တောင်ကိုရွှေ့မလို့လား? ဘယ်လိုလဲ????
Vol. 6 Ch. 89
တရုတ်နှစ်သစ်ကူးအချိန်အခါသမယပြီးဆုံးပြီးနောက် ချန်းဝူခေတ်၏ အနှစ်နှစ်ဆယ်သို့ရောက်ရှိခဲ့ချေပြီ.....
ယခုဆို အတော် အသက်ကြီးနေပြီဖြစ်သော ချန်းလီက ကျန်းချန်ရှန်းဆီသို့ လာရောက်လည်ပတ်ခဲ့ပြီး တောင်ပိုင်းယွမ်မင်းဆက်မှ အထူးလက်ဆောင်အချို့ကို ယူဆောင်လာခဲ့သည်။ ခြံဝင်းထဲမှာ သူတို့ နှစ်ယောက် အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
မကြာသေးမီက ချန်းလီသည် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ငြိမ်းချမ်းစွာ အငြိမ်းစားယူခဲ့သည်။ ကျန်းချန်ရှန်းက အသက်ခုနစ်ဆယ်ရှိနေပြီဖြစ်ပြီး ချန်းလီကတော့ အသက်ရှစ်ဆယ်ရှိပြီဖြစ်သည်။ အသက်ကြီးလာပြီဖြစ်တဲ့အတွက် သူ့ဘဝရဲ့လက်ကျန်အချိန်တွေကို အေးချမ်းစွာကုန်ဆုံးရတော့မည်။
“ဘုရင်မင်းမြတ်က ယခင်မင်းဆက်ရဲ့ တော်ဝင်မိသားစုတွေချန်ရစ်ခဲ့တဲ့ဘဏ္ဍာတိုက်တွေကိုု ရှာဖွေတွေ့ရှိခဲ့တယ်.... မကြာသေးမီက ဘုရင်မင်းမြတ် ညီလာခံမတက်ရောက်တော့ဘူး...သူဘာတွေရှာတွေ့ခဲ့တာလဲဆိုတာ သိချင်မိတယ်....” လို့ ချန်လီက သူ့ရဲ့အရက်ခွက်ကို ဝေ့ဝဲရင်း ပြောလိုက်သည်။
တိုင်းပြည်တည်ငြိမ်စေရန်အတွက် တကျန်း သည် တရားဝင်ရာထူးများစွာ ခန့်အပ်ခဲ့ရသည်။
သို့သော်လည်းနှစ်ကုန်ပိုင်းအထိ လုံးဝ တည်ငြိမ်မှု မရှိသေးပေ။ ထို့နောက် ကျန်းဇီယုသည် သူ၏ အုပ်ချုပ်ရေးကိစ္စ အားလုံးကို ကျန်းရှုနှင့်ဝန်ကြီးများထံ အပ်နှံပြီး လေ့ကျင့်ရန် သူ၏ အိပ်ခန်းထဲတွင် တစ်နေ့တာလုံးအချိန်ကုန်ဆုံးခဲ့သည်။
ကျန်းချန်ရှန်းလည်း ဒါကို သတိထားမိသည်။ ကျန်းဇီယု၏ စကြဝဠာကောင်းကင်ဘုံကျမ်းဂန်တိုးတက်မှု တစ်ဆို့သွားခဲ့သည်။ သူ၏ လက်ရှိနယ်ပယ်ကို ကျော်လွန်သွားပါက သူသည် အမှန်တကယ် အင်မော်တယ်လမ်းစဉ်ကိုလျှောက်လှမ်းနိုင်ပေလိမ့်မည်။ သို့သော် သိုင်းလောက၏ ကန့်သတ်ချက်များကြောင့် သူသည် တိုးတက်လာခြင်းမရှိတော့ဘဲ အခြားကျင့်စည်များကို ပြောင်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ ကျန်းချန်ရှန်းလည်း ဒီကိစ္စကို ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။
ဟွမ်းချွမ်လည်း အလားတူပင်... သို့သော်လည်း သူသည် အခြားသော သိုင်းကျင့်စဉ်များကို ကျင့်ကြံခဲ့ပြီး သူ၏ ပြောင်မြောက်သော အရည်အချင်းများကြောင့် ကျန်းဇီယုထက် အမြဲတမ်း ရှေ့ရောက်နေခဲ့သည်။
