ကမ္ဘာကြီး ပြောင်းလဲသွားပြီ....အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို လက်ညှိုးတစ်ချောင်းဖြင့်သတ်ဖြတ်ခြင်း....
Vol. 6 Ch. 86
ကျန်းဇီယု ၏သားများအားလုံးတွင် တာအို ပုံစံ မွေးရပ်ပါအမှတ်အသားရှိကြပြီး ဒါဟာ ကျန်းမိသားစု၏သွေးသား သင်္ကေတဖြစ်လာသည်။သမီးတွေမှာ အမှတ်အသား မရှိပေမယ့် ဘယ်သူမှ ကန့်ကွက်တာမျိုး မရှိခဲ့ပေ။
ဤတာအိုပုံစံသည် ကျန်းချန်ရှန်း၏ ကျင့်ကြံမှုရလဒ်ဖြစ်သည်။သူတောင် တာအိုပုံစံ၏ စစ်မှန်သော နက်နဲမှုအား အဖြေရှာမရသေးပေ။ သူ့မြေးဖြစ်သူထံမှာ တာအိုပုံစံ၏ မှော်ဆန်သည့် အကျိုးသက်ရောက်မှုကို တွေ့လိုက်ရသောအခါ သူ့နှလုံးသား တုန်လှုပ်သွားသည်။
ကျန်းချန်ရှန်းက... "သူ့နာမည်ဘယ်လိုခေါ်လဲ"
ဤမြေးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
ဟွာဂျန်ရှင်းက ပြုံးလိုက်ပြီး "ကျန်းဂျန်"
ဒီနာမည်….....
ကျန်းချန်ရှန်းသည် ကျန်းဇီယုကို ငယ်စဉ်က မင်းဆက်များအကြောင်း ပုံပြင်များပြောပြခြင်းအပြင် ဒဏ္ဍာရီပုံပြင်များကို ရံဖန်ရံခါ ပြောပြတတ်သည်ကို သတိရမိသည်။ ကျန်းဇီယုသည် နတ်ဘုရားအာ့လန်ကို မှတ်မိနေသေးမည်ဟု ထင်မထားခဲ့ပေ။
[TN/ အာ့လန်ရှန်း....တရုတ်ရိုးရာရှေးဟောင်းဒဏ္ဍာရီများထဲမှ တတိယမျက်လုံးရှိသောနတ်ဘုရား....အာ့လန်ရှန်းကို ယန်ဂျန်ဟုလည်းခေါ်ကြသည်။သူသည် ကျောက်စိမ်းဧကရာဇ်၏တူတော်ဖြစ်သည်။ဒဏ္ဍာရီများတွင် အာ့လန်ရှန်းကို စစ်နတ်ဘုရားအဖြစ်ရေးသားထားသည်။ ၂၀၂၂က new god yang jian အမည်ဖြင့် Animation ထွက်ထားပါသေးတယ်....အသံထွက်မှားရင်ခွင့်လွှတ်ပါ....]
စကားပြောနေကြစဉ် ကျန်းဂျန်က ဆေးကျိုအိုးကြီးပေါ်သို့ကုပ်ဖက်တက်ပြီး သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားကာ သူ့ထက် အဆပေါင်းများစွာ ပိုကြီးသော ဆေးကျိုအိုးကို လှုပ်ခါသွားစေသည်။
ထိုကလေးသည် အသက်သုံးနှစ်တောင် မပြည့်သေးပေ။
ဒီကလေးက တကယ်ကို အရည်အချင်းရှိသည်။ သူ့ကြွက်သားတွေနဲ့ အရိုးတွေက ပင်းအန်းနဲ့ မယှဉ်နိုင်ပေမယ့် ကျန်းဇီယုထက်တော့ ပိုသာသည်။
ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။
ဒါကို ဟွာဂျန်ရှင်း မြင်လိုက်တာနဲ့ ချက်ချင်း ပင်...."ဂျန်အာ... ဒီကိုလာ...."
