖိတ်ခဲ့သေးတယ်....”

"တကယ်လား?"

"တကယ်ပေါ့!"

"မြန်မြန်ပြော၊ တာအိုဘိုးဘေးက ဘယ်လိုလူလဲ...."

"မင်းမှာ ဝိုင်ရှိလား"

"ကြိုသိနေလို့ တပါတည်းယူလာခဲ့တယ်..."

“ဟားးးဟားးးးး”

.............................

နွေဦးရာသီကုန်ဆုံးချိန်တွင် မြို့တော်သည် ပို၍ပို၍ ကြီးပွားလာခဲ့သည်။ တိုင်းတစ်ပါးမှ သိုင်းသမားများ ပေါ်လာပြီး ပြည်တွင်း၌ သိုင်းပညာရှင် အရေအတွက်လည်း တိုးများလာသည်။ ဤအကြောင်းများကြောင့် ဧကရာဇ်က မြို့တော်ကို တိုးချဲ့ရန် အမိန့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံသားတွေကလည်း ကန့်ကွက်တာမျိုး မရှိခဲ့ပေ။အရင်ဧကရာဇ်ကျန်းယွမ ဖောက်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက မြို့တော်ကို ချဲ့ထွင်ခြင်းမှာ ဘာမှမဟုတ်ပေ။

တစ်နေ့သ၌.....

ကျန်းချန်ရှန်း၏ မျက်လုံးရှေ့တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာခဲ့သည်။

[ ချန်းဝူခေါတ်၏ ၁၈နှစ်မြောက်နှစ်တွင် လီတိုင်ချွန် အောင်မြင်စွာ လူပြန်ဝင်စားပြီး မြောက်ပိုင်းဇူမင်းဆက်တွင် မွေးဖွားခဲ့သည်....]

လီတိုင်ချွန်သည် လီကုန်းကုန်း ဖြစ်သည်။

ကျန်းချန်ရှန်းသည် သူနှင့်ရင်းနှီးသောလူများအားလုံးတွင် လူဝင်စားခြင်းအမှတ်အသားကို ချန်ထားခဲ့သည်။ သူသည် ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ရှာမတွေ့သော်လည်း၊ အနည်းဆုံးတော့ ပို၍ပျော်စရာကောင်းပြီး သူတို့ မည်သို့ဖြစ်လာသည်ကို ကြည့်နိုင်သည်။

မန်ချွဲ့ဆောင်သည် သူမသေဆုံးပြီးနောက် ဒုတိယနှစ်တွင် လူပြန်ဝင်စားခဲ့သော်လည်း လီကုန်းကုန်းကတော့ နှစ်အနည်းငယ်အကြာတွင်သာ လူဝင်စားဖြစ်ခဲ့သည်။ ဧကရီသည် လူဝင်စားခြင်းမရှိသေးသောကြောင့် လူဝင်စားခြင်းကိစ္စသည် အမှန်တကယ်ပင် မှန်းဆ၍မရပေ။

တစ်ချိန်တည်းမှာပင်.......

မြို့တော်အတွင်းရှိ ခြံဝင်းတစ်ခုတွင် ယုယန်ရိက တစ်စုံတစ်ယောက်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။ တဖက်လူက သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်ရှိပုံရကာ ခရမ်းရောင်အဝတ်အစားကို ၀တ်ဆင်ထားသည်။

ယုယန်ရိက မချိတင်ကဲပြုံးကာ.... "ဒါဆို တိုက်ပွဲပြီးကတည်းက သူနာမည်ကြီးလာတာပေါ့.."

ခရမ်းရောင်၀တ်စုံဝတ်အမျိုးသမီးက သက်ပြင်းချလိုက်ပြီး ....“သူက အသေခံ စစ်သား လေးသန်းကျော်ကို သတ်ခဲ့ပြီး ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို သတ်ခဲ့တယ်.....ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ဂုဏ်သတင်းကျော်ဇောနေတာပေါ့.... ထိပ်တန်းချောင်ဂိုဏ်းသုံးဂိုဏ်းတောင်မှ သူ့အကြောင်း အချက်အလက်ကို စုံစမ်းနေကြပြီ.....”

