နယ်ပယ်အမျိုးမျိုး.... ရှေးဟောင်းစစ်သည်တော်......
Vol. 6 Ch. 88
[1- ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ပါ....သင်၏ ဝိညာဉ်စွမ်းအင်သည် ဤကမ္ဘာရှိ သိုင်းပညာနယ်ပယ်တစ်ခုဖြစ်သော ကောင်းကင်သုံးဆင့်နယ်ပယ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။]
[2: ဆက်လက်ကျင့်ကြံမည်ဆိုပါက အရာများသည် သက်ရှိအားလုံးထက် သာလွန်ပြီး အားလုံးက သင့်ကို လေးစားကြမည်။ ကျင့်ကြံမှုလမ်းကြောင်းသည် ကောင်းကင်ဘုံတာအို၏လမ်းစဉ်ကို လိုက်နာရန်ဖြစ်သည်။ကောင်းချီးပေးခြင်းအမွှေးတိုင်စနစ် လုပ်ဆောင်ချက်ကို သင် အသက်သွင်းနိုင်ပါသည်။]
[ကောင်းချီးပေးခြင်းအမွှေးတိုင်စနစ် - လူဝင်စားဖြစ်တော့မည်သူ၏ အရည်အချင်းများကို တိုးမြင့်လာစေရန်နှင့် ကံကောင်းစေရန်အတွက် အမွှေးတိုင်အရအတွက်အချို့ကိုသုံးနိုင်သည်။အရည်အချင်း တိုးမြှင့်မှုနှင့် ကံကောင်းမှုအတိုင်းအတာသည် သုံးစွဲသည့်အမွှေးတိုင်ပမာဏအပေါ် မူတည်ပါသည်။]
ကောင်းကင်သုံးခုနယ်ပယ်?????
ကျန်းချန်ရှန်း ရုတ်တရက် ရှန်းရှန်တုံးထျန်း ကိုစဉ်းစားလိုက်မိသည်။
ဒါဆို ရှန်းရှန်တုံးထျန်းဆိုတဲ့နာမည်က ဒီနယ်ပယ်က နာမည်ရခဲ့တာလား.....
[TN/ ရှန်းရှန်တုံးထျန်း=Xiansheng Grotto-heaven / ကောင်းကင်သုံးခုနယ်ပယ်=Three Grotto-heaven realm]
မဖြစ်တော့ဘူး.... ရှန်းရှန်တုံးထျန်းမှာ ထိုက်တန်တဲ့ ပြိုင်ဘက်တွေရှိ၊ မရှိ တွက်ချက်ပြီး အတည်ပြုရတော့မယ်....
ကျန်းချန်ရှန်းသည် ဒုတိယရွေးချယ်မှုကို တိတ်တဆိတ်ရွေးချယ်ခဲ့သည်။ ကောင်းချီးပေးခြင်းအမွှေးတိုင်စနစ်ကိုတော့ သူဂရုစိုက်တဲ့သူတွေအတွက် သုံးရမည်။
ဤအတိဒုက္ခအပြီးတွင် သူသည် အမွှေးတိုင်အရေအတွက်စနစ်ကို ပို၍အလေးထားတတ်လာသည်။
အနာဂတ်တွင် ကြုံရမည့် အတိဒုက္ခ၏ ခွန်အားကို တွေးတောင်မတွေးဝံ့ပေ။ ထို့ကြောင့် အမွှေးတိုင်အရေအတွက်ကို ရသလောက်စုဆောင်းရပေတော့မည်။
ကျန်းချန်ရှန် သည် သူ၏ ကျင့်ကြံမှုကို အခြေခိုင်အောင်စုစည်းရင်း တွေးတောနေခဲ့သည်။
အမွှေးတိုင်အရေအတွက်စနစ်ကို စတင်အသုံးပြုမည်...
“ဒီတိုက်ကြီးကလွဲလို့ တခြားနေရာတွေကအသန်မာဆုံးလူရဲ့နယ်ပယ်ကို သိချင်တယ်....."
[အမွှေးတိုင်အရေအတွက် 90,000 လိုအပ်ပါသည်။ ဆက်လုပ်လိုပါသလား...
