← Chapters

သိုင်းတောင်ထွတ်ကိုမြို့တော်သို့ပြောင်းရွေ့ခြင်း.... နတ်ဘုရားစွမ်းရည်....

Vol. 6 Ch. 90

သိုင်းတောင်ထွတ်ကိုမြို့တော်သို့ပြောင်းရွေ့ခြင်း.... နတ်ဘုရားစွမ်းရည်....

Vol. 6 Ch. 90

"ဒီလို ရက်ရောမှုအတွက် ငါဘာတွေ ပေးဆပ်ရမှာလဲ"

ကျန်းချန်ရှန်းက ဟန်ဖန်းကို စိုက်ကြည့်ကာ လှောင်ရိပ်စွန်းထင်းနေသည့် လေသံဖြင့် မေးသည်။

ဟန်ဖန်းက " ရိုးရိုးသားသားပြောရရင် ရှန်းရှန်တုံးထျန်းက ခင်ဗျားကိုအဖွဲ့ဝင်ဖြစ်စေချင်တယ်.....အခုလို ကမ်းလှမ်းရတာလဲ ခင်ဗျားလိုက်မလာမှာစိုးလို့ အတွက်ကြောင့် သူတို့ရဲ့ ရိုးသားမှုကို ပြသတဲ့သဘောပါ.... အရင်ဆုံး ကျူပ်နဲ့အတူ လိုက်ခဲ့ပြီးလေ့လာကြည့်ပါ...အဆင်မပြေဘူးဆိုရင် ကောင်းကင်ကိုသိမ်းပိုက်သောနဂါးကျင့်စဉ်ကိုယူပြီး တကျန်းကိုပြန်လာလို့ရပါတယ်....."

ကျန်းချန်ရှန်းသည် ရှန်းရှန်တုံးထျန်းသို့ရောက်သွားသည်နှင့် ပြန်လာနိုင်မည်မဟုတ်မှန်းသိနေသည်။

"ပိုင်ချီ မင်းမျက်လုံးတွေခဏမှိတ်ထား"

ဘေးကနေ နားထောင်နေသော ပိုင်ချီ တုန်လှုပ်သွားပြီး မျက်လုံးများကို အမြန်မှိတ်လိုက်သည်။

ဟန်ဖန်း အံ့သြသွားသည်။ မျက်လုံးကိုမှိတ်နိုင်ခင်မှာတင် ကျန်းချန်ရှန်း ရဲ့ ရွှေရောင်မျက်လုံးတွေကိုသာတွေ့လိုက်ရသည်။

ပုံရိပ်ယောင်နတ်မျက်စိ......

ဟန်ဖန်း ချက်ချင်းပင်ငြိမ်ကျသွားလေသည်။

ကျန်းချန်ရှန်းက.... "ရှန်းရှန်တုံးထျန်းက ငါ့ကို စိတ်ရင်းမှန်နဲ့ ဖိတ်ကြားဖို့ မင်းကို ဒီကို ပို့လိုက်တာလား....."

ဟန်ဖန်းက “ဟုတ်တယ်” ဟု အံကြိတ်ကာ ပြန်ဖြေသည်။

"ရှန်းရှန်တုံးထျန်းက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိရတာလဲ....ငါပြန်မလာနိုင်ဘူးလို့ ဘာလို့ထင်နေကြတာလဲ"

