ရွှေခန္ဓာနယ်ပယ်အထက်မှာ နယ်ပယ်တွေရှိသေးသလား......
Vol. 6 Ch. 85
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်နှစ်ဝက်ကုန်ဆုံးခဲ့ပြန်သည်။
အောက်တိုဘာလတွင်........
တုန်လှုပ်ချောက်ချားဖွယ် အဆုံးအဖြတ်တိုက်ပွဲကြီးပြီးဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ တကျန်းသည် ၎င်း၏နယ်မြေများကို စုစည်းနေဆဲပင်... ကျန်းရှုသည်ပင် လုံချီ ဘုရားကျောင်းသို့ လအတော်ကြာ ရောက်မလာနိုင်ဘဲ ဧကရာဇ်၏ အုပ်ချူပ်ရေးကိစ္စများကို ကူညီဆောင်ရွက်ပေးရန် အလုပ်များနေပါသည်။
ယခုအချိန်တွင်၊ တကျန်း၏နယ်မြေများ နှစ်ဆတိုးလာပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းအရေအတွက်က ယခင်ကထက် ကျော်လွန်သွားခဲ့သည်။ ကျန်းဇီယုခင်မျာ နေ့တိုင်း ညပိုင်းအထိ အလုပ်များနေသဖြင့် ဟွာဂျန်ရှင်းက ကျန်းချန်ရှန်းဆီကနေ ဆေးလုံးများတောင်းခံခဲ့သည်။
ကျန်းချန်ရှန်းသည် နှစ်ပေါင်း 3,000 သက်တမ်းရှိ မီးလျှံဂျင်ဆင်းကို ဆေးဖက်ဝင်ဆေးပးလုံးအဖြစ် သန့်စင်ခဲ့သည်။ ဆေးလုံးအဖြစ်ဖော်စပ်လိုက်ခြင်းက ဆေးအာနိသင်နှင့် ထိရောက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။
သူက ဟွမ်းချွမ် ကိုခေါ်ပြီး ထိုဆေးလုံးကို ပေးလိုက်သည်။
သူမှလွဲ၍ လုံချီ ဘုရားကျောင်း ၏အခြားတပည့်များအနေဖြင့် ဤဆေးကိုသုံးရန် အရည်အချင်းမရှိကြပေ။ လင်းရှောင်ကလည်း ဓားသမားဖြစ်သောကြောင့်မသောက်သုံးနိုင်ပေ။လင်းရှောင်၏ ခွန်အားသည် နတ်ဘုရားနယ်ပယ်သို့ ခြေလှမ်းစရုံမျှသာ ဖြစ်ပြီး၊ သူသည် ဟွမ်းချွမ်ထက် အဆပေါင်းများစွာ အားနည်းနေသေးသည်။
ဟွမ်းချွမ်က ဤဆေး၏ အကျိုးသက်ရောက်မှုကို သိရှိသောအခါတွင် အလွန်စိတ်လှုပ်ရှားသွားပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်ကြောင်း ချက်ချင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အလွန်မနာလိုဖြစ်နေသည့် ပိုင်ချီ၏ အကြည့်ကြောင့် ဟွမ်းချွမ် စိတ်မသက်မသာဖြစ်ခဲ့ရသေးသည်။
ဒါကိုမြင်တော့ ဟွမ်းချွမ် မနေရဲတော့ဘဲ အမြန်ပြေးထွက်သွားခဲ့သည်။
ထိုဆေးလုံးသောက်သုံးပြီး လအနည်းငယ်ကြာသောအခါ သူသည် လုံချီ ဘုရားကျောင်း၏ ပထမဆုံးသော အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်နိုင်ဖွယ်ရှိသည်။ ပင်းအန်းကို ထည့်သွင်းရေတွက်လို့မရပေဖယ အဘယ်ကြောင့်ဆိုသော် သူသည် တော်ဝင်အာဏာစက်၏အကူအညီဖြင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ပင်းအန်းသည် တကျန်း၏ နံပါတ်တစ် ဗိုလ်ချုပ်ဖြစ်ပြီး လုံချီ ဘုရားကျောင်း၏ တပည့်အဖြစ် မသတ်မှတ်ထားပေ။
ကျန်းချန်ရှန်း အပျင်းပြေ အမွှေးတိုင်အရေအတွက် စစ်ဆေးကြည့်လိုက်တော့.....
