← Chapters

ဖီးနစ်ငှက်မွှေး(ဂ)

Vol. 53 Ch. 810

ဖီးနစ်ငှက်မွှေး(ဂ)

Vol. 53 Ch. 810

ငှက်မွှေးပေါ်ထွက်လာသည်နှင့်ချက်ချင်း တားမြစ်ဇုန်သည် တုန်ယင်သွားသည်။ တားမြစ်ဇုန်အရှင်သခင်ဖြစ်သော ဝတ်ရုံနက်ပုံရိပ်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး အညံ့ခံသည်။ အဝေးမှ ဇီသာအသံသည် တုန်ယင်သော သံစဉ်သို့ ပြောင်းလဲသွားသည်။

ယင်းသည် မီးတောက်ဖီးနစ်၏ ငှက်မွှေးဖြစ်သည်။

နန်းဟွမ်ကုန်းမြေအတွက် မီးတောက်ဖီးနစ်သည် ဖီးနစ်တားမြစ်နယ်မြေ၏ အုပ်ချုပ်သူဖြစ်ရုံသာမက ကုန်းမြေတစ်ခုလုံး၏ အရှင်သခင်လည်း ဖြစ်ပေသည်။

၎င်းသည် နန်းဟွမ်ကုန်းမြေမှ တားမြစ်ဇုန်အားလုံး၏ ဧကရာဇ်ဖြစ်သည်။

မြူခိုးသည် ပြန်လည်ရောက်ရှိလာပြီး စုစည်းသွားသည်။

သို့သော်လည်း ယင်းက အလွန်ထူးဆန်းသည်။ ဤတစ်ကြိမ်တွင် တားမြစ်ဇုန်အရှင်သခင်က မည်သို့ကြိုးစားပါစေ ထိုပုံရိပ်သုံးခုသည် မဖွဲ့စည်းနိုင်သေးပေ။

ရွှီချင်း၏ မိဘနှစ်ပါး၏ ပုံရိပ်များသည် မပျောက်ကွယ်သွားမီ အကြမ်းဖျဉ်းပုံရိပ်သာ ဖြစ်ပေါ်လာခဲ့သည်။ ဆရာသခင်ပိုင်သည်တော့ အကြမ်းဖျဉ်းပုံရိပ်ဖြစ်ပေါ်လာသော်လည်း သူ့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အဆုံးမှာတော့ သူက ပျောက်ကွယ်သွားသည်။

ထိုအဖြစ်အပျက်က ရွှီချင်း၏ အကြည့်ကို အေးခဲသွားစေသည်။ သူက အေးစက်စက်မျက်ဝန်းဖြင့် တားမြစ်ဇုန်အရှင်သခင်ကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ငှက်ကြီးချင်းချင်း၏ စူးစူးဝါးဝါး အော်မြည်သံအောက်မှာ တားမြစ်ဇုန်အရှင်သခင်၏ အက်ရှရှအသံသည် ပဲ့တင်ထပ်လာသည်။

“ လူသားနှစ်ယောက်ရဲ့ ဝိညာဉ်တွေက နတ်ဘုရားဆီ စတေးခံထားရတယ်… သူတို့ကို ဆင့်ခေါ်ဖို့ ငါ့မှာ အစွမ်းအစမရှိဘူး ”

“ ပြီးတော့ တခြားဝိညာဉ်က ဝမ်ကူးကုန်းမြေက မဟုတ်ဘူး ”

ထိုသို့ပြောပြီးနောက် တားမြစ်ဇုန်အရှင်သခင်သည် မြူခိုးထဲသို့ ပေါင်းစပ်သွားသည်။ ဤနေရာမှ ထူထဲသော မြူခိုးထုနှင့် အရပ်မျက်နှာအဘက်ဘက်မှ မြူခိုးများသည် အလျှင်အမြန် အနောက်ဆုတ်သွားကြပြီး တားမြစ်ဇုန်၏ အနက်ရှိုင်းဆုံးနေရာမှာ စုစည်းသွားကြသည်။ ယင်းတို့က ချိပ်ပိတ်စွမ်းအားကို ဖွဲ့စည်းလိုက်ကြပြီး ပြင်ပလောကကို တားဆီးလိုက်သည်။

သိသာစွာပင် ဤခရီးသည် သူ့အတွက် ပျော်ရွှင်စရာမကောင်းပေ။ ထို့ကြောင့် သူက အားလုံးကိုပြောပြပြီးနောက် သူ့ကိုယ်သူ ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