စကြဝဠာကောင်းကင်ဘုံကျမ်းဂန်သည် လူတစ်ဦးအား နတ်ဘုရားနယ်ပယ်သို့ရောက်အောင် ကူညီပေးနိုင်သည်။ ဤနယ်ပယ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကဆို လုံလောက်ခဲ့ပေလိမ့်မည်၊ သို့သော် ယခုအခါ သိုင်းလောကမြင့်မားလာသည့်အတွက် မလုံလောက်တော့ပေ။
ယခုအခါတွင် တကျန်းတွင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ပိုများလာသောကြောင့် စကြဝဠာကောင်းကင်ဘုံကျမ်းဂန်သည် ၎င်း၏ယခင်အဆင့်အတန်းကို ထိန်းသိမ်းထားရန် ခဲယဉ်းသည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး..... "ဘုရင်မင်းမြတ်က နှစ်ပေါင်းများစွာ ပင်ပန်းနေခဲ့တာမို့ အနားယူသင့်တယ်....နှောင်းဧကရာဇ်ကလည်း တစ်ချိန်က မောင်းမတွေနဲ့အပျော်ကြူးခဲ့တယ်... ဧကရာဇ်ကျန်းယွမ်ကလည်း အင်မော်တယ်တာအိုကို စွဲလမ်းခဲ့တယ်.... ဒါပေမယ့် တကျန်းကတော့ အခူထိ မပြိုပျက်သေးဘူး......”
ချန်းလီက ခေါင်းညိတ်ပြီး.....
“ဒီအချိန်လောက်ဆို အနားယူဖို့ အချိန်တန်ပြီ..... ငါလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်က ရာထူးကနေ တရားဝင်နှုတ်ထွက်ပြီး မြေးမြစ်တွေနဲ့အချိန်ဖြုန်းဖြစ်တယ်.... ဒီလိုဘဝမျိုးက တော်တော်စိတ်ဝင်စားဖို့ကောင်းသားပဲ...ချန်ရှန်း မင်းလည်း အနားယူသင့်ပြီ....ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာထွေထွေထူးထူးလုပ်စရာမှမရှိတာ... အခုအချိန်မှာ မင်းက ကမ္ဘာပေါ်မှာ နံပါတ်တစ်ဖြစ်နေပြီပဲ..."
ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး.......
"ကျွန်တော်က တကျန်းမှာပဲ နံပါတ်တစ်ဖြစ်သေးတာ.....
လောကကြီးဘယ်လောက်ကျယ်ပြောလဲဘယ်သူသိနိူင်မလဲ....တကျန်းအပြင် သမုဒ္ဒရာတစ်ဖက်ခြမ်းမှာ ပိုကျယ်ပြောတဲ့
ကမ္ဘာရှိမရှိကို မသိနိုင်သေးဘူး...."
ချန်းလီက သူ့လက်ကို ဝှေ့ယမ်းပြီး စိတ်မရှည်ဟန်ဖြင့်..... "ငါတို့ သာမာန်လူတွေ မင်းလို စိတ်ပူစရာတွေ မရှိဘူး.... လာပါ သောက်ရအောင်.....!"
သူ အရက်မူးနေမှန်း သိသာပေမယ့် ကျန်းချန်ရှန်းက စိတ်မဆိုးဘဲ အလိုက်အထိုက်စကားပြောဆိုပေးခဲ့သည်။
တခွက်မော့သောက်ပြီးသည်နှင့် ချန်းလီက အသံခပ်အုပ်အုပ်ဖြင့်.....
"ချန်ရှန်း...မင်း အခု ဘာလုပ်ချင်လဲ"
ကျန်းချန်ရှန်းက ခဏလောက် စဉ်းစားပြီး "ကျွန်တော် တောင် ရွှေ့ချင်တယ်"
ဟိုးအဝေးက မလှမ်းမကမ်းမှာ အိပ်ငိုက်နေတဲ့ ပိုင်ချီတောင် ဒီစကားကြားတော့ တုန်လှုပ်သွားလေသည်။
တောင်ကို ရွှေ့မလို့လား....နားကြား မှားတာများလား.....