[လက်ရှိ အမွှေးတိုင်အရေအတွက်... ၄၉၀,၇၄၃]
အမှတ် 490,000 ကျော်.....
ဒါဟာ ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းဖြစ်ပြီး ကမ္ဘာပေါ်မှာ သူ့အတွက် အမွှေးတိုင်ထွန်းညှိပူဇော်ပေးမည့် လူပေါင်း 490,000 ရှိသည်ဟုဆိုလိုခြင်းပင်.....
နည်းပညာတိုးတက်မှုမရှိသော ဤကမ္ဘာကြီးတွင် သတင်းအချက်အလက် ပေးပို့မှုများ အလွန်နှေးကွေးသည်။ ယုံကြည်ခြင်းများစွာကို ရရှိနိုင်စေရန်၊ တကျန်းရှိ လက်ရှိအခြေအနေနှင့်သာ လုံလောက်ပါသည်။
ကျန်းချန်ရှန်းက သူ့ကို ယုံကြည်သူများတွင် သာမာန်ပြည်သူများအပြင်အခြားသောအဆင့်တန်းရှိသူများပါပါဝင်နေမည်ဟု တွေးနေမိသည်။ မြို့တော်ရှိ မင်းမျိုးမင်းနွယ် မိသားစု အများအပြားမှာလည်း သူ့ပုံတူရုပ်ထုများ ရှိကြသည်။
သူသည် နောင်နှစ်ပေါင်းရာနှင့်ချီကြာသောအခါ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်လာမည်လား.....
ထိုအတွေးကြောင့် ကျန်းချန်ရှန်း အနာဂတ်ကို စောင့်မျှော်နေမိတော့သည်။
အမွှေးတိုင်များထွန်းညှိပူဇော်ပေးခြင်းသည် သူ့အား အောင်မြင်မှုကို ခံစားရစေရုံသာမက လုံခြုံမှုကိုလည်း ပေးစွမ်းနေသည်။
အတိဒုက္ခကို ကျော်လွှားဖို့ အမွှေးတိုင်အရေအတွက်ကိုအသုံးပြရမည်။
ကျန်းချန်ရှန်းသည် ရန်သူ၏လက်တွင်ရော ကောင်းကင်အတိဒုက္ခအောက်တွင်ပါ မသေလိုပေ။
မကြာသေးမီက ဧကရာဇ်သည် အခြားမင်းဆက်များ၏ ဂုဏ်ပြုလက်ဆောင်များ အပါအဝင် ဆေးဖက်ဝင်ပစ္စည်းများကို ပေးပို့ခဲ့ပြီး ဆေးအများအပြားကို သန့်စင်နိုင်သည့်အတွင် ကျင့်ကြံရေးတွင် အချိန်များစွာ သက်သာစေခဲ့သည်။
ထို့ကြောင့် အဆင့်တက်ဖို့ နီးကပ်လာချေပြီ...
ကျန်းချန်ရှန်း၏စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး ကမ္ဘာကြီးကို ဂရုမစိုက်ဘဲ ကျင့်ကြံဖို့သာ ဆုံးဖြတ်ခဲ့သည်။
......................................