မလုပ်ဘူး! !!!!!
ကျန်းချန်ရှန်း ထိတ်လန့်သွားသည်။ ဘယ်ကောင်က ဒီလောက်စွမ်းနေတာလဲ.....
အမွှေးတိုင်အရေအတွက် 90,000 သည် ချောင်ဂိုဏ်းအကြောင်းစစ်ဆေးစဉ်က တန်ဖိုးထက် အဆများစွာ ပိုများသည်။
အမွှေးတိုင်အရေအတွက် ခြားနားမှုမှတစ်ဆင့် တစ်ဖက်လူ၏ ခွန်အား၏ အနီးစပ်ဆုံး ကွာခြားချက်ကို ဆုံးဖြတ်နိုင်သည်။
"ဒီတိုက်ကြီးမှာ တတိယအသန်မာဆုံး ကျွမ်းကျင်သူရဲ့ နယ်ပယ်ကို သိချင်တယ်"
[အမွှေးတိုင်အရေအတွက် 20,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
မလုပ်ဘူး!
ကွာဟချက်ကြီးမားနေဆဲပင်... ရှိပါသေးသည်။
အသန်မာဆုံးပညာရှင်သည် ဘယ်တော့မှ မသေနိုင်သောနတ်အိုကြီးတစ်ပါးဖြစ်နိုင်သည်ဟု ခပ်ချဉ်ချဉ် တွေးလိုက်မိတော့သည်။
သူ့မှာ ဘာမှလုပ်စရာမရှိတာကြောင့် ကျန်းချန်ရှန်း မေးခွန်းများဆက်မေးနေခဲ့သည်။
"ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး သိုင်းပညာ နယ်ပယ်က ဘာလဲ"
“နယ်ပယ်တွေကျယ်ပြန့်တာကြောင့် လောလောဆယ် တွက်ချက်လို့ မရနိုင်ပါ။ ဒီစနစ်ဟာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ခံစားသိရှိနိုင်ဖို့ အချိန်လိုပါသည်။”
ကံဆိုးလိုက်တာ....
ကျန်းချန်ရှန်း အနည်းငယ် ဝမ်းနည်းသွားမိသည်။
မည်သို့ပင်ဆိုစေကာမူ သူလက်ရှိနေထိုင်နေသော တိုက်ကြီးတွင် ရွှေခန္ဓာနယ်ပယ်သည် ဒဏ္ဍာရီဆန်သောနယ်ပယ်ဖြစ်ပြီး စကြာဝဠာနယ်ပယ်သည် စိတ်ကူးယဉ်နယ်ပယ်သာဖြစ်သည်။ သူသာ ရှန်းရှန်တုံးထျန်းကို မစော်ကားသေးသရွေ့ အေးအေးဆေးဆေး နေနိုင်လိမ့်မည်။
ကျန်းချန်ရှန်းက သူ၏ ကျင့်ကြံမှုကို စုစည်းပြီး ကျန်တာတွေကို အာရုံမစိုက်တော့ပေ။
သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ အထွတ်အထိပ်သို့ မရောက်ရှိမီ သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့သည်။ မအောင်မြင်မီကနှင့် နှိုင်းယှဉ်ပါက အခုဆို ဆယ်ဆကျော် အားကောင်းလာခဲ့သည်။ ဤတစ်ကြိမ်တွင်၊ဝိညာဉ်စွမ်းအင်များတိုးပွားလာရုံသာမက၊ သူ၏ဝိညာဉ်ရေးစွမ်းအင်၏သတ်ဖြတ်နိုင်စွမ်းလည်း တိုးလာခဲ့သည်။
ကျန်းချန်ရှန်းသည် တာအိုအမှတ်အသားကိုသိမ်းဆည်းပြီး ခြံဝင်းအတွင်းသို့ ဆင်းသက်လိုက်သည်။
ဟွာဂျန်ရှင်း ချက်ချင်းရောက်လာပြီး သူ့အခြေအနေကို မေးမြန်းကာ ကျန်းချန်ရှန်း သူ့အခန်းထဲမပြန်ခင် ခဏလောက် စကားစမြည်ပြောခဲ့ကြသည။