နောက်ထပ်ထွက်ပေါ်လာသည်မှာ တားမြစ်ဇုန်တစ်ခုလုံးမှ ငြင်းဆန်ခြင်းဖြစ်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

သူ့မိဘများ၏ ပုံရိပ်ကို မမြင်တွေ့နိုင်ကြောင်း သူခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ အတိတ်တွင် ပြိုင်ဘက်ကင်းမြို့တော်သည် နတ်ဘုရားမျက်နှာပျက်ကြီးဆီ စတေးခံခဲ့ရသည်။

သို့သော်လည်း ဆရာသခင်ပိုင်၏ ဝိညာဉ်က ရွှီချင်းကို အနည်းငယ် ဇဝေဇဝါဖြစ်စေသည်။

“ ဝမ်ကူးကုန်းမြေက မဟုတ်ဘူးလား ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဆရာသခင်ပိုင်၏ သေဆုံးမှုကို သူပြန်အမှတ်ရသွားသည့်အခါ နောက်ဆုံးမှာတော့ ခရမ်းမြေ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

နန်းဟွမ်ကုန်းမြေမှာ သူ၏ နောက်ဆုံးခရီးစဉ်သည် ခရမ်းမြေသို့ သွားရောက်ပြီး ဆရာသခင်ပိုင်ကို အရိုအသေပေးရန်နှင့် သူ၏ ငယ်ပေါင်းမိတ်ဆွေများကို တွေ့ဆုံရန် ဖြစ်သည်။

“ ကြည့်ရတာ ဆရာသခင်ပိုင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ချန်းဖေးယွမ်နဲ့ ထင်ယုကို ငါမေးရလိမ့်မယ် ”

ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး တာအိုပညာရှင်စစ်မာနှင့် ငှက်ကြီးချင်းချင်းဆီသို့ အရိုအသေပေးလိုက်သည်။

“ ကျုပ်ကို ရက်နည်းနည်းလောက် စောင့်ပေးဖို့ စီနီယာနှစ်ယောက်ကို ဒုက္ခပေးရပါလိမ့်မယ်… ကျုပ်ရဲ့ ဝိညာဉ်သားရဲကို ဒီနေရာမှာ ဆင့်ကဲပြောင်းလဲစေဖို့ ရည်ရွယ်ထားလို့ပါ ”

တာအိုပညာရှင်စစ်မာသည် ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် သူက ဓားကိုင်များနှင့်အတူ ထွက်ခွာသွားသည်။ ငှက်ကြီးချင်းချင်းသည်တော့ စူးစူးဝါးဝါး အော်မြည်လိုက်ပြီး မြူခိုးဖြင့် ချိပ်ပိတ်ထားသော တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

၎င်းက တားမြစ်ဇုန်အရှင်သခင်ကို အတော်လေး စိတ်ဝင်စားနေသည်မှာ သိသာသည်။

ဇီသာအသံသည် တုန်ယင်သွားပြီး မြူခိုးသည် လှုပ်ရှားထကြွလာသည်။ ငှက်ကြီးချင်းချင်း၏ ပုံရိပ်သည် မြူခိုးထဲမှာ ပျောက်ကွယ်သွားသည်။

အထဲမှာ မည်သို့ဖြစ်ပျက်လိမ့်မည်ကိုတော့ ရွှီချင်းမသိပေ။ သို့သော် မည်သို့ဖြစ်လာပါစေ မီးတောက်ဖီးနစ်၏ ငှက်မွှေးကို ပိုင်ဆိုင်ထားသော ငှက်ကြီးချင်းချင်းသည် အရှုံးခံစားရလိမ့်မည်မဟုတ်။

သို့ဖြစ်၍ ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး အတိတ်တုန်းက တားမြစ်ဇုန်ထဲမှ သူ၏ နေအိမ်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

ဤအခိုက်အတန့်မှာ မိုးသောက်ချိန်သို့ရောက်ရန် သိပ်မလိုတော့ချေ။ မိုးသောက်ချိန်သို့ရောက်သည့်အခါ ရွှီချင်းသည် အတိတ်တွင် မိုးကြိုးအဖွဲ့နှင့် အကြေးခွံနက်ဝံပုလွေကို တိုက်ခိုက်ခဲ့သောနေရာဆီသို့ ရောက်ရှိလာသည်။

ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အတိတ်တုန်းက မင်းကို ဒီနေရာမှာ ချိပ်ပိတ်ခဲ့တယ် ”