ကမ်းခြေနှင့် တောအုပ်ကြားတွင် တည်းခိုခန်းတစ်ခုရှိပြီး အတွင်းတွင် စားပွဲငါးလုံးရှိကာ နှစ်ခုမှာ တံငါသည်များ နေရာယူထားသည်။ အခြားစားပွဲတစ်ခုတွင် သိုင်းပညာရှင် နှစ်ဦး အရက်ထိုင် သောက်နေကြသည်။
၎င်းတို့မှာ မန်ချွဲ့ဟေးနှင့် မဟာယာနနဂါးမျှော်စင် အကြီးအကဲ ရှောင်ပုကူတို့ဖြစ်သည်။
မန်ချွဲ့ဟေးက အရက်ခွက်ကိုချလိုက်ပြီး "မင်းစဉ်းစားပြီးပြီလား" ဟု မေးလိုက်သည်။
အရက်ပုလင်းထဲခေါင်းစိုက်နေသော ရှောင်ပုကူက အရက်သုံးခွက် ဆက်တိုက်ဆင့်သောက်ပြီး.... " ကျုပ်မှာ ရွေးချယ်စရာမှ မရှိတာ ထွေထွေထူးထူးတွေစဉ်းစားနေစရာလိုလို့လား... "
မန်ချွဲ့ဟေး တိတ်ဆိတ်နေခဲ့သည်။
ရှောင်ပုကူက လက်ကို ဝှေ့ယမ်းပြီး အရက်သုံးအိုးထပ်ပေးဖို့ စားပွဲထိုးကို လှမ်းမှာနေသည်။
မန်ချွဲ့ဟေးက သက်ပြင်းချလိုက်ပြီး ...
“တာအိုဘိုးဘေးကို အတော်သက်ကြီးပြီလို့ လူတိုင်းကထင်နေကြပေမယ့် အသက် ခုနစ်ဆယ်တောင် မပြည့်သေးဘူးမှန်း ဘယ်သူမှ မသိကြဘူး..... လက်ရှိရောက်နေတဲ့နယ်ပယ်အရဆို တကျန်းကို နောက်ထပ် အနှစ်တစ်ရာကျော် အုပ်စိုးနိုင်တယ်.... လက်ရှိဧကရာဇ်က ဝတ်ဖြူတော်အစောင့်တပ်သားတွေ တိုးချဲ့နေပြီး မဟာယာနနဂါးမျှော်စင်ကို ပစ်မှတ်ထားနေတယ်လို့လဲ ကြားထားတယ်...မင်း အနေနဲ့ ထွက်သွားသင့်ပေမယ့် ဘာလို့ ပင်လယ်ကူးပြီး သွားမှာလဲ..."
တကျန်း၏တောင်ဘက်ရှိ သမုဒ္ဒရာသည် ကန့်သတ်နယ်မြေဖြစ်သည်။ဒေသခံတံငါသည်မှာပင် ကမ်းရိုးတန်းတဝိုက်မှာသာ ငါးဖမ်းရဲကြပြီး ဝေးဝေးမသွားရဲကြပေ။တကျန်းသာမက ယခင်မင်းဆက်များပင် နက်ရှိုင်းသောပင်လယ်ထဲသို့ စွန့်စားဝံ့ခြင်းမရှိခဲ့ပေ။
ရှောင်ပုကူက “ပင်လယ်ကျော်ဖြတ်ပြီးထွက်မသွားရင် တခြားဘယ်ကိုပြေးရမှာလဲ.... ဒီတိုက်ကြီးမှာ ကျုပ်အတွက် နေရာရှိသေးလို့လား.... အခုအချိန်မှာ မဟာယာနနဂါးမျှော်စင်က လမ်းပေါ်က ကြွက်တစ်ကောင်လိုဖြစ်နေပြီ.... ကျုပ်တို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ချောင် ဂိုဏ်းဝင်တွေကတောင် ကျုပ်လွှတ်လိုက်တဲ့ တပည့်တွေကို သတ်ပစ်နေပြီ.... ”
ယခုချိန်တွင် သူ့အပြုံးက ပို၍ခါးသီးလာသည်။ ယခင်ကလိုယုံကြည်မှုမျိုးလည်းရှိမနေတော့ပေ။
ကျန်းချန်ရှန်းက ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်ကို သတ်ခဲ့ကြောင်း သူသိလိုက်သောအခါ မဟာယာနနဂါးမျှော်စင်ကို ပြန်လည်တည်ဆောက်၍မရသည့်အပြင် သမိုင်းစာအုပ်များတွင်သာ စာမျက်နှာတစ်ခုဖြစ်လာမည်ကို သူသိခဲ့သည်။
ကျန်းချန်ရှန်းသာ ရွှေခန္ဓာနယ်ပယ်မှာ ရှိနေခဲ့ရင် သူ့မှာ မျှော်လင့်ချက်တွေ ရှိကောင်းရှိနေနိုင်သည်။ မဟာယာနနဂါးမျှော်စင်သမိုင်းတွင် ရွှေခန္ဓာနယ်ပယ်ပညာရှင်တစ်ဦးရှိခဲ့သော်လည်း ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ ရှိပြီဖြစ်သည်။
ရွှေခန္ဓာနယ်ပယ်ကိုတောင် အလွယ်တကူသတ်နိုင်ခဲ့ရင် ကျန်းချန်ရှန်း ဘယ်လောက်တောင် အစွမ်းထက်နေမည်နည်း......