ကျန်းဂျန်သည် ဆေးကျိုအိုးပေါ်နှ ချက်ချင်း ခုန်ဆင်းပြီး ဟွာဂျန်ရှင်းဆီသို့ ပြေးလာခဲ့သည်။ သူသည် အလွန်လိမ္မာရေးခြားရှိပြီး ကျန်းချန်ရှန်း သူ့ကို ကြည့်နေတာကို သတိထားမိလိုက်တာနဲ့ သူ့မျက်နှာ ချက်ချင်းနီသွားပြီး တဖက်လှည့်သွားသည်။
ဒီကလေးကတော့လေ.....
ကျန်းချန်ရှန်း အသည်းယားလာပြီး ကလေးငယ်၏ပါးပြင်ကိုဆွဲညှစ်လိုက်တာကြောင့် ဟွာဂျန်ရှင်း ရင်ခွင်ထဲ ပုန်းအောင်းဖို့ တွန်းပို့လိုက်သလိုဖြစ်သွားသည်။
“နောက်ဆို ငါနဲ့ အတူ လေ့ကျင့်ဖို့ ဒီကလေးကို ခေါ်ထားမယ်လို့ ဇီယုကိုပြောလိုက်...."
ဟွာဂျန်ရှင်း ထိုစကားကိုကြားသောအခါ ဝမ်းသာအားရ တုန်လှုပ်သွားသည်။ ဒီအကြောင်းတွေးပြီး သူမ စိတ်ပူခဲ့ဖူးသည်။ ကျန်းဇီယုတွင် သားသမီးများစွာရှိသော်လည်း ကျန်းချန်ရှန်း၏သွန်သင်ဆုံးမမှုကို မည်သူမှမရခဲ့ပေ။ ဤကမ္ဘာကြီးတွင် သိုင်းပညာနှင့် သိုင်းပညာ၏ အမွေဆက်ခံမှုသည် ခွဲခြားထားလို့မရပေ။
ထိုအချိန်မှစ၍ ခြံဝင်းထဲတွင် နောက်ထပ်ကလေးတစ်ယောက်တိုးလာတော့သည်။
ဟွာဂျန်ရှင်း နန်းတော်သို့ပြန်လာပြီး ကျန်းဇီယုကို ထိုအကြောင်းကို ပြောပြခဲ့သည်။ ထုံးစံအတိုင်း ကျန်းဇီယုက သဘောတူခဲ့ပြီးအလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်းဂျန်ရဲ့မယ်တော်ကလည်း ဝမ်းသာနေသည်။ သူမ၏သားသည် တကျန်း၏ တာအိုဘိုးဘေးထံမှ စစ်မှန်သော သွန်သင်ချက်များကို ရရှိနိုင်ကာ အနာဂတ်တွင် အေးချမ်းသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။ ကျန်းမိသားစု အချင်းချင်း သတ်ခဲ့ကြမည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ဒီကိစ္စကို သူမလည်း စိတ်ပူခဲ့ဖူးသည်။ ကျန်းချန်ရှန်းသည် သူမအား ပုံမှန်နေ့များတွင် လုံချီ ဘုရားကျောင်းရှိ ကျန်းဂျန်ဆီသို့ လာရောက်လည်ပတ်ရန် ခွင့်ပြုခဲ့သည်။
မကြာမီတွင် လုံချီ ဘုရားကျောင်း၏ တပည့်များသည် လုံချီဘုရားကျောင်းတွင် အကြာကြီးနေထိုင်မည့် မင်းသားတစ်ပါးရှိကြောင်းကို သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချန်ရှန်းသည် ကျန်းဂျန်ကို ခြံဝင်းထဲတွင် အမြဲနေခိုင်းမည့်အစား ဘုရားကျောင်းတဝှိုက်တွင် ကစားခွင့်ပေးသောကြောင့်ဖြစ်သည်။
ညနေပိုင်းတွင်.........
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျန်းဇီယု ဝင်လာပြီး တံခါးမပိတ်မီ အစေခံများအား အစားအသောက်များ ပေးပို့ရန် အမိန့်ပေးခဲ့သည်။
ထို့နောက် ကုတင်ဘေးတွင်ထိုင်ချလိုက်သည်။ ထိုနေရာတွင် အလင်းရောင်မရှိသဖြင့် ကုတင်ပေါ်တွင်ထိုင်နေသူက အမှောင်ထဲတွင် ပုန်းအောင်းနေသည့် သရဲတစ္ဆေနှင့်တူနေသည်။
ကျန်းဇီယုက ဆီမီးခွက်သုံးလုံးကို ထွန်းညှိပြီး စားပွဲ၌ ထိုင်လိုက်ကာ....
