တာအိုကျင့်စဉ်၏ သတ္တမအဆင့်ကို ကျော်ဖြတ်ခြင်း.......
Vol. 6 Ch. 87
ကျန်းချန်ရှန်းသည် ရှုန်းဟုန်ကျန့် ၏ဇာတ်ကြောင်းကို တစ်နှစ်ခွဲကြာမှသာ သိရှိခဲ့သည်။ ရှုန်းဟုန်ကျန့်သည် သူ့ဇာတိနိုင်ငံကို အဆုံးတိုင်အောင်ဖက်တွယ်ခဲ့သည်ဟု ယူဆနိုင်သော်လည်း သူ့ဘဝဆုံးခန်းတိုင်သည်အထိ မပျော်မွေ့နိုင်ခဲ့ပေ။
ထို့အပြင် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း ဝတ်ဖြူတော်အစောင့်များက တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ တောင်တန်းများနှင့ ဖြတ်ကျော်ကာ တကျန်း ၏ ပြည်နယ်အသီးသီးသို့ လှည့်လည်သွားလာခဲ့ကြသည်။ လုံချီ ဘုရားကျောင်း၏ တပည့်များပင်လျှင် ထိုအကြောင်းအရာကို သိချင်ကြသည်။
ဧကရာဇ်၏ လုပ်ရပ်က ပြောင်ပြောင်တင်းတင်း ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ မည်သူမျှ မေးမြန်းခြင်း သို့မဟုတ် စုံစမ်းခြင်း မပြုဝံ့ပေ။
ဧကရာဇ်၏နည်းလမ်းများသည် တာအိုဘိုးဘေးထက် မနိမ့်ကျပေ။ ယခုအချိန်တွင် သိုင်းပညာစာမေးပွဲကြောင့် ဧကရာဇ်က သိုင်းလောကကို ထိန်းချုပ်နိုင်ခဲ့သည်။ သိုင်းပညာလောကနှင့် ပြင်ပကမ္ဘာသည် မတူညီသောကမ္ဘာနှစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဧကရာဇ် တစ်ဦးတည်းသာ ထိန်းချုပ်ထားခြင်းပင်....
အောက်တိုဘာလတွင်.....
ကျန်းချန်ရှန်း မျက်လုံးတွေကို ဖွင့်လိုက်ပြီး အကြည့်တွေ တလက်လက်တောက်ပလာသည်။
'ဒီချိန်ကျပြီ.....!'
နောက်ဆုံးတော့ အဆင့်တက်ရတော့မယ်....
သူ့ရဲ့နောက်ဆုံးအောင်မြင်မှုက အနှစ်သုံးဆယ်ကြာခဲ့သည်။ အခုတော့ တာအိုကျင့်စဉ် ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ပါတော့မည်။
အခုလောလောဆယ် နောက်ကျနေပြီမို့ မနက်ဖြန်မှသာ အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်သည်။ဤသည်မှာ အမွှေးတိုင်အရေအတွက် တိုးပွားများရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်သည်။ သူသည် မနက်ဖြန်တွင် အတိဒုက္ခကို ကျော်ဖြတ်တော့မည် ဖြစ်ကြောင်း ဝမ်လီကို ဝမ်ချန်းကနေတဆင့် ချက်ချင်းအကြောင်းကြားခိုင်းထားပြီး လုံချီ ဘုရားကျောင်း၏ တပည့်များ လှည့်ပတ်သွားလာခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။
ဒါကိုကြားတော့ ဝမ်ချန်း အရမ်းစိတ်လှုပ်ရှားသွားပြီး ဝမ်လီကို ချက်ချင်းအကြောင်းကြားလိုက်သည်။
ပိုင်ချီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကျန်းချန်ရှန်းကို အံ့သြစွာ ကြည့်လိုက်သည်။
သူ တကယ်ပဲ အဆင့်တက်တော့မှာလား...
ကျန်းချန်ရှန်း ရွှေခန္ဓာနယ်ပယ်အထက်တွင် ရှိနေရမည်ဟု သူမ ခံစားမိသည်။ထပ်ပြီးအဆင့်တက်မယ်ဆို.....
စိတ်မကူးဝံ့တော့ပေ.....