အရေးအကြီးဆုံးကတော့ သူသည် မန်ချွဲ့ဟေးဆီမှ နတ်ဆိုးဘုန်းကြီး၏ သက်တမ်းအမှန်ကိုသိခဲ့ရသည်။ နတ်ဆိုးဘုန်းကြီး၏ လေ့ကျင့်ပေးပုံကို သူနားမလည်သော်လည်း ဤဘဝတွင် လက်စားချေရန် မျှော်လင့်ချက်မရှိပေ။သို့ပါသောကြောင့် ဘေးဥပဒ်ကို အရင်ရှောင်ရမည်။ အကယ်၍သာ သူ၏သားစဉ်မြေးဆက်များကြားတွင် ဉာဏ်ရည်ထက်မြက်မှုရှိသော ပါရမီရှင်တစ်ဦး ပေါ်လာပါက ဂိုဏ်းပြန်လည်ထူထောင်ရေးအကြောင်း ဆွေးနွေးနိုင်မည်ဖြစ်သည်။
မန်ချွဲ့ဟေးက “ဒါဆို သွားလိုက်ပါ.....တိုင်းတပါးမှာ ပိုကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခု ရှိကောင်းရှိနိုင်မှာပါ.....”
ရှောင်ပုကူက ခေါင်းညိတ်ပြီး အရက်ဆက်သောက်နေသည်။
တစ်နာရီလောက်ကြာသောအခါ....
ရှောင်ပုကူ မတ်တပ်ထရပ်ပြီး သူ့ခါးက ဓားကို ဆွဲထုတ်လိုက်ကာ တည်းခိုခန်းရှိလူအားလုံးကို သတ်ပြီး ငါးဖမ်းလှေများကို လုယူခဲ့သည်။ ထို့နောက် တည်းခိုခန်းအတွင်းရှိ စားသောက်ဖွယ်ရာများအားလုံးကို လှေများပေါ်သို့ ရွှေ့ပြောင်းခဲ့သည်။ ငါးဖမ်းလှေငါးစီးကို အစားအစာနှင့် ဝိုင်များ ပိုမိုသယ်ဆောင်နိုင်စေရန် အထူးကြိုးဖြင့် ချည်နှောင်ထားသည်။
မန်ချွဲ့ဟေးက သူ့ကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။
ဒါတွေအားလုံးလုပ်ပြီးသောအခါ ရှောင်ပုကူက ငါးဖမ်းလှေပေါ်မှာ ရပ်လိုက်ပြီး သူ့ရဲ့ အစစ်အမှန်ချီကို အသုံးပြုပြီး ရွက်လွင့်လေတော့သည်။
သူကလှေပေါ်က မန်ချွဲ့ဟေးကိုလှမ်းအော်လိုက်သည်က.....
"အဖိုးကြီးမန်... ကျူပ်တို့ ဒီဘဝမှာ ထပ်မတွေ့ရတော့ဘူးထင်တယ်.... နောက်ဘဝတွေရှိခဲ့ရင် ကျုပ်တို့တွေ မိတ်ဆွေမဟုတ်ဘဲ ညီအကိုတွေအဖြစ်ပြန်ဆုံကြမယ်...."