“ အဲ့တော့ ဒီနေ့ ဒီနေရာကို နယ်နိမိတ်အဖြစ် မင်းအသုံးပြုနိုင်တယ်… ဘုရားကျောင်းတွေနဲ့ တားမြစ်ဇုန်ရဲ့ အနက်ပိုင်းထဲကို မသွားနဲ့… ကျန်တဲ့နေရာတွေကိုတော့ မင်းစိတ်တိုင်းကျ ဖြန့်ကြက်နိုင်တယ် ”

“ ကဲ မင်းဘယ်လောက်အထိ ကြီးထွားနိုင်မလဲ ငါ့ကိုပြစမ်း ”

ရွှီချင်း၏ စကားဆုံးသည်နှင့် သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် ပေတစ်ထောင်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ၎င်း၏ ကိုယ်တွင်းထဲမှ မရေမတွက်နိုင်သော မျက်လုံးများသည် ပွင့်သွားကြသည်။ သူတို့က ရွှီချင်းကို ကြည့်လိုက်စဉ် သူတို့၏ စိတ်ခံစားချက်များကို ပို့လွှတ်လိုက်ကြသည်။

“ ကျေးဇူးတင်ပါတယ်… သခင် ”

ထို့နောက် ပေတစ်ထောင်ကျယ်ဝန်းသော အရိပ်လေးသည် ချက်ချင်း ဝေဝါးလာပြီး အရပ်မျက်နှာအဘက်ဘက်သို့ အလျှင်အမြန် ဖြန့်ကြက်သွားသည်။ ၎င်းက ရွှီချင်းနှင့် ဝေးရာသို့ရောက်သောအခါ တားမြစ်ဇုန်အရှင်သခင်၏ အသွင်ပြောင်းလဲခြင်းမခံရသေးသော အပင်များကို ဖုံးလွှမ်းသွားသည်။

အဆုံးမဲ့သော ဒြပ်နှောများသည် အရပ်မျက်နှာပေါင်းစုံမှ စုဝေးလာပြီး အရိပ်လေးဆီသို့ တိုးဝင်သွားကြသည်။ တဂျွတ်ဂျွတ် ဝါးစားသံသည် အရပ်ရှစ်မျက်နှာလုံးမှ ပျံ့လွင့်လာကြသည်။

အပင်များဖြစ်စေ သို့မဟုတ် သစ်ပင်ကြီးများဖြစ်စေ ၎င်းတို့အားလုံးက အရိပ်လေးအတွက် အစားအစာများဖြစ်ဟန် တူသည်။

ယင်းက ဤနေရာမှ သန္ဓေပြောင်းသားရဲများအတွက်လည်း အတူတူဖြစ်သည်။ သူတို့၏ အော်ဟစ်ညည်းညူသံများသည် တားမြစ်ဇုန်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ တားမြစ်ဇုန်ထဲသို့ ဝင်ရောက်ပြီးနှင့်သော ရတနာမုဆိုးများသည်တော့ ထိုအော်ဟစ်ညည်းညူသံများကို ကြားပြီးနောက် သူတို့၏ ဘေးပတ်ဝန်းကျင်မှ အပြောင်းအလဲများကို အာရုံခံမိသွားကြလေရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ချက်ချင်း တားမြစ်ဇုန်ထဲမှ ထွက်ပြေးသွားကြသည်။

အရိပ်လေးသည် တစ်ခဏ တွေးတောလိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ ၎င်းသည် ထိုရတနာမုဆိုးများကို မဝါးမျိုဝံ့ချေ။ ဤကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်း၏ သဘောထားကို ၎င်းမသေချာပေ။ သို့ဖြစ်၍ ၎င်းက ဤနေရာမှ သန္ဓေပြောင်းသားရဲများနှင့် ဒြပ်နှောများကိုသာ ဆက်လက်ဝါးမျိုလိုက်သည်။

၎င်း၏ အရှိန်အဝါသည် တဖြည်းဖြည်း သန်မာလာသည်။ အရိပ်လေး၏ ဝါးမျိုခံလိုက်ရသော အပင်များနှင့် သစ်ပင်ကြီးများသည်တော့ ၎င်းတို့သည် တကယ် မပျောက်သွားကြပေ။ ယင်းအစား ၎င်းတို့၏ အသွင်အပြင်သည် ပြောင်းလဲသွားကြသည်။ အပင်များပေါ်တွင် မျက်လုံးများ ထွက်ပေါ်လာကြပြီး သစ်ပင်ကြီးများသည် ခေါင်းတလားများသို့ ပြောင်းလဲသွားကြသည်။