သူသည် ဒြပ်စင်ငါးခု ရှောင်တိမ်းခြင်းနည်းပညာကို အလွန်သိချင်နေမိသည်။
ဒြပ်စင်ငါးပါး ရှောင်တိမ်းခြင်း၏အချက်အလက်များကို လက်ခံပြီးနောက် ထိုနတ်ဘုရားစွမ်းရည်၏ နက်နဲလှသောစွမ်းအားကြောင့် သက်ပြင်းချမိသည်။
ထိုကျင့်စဉ်သည် လူတစ်ဦးကို မြေပြင်မှ လွတ်မြောက်ရန်၊ ကောင်းကင်သို့ ပျံသန်းရန်၊ နံရံများကို ဖောက်ထွက်ရန် သို့မဟုတ် ရေထဲမှတဆင့် လွတ်မြောက်ရန် စွမ်းဆောင်နိုင်သည်။
ကျန်းချန်ရှန်းထက် သန်မာတဲ့သူတစ်ယောက်သာ သူ့ကို အတင်းအကြပ်မတားဘူးဆိုရင် ထိုကျင့်စဉ်၏အကူအညီဖြင့် ကမ္ဘာပေါ်က ဘယ်အရာမဆို ဖောက်ထွင်းဝင်ရောက်နိုင်ပါလိမ့်မည်။
ဤနတ်ဘုရားစွမ်းရည်သည် တစ်စုံတစ်ဦးကို နှစ်သက်သလို သွားလာခွင့် ပေးသော တန်ခိုးတစ်ခုပင် ဖြစ်သည်။
ကျန်းချန်ရှန်းတစ်ယောက် ဒြပ်စင်ငါးခုရှောင်တိမ်းခြင်းကို စတင် ကျင့်ကြံနေချိန်တွင် သူ၏ အတိဒုက္ခ သတင်းက ကမ္ဘာသို့ ပျံ့နှံ့နေချေပြီ။
အနီးနားရှိ မင်းဆက်များကို သိမ်းပိုက်ခဲ့သော တကျန်းတွင် လူဉီးရေထူထပ်နေပြီး မြို့တော်သည်လည်း ကမ္ဘာ့အလယ်ဗဟိုဖြစ်လာခဲ့သည်။ မြို့တော်တွင် သတင်းများ အမြဲ ပြန့်နှံ့နေကာ အတိဒုက္ခကို ဖြတ်ကျော်ခြင်းကဲ့သို့ ထူးဆန်းသောအရာမျိုးကတော့ဆိုဖွယ်ရာမရှိတော့ပေ။
ထို့ကြောင့် ကျန်းချန်ရှန်း၏ အမွှေးတိုင်အရေအတွက် အလွန်လျင်မြန်စွာ တိုးလာသည်။
လုံချီဘုရားကျောင်းနှင့်ပတ်သက်သည့်သတင်းက နှစ်ကုန်ပိုင်းကျမှသာ ငြိမ်သက်သွားခဲ့သည်။ ကျန်းချန်ရှန်းသည် ဒြပ်စင်ငါးခုရှောင်တိမ်းခြင်းကို ကျွမ်းကျင်စွာလေ့ကျင့်နိုင်ခဲ့ပြီး ရေထဲမှ ငါးကဲ့သို့ တောင်များကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သည်။
သူ့အခန်းထဲပြန်ရောက်တော့ နဂါးသွေးကြောအကြောင်း တွေးနေမိသည်။
နဂါးသွေးကြော ပြသာနာသည် တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည့် လျှို့ဝှက်အန္တရာယ်တစ်ခုဖြစ်သည်။
ကျန်းချန်ရှန်းသည် မြေအောက်သို့ စူးစမ်းလေ့လာရန် နတ်ဘုရားအာရုံကို စတင်အသုံးပြုခဲ့သည်။အဆင့်တက်ပြီးသည့်နောက် နတ်ဘုရားအာရုံသည်လည်း ခုန်ပျံကျော်လွှားသလို တိုးတက်လာခဲ့သည်။ဖြန့်ကျက်နိုင်သော အတိုင်းအတာသည် ယခင်ကထက် ပိုမိုကျယ်ဝန်းလာပြီး မြေအောက်ကို အလွယ်တကူ စူးစမ်းနိုင်ခဲ့သည်။ ဘယ်လောက် နက်နဲသလဲ ဆိုတာကိုတော့ စမ်းကြည့်ရလိမ့်မည်။