"ရှန်းရှန်တုံးထျန်းက တိုက်ကြီးရဲ့အလယ်ဗဟိုမှာတည်ရှိပြီး သီးခြားကမ္ဘာငယ်လေးတစ်ခုနဲ့တူတယ်.... အဲ့မှာ အရင်းအမြစ် အများအပြားရှိပြီး ချောင်ဂိုဏ်းတွေက ရှန်းရှန်တုံးထျန်းက ပံ့ပိုးထားတဲ့ ဂိုဏ်းတွေပါ..... သူတို့ရဲ့ရည်ရွယ်ချက်ကဒိတိုက်ကြီးကို ကာကွယ်ဖို့ပါ... ရှန်းရှန်တုံးထျန်းကိုသွားဖူးတဲ့ သိုင်းပညာရှင်တိုင်းက ရှန်းရှန်တုံးထျန်းမှာ လေ့ကျင့်တာက အပြင်မှာ လေ့ကျင့်တာထက် ပိုကောင်းတာကြောင့် မပြန်ချင်ကြတော့ဘူး..... ဒဏ္ဍာရီအရဆို တိုက်ကြီးရဲ့ နဂါးသွေးကြော ကိုးခုကို ရှန်းရှန်တုံးထျန်း ရဲ့ ဘိုးဘေးတွေက ဖန်တီးထားတယ်လို့ဆိုကြတယ်...."

"ရှန်းရှန်တုံးထျန်း ကို ဘာကြောင့် တုံးထျန်း လို့ခေါ်တာလဲ....."

“ တုံးထျန်းဆိုတာ သေးငယ်တဲ့ကမ္ဘာတစ်ခုလောက် မရိုးရှင်းဘူးဆိုတာ ငါ့သခင်ဆီက ကြားခဲ့ဖူးတယ်...ဒါဟာ.တပည့်တွေရဲ့ကျင့်ကြံမှုပန်းတိုင်ကိုလည်း ကိုယ်စားပြုတယ်..... အတိအကျတော့မသိဘူး....”

မျှော်လင့်ထားသည့်အတိုင်း၊ ရှန်းရှန်တုံးထျန်း ဟူသောအမည်သည် တုံးထျန်း(ကောင်းကင်ဘုံ)မှ ဆင်းသက်လာသည်။

ကျန်းချန်ရှန်းသည် လက်ရှိတွင် တုံးထျန်း၏

တတိယအဆင့်ရှိသူတစ်ယောက်နှင့် ညီမျှသည်။ ဒီနယ်ပယ်မှာ အဆင့်ဘယ်လောက်ရှိလဲလို့ သူ သိချင်နေခဲ့တယ်.....

ဟန်ဖန်းက မေးသမျှကို အမှန်အတိုင်းဖြေသည်။

ရှန်းရှန်တုံးထျန်းတွင် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူများ ရှိမရှိကို ဟန်ဖန်း မသိခဲ့ပေ။ သို့သော်၊ ရှန်းရှန်တုံးထျန်းတွင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများစွာ ရှိခဲ့သည်။ အများစုမှာ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေကြသူများဖြစ်သည်။

နားထောင်နေရင်းနဲ့ ပိုင်ချီ၏ စိတ်ကူးစိတ်သန်းများ ရိုင်းစိုင်းသွားသည်။ဒီစကားတွေက ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်သလိုပင်။ တစ်ချိန်တည်းမှာပင် သူမသည် အဆုံးစီရင်ခြင်းကို ခံရကြောင်း သိလိုက်ချေပြီ။

သူမဘဝတစ်လျှောက်လုံး လုံချီ ဘုရားကျောင်းမှ ထွက်ခွာရန် မဖြစ်နိုင်ပေ။ မဟုတ်ရင် နတ်ဆိုးဘုန်းကြီးသူ့ကို သေချာပေါက် နှုတ်ပိတ်လိမ့်မည်။

ကံကောင်းထောက်မစွာ၊ သူ့တွင်ထွက်ပြေးဖို့ စိတ်ကူးမရှိခဲ့ပေ။

မကြာသေးမီက ကျန်းချန်ရှန်းက သူ့ကို ရွှမ်းနေ့ရွှေခန္ဓာကျင့်စဉ် သင်ပေးခဲ့သဖြင့် အလွန်ပျော်ရွှင်ခဲ့သည်။