ယခုအချိန်တွင် သူသည် ၎င်း၏ ယခင်ကလို ဂရုမစိုက်သော အသွင်အပြင်ကို ပြန်လည်ရရှိခဲ့သည်။ ဒါကိုမြင်တော့ မန်ချွဲ့ဟေး မရယ်ဘဲမနေနိုင်တော့ပေ။
ရှောင်ပုကူတစ်ယောက် ပင်လယ်ပြင်၏အဆုံးက မြူခိုးများကြားတွင် ပျောက်ကွယ်သွားသည်ဖိ ကြည့်ရှုခဲ့ပြီမှသာ မန်ချွဲ့ဟေး ထိုနေရာမှထွက်လာခဲ့သည်။
သူသည် တည်းခိုခန်းနောက်ကွယ်ရှိ စိမ်းလန်းသော တောင်ကုန်းများကို ကြည့်လိုက်ရင်း ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည် ။
ကမ္ဘာကြီးသည် ကျယ်ပြောလှတယ်.... သူဘယ်ကိုသွားသင့်လဲ.....
သူ့ညီမ မန်ချွဲ့ဆောင် အကြောင်း တွေးလိုက်သောအခါတွင် မျက်ဝန်းများ မှိန်ဖျော့လာသည်။ သူမသည် ကမ္ဘာပေါ်တွင် သူ၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ခဲ့သော်လည်း သူမကို စွန့်လွှတ်ခဲ့သည်။ အရှုံးသမားတစ်ယောက်အဖြစ် ရုတ်တရက် ခံစားလိုက်ရသည်။ တုနှိုင်းမရတဲ့ သိုင်းပညာကို ရရှိခဲ့ရင်တောင် ဘယ်သူ့ကိုကာကွယ်ဖို့အသုံးပြုရမည်နည်း..... အဆုံးတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ချေပြီ....
........................
ကျန်းချန်ရှန်းကတော့ ရန်သူများကို တကျန်းကိုစွန့်ခွာ၍ ထွက်ပြေးနေမှန်း မသိပေ။အကယ်၍ သိခဲ့ရင်တောင် ဂရုစိုက်နေမည်မဟုတ်ပေ။
သန်မာလာမှသာလျှင် သူတို့၏နယ်မြေကို ကာကွယ်နိုင်မည်ဖြစ်သည်။ မဟာယာနနဂါးမျှော်စင်၊ တုံးဝူတောင်ကြားနှင့် ကြယ်စင်စုဝေးခြင်းမျှော်စင်တို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့သည် ရန်သူကိုအနိုင်ယူနိုင်လောက်အောင် မသန်မာကြပေ။
ကျန်းချန်ရှန်းသည် သူ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းခဲ့ရပြီး သူ၏ နယ်ပယ်အမှန်ကို အခြားသူများအား မဖော်ပြနိုင်ခဲ့ပေ။ထိုမှသာ သူ့ကို ရွှေခန္ဓာနယ်ပယ်အဖြစ် မှတ်ယူကြမည်ဖြစ်သည်။အတိမ်အနက်မသိဘဲ တစ်စုံတစ်ယောက် ပြဿနာလာရှာလျှင် ရှင်သန်ခြင်းဆုလာဘ်များရရှိပေလိမ့်မည်။
ထိုနေ့တွင် ကျန်းချန်ရှန်းသည် ချင်ကူ၊ ဟွမ်းချွမ်၊လင်းရှောင်၊ဝမ်လီနှင့် အခြားသော တပည့်ဟောင်းများကို ခေါ်ပြီး သိုင်းပညာနယ်ပယ်အကြောင်းရှင်းပြခဲ့သည်။
"ပထမအဆင့်ရဲ့အထက်မှာ အစစ်အမှန်ချီနယ်ပယ်ရှိတယ်... စစ်မှန်တဲ့ ချီဓာတ်ကိုခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်ရင် အစစ်အမှန်ချီနယ်ပယ်ရောက်ပြီ....."
"အစစ်အမှန်ချီနယ်ပယ်ရဲ့အထက်မှာ ဝိဉာဉ်နယ်ပယ်ရှိတယ်....စစ်မှန်တဲ့ချီဓာတ်ကို လွတ်မြောက်ပြီး ဝိဉာဉ်စွမ်းအားတွေကို အာရုံခံစားနိုင်မှုရှိလာပြီဆို ဝိညာဉ်နယ်ပယ်ရောက်ပြီလို့သတ်မှတ်နိုင်တယ်...."