ကျန်းဂျန်နှင့်အတူရောက်လာသည့် ဟွာဂျန်ရှင်းလည်း မှင်သက်နေသည်။
ပိုင်ချီနှင့်အလားတူပင်၊ ကျန်းချန်ရှန်း ယခုအချိန်တွင် မည်မျှ အစွမ်းထက်မည်ကို သူမ စိတ်ကူးမယဉ်နိုင်ပေ။ဤဘဝတွင် ကျန်းချန်ရှန်းနှင့်အတူရှိနေနိုင်ရန် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရကြောင်း သူမခံစားရသည်။ ကျန်းချန်ရှန်း သာမရှိလျှင် သူမသေဆုံးသွားမည်ဖြစ်ပြီး ဧကရာဇ်၏မယ်တော်အဖြစ်နှင့်လက်ရှိပျော်ရွှင်ဖွယ်ဘဝကိုရရှိရန် မဖြစ်နိုင်ပေ။
ကျန်းချန်ရှန်းနှင့် စတင်တွေ့ဆုံစဉ်က သူမသည် ဝတ်ဖြူတော်အစောင့်တပ်သားတစ်ဦးသာဖြစ်သည်။ သူမ အမှောင်ထုထဲတွင် လျှောက်လှမ်းခဲ့ပြီး ဧကရာဇ်မင်းမြတ် စီစဉ်ပေးသည့် လျှို့ဝှက်စစ်ဆင်ရေးတစ်ခုတွင် လူမသိသူမသိသေဆုံးခဲ့လျှင် မိသားစုတစ်ခုထူထောင်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။
ကျန်းချန်ရှန်းနောက်သို့ ထာဝရမလိုက်နိုင်ဘူးဆိုတာ သူမ ကောင်းကောင်းသိတာမို့ နေ့ရက်တိုင်းကိုတန်ဖိုးရှိစွာဖြတ်သန်းရပေမည်။
..................
ကျန်းချန်ရှန်း အဆင့်တက်မည့်သတင်း ဘုရားကျောင်းတစ်ခွင် ပျံ့နှံ့သွားပြီး တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးသည် နတ်ဘုရားနှင့်တူသည်။
နောက်နေ့တွင်........
မနေ့ညက သတင်းကြောင့် လုံချီ ဘုရားကျောင်းတွင် ဘုရားဖူးများ တည်းခိုခဲ့ကြပြီး တပည့်များကြား ဆွေးနွေးသံများက မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။
ခြံဝင်းတစ်ခုထဲတွင်.....
ယုယန်ရိ တရားထိုင်နေစဉ် သတင်းပို့ဖို့ အစေခံတစ်ယောက် ရောက်လာသည်။ ထိုသတင်းကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်ကာ....
“သူသ အတိဒုက္ခကို ဖြတ်ကျော်တော့မှာလား.... ဘယ်လိုဖြစ်နိုင်မှာလဲ?!"
အစေခံက ....“တာအိုဘိုးဘေးက ကောင်းကင်ဘုံနဲ့သက်ဆိုင်သူမို့ ကျွန်မတို့လို သေမျိုးတွေ သူ့ကို နားလည်နိုင်မှာမဟုတ်ဘူး....”
ယုယန်ရိက သူ့ကို စိုက်ကြည့်ပြီး ထွက်သွားဖို့ လက်ပြလိုက်သည်။
သူမသည် မြို့တော်တွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး တကျန်း၏ တာအိုဘိုးဘေးကို အထူးစောင့်ကြည့်နေခဲ့သည်။ ပွဲတော်အခါသမယများတွင် တောင်ပေါ်သို့တက်ခဲ့သည်။ ဤသည်မှာ သူမ၏ တာဝန်ဖြစ်သည်။ သူ့အဖေက သူမဘဝကို တာအိုဘိုးဘေးအတွက် မြှုပ်နှံထားစေချင်ပေမယ့် သူမမှာ အခွင့်အရေးမရှိခဲ့ပေ။
သူမ ရှုပ်ထွေးသောအမူအရာဖြင့် လုံချီ တောင်ကို လှည့်ကြည့်လိုက်သည်။
...........................
နန်းတော်ထဲက တော်ဝင်စာကြည့်ဆောင်တွင်....