ဤကမ္ဘာရှိ နတ်ဆိုးသားရဲများသည်လည်း သိုင်းပညာကိုလည်း လေ့ကျင့်ထားသည်။ သိုင်းပညာနှင့် အင်မော်တယ်တာအို၏အကြီးမားဆုံး ခြားနားချက်မှာ သိုင်းပညာက ခန္ဓာကိုယ် ပျော့ပျောင်းမှုကိုအသားပေးလှုပ်ရှားရပြီး လှုပ်ရှားမှုမှန်သမျှကို ရုပ်ခန္ဓာကသာ ပြင်းပြင်းထန်ထန် တိုက်ရိုက်လုပ်ဆောင်ပေးရသည်။အင်မော်တယ်တာအိုတွင် ဥပမာအားဖြင့်၊ တိမ်စီးနင်းခြင်းပညာရပ်သည် နားမလည်နိုင်အောင်ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ထုတ်လွှတ်ခြင်းကဲ့သို့ မရိုးရှင်းပေ။ အတိအကျပြောရလျှင် အင်မော််တယ်တာအိုသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုစုပ်ယူစုဆောင်းခြင်းပင်.....

ထို့အပြင်၊ ကျန်းချန်ရှန်း စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင်သည် သိုင်းပညာရှင်တို့ နားမလည်နိုင်သော အရာတစ်ခုဖြစ်သော်လည်း နတ်ဆိုးသားရဲများကတော့ နားလည်ကြသည်။ ဤသည်မှာ နတ်ဆိုးများ ကျင့်ကြံနိုင်သည်နှင့် သိုင်းပညာရှင်များထက် ပိုအသက်ရှည်နိုင်ရခြင်း အကြောင်းရင်းဖြစ်နိုင်သည်။ သို့သော် နတ်ဆိုးများသည် ဝိဉာဉ်စွမ်းအင်ကို အာရုံခံနိုင်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ကို သန်မာစေရန်နှင့် လှုံ့ဆော်နိုင်ရန်သာ အသုံးပြုခဲ့သည်။ ဤသည်မှာ ဤလောက၏ အုပ်ချုပ်မှုဖြစ်ပြီး မပြောင်းလဲနိုင်ပေ။ ကျန်းချန်ရှန်းသာလျှင် ထက်ဝက်လောက်အားစိုက်ထုတ်ခြင်းဖြင့် ဝိဉာဉ်စွမ်းအားများကို ၎င်း၏ကိုယ်ပိုင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲနိုင်မည်ဖြစ်သည်။

ကျန်းချန်ရှန်းက ဟန်ဖန်းကို အိမ်ထဲသို့ မခေါ်ခင် အချိန်အတော်ကြာအောင် စစ်ဆေးမေးမြန်းခဲ့သည်။ ဟန်ဖန်း၏စိတ်ထဲတွင် ကျန်းချန်ရှန်းသည် သူ၏ဆရာသခင်ဖြစ်လာခဲ့သည်။ ထုံးစံအတိုင်း သူသည် ဆရာသခင့်စကားကို နားထောင်ရသည်။

"မင်း သင်ယူခဲ့တဲ့ သိုင်းပညာအားလုံးကို ချရေးလိုက်....မန္တာန်တွေလည်းပါတယ်" ဟု ကျန်းချန်ရှန်းက အမိန့်ပေးသည်။

ဟန်ဖန်း ခေါင်းညိတ်လိုက်ပြီး သိထားသမျှကို ရေးနေတော့သည်။

ကျန်းချန်ရှန်းက ဘေးနားမှ တိတ်တဆိတ် ကြည့်နေခဲ့ပြီး စာရွက်အသစ် ပေးခြင်းနှင့် မှင်သွေးဖို့ ကူညီပေးခဲ့သည်။

ဒါက ဟန်ဖန်းကို စိတ်လှုပ်ရှားစေခဲ့သည်။ သူ့ဆရာသခင်က သူ့ကိုဒီလို ဂရုမစိုက်တတ်ဘူး.....