နတ်ဘုရားအာရုံက ပေငါးသောင်းနီးပါးအထိ နက်ရှိုင်းသော တောက်လျှောက် ဆင်းသက်သွားခဲ့သည်။ အကယ်၍ မြေကြီးပေါ်မှာသာဆို သူ၏ နတ်ဘုရားအာရုံက ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံသွားပေလိမ့်မည်။ သို့သော်၊ ကမ္ဘာမြေကြီးတွင် ဝိညာဉ်စွမ်းအင်များစွာပါ၀င်ပြီး ပိုမိုနက်ရှိုင်းသည်နှင့်အမျှ ပို သူ၏နတ်ဘုရားအာရုံကို ပို၍ဟန့်တားလေလေဖြစ်သည်။
ကျန်းချန်ရှန်း အနည်းငယ်စိတ်ပျက်နေစဉ် ရုတ်တရက် မြေကြီးထဲကဝိညာဉ်စွမ်းအင်များ တဟုန်ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။ လှိုဏ်ဂူအတွင်းကနေ လေတိုက်သလို အပေါ်ကို ထောင့်ဖြတ်စီးဆင်းနေသည်။
ဒီဝိညာဉ်စွမ်းအင်ရဲ့ရင်းမြစ်က နဂါးသွေးကြောများလား.....
ကျန်းချန်ရှန်း ချက်ချင်းဆိုသလိုပင် ဒြပ်စင်ငါးခု ရှောင်တိမ်းခြင်းကိုသုံး၍ မြေအောက်သို့ခိုးဝင်ခဲ့သည်။
သူ၏အမြန်နှုန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်များထက်ပင် လျင်မြန်သည်။
မြေအောက် ပေပေါင်း ရာနှင့်ချီသောနေရာတွင် ကြီးမားသော လှိုဏ်ဂူကြီးတစ်ခု ရှိခဲ့သည်။ အလွန်ကျယ်ပြောလှိုဏ်ဂူ၏အလယ်ဗဟိုတွင် ကြီးမားသော ကျောက်စာချပ်ကြီးတစ်ခု ရှိနေပြီး ၎င်းသည် မီတာရာနှင့်ချီမြင့်မားကာ မှိန်ဖျော့သောဝိညာဉ်စွမ်းအင်အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ကျောက်ပြားပေါ်တွင် ကင်းခြေများကဲ့သို့ ကြီးမားသော နတ်ဆိုးကြီးတစ်ကောင်ရှိသည်။ထိုနတ်ဆိုးသည် အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အနက်ရောင်ဖြစ်ပြီး ခြေတံတစ်ထောင်ကတော့အစိမ်းရောင်သန်းနေသည်။ ၎င်း၏ ဦးခေါင်းမှာလူသားဉီးခေါင်းဖြစ်ပြီးဆံပင်များဖုံးနေသဖြင့် ယောက်ျားလား၊ မိန်းမလား မသိနိုင်သေးပေ။
ထိုနတ်ဆိုးကကျောက်ပြားပေါ်မှာ အိပ်ပျော်နေသည်။
ကျန်းချန်ရှန်း ဂူထဲကနေ ရောက်လာပြီး မြေပြင်ပေါ် ညင်သာစွာ ဆင်းသက်ခဲ့သည်။
တာအိုကျင့်စဉ်က သူ့အသွင်အပြင်ကို အလိုအလျောက် ဖုံးကွယ်ထားတာမို့ ခြေတစ်ထောင်ရှိတဲ့ နတ်ဆိုး သူ့ကို သတိမထားမိသေးပေ။
ကျန်းချန်ရှန်းတစ်ယောက် ခြေတစ်ထောင်နတ်ဆိုးကြောင့် ထိတ်လန့်သွားသည်။
ဧရာမ အင်းဆက်ကြီးပဲ....!