ကျန်းဇီယုက သဝဏ်လွှာကို လက်ထဲက ချထားလိုက်ပြီး မတ်တပ်ထရပ်ကာ အညောင်းဆန့်နေသည်။သူသည် ယခုချိန်ဆွင် အသက် ၄၀ အရွယ်မ လူလတ်ပိုင်းဖြစ်နေခဲ့ပြီ။ ကျယ်ပြောလှသော နယ်မြေတစ်ခုကို ထိန်းချုပ်ထားသည့်အပြင်၊ သူ၏ ဂုဏ်သိက္ခာသည် ယခင် ဧကရာဇ်ကျန်းယွမ် ထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။
ကျန်းဇီယုက ပြုံးလိုက်ပြီး......
"ကဲ.... အနားယူရအောင်....ဒါမှ မင်းရဲ့ဆရာဘိုးဘိုး အတိဒုက္ခကျော်ဖြတ်တာကိုကြည့်နိုင်မှာ....."
ကျန်းရှု အံ့သြသွားသည်။ အတိဒုက္ခကျော်ဖြတ်မည်တဲ့လား.......
သူ မမေးမီ၊ ကျန်းဇီယုက အခန်းပြင် ထွက်သွားပြီး လုံချီဘုရားကျောင်းကို လှမ်းကြည့်လိုက်သည်။
ဝုန်းးးး
နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်များ စတင်ခဲ့ပြီ.... လုံချီ ဘုရားကျောင်းအထက်တွင် တိမ်လိပ်များစုပုံလာပြီး ကမ္ဘာကြီးကို လွှမ်းခြုံထားသည်။
မြို့တော်တွင် လူပိုများလာကာ ၎င်းတို့၏ အိမ်များမှ ထွက်လာကြပြီး လုံချီဘုရားကျောင်းကိုမျှော်ကြည့်နေကြသည်။
ဟန်ထျန်းကျီလည်းအများနည်းတူပင်..... ထူးဆန်းတာကို တွေ့လိုက်ရသဖြင့်မျက်မှောင်ကြုတ်ပြီး.... "ဘာကြောင့် သူ့ကံကြမ္မာက အပြောင်းအလဲမရှိရတာလဲ....သူတကယ်ပဲ ဖြတ်ကျော်နိုင်မှာလား..... ဒါမှမဟုတ် သူ့အတွက် အရှိန်အဟုန်ဖန်တီးဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို တမင်တကာ ဖန်တီးနေတာလား.....”
အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ရောက်သောအခါ၊ ကံကြမ္မာနှင့် ထိတွေ့ကြလိမ့်မည်။ အကယ်၍ ထပ်မံအဆင့်တက်မည်ဆို ထိုသူ၏ ကံကြမ္မာကို တိုက်ကြီးတစ်ခုလုံးက ခံစားရလိမ့်မည်။
တစ်ချိန်တည်းမှာပင်.....
ခြံဝင်းထဲတွင် ...