"တောင်ကြီးကို ရွှေ့ရတာ မလွယ်ဘူးလား။ ရွှေ့ချင်တယ်လဲသဘောပဲ....… ဘုရင်မင်းမြတ်က မင်းကို အရမ်းလေးစားတယ်… မင်းလိုချင်တဲ့တောင်ကို ရွှေ့နိုင်တယ်…”
ချန်းလီက ထထိုင်ကာ ပြုံးလိုက်သည်။ ထို့နောက် လန့်သွားပြီး စားပွဲပေါ် လဲကျသွားပြန်သည်။
ကျန်းချန်ရှန်းက.... "ဟုတ်တယ်.... ဒါပေမယ့် ဘယ်တောင်ကိုရွှေ့ရမလဲစဉ်းစားရခက်နေတယ်...."
[ TN/ ချန်းလီက လုံချီတောင်ပေါ်ကနေ အခြားတောင်ကိုလူတွေရွေ့ပြောင်းကြမယ်ထင်နေတာပါ...ကျန်းချန်ရှန်းကတော့ တောင်ကြီးတစ်ခုလုံးကိုနေရာရွေ့ချင်နေတာပါ....]
“ စီရင်စုဆယ့်သုံး တောင်ထိပ်ငါးခုရှိတယ်.... အကြံပြုရမယ်ဆို ... ထျန်းရှန်တောင်ကိုရွှေ့ ... ထျန်းရှန်တောင်တန်းက မိုင်ထောင်ပေါင်းများစွာရှည်လျားတယ်..."
“ရွေ့ဖို့ အရမ်းကြီးတာပဲ…”
“ဒါဆို သိုင်းတောင်ထွတ်ကိုရွှေ့… သိုင်းတောင်ထွတ်က တောင်တစ်လုံးတည်းမို့… ရွှေ့ရ ပိုလွယ်တယ်… "
ကျန်းချန်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။
သိုင်းတောင်ထွတ်...မဆိုးဘူးပဲ
မူလက သိုင်းတောင်ထွတ်တွင် ဂိုဏ်းတစ်ခုရှိခဲ့သော်လည်း ၎င်းကို ဧကရာဇ်ယန်ကျောက်၏ ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ကသိမ်းပိုက်ခဲ့ပြီး ထိုဂိုဏ်းကို ဖျက်သိမ်းခဲ့သည်။ ယခု သိုင်းတောင်ထွတ်တွင် နေထိုင်သူများရှိနေသလားဟုသာ တွေးစရာလိုတော့သည်။
နေထိုင်သူတွေရှိနေလဲ ကိစ္စမရှိဘူး...ပိုက်ဆံပေးပြီးပြောင်းခိုင်းလိုက်ရုံပေါ့.....သာမာန်နေ့တွေမှာ ပိုက်ဆံသုံးစရာမလိုတဲ့အတွက် သူ့မှာစုဆောင်းထားတာတွေအတော်များသည်။
ပိုင်ချီကတော့ အရက်မူးပြီးအပျော်အပျက်စနောက်နေသည်ဟုသာ ထင်ပြီး ပြန်အိပ်နေလိုက်တော့သည်။
သူမသည် ယခင်က သိုင်းတောင်ထွတ်ကိုမြင်ဖူးသည်။မြင့်မားလွန်းသဖြင့် လူသားများ မည်သို့ရွေ့ပြောင်းနေထိုင်နိုင်မည်နည်း။
နောက်တစ်နေ့တွင်.........
ကျန်းချန်ရှန်းက လင်းရှောင်ကိုခေါ်တွေ့ခဲ့သည်။
"ဆရာ... ဘာကိစ္စများရှိလို့လဲ"
ကျန်းချန်ရှန်းက သူ့ကို ခေါ်တွေ့တာ ရှားတဲ့အတွက် သူ အတော်လေး သိချင်နေမိသည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "မင်း ခရီးတွေထွက်တုန်းက သိုင်းတောင်ထွတ်ကို ရောက်ဖူးလား"
လင်းရှောင်က ခေါင်းညိတ်လိုက်ပြီး ...."ရောက်ဖူးပါတယ်....ဘာများဖြစ်လို့လဲ...."
