← Chapters

ဖီးနစ်ငှက်မွှေး(ခ)

Vol. 53 Ch. 809

ဖီးနစ်ငှက်မွှေး(ခ)

Vol. 53 Ch. 809

တားမြစ်ဇုန်အရှင်သခင်၏ မျက်လုံးသည် တောက်ပသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မခန်းလိလိ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လာလေရာ တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ စူးရှသော ဇီသာအသံ ထွက်ပေါ်လာသည်။

ဇီသာအသံသည် တားမြစ်ဇုန်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး နယ်မြေကို တုန်ယင်သွားစေသည်။ အရိုးခြောက်ပုံရိပ်များသည် အဝေးရှိ သစ်ပင်ကြီးများအတွင်းမှ ထွက်ပေါ်လာကြပြီး ဝိညာဉ်ရိုင်းများသည် အပင်များထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။

သူတို့သည် သက်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ရွှီချင်းကို စိုက်ကြည့်နေကြသည်။

ဇီသာအသံအောက်မှာ ဤနယ်မြေ၏ အသွင်အပြင်သည် သိသာစွာ ပြောင်းလဲသွားသည်။

အကယ်၍ ယခင်က တားမြစ်ဇုန်သည် ပိတ်ကားဖြင့် ဖုံးကွယ်ခံထားရလျှင် ယခု ပိတ်ကားကို မတင်လိုက်ပြီးဖြစ်၍ ၎င်း၏ စစ်မှန်သော အသွင်အပြင်က ထွက်ပေါ်လာချေသည်။ ဤနေရာမှ အပင်များစွာသည် ဝိညာဉ်ရိုင်းများမှ ဖြစ်ပေါ်လာကြခြင်းဖြစ်ပြီး မိုးမျှော်သစ်ပင်ကြီးများသည် အမှန်တကယ်တော့ အရိုးခြောက်များ၏ အစုအပုံဖြစ်သည်။

တကယ့်အပင်များနှင့် သစ်ပင်ကြီးများသည် ဤဧရိယာအတွင်းမှာ လေးဆယ်ရာခိုင်နှုန်းသာ ရှိသည်။ တားမြစ်ဇုန်၏ ကျန်ခြောက်ဆယ်ရာခိုင်နှုန်းသည် အရိုးခြောက်များဖြင့် ပြည့်နှက်နေသည်။

ထိုအရိုးခြောက်များသည် ဤနေရာတွင် နှစ်ပေါင်းများစွာကြာအောင် သေဆုံးသွားခဲ့ကြသော သက်ရှိများ ဖြစ်ကြသည်။

“ ဒီတားမြစ်ဇုန်က အထွတ်အထိပ်အခြေအနေမှာ မရှိသေးပါဘူး… အသွင်ပြောင်းလဲခြင်းရဲ့ လမ်းတစ်ဝက်မှာပဲ ရှိပါသေးတယ်… တကယ်လို့ အဲ့ဒါက အပြည့်အဝ အသွင်ပြောင်းလဲသွားတဲ့အခါ ကြောက်စရာကောင်းတဲ့ တကယ့်တားမြစ်ဇုန်ဖြစ်လာပါလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ကျုပ်တို့ရဲ့ လက်ရှိစွမ်းအားလောက်နဲ့ ဖိနှိပ်နိုင်တော့မှာမဟုတ်ပါဘူး… လူအင်အားကို ထပ်လိုပါလိမ့်မယ် ”

“ ဒါပေမဲ့ အခုတော့ အဲ့ဒါကို ချိပ်ပိတ်ဖို့ ကျုပ်တို့ကြိုးစားနိုင်ပါတယ် ”

တာအိုပညာရှင်စစ်မာ၏ ပုံရိပ်သည် မဟာအတောင်ပံကြီးပေါ်မှ ထွက်လျှောက်လာသည်။ သူက တားမြစ်ဇုန်အရှင်သခင်ကိုကြည့်ပြီး ရွှီချင်းကို ပြောသည်။

တာအိုပညာရှင်စစ်မာ၏ စကားသည် တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ ဇီသာအသံကို ပို၍ထက်ရှလာစေသည်။ ဘေးပတ်ဝန်းကျင်မှ အရိုးခြောက်များသည် ဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။