ကျန်းချန်ရှန်းက လေထဲသို့ ခုန်တက်သွားသည်။ ကျန်းဂျန်၊ ဟွာဂျန်ရှင်းနှင့် ပိုင်ချီတို့တတွေ ထိုမြင်ကွင်းကို ကြည့်နေကြသည်။ များမကြာမီ အခြားခြံဝင်းအတွင်းရှိလူတိုင်း ကျန်းချန်ရှန်းကိုတွေ့လိုက်ရသည်။
တောင်ထိပ်ကို ဖြတ်ကျော်သွားသောအခါ ပိုင်လုံက စူးစမ်းချင်စိတ်ဖြင့် လျှာထုတ်ပြနေသည်။
သူသည် တောင်ထိပ်ထက် ပေတစ်ထောင်ကျော်သည်အထိ လေထဲသို့ ဆက်လက်တက်သွားခဲ့သည်။ ထို့နောက် လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ စွမ်းအင်များကို စတင် ဖြန့်ကျက်လိုက်သည်။
ဂျိန်းးးးးဂျိန်းးးးးး
မိုးခြိမ်းသံနှင့် တိမ်မည်းများက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံကာ နေ့ခင်းကို ညခင်းအဖြစ်သို့ ပြောင်းလဲစေသည်။ လမ်းတွေပေါ်မှာ မှောင်မည်းနေသဖြင့် ပြည်သူအများအပြားက ဆီမီးတိုင်များ ထွန်းထားကြသည်။
သာမန်လူတန်းစားများ၊ မှူးမတ်များ၊ သိုင်းပညာရှင်၊ ကုန်သည်များ အစရှိသည်တို့က ကျန်းချန်ရှန်းကိုသာ မျှော်ကြည့်နေကြသည်။ မှိန်ဖျော့နေသော ကောင်းကင်ကြီးသည် ထူးထူးခြားခြား ဖိနှိပ်ထားပုံရပြီး လူများကို ထိတ်လန့်သွားစေသည်။
သို့သော်၊ ထိုဦးတည်ချက်မှာ လုံချီဘုရားကျောင်းဖြစ်သောကြောင့် မည်သူမျှ မကြောက်ခဲ့ကြပေ။ တာအိုဘိုးဘေးက အစွမ်းထက်လွန်းတာကြောင့် မကြာခင် အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။ သူသာမရှိလျှင် လက်ရှိ တကျန်းလည်း ရှိမည်မဟုတ်ပေ။ တကျန်း၏နိုင်ငံသားတစ်ဦးအနေဖြင့် တာအိုဘိုးဘေးကို အားလုံးက လေးစားရိုသေကြသည်။
ကျန်းချန်ရှန်းက သူ့ရဲ့ တာအိုကျင့်စဉ်ကို ဖြန့်ကျက်လိုက်တဲ့အခါ ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော လေပွေတစ်ခု ဖြစ်ပေါ်လာပြီး သူ့မျက်ခုံးကြားတွင် တာအိုအမှတ်အသား ပေါ်လာသည်။ သူရှိနေသည့်နေရာက အလွန်မြင့်မားသည့်အပြင် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသော လေပွေများကြောင့် သူ၏ တာအိုအမှတ်အသားကို မည်သူမျှ မမြင်နိုင်ပေ။ သူ့ခေါင်းပေါ်မှာ ရွှေရောင်အလင်းတန်းတွေ လင်းလက်နေတာကိုသာ မြင်နေရသည်။
ကျန်းချန်ရှန်းက အမွှေးတိုင်အရေအတွက်ကို စတင်စစ်ဆေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက်: 602,247]
သူသည် အတိဒုက္ခကို ကျော်လွှားရန် အမွှေးတိုင်အရေအတွက်စနစ်ကို တိုက်ရိုက်အသက်သွင်းလိုက်ပြီး လေထုထဲတွင် အစိမ်းရောင်မီးခိုးငွေ့များ ပြည့်လျှံနေသကဲ့သို့ သာမန်မျက်စိဖြင့် မြင်နိုင်သော အတားအဆီးတစ်ခု ပေါ်လာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော လလျှပ်စီးကြောင်းတစ်ခုက ကောင်းကင်ကိုဖြတ်၍ ကျဆင်းလာသည်။၎င်းက ကျန်းချန်ရှန်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အတားအဆီးကြောင့် မအောင်မြင်နိုင်ခဲ့ပေ။
လူတိုင်း ထိတ်လန့်သွားကြပြီး ကျန်းဇီယုနှင့် ကျန်းရှုတို့၏မျက်နှာများ ဖျော့တော့သွားသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းတက်ခဲ့သော ဟွမ်းချွမ်သည်ပင် ထိတ်လန့်စွာ ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်ခွံများ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုလျှပ်စီးသာသူ့ကို ထိမှန်လျှင် ချက်ချင်း ပြာဖြစ်သွားလိမ့်မည်။
ကောင်းကင်ရဲ့စွမ်းအားဆိုတာဒါမျိုးလား......
မြို့တော်ထဲတွင်....