"ငါ လုံချီ ဘုရားကျောင်းရဲ့ ဒုတိယတောင်အဖြစ် သိုင်းတောင်ထွတ်ကို မြောက်ဘက်တံခါးအပြင်ဘက်ကိုကို ရွှေ့ချင်တယ်"
ထိုစကားကိုကြားသောအခါ လင်းရှောင် ၏မျက်ခွံများ လှုပ်ယမ်းသွားသည်။
“မနောက်ပါနဲ့ ဆရာရယ်..."
ပိုင်ချီ မော့ကြည့်လိုက်တော့ တံမြက်စည်းလှည်းနေသော ဝမ်ချန်း ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။ ဟွာဂျန်ရှင်းနှင့်ကျန်းဂျန် တို့သည်လည်း လေ့ကျင့်မှုကို ရပ်တန့်ခဲ့သည်။ အားလုံးက ကျန်းချန်ရှန်း ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။
"ငါ မင်းကို ဘာလို့ နောက်ရမှာလဲ... ဝူဖန်းကို အရင်သွား.....တောင်ပေါ်မှာ လူတွေရှိရင် သူတို့ကို ပိုက်ဆံပေးပြီးဖယ်ခိုင်းလိုက်... ဒါတွေပြီးရင် မင်းအဲ့မှာပဲစောင့်နေ....."
ကျန်းချန်ရှန်းကပြောပြောဆိုဆိုနဲ့ ပိုက်ဆံအိတ်လုံးကို လင်းရှောင်ဆီပစ်ပေးလိုက်သည်။
လင်းရှောင် အံ့ဩသွားသည်။
သူတကယ်နောက်နေတာမဟုတ်ဘူးလား?ဒါမှမဟုတ် ငါပဲ နားလည်မှုလွဲနေတာလား...
တောင်ကိုရွှေ့မယ်တဲ့.... ဟုတ်ရောဟုတ်ရဲ့လား...
“သွားတော့.... သိုင်းတောင်ထွတ်မှာ ငါ့ကို စောင့်နေ....”
ကျန်းချန်ရှန်းက လင်းရှောင်ကို စိုက်ကြည့်နေသည်။ ထို့ကြောင့် လင်းရှောင်ခင်မျာ အမိန့်နာခံရုံမှတပါးရွေးချယ်ရာမရှိတော့ပေ။
ဟွာဂျန်ရှင်း ရောက်လာပြီး.... “ရှင် တောင်ကို ဘယ်လိုရွှေ့မှာလဲ”
"ဒီလိုပဲအပျင်းပြေစမ်းကြည့်တာပေါ့.... မင်းအားတဲ့အခါ ဇီယုကိုရှာပြီး မြောက်ဘက်တံခါးအပြင်ဘက်က မြေနေရာကို လုံချီ ဘုရားကျောင်းဆီ ခွဲဝေပေးဖို့ ပြောလိုက်.... "
မည်သို့ပင်ဆိုစေ ဧကရာဇ်၏နန်းစိုက်ရာနယ်မြေများကို အတင်းအကျပ် မသိမ်းပိုက်နိုင်ပေ။
ဟွာဂျန်ရှင်း ထိုစကားကိုကြားသောအခါ သိုင်းပညာ လေ့ကျင့်ဖို့နေရာလိုသည်ဟုသာ ထင်ခဲ့သည်။ သူသည် တောင်များကို အမှန်တကယ် ရွှေ့နိုင်မည်ဟု သမထင်ခဲ့ပေ။
ပိုင်ချီက ကျန်းချန်ရှန်းကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ အကြောင်းတစ်ခုခုကြောင့် ကျန်းချန်ရှန်း၏တောင်းဆိုချက်က မရိုးရှင်းဘူးလို့ ခံစားနေရသည်။
............