ဤနေရာတွင် ဝိညာဉ်စွမ်းအင် အလွန်ပေါများသော်လည်း မြေဝိဉာဉ်သစ်ပင်မှ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင်နှင့် မတူဘဲ သိုင်းပညာရှင်များ ကျင့်ကြံရန် ပိုသင့်တော်သည်။ ၎င်းသည် အတော်လေးနိမ့်ကျသော်လည်း ကျန်းချန်ရှန်းသာ ၎င်းကိုစုပ်ယူမည်ဆိုပါက ဝိညာဉ်စွမ်းအင်၏ သန့်ရှင်းစင်ကြယ်မှုအတွက် အကျိုးသက်ရောက်မှုရှိနိုင်သည်။ ထို့အပြင် ၎င်းတွင် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ဖြင့် ပြည့်နှက်နေသည်။
ကံကောင်းပြီပဲ...!
ကျန်းချန်ရှန်း ထိုသို့သာတွေးနိုင်တော့သည်။ ကံတရားသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အသံမရှိ၊ အရောင်မဲ့၊ အနံ့မရှိပေ။ သာမန်မျက်စိဖြင့်လည်း မမြင်နိုင်ပေ။ဒါကို နားလည်ဖို့ အထူးသိုင်းပညာ နည်းစနစ်တစ်ခုလိုအပ်ပေလိမ့်မည်။
တာအိုကျင့်စဉ်၏ သတ္တမအဆင့်သို့ရောက်ပြီးနောက်၊ ကျန်းချန်ရှန်း ထိုကျောက်စာချပ်အောက်မှ ကံကောင်းခြင်းများကို အာရုံခံနိုင်ပြီဖြစ်သည်။
ထိုကျောက်စာချပ်သည် နဂါးသွေးကြောမဟုတ်သော်လည်း ၎င်းသည် နဂါးသွေးကြောကို ဝါးမျိုသိပ်ထားပြီး ခြေတထောင်နတ်ဆိုးက ကျောက်စာချပ်ပေါ်မှ ကံကောင်းခြင်းများကို စုပ်ယူနေသည်။
ကျစ်.... ဒီကောင်ရဲ့ နတ်ဆိုးစွမ်းအားက အရမ်းပြင်းတယ်.... ဒါက သူကြုံတွေ့ခဲ့ရတဲ့ ရန်သူများအားလုံးထက် ပိုအားကောင်းတဲ့အပြင် စီနီယာတုံးဖန်းလို့ခေါ်တဲ့ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူထက်တောင် အားကောင်းသေးတယ်....
ဤနတ်ဆိုးသည် မွှေးတိုင်အရေအတွက် 4,000တန်သည်ကို သတိရမိသည်။ အမွှေးတိုင်အရေအတွက် ၄၀၀၀ သည် ရွှေခန္ဓာနယ်ပယ်အတွင်း၌သာ ရှိနေသေးသည်။
ကျန်းချန်ရှန်း ချောင်းဟန့်ပြီး ခြေတစ်ထောင်နတ်ဆိုးကို နှိုးလိုက်သည်။
ခြေတစ်ထောင်နတ်ဆိုးက ၎င်း၏ခေါင်းကို မြှောက်လိုက်ပြီးအကြည့်များက ကျန်းချန်ရှန်းထံ ရောက်သွားခဲ့သည်။ သူ့မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး မည်းမှောင်နေပုံရသည်။ သူ့မျက်လုံးအစုံက ပိုလို့တောင် ကြောက်စရာကောင်းသည်။ နီမြန်းသော အနက်ရောင် မျက်လုံးများက လောဘဇောနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ထင်ရှားတောက်ပနေသည်။
"မင်းဘာလို့ နဂါးသွေးကြောထဲရောက်နေတာလဲ"
ကျန်းချန်ရှန်းက ထိုသို့မေးသည်။ ဂူထဲတွင် အခြားမြွေ သို့မဟုတ် အင်းဆက်ပိုးမွှားများ မရှိပါ။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ ပေါများသော်လည်း၊ဖိအားများလွန်းသဖြင့် သာမာန်သတ္တဝါတွေသာဆို အသားပြားဖြစ်နေလိမ့်မည်ယ
ခြေတထောင်နတ်ဆိုးက ၎င်း၏ခန္ဓာကိုယ်ကို ထောင်မတ်၍ သူ့ကိုငုံ့ကြည့်လိုက်ကာ ကျယ်လောင်သောအသံဖြင့်
“ဒါမျိုးက ငါမေးသင့်တဲ့မေးခွန်းပါ....”