ယုယန်ရိနှင့်ဟန်ထျန်းကျီတို့ နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
ထိုသို့သော ကောင်းကင်သည် ရယ်စရာမဟုတ်သလို အတုလည်းမဟုတ်ပေ။
ပထမ လျှပ်စီးကြောင်းကို ခုခံလိုက်သောအခါ၊ ကျန်းချန်ရှန်း၏ အမွှေးတိုင်အရေအတွက် လျော့နည်းလာပြီး ဒုတိယ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
ဝုန်းးးဝုန်းးးးးဝုန်းးးးးး
မိုးခြိမ်းသံက နားကွဲလုမတတ် ကျယ်လောင်လှသည်။အခြားသောပြည်နယ်တွေကတောင် မိုးခြိမ်းကြောင့် အသံလာရာမြို့တော်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။ မိုးကုပ်စက်ဝိုင်းတွင် အမှောင်ထုကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ မြို့တော်မှာ ဘာတွေဖြစ်နေပြီလဲ.....
ကျန်းဂျန်သည် သစ်သားရုပ်တစ်ခုကိုကိုင်လျက် ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။
ပိုင်ချီနဲ့ ဟွာဂျန်ရှင်းလည်အတူတူပင်....
ပိုင်ချီအနေဖြင့် ဒါဟာ ကျန်းချန်ရှန်း အဆင့်တက်ခြင်းကို ပထမဆုံးမြင်ဖူးခြင်းပင်။ ကျန်းချန်ရှန်းကို နားလည်နိုင်စွမ်းမရှိမှန်း သိသော်လည်း တုန်လှုပ်နေဆဲပင်...
ဤကဲ့သို့သော ကောင်းကင်ပြစ်ဒဏ်ကို မည်သည့်နယ်ပယ်က ဆွဲဆောင်နိုင်မည်နည်း။
လျှပ်စီးကြောင်းများ ပို၍ပြင်းထန်လာပြီး ၎င်း၏အရှိန်က မြန်လွန်းသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူများပင်သေချာမမြင်နိုင်တော့ပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မြို့တော်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ သက်ကြီးရွယ်အို အများအပြားက လုံချီဘုရားကျောင်းရှိရာဆီမှန်းဆ၍ အရိုအသေပေးနေကြပြီ.....
တာအိဘိုးဘေး၏ အစွမ်းသတ္တိကြောင့် သိုင်းလောကသားများလည်း အံ့ဩနေကြသည်။
" တာအိုဘိုးဘေး...တာအို ဘိုးဘေးကတကယ့်ကိုနတ်ဘုရားပဲ..."
“ဒီကမ္ဘာမှာ သူနဲ့ ယှဉ်နိုင်တဲ့ ဘုန်းတော်ကြီးရှိသေးရဲ့လား... လုံချီ ဘုရားကျောင်းအပြင် အခြားသော တာအိုဘုရားကျောင်းအများစုကလည်း သိုင်းပညာလေ့ကျင်ကြပေမယ့် သူတို့မှာ ဒီလိုအရည်အချင်းမျိုးမရှိဘူး.....”
“ဒါဆို တာအိုဘိုးဘေးရဲ့ အတိဒုက္ခက တကယ်ပဲပေါ့..... အဖိုး ငါ့ကို လိမ်နေတာမဟုတ်ဘူးပဲ....."
“အို ဘုရားသခင်၊ လျှပ်စီးတစ်ခုနဲ့တင် လုံချီ တောင်ကို မြေပြင်အထိ ပြိုပျက်သွားစေသလို ခံစားရတယ်..... ”
“ဒါတင်မကဘဲ ဒီမိုးကြိုးတွေသာ မြို့တော်ကိ ဆင်းသက်လာရင် ဘယ်သူ တားနိုင်မှာလဲ.....”