“ဝိညါဉ်နယ်ပယ်ရဲ့အထက်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရှိတယ်....ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်တာနဲ့ အစစ်အမှန်ချီကို လွတ်လပ်စွာ အသုံးချနိုင်ပြီး ခွန်အားကို အဆက်မပြတ်စုဆောင်းနိုင်တယ်...ဒါကို သိုင်းနယ်ပယ်အားလုံးရဲ့ ပထမဆုံး အသွင်ကူးပြောင်းရေးနယ်ပယ်အဖြစ် သတ်မှတ်ထားကြတယ်....”
“ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရဲ့အထက်နယ်ပယ်က နတ်ဘုရားနယ်ပယ်..... နတ်ဘုရားနယ်ပယ်တွေကိုသိုင်းလောကရဲ့ ဂရမ်းမာစတာတွေအဖြစ်သတ်မှတ်ထားကြတယ်.... ဒီနယ်ပယ်ရောက်တဲ့သူတိုင်း သူတို့ရဲ့ သိုင်းပညာတွေ ဖွံ့ဖြိုးနေပြီ.... ”
“နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရှိတယ်....ဒီနယ်ပယ်ရောက်ရင် မြေပြင်ရဲ့
ချည်နှောင်ခြင်းကနေ လွတ်မြောက်နိုင်ပြီး လေထဲမှာသွားလာနိုင်ပြီ.... "
တပည့်တွေက ရှင်းပြချက်များကို ဂရုတစိုက် နားထောင်နေကြသည်။
လုံချီ ဘုရားကျောင်း၏တပည့်အများစုသည် အစစ်အမှန်ချီ နယ်ပယ်တွင်သာ ရှိကြပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိခဲ့ကြသည်။ အကယ်၍ လွန်ခဲ့သောနှစ်ပေါင်းများစွာကဆိုလျှင် ဆရာတော်ချင်ရှုက ဒီအကြောင်းကို တွေးဝံ့မည်မဟုတ်သော်လည်း ကျန်းချန်ရှန်း ၏မျက်လုံးထဲတွင်မူ ၎င်းတို့က အလွန်အားနည်းနေသေးသည်။
“အစစ်အမှန်နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာ ရွှေခန္ဓာနယ်ပယ်ရှိတယ်...ဒီနယ်ပယ်ရောက်ရင် လူတစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါ ရွှေရောင်ပြောင်းလာပြီး အသားအရေကလည်း အင်မတန်မာကျောလာလိမ့်မယ်.... ရွှေခန္ဓာနယ်ပယ်ရဲ့ ဒန်တျန်က အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေရဲ့ဒန်တျန်ထက်အဆ များစွာကြီးမားတယ် ....လှုပ်ရှားမှုတခုတည်းနဲ့ တောင်တန်းတွေ မြို့တွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေပိုင်ဆိုင်ကြတယ်...."
ရွှေခန္ဓာနယ်ပယ်......
တပည့်များ၏ မျက်လုံးထဲတွင် ရူးသွပ်သောအကြည့်တစ်ခု ပေါ်လာသည်။ ယခုဆိုလျှင် ရွှေခန္ဓာနယ်ပယ်သည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ ရွှေကိုယ်ခန္ဓာနယ်ပယ်ကို ရည်ညွှန်းသောအခါတွင်၊ သူတို့သည် တာအို ဘိုးဘေးအကြောင်းကိုသာ တွေးတောနေပေလိမ့်မည်။
ဟွမ်းချွမ် က... “ရွှေကိုယ်ခန္ဓာရဲ့အထက်မှာ နယ်ပယ်တွေ ရှိသေးလား....” ဟု မေးလိုက်သည်။
လင်းရှောင်လည်း ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။ သူတို့အားလုံးသည်အဆုံးအဖြတ်တိုက်ပွဲတွင် အောင်ပွဲခံပြီးနောက် တရားဝင်ရာထူးရရှိပြီး အင်ပါယာတရားရုံးမှ လစာခံစားခဲ့ရသည်။ထိုတိုက်ပွဲကိုကိုယ်တိုင်မြင်တွေ့ခဲ့သဖြင့် ကျန်းချန်ရှန်း သည် ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်နိုင်မည်ဟု ခံစားခဲ့ရသည်။
ကျန်းချန်ရှန်းက စိတ်မကောင်းဟန်ဖြင့်.... "ရွှေကိုယ်ခန္ဓာရဲ့ အထက်မှာ ဘယ်နယ်ပယ်တွေရှိလည်း ငါလည်းသိချင်တယ်....ငါက တကျန်းမှာပဲနေခဲ့တာဆိုတော့ ကမ္ဘာပေါ်ကအရာအားလုံးကို ဘယ်လိုသိနိုင်မလဲ.... မျိုးဆက်သစ်လူငယ်တစ်ယောက်ယောက်က ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်ပြီး ငါတို့မသိတဲ့ ပိုမိုမြင့်မားတဲ့နယ်ပယ်တစ်ခုဆီ တက်လှမ်းနိုင်မယ်လို့ပဲ မျှော်လင့်ရတော့မယ်....”