စကားဆုံးသည်နှင့် ကျန်းချန်ရှန်း ဆီသို့ ရုတ်တရက် ပြေးလာသည်။ ၎င်း၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် အရှည်ကို တိုင်းတာရန်ခက်ခဲသည်။ ကျန်းချန်ရှန်းက သူ့ခြေထောက်တစ်ချောင်းလောက်တောင် မကြီးမားပေ။ ကျန်းချန်ရှန်း ကို ထိုးနှက်ခါနီးတွင် လက်ကို မြှောက်ကာ ညွှန်လိုက်သည်။
ဝှစ်....ယ
ခြေတထောင်နတ်ဆိုး လေထုထဲတွင် အေးခဲသွားပြီး ၎င်း၏ဝမ်းဗိုက်ကို ထိတ်လန့်စွာ ကြည့်နေလေသည်။ ကျန်းချန်ရှန်း၏ ချီလက်ချောင်း ၎င်း၏ ဝမ်းဗိုက်ကို ဖောက်ဝင်သွားပြီး အစိမ်းမှောင်သော အရည်များ ထွက်လာသည်မှာ အလွန်ရွံရှာဖွယ်ကောင်းလှသည်။
ကျန်းချန်ရှန်းက.... “အသေခံမလား မေးတာဖြေမလား...."
ခြေတထောင်နတ်ဆိုး ထိတ်လန့်တကြားဖြင့် နောက်သို့ဆုတ်သွားကာ ကျောက်ပြားကြီးပေါ်တွင် ကြောက်လန့်တကြား ထိုင်ချလိုက်သည်။
“ ဘယ်လိုဖြစ်နိုင်လဲ… ဒီလူ ဘယ်ကလာတာလဲ… သိုင်းလောက ပြန်ကောင်းလာတော့မလား”
ခြေတထောင်နတ်ဆိုး၏ နှလုံးသားထဲတွင် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ကျုပ်က ရှန်းရှန်တုံးထျန်းက သိုင်းပညာရှင်တစ်ယောက် မွေးမြူထားတဲ့ အဆိပ်ပိုးကောင်ပါ....ရှန်းရှန်တုံးထျန်းကလည်း နဂါးသွေးကြောကို စူးစမ်းလေ့လာဖူးတယ်....သူတို့တွေ လက်ဗလာနဲ့ ပြန်သွားခဲ့ပေမဲ့ ကျုပ်ကတော့ ဒီမှာပဲကျန်နေခဲ့တာ.... တစ်နေ့မှာ ဝိညာဉ်စွမ်းအင်တွေ တဟုန်ထိုးတက်လာတာကို ခံစားပြီး ဒီကို ရောက်လာတာပါ...… ကျုပ်ဒီကိုရောက်နေတာ နှစ်ထောင်နီးပါးရှိနေပြီ…”
ကျန်းချန်ရှန်းက အံ့အားသင့်စွာဖြင့် “မင်းမြေအောက်ရောက်နေတာကို အနှစ်တစ်ထောင် အချိန်ကုန်သွားပြီဆိုတာ ဘယ်လိုသိလဲ”
ခြေတထောင်နတ်ဆိုးက.... “ကိုယ်တိုင် တွက်ထားတာပါ....အတိအကျတော့ဘယ်ဟုတ်မလဲ....."