ကျန်းချန်ရှန်းသည် အမွှေးတိုင်အရေအတွက်ကိုစစ်ဆေးနေရင်း သူ၏ အောင်မြင်မှုများကို အာရုံစိုက်ခဲ့သည်။
ကောင်းကင်အတိဒုက္ခက သူထင်ထားသည်ထက် ပိုပြင်းထန်သည်။
ကျန်းချန်ရှန်းသည် ဤကမ္ဘာက သိုင်းပညာလောကဖြစ်သောကြောင့် အတိဒုက္ခသည် ပိုမိုပြင်းထန်လာသည်ဟု သံသယရှိခဲ့သည်။ ကံကောင်းထောက်မစွာပင် သူ့တွင် အမွှေးတိုင်စနစ်ရှိနေသည်။
ပြင်းထန်လှသော လျှပ်စီးကြောင်းများ၏ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက ရွှေခန္ဓာနယ်ပယ်ကိုပင် အပိုင်းပိုင်းပိုင်းဖြတ်ဖို့ လုံလောက်နေသည်။ စကြာဝဠာနယ်ပယ် ကျွမ်းကျင်ပညာရှင်များအနေဖြင့် ၎င်းကို ခံနိုင်ရည်ရှိမရှိကတော့ စကြာဝဠာနယ်ပယ် သိုင်းပညာရှင်နှင့် တွေ့ဆုံခြင်းမရှိသေးသောကြောင့် မသိရသေးပေ။
ကျန်းချန်ရှန်းကို တမြို့လုံး ရိုသေစွာရှိခိုးဉီးညွှတ်နေကြပြီ....တချို့ဆို အိမ်ထဲပြေးဝင်ပြီး သူ့အတွက်အမွှေးတိုင်ထွန်းပေးနေသူများပင်ရှိသေးသည်။
တစ်နာရီခန့်အကြာတွင်.....
ကျန်းချန်ရှန်း၏ အမွှေးတိုင်အရေအတွက် လုံးလုံးလျားလျား ကုန်ဆုံးသွားသောကြောင့် အတိဒုက္ခကို တွန်းလှန်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အားကိုးရုံမှတပါး ရွေးချယ်စရာ မရှိပေ။
ထိုအချိန်တွင်၊ အတိဒုက္ခ၏အခက်ခဲဆုံးအပိုင်းကို ကျော်လွန်သွားခဲ့ချေပြီ။ အရင်ကနဲ့ ယှဉ်ရင် ကောင်းကင်က လျှပ်စီးကြောင်းတွေ အားနည်းလာပေမယ့် ကြောက်ဖို့ကောင်းတုန်းပင်....တစ်ခုလောက်သ ကျန်းချန်ရှန်း ကို ထိလိုက်တာနဲ့ ပုရွက်ဆိတ် ထောင်ပေါင်းများစွာ သူ့ကြွက်သားတွေနဲ့ အရိုးတွေပေါ်မှာ တွားသွားသလို ထုံကျင်နေပြီး အလွန်အဆင်မပြေဖြစ်နေသည်။
သူသည် ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပြီး အံကြိတ်၍သာ အတိဒုက္ခကိုကျော်ဖြတ်ရပေတော့မည်။
တဖြည်းဖြည်းနှင့်လျှပ်စီးကြောင်းများ နည်းပါးလာကာ ၎င်းတို့၏ အမြန်နှုန်းမှာလည်း နှေးကွေးသွားခဲ့သည်။
နောက်ထပ်တစ်နာရီကြာသွားခဲ့ချိန်တွင အတိဒုက္ခ ပြီးဆုံးသွားသည်။
ကျန်းချန်ရှန်း၏ နဖူးတွင် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်နှာကလည်း ဖြူဖျော့နေသည်။ ဤအတိဒုက္ခအတွင်း သူသည် သားမွေးဝတ်ရုံနှင့် မသာဝိညာဉ်လက်စွပ်တို့ကိုပင် အသုံးပြုခဲ့ရသည်။ သို့သော် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး လှုပ်ရှားရခက်နေသည်။
တာအိုကျင့်စဉ်၏အဆင့်မြင့်လေ၊ အတိဒုက္ခသည် ပို၍အားကောင်းလေပင်.... ခြားနားချက်က ကောင်းကင်နဲ့မြေကြီးလိုကွာခြားသည်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် တာအိုကျင့်စဉ်၏ သတ္တမအဆင့်သို့ ရောက်ရှိခဲ့သည်။ သူ၏မျက်ခုံးနှစ်ကြားရှိ တာအိုအမှတ်အသားက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အရူးအမူးစုပ်ယူလိုက်သောကြောင့် ရွှန်းလဲ့တောက်ပသောရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ သူ၏အရိုးများနှင့် ကြွက်သားများအတွင်းသို့ စီးဝင်လာသော အကန့်အသတ်မရှိသောဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကျန်းချန်ရှန်းသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်သွားသည်။