“ဘွားတော်....ပွဲတော်သုံးဆောင်ပါဉီး...."
ဒါကိုကြားတော့ ကုတင်ပေါ်တွင်ထိုင်နေသူ ဖြည်းညှင်းစွာ ထလာခဲ့သည်။ သူမ တစ်ခေါင်းလုံး ဆံပင်ဖြူတွေပြည့်နှက်နေပြီး ခန္ဓာကိုယ်ကလည်းအတော် ပိန်ပါးနေသည်။ သူမသည် ယခင်ဧကရာဇ်၏မယ်တော်တဖြစ်လဒ ချူမင်းဆက်၏ မင်းသမီးဟောင်း ကြင်ယာတော်လီ ဖြစ်သည်။
ကြင်ယာတော်လီသည် စားပွဲဆီသို့တုန်တုန်ယင်ယင်နှင့် လျှောက်လာကာ ပန်းကန်လုံးနှင့် ထမင်းစားတူကို ကောက်ယူလိုက်သည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ပညာရှင်သည် ယခုအခါ အိုမင်းချိနဲ့နေသော သာမန် အဘွားအိုတစ်ဦးနှင့် တူနေပြီ ဖြစ်သည်။
ကျန်းဇီယုက သူမ၏အသွင်အပြင်ကိုမြင်သောအခါ သက်ပြင်းချလိုက်မိသည်။
ကျန်းဇီယု ငယ်ရွယ်စဉ်ကပင် ကြင်ယာတော်လီ ရူးသွပ်သွားခဲ့သည်။ ကျန်းချန်ရှန်း မဟာယာနနဂါးမျှော်စင်ကို ဖျက်ဆီးပြီးနောက် သူမ၏ချီဓာတ်များကမောက်ကမဖြစ်ကုန်ပြီး စိတ်နှလုံးထိခိုက်မှုကြောင့် နှစ်အတော်ကြာ မေ့မြောသွားခဲ့သည်။
ကြင်ယာတော်လီက ထမင်းစားနေရင်းကနေ...... “ဇီယု… ငါ ဆက်မနေနိုင်တော့ဘူး… မင်းအဘိုးကို လွမ်းတယ်…”
ကျန်းဇီယု တိတ်ဆိတ်သွားသည်။ ကြင်ယာတော်လီနှင့်ကျန်းယွမ်တို့၏ အတိတ်အကြောင်း သူသိသည်။ ဒီအမျိုးသမီးကို စာနာပေမယ့် မနှစ်မြို့ပေ။
“ဘွားတော်.... ဒီလိုဆိုရင် ချူးမင်းဆက်ရဲ့ဘဏ္ဍာတိုက် ဘယ်မှာလဲဆိုတာ ပြောပြနိုင်မလား......”
ကြင်ယာတော်လီက ပန်းကန်လုံးကို ဖြည်းညှင်းစွာ ချလိုက်ပြီး.....
“ကောင်းပြီ… ဘာပဲဖြစ်ဖြစ် ချူမင်းဆက် ပျက်သုန်းသွားခဲ့ပြီပဲ....ဖက်တွယ်စရာမှမလိုတော့တာ.... ဇီယု...မင်းသိထားသင့်တစ်ခုရှိတယ် ....တာအိုဘိုးဘေးကို မျက်စိမှိတ်မယုံလိုက်နဲ့....."