ဤစကားများက တပည့်များကို သွေးဆူစေခဲ့သည်။
ဟွမ်းချွမ်နှင့် လင်းရှောင်တို့က ထိုအချက်ကို ၎င်းတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ကြပြီး အကောင်အထည်ဖော်ရန်အတွက် ၎င်းတို့၏ ဘဝတစ်ခုလုံးကို မြှုပ်နှံရန် စီစဉ်ခဲ့ကြသည်။
အတော်ကြာတော့မှသာ တပည့်တွေ လူစုခွဲလိုက်ကြသည်။ သူတို့ထွက်သွားပြီးနောက် ကျန်းချန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ထိုင်တည်းနဲ့ စကားအများကြီးပြောရတာ နည်းနည်းပင်ပန်းတယ်......
ထိုအချိန်မှာ ပိုင်ချီက "ဆရာတော်... ရွှေကိုယ်ခန္ဓာရဲ့အထက်နယ်ပယ်ကို တကယ်မသိတာလား"
ဝမ်ချန်းက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး ...." နတ်ဆိုးဝံပုလွေ!!! ဆရာတော်က မသိဘူးလို့ပြောရင် တကယ်မသိလို့ပဲပေါ့.....
မင်းထပ်မေးရင် ဆေးကျိုအိုးထဲ ပစ်ထည့်လိုက်မယ်......"
ဒါကိုကြားတော့ ပိုင်ချီက ကျန်းချန်ရှန်းကို မော့ကြည့်လိုက်သည်။ ကျန်းချန်ရှန်း၏ ခပ်တင်းတင်းအမူအရာကို မြင်သောအခါ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားပြီး ထပ်မမေးရဲတော့ပေ။
ကျန်းချန်ရှန်းက တစ်ခုခုကို တွေးနေပုံရပြီး.....
"ဝမ်ချန်း..... ဝမ်လီနဲ့မင်ယွဲ့ကိုပြောလိုက်.... သူတို့နဲ့အတူ ချင်းအာကို ခေါ်သွားပြီး နောက်ထပ်အသစ်တက်မယ့် အကြီးဆုံး တပည့်ဖြစ်အောင် သင်ပေးခိုင်းလိုက်.....ဒီအကြောင်း ချင်းအာကို မသိစေနဲ့”
ဝမ်ချန်းက ခေါင်းညိတ်ပြသော်လည်း အံ့သြနေသေးသည်။
“ဆရာတော်....ချင်းအာက အရမ်းငယ်သေးတယ်......သူ့ကို နောက်ထပ်အကြီးဆုံးတပည့်ဖြစ်လာနိုင်မယ်လို့ ဘာကြောင့် ထင်နေတာလဲ....."
လုံချီ ဘုရားကျောင်းက ယခင်နှင့်မတူတော့ပေ။အခုဆို တပည့်တစ်ထောင်နီးပါးရှိသည့်အတွက်အကြီးဆုံးတပည့်သည် မြို့တော်ရှိ သြဇာကြီးသူများနှင့် မိတ်ဖွဲ့ရပေမည်။ ဒါဟာ လောကရဲ့စမ်းသပ်မှုတစ်ခုပင်....တစ်ချိန်တည်းမှာပင် ၎င်းတို့သည် လူထုကို စည်းရုံးနိုင်စေရန် ခွန်အားရှိရန်လည်း လိုအပ်သည်။
"ချင်းအာက မန်ချွဲ့ဆောင်နဲ့တူမယ်ထင်တယ်....."