တစ်နာရီလောက်ကြာတော့ သူတို့နှစ်ယောက် အိမ်ထဲက ထွက်လာပြီး အရင် အနေအထားကို ရောက်သွားခဲ့သည်။ ကျန်းချန်ရှန်းက ပုံရိပ်ယောင်နတ်မျက်စိကိုရုတ်သိမ်းပြီး ထိုမှတ်ဉာဏ်ကို ဖျက်ပစ်လိုက်သည်။

ဟန်ဖန်းက ခေါင်းကြည်လာပြီး.... "တယအိုဘိုးဘေး... ကျူပ်ရဲ့ဆရာသခင်က ရိုးသားတယ်..... သေသေချာချာ စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်......”

ကျန်းချန်ရှန်းက... “အမှန်အတိုင်းပြောရရင် စိတ်ပူမိတယ်.....နောက်ဆုံးအနေနဲ့ မဟာယာနနဂါးမျှော်စင်၊တုံးဝူတောင်ကြားနဲ့ ကြယ်စင်စုဝေးခြင်းမျှော်စင်တို့ကအထင်ကြီးစရာ မကောင်းလှပါဘူး....မင်းရဲ့ဆရာသခင် ကိုယ်တိုင်လာမယ်ဆို ငါယုံမယ်....ပြန်သွားပြီး မင်းရဲ့ဆရာသခင်ကို သူဒီကိုလာချင်လားလို့ မေးလိုက်ပါ....အဆင်မပြေဘူးဆိုရင်တောင် ကျုပ်ရဲ့ကျင့်စဉ်အချို့ကိုလဲလှယ်ဖို့ဆန္ဒရှိပါတယ်....”

ဟန်ဖန်း တုံ့ဆိုင်းသွားသည်။

တခုခုလွဲမှားနေသလို ခံစားရသဖြင့် ပိုင်ချီ၏ အမူအရာ ထူးဆန်းလာသည်။

ဒီလူကို ကျန်းချန်ရှန်း ပိုင်သွားပြီ.....

ရှန်းရှန်တုံးထျန်းကို အထင်မကြီးတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ၎င်းတို့သည် နတ်ဆိုးဘုန်းကြီး၏ လှည့်စားခြင်းကို ခံရလိမ့်မည်။ ရှန်းရှန်တုံးထျန်းသည် နတ်ဆိုးဘုန်းကြီးကို မစော်ကားဘဲ ချောင်ဂိုဏ်းသုံးခု၏ခြေရာကိုမလိုက်ဖို့သာမျှော်လင့်နိုင်သည်။

“ကောင်းပြီ....”

သူ့ခရီးစဉ်က အလကားမဟုတ်ခဲ့ပေ။ တကျန်း၏ တာအိုဘိုးဘေးရဲ့ အဆုံးစွန်သောကျင့်စဉ်များက အလွန်တန်ဖိုးရှိပါသေးသည်။

ဒီအတိုင်းပဲ ဟန်ဖန်း က နှုတ်ဆက်ပြီး ထွက်သွားတယ်။

ဟန်ဖန်း တောင်ပေါ်ကဆင်းလာတော့ ညနေစောင်းနေပြီဖြစ်သည်။

ကျန်းချန်ရှန်းက သူပြန်ထွက်သွားတာကိုကြည့်ပြီး ပြုံးလိုက်သည်။

သူသည် ကောင်းကင်ကိုသိမ်းပိုက်သောနဂါးကျင့်စဉ် ရရှိထားပြီးဖြစ်သောကြောင့် အဘယ်ကြောင့် ရှန်းရှန်တုံးထျန်းသို့ သွားသင့်သနည်း။

ကျန်းချန်ရှန်းသည် ဟန်ဖန်းအနေဖြင့် ရွှေခန္ဓာနယ်ပယ်များသာ သင်ယူနိုင်သည့် ဤကျင့်စဉ်ကို မှတ်မိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဒီလူက ရှန်းရှန်တုံးထျန်း ရဲ့ သိုင်းစာကြည့်တိုက်အစောင့်များလား.....