ယုယန်ရိ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ကံကောင်းထောက်မစွာ၊ သူမသည် ကျန်းချန်ရှန်းနှင့် တွေ့ဆုံစဉ်က ရိုင်းစိုင်းခြင်းမရှိခဲ့ပေ။ မဟုတ်ပါက၊ ဖူယွဲ့ မိသားစုသည်လည်း တုံးဝူတောင်ကြားနှင့် ကြယ်စင်စုဝေးခြင်းမျှော်စင် ၏ခြေရာအတိုင်း လိုက်နေရမည်။

“နတ်ဘုရားဓားသွားက ကြယ်စင်စုဝေးခြင်းမျှော်စင်ရဲ့ တပည့်တွေကို သတ်ပစ်နေပြီ....အခုဂိုဏ်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကပ်လျက်နေတာကြောင့် နတ်ဘုရားဓားသွားက အခုလို အခွင့်အရေးကောင်းကို လက်လွတ်မခံမှာမဟုတ်ဘူး....နတ်ဘုရားဓားသွားမရှိရင်တောင် ကြယ်စင်စုဝေးခြင်းမျှော်စင်က လာမယ့်နှစ်ပေါင်း နှစ်ရာအတွင်းသူ့တို့ရဲ့ခွန်အားကို ပြန်လည်ရရှိဖို့ ခက်ခဲလိမ့်မယ်.....”

ယုယန်ရိက... "နတ်ဘုရားဓားသွားက ဆယ့်သုံးခရိုင်ကို ပစ်မှတ်ထားမှာလား?"

ခရမ်းရောင်ဝတ် အမျိုးသမီးက ခေါင်းယမ်းကာ ရယ်လိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ငြိမ်းချမ်းရေးအတွက် တကျန်းကို ဂုဏ်ပြုဖို့ မင်းဆက်တွေကို စုဆောင်းရမယ်.... တာအိုဘိုးဘေး အသက်ရှင်နေသရွေ့ တကျန်းကို ဘယ်သူထိဝံ့မှာလဲ.... နောက်ပြီး သူ့အသက် ဘယ်လောက်ရှိပြီလဲ ဘယ်သူမှ မသိဘူး”

ယုယန်ရိသည် ကျန်းချန်ရှန်း ၏အသွင်အပြင်ကို မှတ်မိသော်လည်း အသက်အရွယ်ကို မခန့်မှန်းနိုင်ပေ။ သို့သော်လည်း ကျန်းချန်ရှန်း အသက်မငယ်တော့မှန်းတော့ သူမ သိသည်။ ရှေးယခင်ကနှင့်လူအိုကြီးများနှင့် ယှဉ်လျှင် ကြည့်ကောင်းသည်ကိုတော့မငြင်းနိုင်ပေ။

“မိသားစုအကြီးအကဲက လုံချီဘုရားကျောင်း နဲ့ မိတ်ဖွဲ့ဖို့ နည်းလမ်း စဉ်းစားဖို့ ပြောခိုင်းလိုက်တယ်... လုံချီဘုရားကျောင်းက ချောင်ဂိုဏ်းတစ်ခုဖြစ်လာနိုင်တယ်...ဒါ့ကြောင့် လက်ဆောင်ပေးဖို့လဲမှာလိုက်တယ်..... "

ခရမ်းရောင်ဝတ်အမျိုးသမီးက သစ်သားသေတ္တာကို ထုတ်ပေးလိုက်သည်။ ယုယန်ရိ ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲကအရာကို မြင်လိုက်ရတော့ အံ့ဩသွားပြီး သူမရဲ့ အမူအရာ ရှုပ်ထွေးသွားသည်။

.....................

မတ်လတွင်......

သိုင်းပညာစာမေးပွဲကို ထပ်မံကျင်းပခဲ့သည်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အရင်နှစ်တွေနဲ့ မတူတော့ပေ။ ချန်မင်းဆက်၊ မြောက်ပိုင်းဇူမင်းဆက်နှင့် နန်ယွမ်မင်းဆက်တို့မှ သိုင်းပညာရှင်ပါ ပါဝင်လာသောကြောင့် လူဉီးရေပိုများလာသည်။ ရလဒ်အနေဖြင့် သိုင်းပညာရှိများနေထိုင်ရန် မြို့တော်အပြင်ဘက်တွင် တည်းခိုခန်းအများအပြားကို ယာယီဖွင့်လှစ်ပေးခဲ့ရသည်။

လုံချီ ဘုရားကျောင်းတွင်.....