ကျန်းချန်ရှန်း၏ အစစ်အမှန်အထောက်အထားကို သူမ ထုတ်ဖော်လိုက်သောအခါ ကျန်းဇီယု အံ့သြသွားသလိုဟန်ဆောင်လိုက်သည်။
ကြင်ယာတော် လီက.... “သူ့ရဲ့ အထောက်အထားအစစ်အမှန်ကိုသာ သူ သိသွရင် မင်းရဲ့ ရာဇပလ္လင်ကို....အင်းးး မင်းအခု စီရင်စု ဆယ့်သုံးခုကို ချုပ်ကိုင်ထားနိုင်တယ်ဆိုတော့ သိုင်းပညာဆိုင်ရာ အရင်းအမြစ်တွေကို စုဆောင်းနိုင်ပြီပဲ...ဒါကြောင့် ကိုယ်ကိုကိုယ် ပိုသန်မာအောင်လုပ်ပါ..... အခြားသူတွေကို မယုံကြည်ပါနဲ့.... "
ကျန်းဇီယု အသက်ပြင်းပြင်းရှူလိုက်ပြီး.... "နားလည်ပါပြီ...."
ထို့နောက် ကြင်ယာတော်လီက ချူမင်းဆက်၏ ဘဏ္ဍာတိုက်တည်နေရာကို ကျန်းဇီယုအား ပြောပြခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကြင်ယာတော်လီ ကွယ်လွန်သွားကြောင်း အစေခံများ တွေ့ရှိခဲ့သည်။ ကျန်းဇီယုက ဈာပနကို ကြီးကျယ်ခမ်နားစွာ မကျင်းပဘဲ တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့သည်။ ထိုအကြောင်းကို ဝတ်ဖြူတော်
အစောင့်တပ်မှလွဲ၍ အခြားမည်သူမျှ မသိခဲ့ပေ။
ကြင်ယာတော်လီ နေထိုင်ရာ စံအိမ်ကြီးလည်း လုံးဝစွန့်ပစ်ခံခဲ့ရပြီး နောက်ထပ် ဘယ်သူမှ ခြေမချတော့ပေ။အချိန်အတော်ကြာလာသည့်အခါ သူမ နေထိုင်ခဲ့တဲ့ ခြံဝင်းထဲမှာ ပေါင်းပင်တွေ ထူထပ်နေခဲ့ပြီ.... ထုပ်တန်းများအောက်တွင် ပင့်ကူများသည် ချည်မျှင်များကို လျင်မြန်စွာ ယက်လုပ်ကြပြီး သားကောင်ကို ဖမ်းစားဖို့ ပြင်ဆင်နေကြသည်........
ချန်းဝူခေတ်၏ ၁၉ နှစ်တွင် လုံချီဘုရားကျောင်းတွင်ကြီးမားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်။
ဟွမ်းချွမ် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့တက်လှမ်းနိုင်သဖြင့် အားလုံး စိတ်လှုပ်ရှားနေကြသည်။ ထိုသတင်း တကျန်း၏ သိုင်းလောကတစ်ခုလုံး ပျံ့နှံ့သွားသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်များ လေထဲတွင် ရပ်တည်နိုင်သည်ကို အများအားဖြင့် သိထားသောကြောင့် ဟွမ်းချွမ်သည် သူ၏နယ်ပယ်ကို သက်သေပြရန် ကောင်းကင်တွင် ရပ်နေရန်သာ လိုအပ်သည်။
ဧကရာဇ်သည်လည်း အလွန်ဝမ်းသာနေသည်။ ဟွမ်းချွမ်မှာ စစ်မှန်သောအာဏာမရှိသော်လည်း တော်ဝင်တရားရုံးမှ လစာခံစားနိုင်သည်။တော်တန်ရုံ အရာရှိတွေတောင် သူ့ကို မစော်ကားဝံ့တော့ပေ။
ထိုအချိန်တွင်၊ တကျန်းတွင် ပင်းအန်၊ ဧကရာဇ်ယန်ကျောက်နှင့် ဟွမ်းချွမ် တို့ရှိနေပြီဖြစ်သည်။
တာအိုဘိုးဘေးမှလွဲ၍ သူတို့သုံးယောက်နှင့်ပင် ချောင်ဂိုဏ်းကို နှိုင်းယှဉ်နိုင်သည်။
ဧကရာဇ်သည် မင်းဆက်များ စုစည်းခဲ့သော်လည်း စစ်မတိုက်ခဲ့ပေ။ သို့သော်လည်း သူ၏ရည်မှန်းချက်ကို ကမ္ဘာပေါ်ရှိလူတိုင်း သိရှိစေဖို့ အပြင်နယ်စပ်တွင် တပ်ဖွဲ့ဝင်များကို စုဆောင်းနေဆဲဖြစ်သည်။ အနှေးနဲ့အမြန်ဆိုသလို သူ့အစွယ်တွေကို ထုတ်ဖော်ပြီး ကမ္ဘာကြီးကို ဝါးမြိုပေလိမ့်မည်။
တစ်နေ့သ၌.....