ဟန်ဖန်းသည် တစ်နာရီအတွင်း ကောင်းကင်ကိုသိမ်းပိုက်သောနဂါးကျင့်စဉ်အပါအဝင် ကျင့်စဉ်ကိုးခုကို ရေးသားခဲ့သည်။ ထပ်ရေးနိုင်သော်လည်း ကျန်းချန်ရှန်းက ဒီလောက်နဲ့တင်ရပ်ခိုင်းလိုက်ရသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်ကို နှစ်နာရီကြာ ထိန်းချုပ်ဖို့အတွက် ဝိညာဉ်စွမ်းအင်ကို များစွာသုံးစွဲခဲ့ရသည်။ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို သတ်တာထက်တောင် ပိုပင်ပန်းသည်။

ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားပြီး ကျင့်ကြံဖို့ပြင်လိုက်သည်။ သတ္တမအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း နေ့တိုင်း ကျင့်ကြံခဲ့ရပြီး ပျင်းနေလို့မဖြစ်ပေ။

...................

ပိုင်ချီ ဘာကိုမှ မမေးဝံ့ဘဲ အလွန်ထိတ်လန့်နေသည်။ ဟွာဂျန်ရှင်းနဲ့ ကျန်းဂျန် ပြန်လာမှသာ သူမ စိတ်အေးလက်အေး နေနိုင်တော့သည်။

တစ်လကြာတွင်

ကျန်းချန်ရှန်းသည် သူနှင့် လင်းရှောင်တို့ ကြားက အကွာအဝေး တိုးလာသည်ကို သတိပြုမိသည်။ လင်းရှောင် သိုင်းတောင်ထွတ်သို့ရောက်ရှိခဲ့သည်မှာ နှစ်ရက်ကြာမြင့်နေပြီဖြစ်သည်။

သူ ချက်ခြင်းထရပ်ပြီး တိမ်တိုက်စီးနင်းကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။

သစ်သားရုပ်နဲ့ ကစားနေတဲ့ ကျန်းဂျန် အံ့ဩသွားပြီး သူ့လက်ထဲက သစ်သားရုပ်လေး ဘယ်အချိန်က မြေပြင်ပေါ် ကျသွားမှန်းတောင် မသိခဲ့ပေ။

...............................

တောင်ပေါ်တစ်ဝက်လောက်မှာ လင်းရှောင် ဓားသိုင်းလေ့ကျင့်နေ၏

တောင်တန်း၏တစ်ဖက်ခြမ်းတွင် အဆုံးမရှိသော တောင်တန်းများရှိသည်။

သိုင်းတောင်ထွတ်သည် တောင်တန်းများကြားတွင် ထီးထီးမားမားတည်ရှိနေပြီး ဓားတစ်လက်နှင့်တူကာ ပေတစ်သောင်းနီးပါး မြင့်မားသည်။ နေရာတိုင်းတွင် ၎င်းနှင့် ချိတ်ဆက်ထားသော တောင်များ မရှိပေ။ တောင်ပေါ်လမ်းများသည် သိုင်းတောင်ထွတ် တောင်ထိပ်အထိ ပေါက်ရောက်သည်။ တောင်ထိပ်တွင် အောက်ခြေမရှိသော လိုဏ်ဂူများစွာရှိပြီး တောင်ထိပ်တွင်နှစ်မိုင်အချင်းဝက်ရှိသော မြေပြန့်နေရာတစ်ခုရှိသည်။ တောင်ပေါ်တွင်နားနေဆောင်အချို့ရှိသော်လည်း ထိုနေရာတွင် တစ်ယောက်မှမရှိပေ။