ဝမ်လီက လတ်တလောတွင် လုံချီဘုရားကျောင်း၏ အခြေအနေကို ကျန်းချန်ရှန်းဆီ သတင်းပို့နေသည်။

လုံချီ ဘုရားကျောင်းကို သန့်ရှင်းသောမြေအဖြစ် ကြေငြာထားသောကြောင့် မှူးမတ်အများအပြားက ၎င်းတို့၏တပည့်များကို တောင်ပေါ်သို့ စေလွှတ်လိုကြသည်။

ကျန်းချန်ရှန်းက.... “လုံချီ ဘုရားကျောင်းက အရမ်းကြီးတယ်ဆိုပေမယ့် တပည့်တွေအများကြီး လက်ခံဖို့ မလိုဘူး.... မှူးမတ်တွေကို စော်ကားသလိုဖြစ်မှာလဲ စိုးရိမ်စရာ မလိုဘူး.... အခုချိန်မှာ လုံချီ ဘုရားကျောင်းက မြို့တော်မှာ အမွန်မြတ်ဆုံးနယ်မြေဖြစ်နေပြီ...."

ဝမ်လီက ခေါင်းညိတ်ပြပြီး ဒါက အဓိပ္ပါယ်ရှိကြောင်း ခံစားလိုက်ရသည်။ သူက ခဏလောက်စဉ်းစားပြီး.... “ဒါဆို အရေအတွက်ကို တစ်ထောင်ပဲ ကန့်သတ်မယ်.... နောက်ဆို ဘုရားကျောင်းက တပည့်တွေ မိဘမဲ့ကလေးတွေကိုခေါ်လာဖို့ ခရီးထွက်စရာမလိုတော့ဘူး....."

ကျန်းချန်ရှန်းက ခေါင်းညိတ်သဘောတူလိုက်သည်။

ထို့နောက် ဝမ်လီက မထွက်ခွာမီ နောက်ထပ် ညွှန်ကြားချက်များ တောင်းခံခဲ့သည်။

ကျန်းချန်ရှန်း သက်ပြင်းချလိုက်မိသည်။ ဒီအချိန်မျိုးဆို စီနီယာအစ်မကိုတကယ်သတိရနေမိသည်။ အကယ်၍ မန်ချွဲ့ဆောင်သာ ဤနေရာတွင် ရှိနေပါက၊ ဝမ်လီ သူ့ကို အရာအားလုံး မေးနေစရာ မလိုပေ။

ပိုင်ချီက.... "တပည့်တွေအများကြီးရှိတာ မကောင်းဘူးလား...."

“ဆူညံလွန်းတယ်.....”

ထိုအချိန်တွင် ဟွမ်းချွမ်က ချောင်ဂိုဏ်းတစ်ခု၏ တပည့်ဖြစ်သူ ယုယန်ရိ အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးက လက်ဆောင်ပစ္စည်းများ ပေးဆောင်ရန် ရောက်ရှိလာကြောင်း သတင်းပို့ခဲ့သည်။

ကျန်းချန်ရှန်းက ယုယန်ရိကိုတွေ့ဆုံဖို့ ချက်ချင်း သဘောတူလိုက်သည်။

မကြာမီ ယုရန်ယီ ခြံဝင်းထဲသို့ ဝင်လာပြီး ကျန်းချန်ရှန်းသို့ရောက်သည်နှင့် ရိုသေစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် သစ်သားသေတ္တာတစ်ခုကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

“စီနီယာ၊ ဒါက မိသားစုအကြီးအကဲကပေးတဲ့ နှစ် ၃၀၀၀ သက်တမ်းရှိတဲ့ မီးလျှံဂျင်ဆင်းပါ....ဒါက ပြင်းထန်တဲ့ယန်ဓာတ်ကျင့်စဉ်ကို ကျင့်ကြံတဲ့ပညာရှင်တွေအတွက်အထူးသင့်လျော်ပြီး နှစ်ပေါင်း၁၀၀ လေ့ကျင့်ထားသလို ခွန်အားတိုးမြင့်စေနိုင်တယ်...."