“ဒီကျောက်ပြားရဲ့ ဇာစ်မြစ်က ဘာလဲ”
“မသိဘူး…”
"ဒါဆို နဂါးသွေးကြောရဲ့ ကံကြမ္မာကို စုပ်ယူလိုက်တာက စီရင်စုဆယ့်သုံးခုကို ပြိုပျက်သွားစေမယ်ဆိုတာရော မင်းသိလား"
“မသိ...မသိပါဘူး....ခွင့်လွှတ်ပေးပါ... ချက်ချင်းထွက်သွားပါ့မယ်..."
"ဒါဆို မင်းထွက်သွားလို့ရပြီ"
ခြေတစ်ထောင်နတ်ဆိုးသည် ချက်ချင်းပင် ကျောက်ပြားပေါ်မှ ဆင်းကာ ကျန်းချန်ရှန်း နောက်ဘက်ရှိ အကြီးဆုံးအပေါက်ဆီသို့ တွားသွားခဲ့သည်။
ကျန်းချန်ရှန်း အနားသို့ဖြတ်သွားသောအခါ ရုတ်တရက် ခေါင်းကိုလှည့်ကာ မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ သူ့ဆီသို့ အဆိပ်များပန်းထုတ်လိုက်သည်။
ကျန်းချန်ရှန်း လှည့်မကြည့်ခဲ့ပေ။ သူသည် မြင်းမြီးသားယပ်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပြီး လေပြင်းများက အဆိပ်ကို ပြန်တွန်းထုတ်ကာ ခြေတစ်ထောင်နတ်ဆိုးကြီးပေါ်သို့ ပြန်ကျသွားသည်။
ခြေတထောင် နတ်ဆိုး ထိတ်လန့်တကြားဖြင့် ဖျော့တော့ကာ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
ထိုစဉ်လေခွင်းသံတစ်ခုကြားလိုက်ရသည်။
ဝှစ်...ဝှစ်..ဝှစ်.....
ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသကဲ့သို့ ဂူတဝိုက်တွင် ရွှေရောင်အလင်းတန်းများ လှည့်ပတ်နေကြသည်။ နှစ်စက္ကန့်လောက်ကြာတော့ ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး ခြေတံတစ်ထောင်နတ်ဆိုးရဲ့ ခြေလက်တွေ ကျိုးပဲ့သွားကာ ပြာမှုန့်တွေလို အစအနမရှိပျောက်ကွယ်သွားခဲ့သည်။
ရွှေရောင်အဆင်းရှိသော ကျောက်စိမ်းသစ်ရွက်တစ်ခု သွေးအစအနမရှိဘဲ ကျန်းချန်ရှန်း လက်ထဲရောက်လာခဲ့သည်။
ကျန်းချန်ရှန်းသည် ခြေတစ်ထောင်နတ်ဆိုး၏အလောင်းကို လျစ်လျူရှုပြီး ကျောက်စာချပ်ဆီသို့ လျှောက်သွားခဲ့သည်။၎င်းပေါ်တွင် ထူးဆန်းသော စကားလုံးများ ရေးထွင်းထားသည်ကို သတိပြုမိသော်လည်း ၎င်းတို့ကို ဖတ်မရပေ။
သူသည် နတ်ဘုရားအာရုံဖြင့် နဂါးသွေးကြောကို စူးစမ်းလေ့လာသည့်ပခါ ကျင့်ကြံမှုကန့်သတ်ချက်နှင့် ဆင်တူသော တံဆိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုတံဆိပ်ကျိုးပျက်သွားသည်နှင့် တပြိုင်နက် ကျောက်စာချပ် ကွဲအက်သွားကာ အောက်ရှိ အကန့်အသတ်မရှိသော ကံတရားများ တဟုန်ထိုးမြင့်တက်လာပြီး စီရင်စု ဆယ့်သုံးခု၏ နယ်မြေများကို ဖြိုခွဲသွားမည်ဖြစ်သည်။ အဲဒီအချိန်မှာ ပြည်သူတွေက အကျပ်ရိုက်မှာ သေချာပါသည်။
ဤအရာသည် ထိတွေ့၍မရပေ။