တာအိုကျင့်စဉ်၏ သတ္တမအဆင့်ကြောင့်ဖြစ်ပေါ်လာသည့် မဟာတာအိုမျက်လုံးသည် သူ၏မျက်ခုံးနှစ်ခုကြားရှိ တာအိုအမှတ်အသားဖြစ်သည်။ ၎င်းသည် အရာဝတ္ထုများ၏ အနှစ်သာရကို မြင်နိုင်ပြီး၊ သေလွန်သူများ၏ ဝိညာဉ်များကို ထိုးဖောက်ဝင်ရောက်ကာ ရန်သူများကို သတ်ရန် ဝိညာဉ်စွမ်းအင်ကို စုစည်းနိုင်မည်ဖြစ်သည်။ စိတ်ဝိဥာဉ်ကို ထိမှန်လျှင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရမည်ဖြစ်သည်။
လျှပ်စီးများကင်းရှင်းသွားသဖြင့် အတိဒုက္ခ ပြီးဆုံးသွားကြောင်း လူတိုင်း နားလည်ခဲ့ကြသည်။
ကျန်းချန်ရှန်းသည် ကောင်းကင်တွင် ထိုင်နေဆဲဖြစ်ပြီး မြို့တွင်းရှိလူတိုင်း မြင်နိုင်သည့် ရွှေရောင်အလင်းတန်းများထုတ်လွှတ်နေသည်။
ဟန်ထျန်းကျီ ခြံဝင်းထဲတွင် ထိုင်ပြီး သူ့စွမ်းအင်ကို ဖြန့်ကျက်လိုက်သည့်အခါအလွန် ထိတ်လန့်သွားသည် ။
“ကံကြမ္မာအတက်အကျမရှိဘူး… ဒါကြောင့်မို့ သူ့ရဲကြီးထွားမှုကို ဘယ်သူမှ မတွေ့နိုင်တာ အံ့သြစရာမဟုတ်တော့ဘူးပဲ..... သူဘယ်လို ထူးဆန်းတဲ့ကျင့်စဉ်ကို လေ့ကျင့်ထားတာလဲ......"
ဟန်ထျန်းကျီက ကျန်းချန်ရှန်းကို ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။
ကံကြမ္မာကိုရှောင်ရှားနိုင်သော နတ်ဘုရားကျင့်စဉ်.. ဒါကိုသာကျင့်ကြံနိုင်ရင် ချောင်းဂိုဏ်းတွေနဲ့ ရှန်းရှန်တုံးထျန်း မသိအောင် တိတ်ဆိတ်ကျင့်ကြံနိုင်ပေလိမ့်မည်။
.....,......................
ကျန်းချန်ရှန်းသည် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များထဲတွင် နှစ်မြှုပ်နေဆဲပင်... ဤခံစားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်ခံစားချက်ထက်မဆို သာလွန်သည်။
မိုးခြိမ်းသံများ ပြန့်ကျဲသွားပြီး နေရောင် သူ့အပေါ်သို့ ဖြာကျလာသည်။ သူသည် သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသော အမတနတ်တစ်ပါးနှင့်တူနေသည်။
အချိန်အတော်ကြာပြီးနောက်.....
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်တော့ အသိပေးစာကြောင်းတွေပေါ်လာသည်။
[ချန်းဝူ ခေတ် ၁၉နှစ်တွင်၊ သင့်ရဲ့ ကျင့်ကြံမှု အလွန်တိုးတက်လာပြီး တာအိုကျင့်စဉ်ရဲ့ သတ္တမအဆင့်ကိုနားလည်သွားခဲ့ပြီ။ သင်သည် ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာကျော်ဖြတ်နိုင်သဖြင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သော ဒြပ်ငါးပါးကို ရှောင်လွှဲခြင်းနည်းစနစ်ကို ရရှိခဲ့သည်.....]
[အမွှေးတိုင်များ ရရှိထားကြောင်း တွေ့ရှိရသည်။ သင့်၏ကျင့်ကြံမှုသည် ကောင်းကင်နှင့်မြေပြင်တာအိုနှင့်မဆိုင်သည့်အတွက် အောက်ပါ ရွေးချယ်စရာ နှစ်ခုထဲမှ တစ်ခုကိုသာရွေးနိုင်ပါတယ်..]