သူသည် ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ ခမ်းနားသော တောင်များကို ငုံ့ကြည့်ရင်း စိတ်နေစိတ်ထားမှာ ကြည်လင်ပြတ်သားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ သူသည် မည်သည့်လှုပ်ရှားမှုကိုမျှ မတွေးတော့ဘဲ သူ့ဓားကို အလိုက်သင့်လှုပ်ရှားနေပြီး သူ့ပတ်ဝန်းကျင်တွင် အင်အားတစ်ခု ပေါ်လာသည်။ ထိုအင်အားသည် လေ၏အသွင်ဆောင်ကာ ပြင်းထန်ပြီး လွှမ်းမိုးထားသည်။

"အစ်ကို.... ဒါက သိုင်းတောင်ထွတ် မဟုတ်လား...."

ရုတ်တရက် အသံတစ်ခုက လင်းရှောင်ရဲ့ အတွေးတွေကို နှောင့်ယှက်ခဲ့သည်။

လင်းရှောင်က မျက်မှောင်ကြုတ်ကာ.... “ဟုတ်တယ်” ဟု ဖြေသည်။

မေးမြန်းခဲ့သူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ ထိုလူသည် ချောမောပြီး အရပ်ရှည်ကာ အဖြူရောင်၀တ်စုံဝတ်ဆင်ထားပြီး ဓားတစ်လက်ကို ကိုင်ထားသည်။ သူ့တွင် ပြင်းထန်သော အော်ရာရှိပြီး အမျိုးသမီးကတော့ လှပပြီး သွက်လက်မည့်ပုံရသည်။ သူမသည် အဝါရောင် ၀တ်စုံကို ၀တ်ထားကာ လင်းရှောင်ကို စိုက်ကြည့်နေသည်။ သူမဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။

လင်းရှောင် ဓားသိုင်း ဆက်လက်လေ့ကျင့်ခဲ့ပြီး သူမကို လျစ်လျူရှုခဲ့သည်။

ဝတ်ရုံဖြူဝတ်ထားသူက..... “အစ်ကို၊ မင်းရဲ့ဓားသိူင်းက တော်တော်ကောင်းတယ်...ဓားကအဆုံးမဲ့ဓားသိုင်းမလား..."

လင်းရှောင်က.... "မင်းဘယ်လိုသိတာလဲ"

“ကမ္ဘာပေါ်မှာရှိတဲ့ ဓားသိုင်း ခုနစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ငါသိတယ်..... တိုက်တိုက်ဆိုင်ဆိုင် အဆုံးမဲ့ဓားသိုင်းကိုလည်း သိနေတယ်...."

လင်းရှောင် မျက်မှောင်ကြုတ်ကာ တစ်ဖက်လူကို လျှော့တွက်လို့မရကြောင်း ရုတ်တရက် သိလိုက်ရသည်။

အဝါရောင်ဝတ်အမျိုးသမီးက ပြုံးလိုက်ပြီး “အစ်ကို...ညီမတို့သူ့ကို ခေါ်ထားကြမလား.....ညီမတို့တွေ သိုင်းတောင်ထွတ်မှာ ဂိုဏ်းတစ်ခု တည်ထောင်တော့မယ်ဆိုတော့ ကျွမ်းကျင်သူတွေလိုအပ်နေတယ်...."

ဝတ်ရုံဖြူဝတ်အမျိုးသားက ခေါင်းညိတ်ပြပြီး လင်းရှောင်ကို ကြည့်လိုက်သည်။

“အစ်ကို..... မင်း တော်တော် အစွမ်းထက်တာကို ငါမြင်တယ်။ မင်း ငါတို့နဲ့ပူးပေါင်းမလား.. မင်းကို ဒုတိယဂိုဏ်းခေါင်းဆောင်ဖြစ်အောင် လုပ်ပေးမယ်...."