လင်းရှောင် သူ့အိတ်များကို ထုပ်ပိုးရန် အခန်းသို့ ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ဟွမ်းချွမ် နှင့်တွေ့ခဲ့သည်။ သူ ခရီးရှည်သွားတော့မည်ကို မြင်လိုက်ရတော့ ဟွမ်းချွမ်က..... “ မင်းတောင်ပေါ်ဆင်းကပြီး ကမ္ဘာကြီးကို စိုးမိုးချင်နေပြီလား”
လင်းရှောင် ခေါင်းယမ်းလိုက်ပြီး ဟွမ်းချွမ် ကို ကျော်ဖြတ်ရန် ပြင်ဆင်ခဲ့သော်လည်း တားဆီးခံလိုက်ရသည်။
"ပြောစမ်းပါ၊ ငါ မင်းကို စိတ်ပူတယ်.... နောက်ထပ်ထွက်သွားမှာစိုးရိမ်တယ်...."
ဟွမ်းချွမ်သည် လင်းရှောင်ကို တံတားငယ်ပေါ်တွင် ပိတ်ဆို့ကာ စနောက်နေသည်။
လင်းရှောင် မျက်လုံးပြူးသွားသည်။ သူ့အစ်ကိုကြီး စိတ်ထဲတွင် ငြီးငွေ့နေမှန်း သူသိသည်။ ဟွမ်းချွမ်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာပြီးကတည်းက သူ့ကိုယ်သူ သက်သေပြလိုခဲ့သည်။ သို့ရာတွင်၊ ဘုရားကျောင်းတွင် အခြားသော အစစ်အမှန်နတ်ဘုရားနယ်ပယ်မရှိခဲ့ပေ။ ဉာဏ်ရည်ထက်မြက်သော ပညာရှင်များက သူ့ကိုစိန်ခေါ်ရန် ခဲယဉ်းပေလိမ့်မည်။ဒါ့ကြောင့် သူ့ခင်မျာ အသက်ရှူကျပ်သလို ခံစားနေရရှာသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာရန် သူ့အတွက် မလွယ်ကူသော်လည်း သူ၏ခွန်အားကို သက်သေမပြနိုင်သဖြင့် ဟွမ်းချွမ် စိတ်ဓာတ်ကျနေတော့သည်။
လင်းရှောင်က ကူကယ်ရာမဲ့စွာဖြင့်.... “ဆရာကြီးက ဝူဖန်းကို သွားခိုင်းတယ်”
"မင်းဘာလို့ ဝူဖန်းကိုသွားမှာလဲ...."
“ဆရာက တောင်ကိုရွှေ့ပြီး တောင်ပေါ်ကလူတွေကို နေရာရွေ့ခိုင်းဖို့ ကျွန်တော့်ကိုခိုင်းလိုက်တယ်....."
"တောင်ကိုရွှေ့မလို့????..... ပေါက်ကရတွေမပြောနဲ့... "
“ဆရာ့ကို ကိုယ်တိုင်သာသွားမေးကြည့်..
အခုဖယ်!”
လင်းရှောင်က ဟွမ်းချွမ်ကို စိတ်မရှည်စွာ တွန်းထုတ်လိုက်ပြီး သူ့လမ်းအတိုင်း ဆက်သွားခဲ့သည်။
မဖြစ်နိုင်မှန်းတွေးမိပေမယ့် ဟွမ်းချွမ် သူ့ကို မတားတော့ပေ။ သို့သော် သူသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
တောင်ကို ရွှေ့မလို့???? တောင်ကို ဘယ်လိုရွှေ့မလဲ?????
"တောင်ကို ရွှေ့မလို့???ဘယ်လိုမျိုးလဲ?"