အရိပ်လေး၏ ဝါးမျိုခံလိုက်ရသော သန္ဓေပြောင်းသားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးများထွက်ပေါ်လာကြပြီး ပြန်ရှင်လာကြသည်။

၎င်းက တားမြစ်ဇုန်၏ အခွင့်အာဏာကို ဝါးမျိုရန် ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။

ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားသည်။

တားမြစ်ဇုန်၏ ပျမ်းမျှ(၁၀)ရာခိုင်နှုန်းသည် အရိပ်လေး၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ၎င်း၏ အသွင်အပြင်သည် ပြောင်းလဲသွားသည်။

အရိပ်လေးသည် ဗိုက်ပြည့်သွားဟန်ရပြီး ဆက်လက် မဝါးမျိုတော့ချေ။ ၎င်းက အရပ်မျက်နှာအသီးသီးမှ ပြန်ဆုတ်ခွာလာပြီး ရွှီချင်းတင်ပျဉ်ခွေထိုင်နေသော နေရာသို့ ပြန်ရောက်လာသည်။ ၎င်းက အဆင့်ချိုးဖြတ်တော့မည့် အခြေအနေမှာရှိသောကြောင့် ဝမ်းသာပျော်ရွှင်သော စိတ်ခံစားချက်များကို ထုတ်လွှတ်လိုက်သည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး အေးစက်စွာ ပြောသည်။

“ (၁၀)ရာခိုင်နှုန်းကို ဝါးမျိုပြီးတာတောင် အဆင့်ချိုးဖြတ်ခါနီးအခြေအနေမှာပဲ ရှိသေးတာလား… သောက်သုံးမကျဘူး ”

အစက ဝမ်းသာပျော်ရွှင်နေသော အရိပ်လေးသည် တသိမ့်သိမ့်တုန်ယင်လာသည်။ ၎င်းက စိတ်ခံစားချက်များကို အလျှင်အမြန် ပို့လွှတ်လိုက်သည်။

“ တဖြည်းဖြည်း… ပိုပြီး… သန်မာလာမယ် ”

“ အမြန်ဆုံး အဆင့်ချိုးဖြတ်နိုင်အောင်လုပ် ”

ရွှီချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

အရိပ်လေးသည် တုန်ယင်သွားပြီး အလျှင်အမြန် ကျုံ့သွားသည်။ မကြာမီ ပေတစ်ထောင်ထိ ရှည်လျားသော ဧရာမသစ်ပင်ကြီးတစ်ပင်သည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဧရာမသစ်ပင်ကြီးသည် ထီးထီးရပ်နေသည်။ ၎င်း၏ အပေါ်ပိုင်းသည် အလွန်ကြီးမားသော ထီးတစ်ချောင်းနှယ် ဆင်တူပြီး အံ့ဩဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက ကြီးကျယ်မြင့်မြတ်ပြီး ရှိန်လောက်စရာကောင်းသော အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။ ၎င်း၏ သစ်ကိုင်းများပေါ်တွင် သစ်ရွက်များ လုံးဝမရှိပေ။ ယင်းအစား အရေအတွက်များပြားသော မျက်လုံးနီများသာ ရှိသည်။

သို့သော်လည်း ထိုမျက်လုံးနီများထဲမှာ ထွက်ပေါ်နေသော အရာသည် ရက်စက်ကြမ်းကြုတ်ခြင်းမဟုတ်ပေ။ ရိုသေကျိုးနွံခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းက ပိုပြီးထူးဆန်းသည့်ပုံ ပေါ်နေခြင်းဖြစ်သည်။

လင်းအာသည် ရွှီချင်း၏ အင်္ကျီလက်ထဲမှ တွားသွားထွက်လာပြီး သူ့အရှေ့မှ ဧရာမသစ်ပင်ကြီးကို ကြည့်လိုက်သည်။ သူက သိမ်မွေ့နူးညံ့သော အသံဖြင့် ပြောသည်။

“ ကံကောင်းပါစေ ”

လင်းအာ၏ စကားက အရိပ်လေးကို အားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ ယင်းက အရိပ်လေးကို အလွန်စိတ်အားတတ်ကြွစေသည်။ ဧရာမသစ်ပင်ကြီးက အပြင်းအထန် လှုပ်ခါလာသည်နှင့် ကမ္ဘာတုန်စေမည့် အသံများသည် ၎င်း၏ ကိုယ်ထည်အတွင်းမှ မြည်ဟိန်းထွက်လာသည်။

All Chapters