အရိပ်လေးသည်လည်း လိုချင်တောင့်တသော စိတ်ခံစားချက်များကို ရွှီချင်းထံသို့ ထုတ်ဖော်ပြလိုက်သည်။

သို့သော်လည်း ရွှီချင်းသည် ယင်းတို့ကို အလေးမထားပေ။ သူက တာအိုပညာရှင်စစ်မာကို အရိုအသေပေးလိုက်ပြီးနောက် တားမြစ်ဇုန်အရှင်သခင်ကို ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။

“ ကျေးဇူးပြုပြီး ကျုပ်မြင်ချင်တဲ့လူကို ဖော်ပြပေးပါ… အဲ့ဒါက တားမြစ်ဇုန်ရဲ့ စည်းမျဉ်းပဲမဟုတ်ဘူးလား ”

ဇီသာအသံသည် စိတ်ဓာတ်ပြတ်သားစွာ ပဲ့တင်ထပ်လာသောအခါ တားမြစ်ဇုန်အရှင်သခင်သည် အေးစက်စွာ ပြောသည်။

“ တားမြစ်ဇုန်ရဲ့ ဂုဏ်ကျက်သရေကို ထိပါးစော်ကားလို့မရဘူး ”

သူက အခိုင်အမာပြောကြားပြီး လက်ကို မြှောက်တင်လိုက်သည်။ ထိုအခါ တားမြစ်ဇုန်တစ်ခုလုံးသည် အသစ်တဖန်စတင်လာပြီး တွန်းကန်ခြင်းနှင့် ငြင်းဆန်ခြင်းကို စွမ်းအားအပြည့်ဖြင့် ထုတ်ဖော်လိုက်သည်။

တိုက်ပွဲသည် စတင်တော့မည် ဖြစ်သည်။

ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ တားမြစ်စွမ်းအား ”

ဤနေရာနှင့် အလွန်ဝေးကွာသော ဖုန်းဟိုင်ဒေသငယ်မှ ဒေသငယ်မြို့တော်တွင် တားမြစ်ဓမ္မရတနာသည် တုန်ယင်လာသည်။

ရွှေရောင်အလင်းသည် ကောင်းကင်ယံတွင် လင်းလက်သွားပြီး နန်းဟွမ်ကုန်းမြေဆီသို့ ချက်ချင်း ဦးတည်ပျံသန်းသွားသည်။

ဒေသအကြီးအကဲခြံဝန်းတွင် အုပ်ချုပ်ရေးကိစ္စများကို စီမံဆောင်ရွက်နေသော အမတ်ယောင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ဤကိစ္စကို စိတ်ထဲမထားချေ။

လျှပ်တစ်ပြက်အတွင်း ရွှေရောင်အလင်းသည် နန်းဟွမ်ကုန်းမြေ၏ ကောင်းကင်ယံနှင့် ရတနာမုဆိုးများ၏ တားမြစ်ဇုန်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက အလွန်ကြီးမားသော ရွှေရောင်ပိုက်ကွန်သို့ ပြောင်းလဲသွားပြီး တားမြစ်ဇုန်ကို ဖုံးလွှမ်းသွားကာ ကြောက်စရာကောင်းသော ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဇီသာအသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

ပထမဆုံးအကြိမ် တားမြစ်ဇုန်အရှင်သခင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ရွှေရောင်ပိုက်ကွန်ကို စူးစိုက်ကြည့်လိုက်သည်။ သူက ထိတ်လန့်မှုကို ခံစားမိသွားသဖြင့် သူ၏ အနောက်မှ မြူခိုးသည် လှုပ်ယမ်းသွားသည်။

တားမြစ်ဇုန်၏ ခြောက်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားသော အရိုးခြောက်များနှင့် ဝိညာဉ်ရိုင်းများသည်လည်း ရပ်တန့်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် တားမြစ်ဇုန်အရှင်သခင်သည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက လက်ကို ဝှေ့မယမ်းမီ အချိန်တစ်ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။ ချက်ချင်းဆိုသလို မြူခိုးနီသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး သူ၏ ဘေးတွင် စတင်စုဝေးသွားသည်။

ထိုမြူခိုးက သူ၏ မူလအရင်းအမြစ်ထံမှ ဖွဲ့စည်းလာဟန် တူသည်။ အဘယ့်ကြောင့်ဆိုသော် မြူခိုးကို သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထုတ်လိုက်သည်နှင့် သူ၏ ပုံရိပ်က အနည်းငယ် ဝေဝါးလာသောကြောင့် ဖြစ်သည်။