ကျန်းချန်ရှန်းက ကျန်းဂျန်နှင့် ကစားနေစဉ် ပိုင်ချီကတော့ သစ်ပင်အောက်တွင် အိပ်စက်နေသည်။ ရုတ်တရက်၊ လုံချီ ဘုရားကျောင်းတစ်ခုလုံးမှာ အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
"ထျန်းမျင်မင်းဆက်ရဲ့ ရှုန်းဟုန်ကျန့်က တကျန်းရဲ့တာအိုဘိုးဘေးကိုစိန်ခေါ်ဖို့လာခဲ့တာပါ.... ကျုပ်ရဲ့ သက်တမ်းကုန်ဆုံးခါနီးမှာ ကျမသေဆုံးမီ ကမ္ဘာပေါ်က နံပါတ်တစ်ကျွမ်းကျင်သူထံက လမ်းညွှန်မှုအချို့ရယူလိုပါတယ်.... တာအို ဘိုးဘွားအနေနဲ့ ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်တယ်..... သေဆုံးခဲ့ရင်တောင် သူရဲကောင်းသချိူင်းရဲ့ဂုဏ်သတင်းကိုခိုင်မာစေဖို့အတွက် သူရဲကောင်းသချိူင်းမှာမြှုပ်နှံခံရဖို့ဆန္ဒရှိပါတယ်....."
အသံက ကျယ်လောင်လွန်းလို့ မြို့တော်ကလူတွေတောင် ကြားရသည်။
တောင်တက်လမ်းပေါ်မှ ဧည့်သည်များက အသံလာရာအရပ်ကို မျှော်ကြည့်၍ အံ့သြသွားကြသည်။ အဘိုးအိုတစ်ယောက် ကောင်းကင်မှာ ရပ်နေတာကို တွေ့လိုက်ရပြီး သူသည် မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ လက်နှစ်ဖက် မပါရှိပေ။သူသည် တစ်ခေါင်းလုံးဖွေးဖွေးဖြူနေပြီး သူ့ခန္ဓာကိုယ်နဲ့ အရွယ်အစားတူတဲ့ ဓားရှည်ကြီးကို ကျောမှာ လွယ်ထားသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်......
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ သိုင်းပညာရှင်အားလုံး အံ့အားသင့်သွားကြသည်။ အမှန်တကယ်တော့ ထျန်းမျင်မင်းဆက်မှာ ပုန်းကွယ်နေတဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင်တစ်ယောက်ရှိခဲ့ဖူးသည်။
ရှုန်းဟုန်ကျန့်သည် လုံချီ ဘုရားကျောင်းကို စိုက်ကြည့်နေစဉ် တခုခုကိုတွေးတောနေသည်။
သူ ဆယ်နှစ်လောက် အထီးကျန်နေခဲ့တယ်..... သူ့ရဲ့ သက်တမ်းကုန်ဆုံးခါနီးအချိန်မှာ အဆင့်တက်နိုင်ခဲ့ပြီး သက်တမ်းကို နောက်ထပ်ဆယ်နှစ်ထပ်တိုးခဲ့တယ်...ဒါပေမယ့် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာတော့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲနေခဲ့ပြီ.... ထျန်းမျင်မင်းဆက်ရဲ့တော်ဝင်မိသားစုကို ချောင်ဂိုဏ်းတစ်ခုက သတ်ဖြတ်ခဲ့ပြီး လက်ရှိတော်ဝင်မိသားစုကလည်း တကျန်းကို လက်နက်ချခဲ့တယ်.... အစက ထျန်းမျင်မင်းဆက်ရဲ့ ဧကရာဇ်အသစ်ကို ရှာဖွေပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ သူ့ရဲ့အစစ်အမှန်နတ်ဘုရားနယ်ပယ်ခွန်အားကို အသုံးပြုချင်ခဲ့တယ်...ဒါပေမယ့် နောက်ပိုင်းမှာ မကြုံစဖူး အဆုံးအဖြတ်တိုက်ပွဲအကြောင်း သတင်းကြားတဲ့အခါ တိတ်ဆိတ်နေဖို့သာရွေးချယ်ခဲ့တော့တယ်.....