ပိုင်ချီ၏ မျက်လုံးများ ပြူးကျယ်လာကာ သွားရေတမြားမြားကျနေလေ၏။

ကျန်းချန်ရှန်းက မီးလျှံဂျင်ဆင်းတွင်ပါဝင်နေသော ကြွယ်ဝပြီး လောင်မြိုက်သော ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သည်။ တကယ်တော့ ဒါဟာ သာမန်ပစ္စည်းတစ်ခုမဟုတ်ခဲ့ပေ။ ဤကဲ့သို့သော ရတနာမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

“ငါ့ကိုယ်စား မင်းရဲ့ မိသားစုအကြီးအကဲကို ကျေးဇူးတင်ဇူးတင်ကြောင်းပြောပေးပါ.... ဒါပေမယ့် ဒါကိုအလကားသက်သက်ပေးတာတော့မဖြစ်နိုင်ဘူး..."

ယုယန်ရိက ပြုံးလိုက်ပြီး “ဖူယွဲ့မိသားစုက တာအိုဘိုးဘေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ချင်လို့ပေးတဲ့လက်ဆောင်ပါ...."

ချောင်ဂိုဏ်းများပင်လျှင် ထိုကဲ့သို့သော ရတနာတစ်ခုအတွက် တိုက်ပွဲဝင်ကြလိမ့်မည်။ ဖခင်ဖြစ်သူက သူမကို လက်ဆောင်အဖြစ်ပေးဖို့ ဒီရတနာကို ပေးတဲ့အခါ အလွန်တုန်လှုပ်ခဲ့ရသည်။

ကျန်းချန်ရှန်းက ထိုသေတ္တာကို လက်ခံပြီး ပြုံးပြုံးရွှင်ရွှင်နဲ့....

"စေတနာကောင်းနဲ့ပေးတာဆိုတော့မငြင်းတော့ဘူး.... ဖူယွဲ့ မိသားစုက တကျန်းကို သိမ်းပိုက်ဖို့ တွန်းအားပေးမှာကိုပဲစိုးရိမ်မိတယ်....”

ဒါကိုကြားတော့ ယုယန်ရိက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး.... "ဘယ်လိုဖြစ်နိုင်မှာလဲ... ကမ္ဘာပေါ်ကလူတိုင်း တာအိုဘိုးဘေးကို သိကြတယ်.... နဂါးသွေးကြောက စီနီယာရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာမို့ ဖူယွဲ့ မိသားစု အတင့်မရဲဝံ့ပါဘူး.....”

ကျန်းချန်ရှန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား စကားစမြည်ပြောနေကြသော်လည်း ယုယန်ရိက သူ့ကို အကြာကြီး မနှောင့်ယှက်ဝံ့ဘဲ အမြန်ပြန်သွားခဲ့သည်။

ကျန်းချန်ရှန်းသည် လေးနက်သော အတွေးများဖြင့်ကျန်ရစ်ခဲ့သည်။

ပိုင်ချီက မီးလျှံဂျင်ဆင်းကို စိုက်ကြည့်ရင်း.....

“ဆရာတော်... ဒီလိုမျိုး ရတနာတစ်ပါးကို မြနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို ပေးမယ်ဆိုသူတို့ရဲ့ စစ်မှန်တဲ့ချီတွေ သဟဇာတဖြစ်သရွေ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်ဖို့ ခက်ခဲမှာ မဟုတ်ဘူး...."

ဒါကိုကြားတော့ ကျန်းချန်ရှန်းက ဂျင်ဆင်းကို သူ့ရဲ့ မဟာဝိဉာဉ်လက်စွပ်ထဲကို ထည့်လိုက်သည်။ ပိုင်ချီကတော့ ဝတ်ရုံထဲ ဝှက်ထားသည်ဟုသာ တွေးထားတာကြောင့် အံ့သြမနေခဲ့ပေ။

ကျန်းချန်ရှန်းသည် မီးလျှံဂျင်ဆင်းကို ကိုယ်တိုင်အတွက်အသုံးပြုမည်မဟုတ်ပေ။မည်သို့ပင်ဆိုစေ လုံချီဘုရားကျောင်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်ရှိနေသင့်သည်။

လုံချီဘုရားကျောင်းက သိုင်းလောက၏အထွတ်အမြတ်နယ်မြေဖြစ်သောကြောင့် ၎င်း၏ဂုဏ်သတင်းကို ပံ့ပိုးရန် သူ့တစ်ယောက်တည်းကို အားကိုးနေလို့မဖြစ်ပေ။

All Chapters