ကျန်းဇီယု မျက်လုံးပြူးပြီး ထိတ်လန့်စွာ မေးလိုက်သည်။ သဝဏ်လွှာများကိုဖတ်ရှုနေသော ကျန်းရှုကလည်း ဟွာဂျန်ရှင်းကို လှမ်းကြည့်နေသည်။
ဟွာဂျန်ရှင်းက ကူကယ်ရာမဲ့စွာဖြင့် .... “ငါဘယ်လိုသိမလဲ...နင့်ဆရာအကြောင်း နင်လည်းသိသားပဲ... သူဘာတွေ တွေးနေသလဲ ဆိုတာကို ဘယ်သူမှ မသိနိူင်ဘူး....ဘာပဲဖြစ်ဖြစ် မြောက်ဘက်မြို့တံခါးအပြင်ဘက်က မြေကွက်ကိုလိုချင်တယ်တဲ့.... မင်း သူ့ကို ပေးမှာလား မပေးဘူးလား"
ကျန်းဇီယုက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး “ဆရာကြီး လိုချင်ရင် ပေးပါ့မယ်.... တောင်ကို ရွှေ့ချင်တာဆိုတော့ လူအင်အားလိုသေးလား.... လုံချီ ဘုရားကျောင်းမှာ တပည့်တွေ အလုံအလောက် ရှိမယ် မထင်ဘူး.... တောင်ပေါ်ကို ပြောင်းရွှေ့တာကူညီဖို့ လူတစ်သိန်းလောက် စုဆောင်းပေးနိုင်တယ်...”
ကျန်းချန်ရှန်းရဲ့ တောင်ကို ရွှေ့ချင်တဲ့ ဆန္ဒဟာ ရှေးယခင်က ကျန်းယွမ် တူးမြောင်း တည်ဆောက်ခဲ့တဲ့ အတိုင်း အချိန်ကုန်ပြီး လူပင်ပန်းတယ်လို့ထင်နေမိသည်။
ဟွာဂျန်ရှင်းက ခေါင်းခါပြီး.... “မလိုပါဘူး...... လုံချီ ဘုရားကျောင်းကို မြေယာခွဲဝေပေးဖို့ပဲလိုတယ်....."
ကျန်းဇီယု ရယ်မောလိုက်သည်။
“သဘောတူတယ်....ဒီနေ့ မြေယာခွဲဝေဖို့ အတည်ပြုပေးမယ်.... တောင်ကို ဘယ်လိုရွှေ့မလဲ ကြည့်ချင်တယ်”
ဟွာဂျန်ရှင်းက ခေါင်းညိတ်ပြပြီး သူ့မြေးရဲ့ ကျန်းမာရေးကို စိုးရိမ်တာကြောင့် ကျန်းရှု ဘက်ကို လှည့်လိုက်သည်။
ကျန်းဇီယုက သူ့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သော်လည်း အတွေးထဲတွင်နစ်မြောနေသည်။
သူ့အဖေက တောင်ကို တကယ်ရွှေ့ချင်နေတာလား......
လင်းရှောင် ထွက်သွားပြီးနောက် ကျန်းချန်ရှန်း နေ့တိုင်း ဆက်လက် ကျင့်ကြံခဲ့သည်။ လင်းရှောင် တွင် လူဝင်စားခြင်းအမှတ်အသားရှိခဲ့ပြီး အမှတ်အသားသည် နှစ်ရက်ကြာတွင်တစ်ရော၌ရပ်တန့်သွားသောအခါ လင်းရှောင် ဝူဖန်းသို့ရောက်နေကြောင်းသိခဲ့ရသည်။
လမ်းမသိသဖြင့် လင်းရှောင်က လမ်းပြအချို့ငှားရမ်းခဲ့ရသေးသည်။
ရှီပြည်နယ်မှ ဝူဖန်းဆီသို့ အလှမ်းဝေးသောကြောင့် ကျန်းချန်ရှန်း အလျင်စလိုမဖြစ်ခဲ့ပေ။
ငါးရက်ကြာသောအခါ......
ဟွမ်းချွမ် ရောက်လာပြီး မြေဝိညာဉ်သစ်ပင်အောက်မှာ ရပ်နေကာ.....
“ဆရာကြီး.... ရှန်းရှန်တုံးထျန်းက လာတဲ့ လူတစ်ယောက်ရောက်နေတယ်....သမုဒ္ဒရါလေးစင်းပဏ္ဍိရဲ့အသိအကျွမ်းဟောင်းတစ်ဦးလို့ပြောတယ်...."
ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ “သူ့ကို ဝင်ခွင့်ပေးလိုက်”
သူသည် တစ်ဖက်လူ၏ အရိပ်အယောင်ကို ကောင်းစွာ ခံစားသိရှိထားပြီးဖြစ်ကာ ထိုသူကထင်သလောက် မရိုးရှင်းပေ။ ထိုဧည့်သည်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်သည်။
ကျန်းချန်ရှန်း၏ နာမည်သည် ယခုအခါ တစ်ကမ္ဘာလုံးအနှံံ့ ကျော်ကြားလာခဲ့သည်။ သူနဲ့တွေ့ဖို့ သတ္တိရှိတဲ့သူတွေဟာ အနည်းဆုံးတော့ အစစ်အမှန်နတ်ဘုရားနယ်ပယ်လောက်တော့ရှိပေလိမ့်မည်။ထိုထက်နိမ့်ကျသောနယ်ပယ်တွေ မလာဝံ့ကြသလို သူနဲ့တွေ့ဖို့ အရည်အချင်းမရှိကြပေ။
မကြာမီတွင်၊ ဟွမ်းချွမ်က သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ စီနီယာအစ်ကိုဟန်ဖန်းနှင့်အတူ ရောက်ရှိလာသည်။
"မင်္ဂလာပါ တာအို ဘိုးဘေး....ကျွန်တော်က ဟန်ဖန်းပါ......"
ဟန်ဖန်းက ရိုသေစွာနှုတ်ခွန်းဆက်သနေသော်လည်း သူ့စိတ်ထဲမှာတော့ တာအိုဘိုးဘေက တကယ်ကို အံ့သြစရာကောင်းတယ်လို့သာတွေးနေသည်။ သူ၏ ငယ်ရွယ်မှုကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်သည် ယခင့် ယခင်ကလူအိုကြီးများထက် အဆများစွာသာလွန်သည်။
ဟွမ်းချွမ် ထွက်သွားပြီး သူတို့နှစ်ယောက်တည်းသာချန်ခဲ့သည ဟွာဂျန်ရှင်းလည်း ကျန်းဂျန်နှင့်အတူ ထွက်သွားခဲ့သည်။
ကျန်းချန်ရှန်းက မျက်လုံးဖွင့်လိုက်ပြီး .....“ပဏ္ဍိတ နေကောင်းကျန်းမာရဲ့လား.....” ဟု ပြုံးကာ မေးလိုက်သည်။
ဟန်ဖန်းသည် အခုမှသာ လေးလံသော ဝန်ထုပ်ဝန်ပိုးကို သူ့ပခုံးမှ ရုတ်သိမ်းလိုက်သလို ခံစားလိုက်ရသည်။
" ညီလေးပဏ္ဍိတရဲ့ နေ့ရက်တွေက တော်တော် သာယာတယ်....သူ နေ့တိုင်း အရက်သောက်ပြီး ပျော်တယ်....အားတဲ့အချိန်တွေဆို သူ့တပည့်လေးကို လမ်းညွှန်သင်ပြပေးတယ်...ဟုတ်သားပဲ.... ညီလေးရဲ့တပည့်က တကျန်းရဲ့ ဒုတိယမင်းသား ကျန်းလော့ပဲ...ကျန်းလော့က တကယ်ထူးချွန်တဲ့သူပါ..... သူက ကျုပ်တို့ ရှန်းရှန်တုံးထျန်းရဲ့နတ်ဘုရားစွမ်းရည်တွေကိုကျင့်ကြံမွေးမြူနိုင်ခဲ့တယ်....အနာဂတ်မှာ ကျန်းလော့က ရွှေခန္ဓာနယ်ပယ်အဆင့်ကိုရောက်နိုင်တယ်...."
ကျန်းချန်ရှန်းက... "ရှန်းရှန်တုံးထျန်းမှာ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင် အနည်းငယ်ပဲ ရှိလို့လား"
ဟန်ဖန်းက..... "ရှန်းရှန်တုံးထျန်းက လောကီလောကရဲ့ အပြင်ဘက်မှာရှိပေမယ့် လူတိုင်း ရွှေခန္ဓာနယ်ပယ်အဆင့်မဟုတ်ပါဘူး..."