အစစ်အမှန်နတ်ဘုရားနယ်ပယ် ရှစ်ယောက် တိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့ပြီး ရွှေခန္ဓာနယ်ပယ်လို ပိုမိုအားကောင်းသည့် မွန်းစတားအိုကြီးပါသေဆုံးခဲ့ရသည်။
ရွှေခန္ဓာနယ်ပယ်က ဘာလဲ.......
ရှုန်းဟုန်ကျန့် ဤတိုက်ပွဲအကြောင်းကြားသောအခါ စိတ်ရှုပ်သွားခဲ့သည်။
သူသည် ဤမျှလောက်ကြာအောင် တောတောင်ထဲတွင် အထီးကျန်နေခဲ့သည်။ သို့သော်လည်း ကြိုးစားခဲ့သမျှအချည်းနှီးပင်....
ထို့ကြောင့် ရှုန်းဟုန်ကျန့်သည် တာအိုဘိုးဘေးကို စိန်ခေါ်ရန် ရောက်လာခဲ့ခြင်းပင်....
သူတကယ်သေချင်နေပြီ......
ထိုအချိန်တွင်၊ လုံချီ ဘုရားကျောင်းမှ လူတစ်ယောက် ထွက်ပေါ်လာသည်။ ဟွမ်းချွမ် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏ခွန်အားကို စမ်းသပ်ရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်ကတည်းက ထိုက်တန်သော ပြိုင်ဘက်ကို မတွေ့ခဲ့ရသေးပေ။
"ကောင်းပြီ! ”
မိုးကုပ်စက်ဝိုင်းတစ်လျှောက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဟွမ်းချွမ်၏ အပြုံးများကို အေးခဲသွားစေသည်။
ကျန်းချန်ရှန်းက တိုက်ခိုက်ချင်တာကြောင့် သူ့မှာ အခွင့်အရေးမရှိတော့ပေ။ နာကျည်းမှုဖြင့်သာ နောက်ဆုတ်နိုင်ခဲ့သည်။
ရှုန်းဟုန်ကျန့် ၏ မျက်လုံးများ မှေးကျဉ်းသွားကာ သူ့နောက်ကျောရှိ ဓားရှည်ကြီးကို ဓားအိမ်မချွတ်ဘဲ ချနင်းကာ လုံချီ ဘုရားကျောင်းဆီသို့ ဦးတည်သွားခဲ့သည်။ တခဏချင်းမှာပဲ၊ များပြားလှတဲ့ အစစ်အမှန်ချီတွေ ပေါက်ကွဲပြီး သူ့နောက်မှာ ထောင်ပေါင်းများစွာသော ဓားအရိပ်တွေအဖြစ် ပေါင်းစပ်သွားခဲ့သည်။
အံ့မခန်း အရှိန်အဟုန်ကြောင့် ဟွမ်းချွမ်၏ မျက်ခွံများပင် လှုပ်ယမ်းသွားသည်။
ဟွမ်းချွမ်သာမကဘဲ အခြားသော တပည့်များ၊ သိုင်းပညာရှင်များနှင့် ကိုးကွယ်ဆည်းကပ်သူများ ပို၍ပင် တုန်လှုပ်သွားကြသည်။
ဒါက ဘယ်လိုခွန်အားမျိုးလဲ..... ဘယ်လိုထူးခြားတဲ့နည်းစနစ်လဲ။း.....