ကျန်းချန်ရှန်း ရယ်မောလိုက်သည်။ ဝမ်ချန်းက ခဏတာ အံ့အားသင့်သွားပြီး
ခေါင်းယမ်းကာ ရယ်မောလိုက်သည်။
တံမြက်စည်းကိုင်၍ ခြံဝင်းထဲက ထွက်လာခဲ့သော်လည်းဤအကြောင်းပြချက်က အဓိပ္ပါယ်မဲ့သည်ဟုသာထင်မိသည်။သို့သော် ကျန်းချန်ရှန်းက သာမန်လူမဟုတ်ပေ။ ဒီအမျိုးသမီးက တကယ်ကို အရည်အချင်းရှိသူဖြစ်ပေလိမ့်မည်။
ရက်အတော်ကြာသည်အခါ
ဟွာဂျန်ရှင်းက ကောင်လေးတစ်ယောက်ကို ခြံဝင်းထဲသို့ ခေါ်လာခဲ့သည်။ ကောင်လေးက အသက်နှစ်နှစ်၊ သုံးနှစ်ခန့်သာရှိသေးသော်လည်း အရွယ်ကလေးများနှင့်မတူဘဲ လမ်းကောင်းကောင်းလျှောက်နိုင်နေပြီဖြစ်သည်။
"ပိုင်ချီ ခဏထွက်သွား....."
ဟွာဂျန်ရှင်းက အမိန့်ပေးလိုက်သည်။ ပိုင်ချီသည် ပဟေဠိဖြစ်နေသော်လည်း နာခံစွာ ထွက်သွားခဲ့သည်။
ထိုအခါ ခြံဝင်းထဲမှာ သူတို့သုံးယောက်ပဲ ကျန်တော့သည်။
ဟွာဂျန်ရှင်းက ကောင်လေးကို လွှတ်လိုက်ပြီး သူ့ဘာသာသူ ကစားခွင့်ပေးလိုက်သည်။
ကောင်လေးက စပ်စုတဲ့အမူအရာနဲ့ ဆေးကျိုအိုးဆီသို့ ပြေးသွားနေသည်။
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့....ဟွာဂျန်ရှင်းက ပြုံးပြီး "ရှင်မြင်လား?"
ကျန်းချန်ရှန်းက.... "သူ့ရဲ့ မွေးရာပါ အမှတ်အသားက ပုံမှန်မဟုတ်ဘူး...."
ဟွာဂျန်ရှင်းက ခေါင်းညိတ်လိုက်ပြီး.... "ဟုတ်တယ်.... ဒီကလေးက သုံးနှစ်တောင်မပြည့်သေးပေမယ့် သူ့ခန္ဓာကိုယ်က အစစ်အမှန်ချီနဲ့ အလိုအလျောက် ပေါင်းစည်းသွားပြီ.... ကျွန်မ အရင်ကတည်းကဒါကို သတိထားမိပေမယ့် သူ့ရဲ့ ခ အစစ်အမှန်ချီက မွေးရာပါအမှတ်ကြောင့် တဟုန်ထိုး ခုန်တက်လာမှန်း မကြာသေးခင်ကမှသိခဲ့တာ...."
သူမ အလွန်စိတ်လှုပ်ရှားနေပြီး ဤကလေးသည် ကျန်းချန်ရှန်း ၏သွေးသားအမွေကိုဆက်ခံနိုင်ခဲ့ကြောင်း ခံစားခဲ့ရသည်။
ကျန်းဇီယု အပါအဝင် အခြားမင်းသားများ၏ မျက်ခုံးနှစ်ခုကြားတွင် မွေးရာပါအမှတ်အသားရှိသော်လည်း အလှသက်သက်ဟုသာထင်ရသည်။သို့သော်.... ဒီကလေးရဲ့အမှတ်အသားက အတော်ထူးဆန်းနေသည်............