မြူခိုးစုဝေးခြင်းလုပ်ငန်းစဉ်က မမြန်ဆန်လေရာ သူက ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိသည့်အလားပင်။ သို့သော်လည်း အဆုံးမှာတော့ ယင်းက ဖိနပ်တစ်ရံသို့ ဖြည်းညင်းစွာ ဖွဲ့စည်းသွားနေဆဲပင်။

ဤသည်မှာ ခေါင်းဆောင်လဲ့မသေခင်က စီးခဲ့သော ဖိနပ်ဖြစ်သည်။

မြူခိုးက ပုံပျက်တွန့်လိမ်သွားပြီး ခေါင်းဆောင်လဲ့၏ ပုံရိပ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည့်အခါ ခံစားချက်လှိုင်းများသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာကြသည်။ မြူခိုးက သူတို့ကြားမှာ စည်းခြားထားပြီး တိတ်တဆိတ် အကြည့်ချင်းဆုံသွားကြသည်။

ခေါင်းဆောင်လဲ့သည် စိတ်သက်သာရခြင်းနှင့် စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်ပြသည်။

ရွှီချင်း၏ မျက်လုံးသည် အနည်းငယ် နီမြန်းလာသည်။

“ ခေါင်းဆောင်လဲ့… ”

ခေါင်းဆောင်လဲ့သည် ပြုံးလိုက်ပြီး ရွှီချင်းကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်ဟန် ရသည်။

ထို့နောက် သူ၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပုံပျက်တွန့်လိမ်လာပြီး မြူခိုးသို့ တဖန်ပြောင်းလဲသွားကာ လွင့်ပြယ်သွားသည်။

ဖိနပ်တစ်ရံသည်လည်း မြူခိုးထဲသို့ ပျောက်ကွယ်မသွားခင်အထိ တဖြည်းဖြည်း အနောက်ဆုတ်သွားသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အတိတ်တွင် ခေါင်းဆောင်လဲ့ပြောခဲ့သော စကားတစ်ခွန်းကို သူပြန်အမှတ်ရသွားသည်။

“ မစောင့်နဲ့… အဆုံးထိစောင့်ဆိုင်းတာက နောက်ဆုံးမှာ ဟာတာတာခံစားရလိမ့်မယ် ”

“ ဟာတာတာခံစားရမယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူက မြူခိုးကို ကြည့်လိုက်ပြီး ဆက်လက်စောင့်ဆိုင်းသည်။

နောက်ထပ်ပေါ်လာမည့် ပုံရိပ်ကို သူက စောင့်နေခြင်းဖြစ်သည်။

ဤတားမြစ်ဇုန်၏ ဒဏ္ဍာရီအရ သီချင်းသံကို ဒုတိယအကြိမ်ကြားသည့် မည်သူမဆို သူတို့မြင်တွေ့ချင်သော တစ်စုံတစ်ယောက်ကို မြင်တွေ့ခွင့်ရလိမ့်မည်။ သို့ဖြစ်၍ ရွှီချင်းသည် ခေါင်းဆောင်လဲ့အပြင် ဆရာသခင်ပိုင်နှင့် ဆဌမသခင်ကြီးကိုလည်း မြင်ချင်သည်။

သူ၏ မိဘနှစ်ပါးကိုလည်း မြင်ချင်သေးသည်။

သို့သော်လည်း အချိန်သည်သာ တရွေ့ရွေ့ ကုန်လွန်သွားသည်။ အချိန်တစ်ခဏကြာ စောင့်ဆိုင်းပြီးနောက် ရွှီချင်းသည် ဒုတိယဖိနပ်တစ်ရံထွက်ပေါ်လာခြင်းကို မမြင်တွေ့ခဲ့ပေ။ ယင်းက သူ့ကို အနည်းငယ် ညှိုးမှိုင်သွားစေသည်။ သူ၏ စိတ်အခြေအနေက လေးလံလာပြီး မရွှင်ပျလာသောအခါ တားမြစ်ဇုန်အရှင်သခင်ထံသို့ ကြည့်လိုက်သည်။

“ စီနီယာ တခြားပုံရိပ်တွေကရော ”