လင်းရှောင်က ခေါင်းခါလိုက်ပြီး "သိုင်းဂိုဏ်းတစ်ခု တည်ထောင်ချင်ရင် အခုကတည်းကမေ့လိုက်တော့...... ငါ့ဆရာသခင်က ဒီတောင်ကို လိုချင်နေတယ်....."

လင်းရှောင် မအံ့သြခဲ့ပေ။ သူအရင်ရောက်တုန်းက တောင်ပေါ်မှာ လူတစ်စုရှိနှင့်နေပြီ။ သူတို့ကို ငွေအချို့ပေးကာ လုံချီ ဘုရားကျောင်း၏ ဂုဏ်သတင်းဖြင့် နှင်လွှတ်လိုက်သည်။

"မင်းရဲ့ဆရာသခင်ကဘယ်သူလဲ..."

"ငါ့ရဲ့ဆရာသခင်က တကျန်းရဲ့ တာအိုဘိုးဘေးပဲ...."

"ဒါဆို မင်းက လုံချီ ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်လား......"

အဝါရောင်ဝတ်အမျိုးသမီးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လင်းရှောင် ကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများ တောက်ပလာသည်။

လင်းရှောင်က.... "မင်းတို့နှစ်ယောက် တောင်ပေါ်ကဆင်းလိုက်တော့"

၀တ်စုံဖြူဝတ်ထားသူက..... “လုံချီ ဘုရားကျောင်းဟာ ဒီကနေ မိုင်ထောင်ချီဝေးတဲ့ ရှီပြည်နယ်မှာ ရှိတာပါ.... ဒီတောင်ကြီးကို ဘယ်လိုသိမ်းပိုက်မလဲ...မင်းဒီနေရာမှာအရင်းအမြစ်အချို့ တူးဖော်မလို့လား.... ဒီတောင်ကိုဝယ်ဖို့ ပိုက်ဆံပေးရမယ်ဆိုလည်းပေးပါ့မယ်....”

လင်းရှောင်က မျက်မှောင်ကြုတ်ပြီး စိတ်မရှည်တဲ့အမူအရာကို ပြသလိုက်သည်။

ထိုအချိန်တွင်ပင် ကောင်းကင်မှ လူရိပ်တခုက လင်းရှောင်၏ နံဘေးသို့ ပေါ့ပါးစွာ ဆင်းသက်လာသည်။

လင်းရှောင်နှင့်စကားပြောနေသူနှစ်ယောက် လျှို့ဝှက်စွာ ထိတ်လန့်သွားကြသည်။ သူသည် တစ်ဖက်သား၏ အရိပ်အယောင်ကို လုံးဝ အာရုံမခံနိုင်ခဲ့ပေ။

အခုရောက်လာတဲ့လူကတော့ ကျန်းချန်ရှန်း ပင်.......

လင်းရှောင်က ကျန်းချန်ရှန်း ရောက်လာတာကို မြင်သောအခါ... “ဆရာကြီး” ဟု နှုတ်ဆက်လိုက်သည်။

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်ပြီး ဝတ်စုံအဖြူတ်အမျိုးသားကို ကြည့်ကာ..... “ဒီတောင်ကို ငါလိုချင်တယ်...မင်းတို့ တောင်ပေါ်ကဆင်းတော့.... ငါ ခဏနေ တောင်ကိုရွေ့တော့မှာ....."

ထို့နောက် လင်းရှောင်နှင့်အတူ တောင်ပေါ်လမ်းအတိုင်း လျှောက်လာခဲ့သည်။

သူသည် သိုင်းတောင်ထွတ်၏ရှုခင်းကို ဦးစွာခံစားချင်သည်။

၀တ်စံဖြူဝတ်အမျိုးသား ထိုနေရာတွင် အကြောင်သားရပ်နေခဲ့သည်။

အဝါရောင်ဝတ် အမျိုးသမီးက.... “အစ်ကို... သူက တာအိုဘိုးဘေးဟုတ်ပါ့မလား...."

