← Chapters

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(က)

Vol. 53 Ch. 812

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(က)

Vol. 53 Ch. 812

ခရမ်းမြေသည် နန်းဟွမ်ကုန်းမြေမှ လူသားမျိုးနွယ်အတွက် အထူးအဓိပ္ပာယ်ရှိသည်။

အထူးသဖြင့် သေမျိုးများနှင့် ရတနာမုဆိုးများအတွက် ခရမ်းမြေသည် တော်ဝင်အခွင့်အာဏာနှင့် အထူးအခွင့်အရေး ရှိသည်။ ခရမ်းမြေမှ ထွက်ပေါ်လာသည့် မည်သူမဆို သူတို့၏ ကိုယ်ပေါ်တွင် ရောင်ခြည်ရောင်ဝါရှိနေသည့်အလား လူအများကြားတွင် ထင်ပေါ်နေလိမ့်မည်။

သူတို့၏ အဝတ်အစားသည် ခမ်းနားထည်ဝါပြီး သန့်ရှင်းသပ်ရပ်သည်။

ယင်းက လူတိုင်းကို လိုချင်တောင့်တမိစေသည်။

သို့ဖြစ်၍ ခရမ်းမြေသို့ ဝင်ရောက်ပြီး ထိုနေရာတွင် အခြေချနေထိုင်နိုင်ရန်သည် နန်းဟွမ်ကုန်းမြေမှ လူအများအပြား၏ အိမ်မက်ဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင် ထိုသို့အမှန်တကယ် လုပ်ဆောင်နိုင်သည့်သူသည် အတော်လေး နည်းပါးသည်။

အဘယ့်ကြောင့်ဆိုသော် ခရမ်းမြေသည် အစက နန်းဟွမ်ကုန်းမြေမှ နောက်ဆုံးလူသားတိုင်းပြည်၏ မြို့တော်ဖြစ်သောကြောင့် ဖြစ်သည်။

ဒဏ္ဍာရီလာကျစ်လွီဆဲ့တိုင်းပြည်နှင့် နာမည်မျှဝေသော ထိုတိုင်းပြည်သည် ပျက်စီးသွားပြီဖြစ်သော်လည်း ထိုတိုင်းပြည်မှ အဓိကမိသားစုကြီးရှစ်ခုသည် အချိန်နှင့်အမျှ ဆက်လက်တည်ရှိနေသေးသည်။

( ကျစ်လွီဆဲ့ကို အင်္ဂလိပ်လို ‘purple green’လို့ ရေးထားပါတယ် )

မိသားစုကြီးရှစ်ခုသည် နန်းဟွမ်ကုန်းမြေမှ ဒေသန္တရစွမ်းအားကို ကိုယ်စားပြုပြီး အုပ်ချုပ်ရေးကို ဩဇာလွှမ်းမိုးထားကာ ကုန်းမြေတစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲသည်။ သူတို့သည် မီးတောက်ဖီးနစ်နှင့် ယခင်ဆက်နွယ်မှုဟောင်းကိုလည်း ထိန်းသိမ်းကာ ၎င်း၏ အကာအကွယ်ပေးမှုကို ရရှိထားသည်။

သူတို့သည် နန်းဟွမ်ကုန်းမြေမှ ထွက်ခွာခဲသည်။ တခြားလူများသည် သူတို့ကို ရန်မပြုဝံ့ကြချေ။

သူတို့၏ အမြင်မှာ နန်းဟွမ်ကုန်းမြေတစ်ခုလုံး၊ ချီယွဲ့ထုံဂိုဏ်းဖြစ်စေ လီထူဂိုဏ်းဖြစ်စေ သို့မဟုတ် ဆန်းကြယ်စစ်မှန်စကားလုံးများဖြစ်စေ ၎င်းတို့အားလုံးသည် ပြင်ပလူတန်းစားထဲသို့ ကျရောက်သွားကြသည်။

ရလဒ်အနေဖြင့် တံခါးပိတ်ဝါဒကျင့်ခြင်း၊ ရှေးရိုးဆန်ခြင်းနှင့် မောက်မာထောင်လွှားခြင်းသည် ခရမ်းမြေ၏ အဓိကလက္ခဏာများ ဖြစ်လာကြသည်။

သို့သော်လည်း ယနေ့တွင် ခရမ်းမြေ၌ နေထိုင်ကြသော လူများသည် မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့သွားကြသည်။

မိသားစုကြီးရှစ်ခုသည် စုရုံးရောက်ရှိလာကြသည်။

သူတို့၏ နောင်သားမျိုးဆက်များသည် ခမ်းနည်းထည်ဝါစွာ ဝတ်စားထားကြသည်။ သူတို့အားလုံးသည် ခရမ်းမြေ၏ အရှေ့ဘက်ဂိတ်တံခါးတွင် မတ်တတ်ရပ်နေကြပြီး တန်းစီနေကြသည်။