ရွှီချင်းကို စူးစိုက်ကြည့်နေသော တားမြစ်ဇုန်အရှင်သခင်၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

ငှက်ကြီးချင်းချင်းသည် နက်ရှိုင်းစွာ အော်မြည်လိုက်သည်။ မဟာအတောင်ပံသည် ၎င်း၏ စွမ်းအားကို အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားစေပြီး တားမြစ်ပိုက်ကွန်သည် အရောင်တောက်ပလာသည်။

တားမြစ်ဇုန်အရှင်သခင်သည် နှုတ်ဆိတ်သွားသည်။

မကြာမီ ဆဌမသခင်ကြီး၏ ပုံရိပ်သည် မြူခိုးထဲမှာ ထွက်ပေါ်လာသည်။

မြူခိုးထဲ၌ ထွက်ပေါ်လာသည့်အခါ ဆဌမသခင်ကြီးသည် ကြောင်တောင်တောင်ဖြစ်သွားပြီး နက်နဲစွာ တွေးတောလိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။

သူက ပြုံးပြသည်။

ဆဌမသခင်ကြီးကို ကြည့်နေရင်း ဝမ်းနည်းမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက လက်သီးဆုပ်လိုက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ဆဌမသခင်ကြီးသည် ပြုံးလိုက်ပြီး ပြန်နှုတ်ဆက်သည်။ သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးမှာတော့ မြူခိုးထဲမှာ ပျောက်ကွယ်သွားသည်။

မြူခိုးသည် မူလဌာနေသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။

“ စီနီယာက ဆရာသခင်ပိုင်နဲ့ ကျုပ်ရဲ့မိဘတွေကို ပြန်ခေါ်ပေးနိုင်မလား သိချင်ပါတယ်… တကယ်လို့ တန်ဖိုးတစ်ခုပေးရမယ်ဆိုရင် ကျုပ်ပေးပါမယ် ”

ရွှီချင်းသည် ရိုသေလေးစားစွာ ပြောသည်။

သို့သော်လည်း သူ၏ ရိုသေလေးစားမှုသည် တားမြစ်ဇုန်အရှင်သခင်၏ လျစ်လျူရှုခြင်းခံရသည်။ တားမြစ်ဇုန်၏ ဂုဏ်ကျက်သရေအတွက် ဇီသာအသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယင်းက အလွန်အမင်း စူးရှသည်။ တားမြစ်ဇုန်အရှင်သခင်၏ အမူအရာသည် လွန်စွာမှ အေးတိအေးစက်ဖြစ်နေပြီး သူ၏ အေးစက်စက်အသံက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

“ မီးတောက်ဖီးနစ်က နန်းဟွမ်တားမြစ်ဇုန်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ရဘူးလို့ ဥပဒေထုတ်ထားတယ်… နန်းဟွမ်တားမြစ်ဇုန်အပေါ် ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူမဆို မီးတောက်ဖီးနစ်ရဲ့ ဖိနှိပ်ခံရမယ် ”

ဘေးပတ်ဝန်းကျင်မှ အရိုခြောက်အားလုံးသည် ဟိန်းဟောက်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ တားမြစ်ပိုက်ကွန်၊ ငှက်ကြီးချင်းချင်းနှင့် တာအိုပညာရှင်စစ်မာသည် ဖိအားကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း ယင်းတို့က တားမြစ်ဇုန်၏ ရက်စက်ကြမ်းကြုတ်မှုကို မတားဆီးနိုင်သေးပေ။

တားမြစ်ဇုန်သည် ဖိနှိပ်ခံရပြီး ချိပ်ပိတ်ခံရနိုင်သည်။ သို့သော်လည်း ၎င်း၏ ဂုဏ်ကျက်သရေကို ထိပါးစော်ကား၍မရချေ။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ခရမ်းအနီရောင်အလင်းသည် ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထည်ဝါတောက်ပလာသည်။ အလယ်မှ ဦးခေါင်းသည် ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့် အထင်သေးရှုံ့ချသော အကြည့်ကို ထုတ်ဖော်လိုက်သည်။

၎င်းက ဦးခေါင်းကို လှုပ်ယမ်းလိုက်လေရာ အနီရောင်ငှက်မွှေးတစ်ချောင်းသည် ၎င်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

All Chapters