ထိုအချိန်တွင်၊ လုံချီ ဘုရားကျောင်းမှ ကျောက်တုံးတစ်တုံး ကောင်းကင်ယံမှ ဖြတ်၍ ရှုန်းဟုန်ကျန့် ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ထိုးဖောက်သွားလေသည်။
ရှုန်းဟုန်ကျန့်၏ မျက်လုံးပြူးသွားသည်။ သူ၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသော ကျောက်တုံးက ပို၍ ကြီးမားလာသည်။
ဖောက်......
သူ့နဖူးကို ဖောက်ဝင်ထားတဲ့ ကျောက်တုံးတစ်တုံးကြောင့် လှုပ်ရှားမှုများရပ်တန့်ကုန်သည်။ ထောင်ပေါင်းများစွာသော ဓားရိပ်များသည် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့ချေပြီ......
“ဒီပညာရှင်ကို သူရဲကောင်းသင်္ချိုင်းဆီ ပို့ပြီး သူ့အတွက် မှတ်တိုင် စိုက်ထူပေးလိုက်... "
ကျန်းချန်ရှန်း၏အသံကို လုံချီ ဘုရားကျောင်းရှိလူတိုင်းသာမက တောင်ခြေရှိလမ်းများပေါ်ရှိပြည်သူများပင် ကြားနိုင်ပေသည်။
အားလုံးရဲ့အကြည့်အောက်မှာ ရှုန်းဟုန်ကျန့် လဲကျသွားပြီး တောထဲကို ပြုတ်ကျသွားသည်။
“ဟမ်... ဘာဖြစ်သွားတာလဲ”
"ဒီလိုပဲ ပြီးသွားပြီလား"
" တာအိုဘိုးဘေး လှုပ်ရှားလိုက်တာလား..... ငါသူ့ကိုဘာလို့မတွေ့တာလဲ......"
“အစစ်အမှန်နတ်ဘုရားနယ်ပယ်တောင် ချက်ချင်းအသတ်ခံရတယ်ဆိုတော့ တာအို ဘိုးဘေး ဘယ်လောက်တောင် တန်ခိုးကြီးလိုက်သလဲ..... "
"ရှုန်းဟုန်ကျန့်ရဲ့နဖူးကို ထိုးဖောက်သွားတဲ့ အင်အားတစ်ခုကို ငါတွေ့ခဲ့တယ်ထင်တယ်...."
သိုင်းပညာရှင်များ အံ့အားသင့်စွာ အော်ဟစ်နေပြီး ဟွမ်းချွမ်ပင် အံ့သြသွားမိသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လ.ရန် ဖြတ်ကျော်ပြီးနောက်၊ ဟွမ်းချွမ်၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင် ဒုတိယအသန်မာဆုံသူအဖြစ် သတ်မှတ်ခံရနိုင်သည်ဟု ထင်ခဲ့သော်လည်း ရှုန်းဟုန်ကျန့် ၏ အဆုံးစွန်သော အရှိန်ကြောင့် သူ့ကို ထိတ်လန့်စေခဲ့သည်။
သို့သော်လည်း အင်အားကြီးရန်သူဟု သတ်မှတ်ခံထားရသော ရှုန်းဟုန်ကျန့် ချက်ချင်းပင် အသတ်ခံခဲ့ရသည်။
ဒါ့အပြင် သူ့ကိုသတ်ခဲ့တဲ့အရာကိုလည်း ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသေးသည်။
ထိုအရာကတော့ ကျောက်တုံးတစ်ခုပင်.....
ဆရာတော်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ကျောက်တုံးနဲ့ ပစ်သတ်ခဲ့တယ်...
ခြံဝင်းထဲတွင်......
ကျန်းချန်ရှန်းသည် ကျန်းဂျန်၏ ခေါင်းကို ပုတ်ကာ ပြုံး၍ မတ်တပ်ရပ်လိုက်သည်။
ကျန်းဂျန်ကတော့ အနည်းငယ် ဝမ်းနည်းနေပုံရသည်။ ကျောက်ခဲလေးများဖြင့် မျက်နှာပုံသဏ္ဍန်လုပ်ရန် မလွယ်ကူသော်လည်း မျက်လုံးတစ်နေရာစာအတွက် ကျောက်တုံးတခု ပျောက်သွားသောကြောင့်ပင်.....