ကျန်းချန်ရှန်းက ပြန်မထွက်လာခင် အချိန်အတော်ကြာအောင် ကျောက်စာချပ်ကို ကြည့်နေခဲ့သည်။
သူသည် လုံချီ ဘုရားကျောင်းသို့ပြန်လာပြီးစဉ်းစားရန်ကုတင်ပေါ်တွင်ထိုင်ချလိုက်သည်။
ကျောက်စာချပ်ပေါ်ရှိ တံဆိပ်သည် ရှေးကျပြီး အစွမ်းထက်သည်။ ၎င်းကို ချိုးဖျက်နိုင်သော်လည်း တာအိုကျင့်စဉ်၏ သတ္တမအဆင့်ကို မကျော်ဖြတ်မီ ၎င်းကို မဖျက်နိုင်ဟု ခံစားခဲ့ရသည်။
တစ်နည်းဆိုရသော် ထိုအရာက စကြာဝဠာနယ်ပယ်ကို ကျော်လွန်သွားနိုင်သည်။
ရှောင်တုထျန်း ပြောခဲ့သည့်စကားအတိုင်း စီရင်စုဆယ့်သုံးခု၏ သိုင်းလောက၏သက်တမ်းက ကြာမြင့်ခဲ့ပြီဖြစ်သည်။ နတ်ဆိုးများ နေရာတိုင်းတွင်ရှိခဲ့ပြီး ရှေးခေတ် သိုင်းပညာရှင်များ၏ နောက်တွင် ကျန်ရစ်ခဲ့သည်မှာ ထင်ရှားပါသည်။
ထို့အပြင်၊ နဂါးသွေးကြော၏ ဝိညာဉ်စွမ်းအင်သည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်နှင့် ကွဲပြားသည်။ သိုင်းပညာရှင်မျာသာ စုပ်ယူရန် သင့်လျော်သဖြင့် ဒါဟာတပပဖန်တီးထားသောအရာဖြစ်နိုင်သည်။
[ ချန်းဝူခေါတ်၏ ၁၉ နှစ်တွင်၊ သင်သည် နဂါးသွေးကြော၏ ကံကောင်းခြင်းများကို ဝါးမြိုနေသော နတ်ဆိုးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ရပ်တန့်ဖို့ ကြိုးစားသော်လည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သင်သည် ဘေးဆိုးမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာာ်အဖြစ် မူလသစ်တော မန္တာန်ကို ရရှိခဲ့သည်]
ကျန်းချန်ရှန်း ထိုအရာကို အမွေဆက်ခံရန် ချက်ချင်းစတင်ခဲ့သည်။
ထိုမန္တာန်ကိုသုံး၍ ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်ပြီး မြေကြီးမှ သစ်ပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်သည်။ သို့သော်၊ ဤလုပ်ငန်းစဉ်သည် ဝိညာဉ်စွမ်းအင် အများအပြားကို သုံးစွဲမည်ဖြစ်သည်။
ဒါက သိပ်ပြီးအကူအညီမဖြစ်ဘူး...?
ထိုစဉ် ကျန်းချန်ရှန်း၏စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာခဲ့သည်။
သူသည် လုံချီတောင်ကိုမြောက်ဘက်တံခါးသို့ ရွှေ့ပြီး သူ့တပည့်များကို စေလွှတ်ရန်အတွက် တောင်နှစ်လုံးကြားတွင် သစ်သားတံတားတစ်စင်း ဆောက်လိုသည်။ သူနေထိုင်သောတောင်သည် နောင်တွင် လုံချီ ဘုရားကျောင်း၏ ကန့်သတ်နယ်မြေဖြစ်လာမည်ဖြစ်သဖြင့် ပိုမိုတိတ်ဆိတ်သွားမည်ဖြစ်သည်။ ထို့အပြင်၊ ဤအရာကိုလုပ်ဆောင်ခြင်းဖြင့် လုံချီ ဘုရားကျောင်းသည်လည်းတပည့်များကိုပိုမိုဆွဲဆောင်နိုင်ပေမည်။