"အိုး? မင်းဆိုလိုတာက ရွှေခန္ဓာနယ်ပယ်အထက်မှာ အခြားနယ်ပယ်တွေ ရှိသေးလို့လား...."
" ဒါတော့ မသိဘူး.... ရှိမယ်တော့ထင်တယ်....တုံးထျန်းကို အဆင့်များစွာ ခွဲခြားထားတာမို့ တပည့်တွေကို အဆင့်ကျော်ပြီး
မေးမြန်းခွင့် မပြုထားဘူး....”
ကျန်းချန်ရှန်း အနည်းငယ် စိတ်ပျက်သွားသည်။ ရှန်းရှန်တုံးထျန်းက ဘာလို့ ချောင်ဂုဏ်းတွေနဲ့တူနေရတာလဲ.... သူတို့ရဲ့ အချက်အလက်တွေ ပေါက်ကြားမှာကို ကြောက်လို့လား.....
ဟန်ဖန်းက..."ကျူပ်ရဲ့ဆရာက တာအိုဘိုးဘေးကို ရှန်းရှန်တုံးထျန်းဆီ ခေါ်လာဖို့ ကျုပ်ကိိုစေခိုင်းလိုက်တယ်.... တာအိုဘိုးဘေးကို ကောင်းကောင်းဆက်ဆံမယ့်အပြင် ရှန်းရှန်တုံးထျန်းမှာ နေဖို့လည်း ဖိအားပေးမှာမဟုတ်ဘူး....."
ကျန်းချန်ရှန်းက ခေါင်းခါပြီး.... "တောင်းပန်ပါတယ်..ငါမလိုက်နိုင်ဘူး.... အခုလိုထိတ်ကြားတဲ့အတွက် မင်းရဲ့ဆရာကို ကျေးဇူးတင်ကြောင်းပြောပေးပါ... တကျန်း ကအခုမှနယ်မြေကို တည်ငြိမ်အောင် ထိန်းနေရတာမို့ ထွက်သွားလို့မရဘူး....”
သူသည် ရှန်းရှန်တုံးထျန်းနှင့်
ဆက်ဆံရာတွင် ယုံကြည်မှုရှိသော်လည်း သတိမမူဘဲနေမည်မဟုတ်ပေ။ရှန်းရှန်တုံးထျန်းမှာ သူ့ကိုသတ်ဖို့ နည်းလမ်းရှိတယ်ဆိုရင်ကော.....
မသွားနိုင်ဘူး!
သူသည် တကျန်းကိုပင် နေရာစူံအောင် လုံလုံလောက်လောက် မမြင်ခဲ့ရသောကြောင့် ရှန်းရှန်တုံးထျန်းကို အဘယ်ကြောင့် သွားရမည်နည်း။
ဟန်ဖန်းက အလျင်စလိုဖြင့်....
'ကျုပ်ရဲ့ဆရာသခင်က ကောင်းကင်ကိုသိမ်းပိုက်သောနဂါးနည်းစနစ်ကို ဖြန့်ဝေရန် ဆန္ဒရှိနေပါတယ်...ရွှေခန္ဓာနယ်ပယ်အဆင့်မဟုတ်ရင်ဒီနည်းစနစ်ကို လေ့ကျင့်နိုင်မှာ မဟုတ်ဘူး.....ဒါကို အောင်မြင်အောင်လေ့ကျင့်နိုင်ရင် မင်းဆက်ရဲ့ ကံကြမ္မာကို စုပ်ယူနိုင်ပြီး ခွန်အားကို တိုးစေနိုင်တယ်.... မဟာယာနနဂါးမျှော်စင်ရဲ့ အစစ်အမှန်နဂါးချီကျင့်စဉ်က ကောင်းကင်ကိုသိမ်းပိုက်သောနဂါးကျင့်စဉ်ရဲ့အခြေခံအုတ်မြစ်ပါ....ဒါကိုပြီးပြည့်စုံအောင် ကျင့်ကြံလိုက်တဲ့အခါ၊ ကံတရားရဲ့ နဂါးအစစ်ကို စုစည်းနိုင်ပြီး အလွန်အစွမ်းထက်ပါတယ်..”