သူ့ဘေးမှာ လဲလျောင်းနေတဲ့ ပိုင်ချီကတော့ အတော် တုန်လှုပ်နေသည်။ ကျပန်းပစ်လိုက်တဲ့ကျောက်တုံးနဲ့ လူသတ်နိုင်သလား...
သူမသည် အသက် 100 အရွယ်တွင် တုံးလင် မင်းဆက်၏ အုပ်စိုးသူနှင့် တွေ့ဆုံခဲ့သည်။ သို့သော် လုံချီ ဘုရားကျောင်းသို့ရောက်ကတည်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်နယ်ပယ်များ ပျော့ညံ့သည်ကို သူမသဘောပေါက်ခဲ့ရသည်။
ကျန်းချန်ရှန်းက သစ်ပင်အောက်တွင်ထိုင်ကာ ရှင်သန်ခြင်းဆုလာဘ်ကို စောင့်မျှော်နေတော့သည်။
ရှုန်းဟုန်ကျန့် ရောက်ရှိလာတာကို သူနားလည်နိုင်သည်။ ကျွမ်းကျင်သူတွေအချင်းချင်းတိုက်ခိုက်ရင်း သေဆုံးသွားခဲ့မယ်ဆိုရင် နောင်တရစရာ မရှိနိုင်ပေ။ ယခုဆိုလျှင် သူရဲကောင်းသချိုင်းက ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးနေသည်။ ရှုန်းဟုန်ကျန့် သည်သူရဲကောင်းသချိုင်းတွင် မြှုပ်နှံခံရဖို့အတွက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဂုဏ်ပုဒ်ကိုရင်းခဲ့ခြင်းပင်....
သို့သော် အံ့ဩနေမိသည့်အချက်တချို့လည်းရှိနေသည်။
တကယ်ဆို ထျန်းမျင်မင်းဆက်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရှိတယ်ဆို ယခင် အဆုံးအဖြတ်တိုက်ပွဲမှာ ဘာကြောင့် ပေါ်မလာတာလဲ.....
...................
တခဏအကြာတွင်....
"ချန်းဝူခေါတ်၏ ၁၉နှစ်တွင် ထျန်းမျင်မင်းဆက်မှ အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင်ရှုန်းဟုန်ကျန့်က သူ၏သက်တမ်းကုန်ဆုံးခါနီးတွင် သင့်ကို စိန်ခေါ်ရန် ရောက်လာခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး ဘေးဆိုးမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် ဟော်ယွီမန္တာန်ကိုရရှိသည်....”
[TN/ ဟော်ယွီ....Fire rain...]
ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။ဆုလာဘ်က မန္တာန်ဖြစ်တာကို မြင်တော့ ကျေနပ်သွားသည်။
တိုက်ဆိုင်စွာပင်အဆင့်တက်ရတော့မည်ဖြစ်သောကြောင့် ရှုံန်းဟုန်ကျန့်က သူ၏ အောင်မြင်မှုအတွက် ကြီးမားသော လက်ဆောင်တစ်ခု ပေးပို့ခြင်းဟု ယူဆနိုင်သည်။
ထို့ကြောင့် ကျန်းချန်ရှန်းသည် သူ့အား စိန်ခေါ်ရန်ရောက်လာမည့်သူများကို စောင့်မျှော်နေခဲ့သည်။
ဒီတိုက်ပွဲသတင်းက လျင်မြန်စွာပျံ့နှံ့သွားပြီး တာအိုဘိုးဘေး၏ စွမ်းအားက သူတို့၏ နှလုံးသားထဲတွင် ပို၍ပင် အမြစ်တွယ်နေပါသည်။ သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို လက်ညှိုးတစ်ချောင်းဖြင့် သတ်ပစ်လိုက်သည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
ရှုန်းဟုန်ကျန့် ၏မူလဇစ်မြစ်အကြောင်း
တကျန်းသိုင်းပညာလောကတွင် ပျံ့နှံ့ခဲ့သည်။တကယ်တော့ ရှုန်းဟုန်ကျန့်သည် အခြားသူမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်တစ်ရာက ထျန်းမျင်မင်းဆက်၏ သိုင်းပညာလောကတွင် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည်။