ကျန်းချန်ရှန်း၏ရုပ်ရည်ကငယ်ရွယ်လွန်းသဖြင့် သူသည် တကျန်း၏ တာအို ဘိုးဘေး မည်သို့ဖြစ်နိုင်မည်နည်း။

ဝတ်စုံဖြူဝတ်အမျိုးသားက အသက်ပြင်းပြင်းရှူပြီး.... “တောင်ပေါ်ဆင်းပြီး သူဘာလုပ်ချင်လဲ ကြည့်ရအောင်....ဒီနေရာမှာ လုံချီ ဘုရားကျောင်းရဲ့တပည့်တွေလည်းရှိနေနိုင်တယ်..... သူတို့ကိုရန်စလို့မဖြစ်ဘူး..."

ဤသို့ဖြင့် မောင်နှမနှစ်ယောက် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင်....

ကျန်းချန်ရှန်းက လင်းရှောင်ကို ဤကာလအတွင်း သူ၏အတွေ့အကြုံကို မေးမြန်းခဲ့ပြီး လင်းရှောင်က သူ့ကို အမှန်အတိုင်း ပြောပြခဲ့သည်။

တစ်နာရီလောက်ကြာတော့.....

တောင်ခြေရင်းသို့ရောက်သောအခါ ကျန်းချန်ရှန်းက တောင်ကိုရွှေ့ဖို့ သင့်တော်သောထောင့်တစ်ခုကို စတင်ရှာဖွေခဲ့သည်။ လင်းရှောင်က သူ့နောက်ကို လိုက်ပါလာပြီး သူ့ဆရာသခင်က တောင်ကို ဘယ်လိုရွှေ့မလဲ ဆိုတာကို အလွန်သိချင်နေသည်။

မောင်နှမနှစ်ယောက်လည်း တောင်ပေါ်ကနေဆင်းလာခဲ့ကြသည်။ ကျန်းချန်ရှန်းက သူ့တို့တွေ့သွားမှာကို မကြောက်ခဲ့ပေ။မည်သို့ပင်ဆိုစေ တောင်ကြီးကို ခိုးကြောင်ခိုးဝှက် ရွှေ့ဖို့ မရည်ရွယ်ခဲ့ပေ။ သူ၏အစွမ်းသတ္တိကို ကမ္ဘာကိုပြသပြီး အမွှေးတိုင်အရေအတွက်အမြောက်အမြားကို ရယူလိုခဲ့သည်။

တစ်နေရာအရောက်တွင် ကျန်းချန်ရှန်းက ရပ်လိုက်ပြီး တောင်နံရံတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ဤနေရာမှ စတင်လျှင် ပိုမိုလွယ်ကူပေလိမ့်မည်။

သိုင်းတောင်ထွတ်သည် အချင်း ခြောက်မိုင်မှ ခုနစ်မိုင်အထိ ကျယ်ဝန်းသည်။ အမြင့်ပေ တစ်သောင်းကျော်ရှိသဖြင့် ကြီးမားသောတောင်ဟု ယူဆနိုင်သည်။

အဝါရောင်ဝတ်အမျိုးသမီးက. “ဟေ့...ရှင် ဒီတောင်ကို ရွှေ့ချင်တာလား..ရှင့် လူတွေ ဘယ်မှာလဲ"

ကျန်းချန်ရှန်းက ချီလင်မြင်းမြီးသားယပ်ကို ခါးမှာချိတ်လိုက်ပြီး....

“ဒါက တောင်တစ်ခုရွေ့တာလေးကို ဘာလို့ တခြားသူတွေလိုဉီးမှာလဲ...."

အဝါရောင်ဝတ်အမျိုးသမီးက မျက်လုံးပြူးပြီး

“ရှင့်တို့နှစ်ယောက်နဲ့သာဆို တစ်သက်လုံး ဒီတောင်ကြီးကို ရွှေ့နိုင်မှာမဟုတ်ဘူး.....”

All Chapters