သူတို့အားလုံး၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာ ရှိသည်။

မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များသည် အရှေ့ဆုံးမှာ တည်ကြည်လေးနက်သော အမူအရာဖြင့် မတ်တတ်ရပ်နေကြသည်။ မိသားစုအသီးသီးမှ အကြီးအကဲများသည်လည်း သူတို့နှင့်သက်ဆိုင်ရာ မိသားစုခေါင်းဆောင်များ၏ ဘေးတွင် ရပ်နေကြသည်။

လူတိုင်းသည် အရှေ့ဘက်သို့ မျှော်ကြည့်နေကြသည်။

သူတို့၏ ရတနာများနှင့် အတတ်ပညာများကို မျိုးဆက်ငယ်များအတွက် လက်ဆင့်ကမ်းပေးခဲ့ကြသော တချို့အကြီးအကဲများနှင့် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းက ကြီးကြီးမားမား နိမ့်ကျလာ၍ လမ်းလျှောက်ရန်ပင် အကူအညီလိုအပ်သော အကြီးအကဲများသည် မြို့တံတိုင်းများပေါ်မှာ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ထိုအဖြစ်အပျက်မျိုးသည် အဆင့်အတန်းခွဲခြားမှုကို အလေးထားသော ခရမ်းမြေတွင် အလွန်ရှားပါး၏။

အခြေခံအားဖြင့် တံခါးပိတ်ဝါဒကျင့်သုံးသော ခရမ်းမြေမှ မိသားစုကြီးရှစ်ခုကို ထိုသို့ကြီးကျယ်ခမ်းနားစွာ ပြုမူစေနိုင်သည့်အရာသည် နန်းဟွမ်ကုန်းမြေတွင် မရှိပေ။ ထို့အပြင် ဤသည်မှာ ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနား ဖြစ်သည်။

သို့ဖြစ်၍ နံနက်ခင်း ထိုအဖြစ်အပျက်သည် ခရမ်းမြေမှ သေမျိုးများကြားတွင် မရေမတွက်နိုင်သော ခန့်မှန်းမှုများကို ထွက်ပေါ်လာစေသည်။

အရှေ့ဘက်ဂိတ်အပြင်ဘက်မှ မိသားစုကြီးရှစ်ခုကြားတွင် လူနှစ်ယောက်သည် မိသားစုခေါင်းဆောင်များနှင့်အတူ ရပ်နေကြသည်။

သူတို့၏ ရာထူးနှင့် အသက်အရွယ်အရဆိုလျှင် ထိုလူနှစ်ယောက်သည် ဤနေရာတွင် ဘယ်သောအခါမှ ရပ်နိုင်ကြလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ယနေ့မှာတော့ ထိုလူနှစ်ယောက်သည် ဤနေရာတွင် ရှိနေရန် အထူးခွင့်ပြုမိန့်ရထားကြသည်။

သို့ဖြစ်၍ အကြည့်များစွာက သူတို့အပေါ်မှာ စုဝေးရှိနေကြသည်။ မိသားစုကြီးတချို့မှ ခေါင်းဆောင်တချို့သည်ပင် သူတို့ကို ရံဖန်ရံခါ လှမ်းကြည့်လေ့ ရှိသည်။

ထိုလူနှစ်ယောက်သည် ယောင်္ကျားလေးနှင့် မိန်းကလေးဖြစ်သည်။

ယောင်္ကျားလေးသည် ချောမောခန့်ညားပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် စိတ်မကြည်လင်သော အရိပ်အယောင် ရှိ၏။

အမျိုးသမီးသည် ချောမောလှပပြီး သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြခြင်းနှင့် မျှော်လင့်စောင့်ဆိုင်းခြင်းဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အရိပ်အယောင်လည်း ရှိသည်။

ထိုလူနှစ်ယောက်သည် ချန်းဖေးယွမ်နှင့် ထင်ယုတို့ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က ဖုန်းဟိုင်ဒေသငယ်တွင် ဖြစ်ပျက်သွားခဲ့သော အရာသည် လွန်စွာမှ ထိတ်လန့်ဖွယ်ကောင်းသည်။ သို့ဖြစ်၍ နန်းဟွမ်ကုန်းမြေသည်လည်း ထိုအကြောင်းကို ကြားသည်။ ထုံးစံအားဖြင့် ခရမ်းမြေမှ မိသားစုကြီးရှစ်ခုသည် ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ကြသည်။

ရွှီချင်းဟူသော သံတော်ဆင့်၏ သရုပ်နှင့် အဆင့်အတန်းသည် ဒေသငယ်မြို့တော်မှ ကဒ်ဘေးအဆုံးသတ်သွားပြီးနောက် မိုးပေါ်သို့ တစ်ဟုန်ထိုး ထိုးတတ်သွားကြောင်း သူတို့သိရှိခဲ့ကြသည်။

အမှန်မှာတော့ သူတို့သည် ရွှီချင်း၏ နောက်ခံကိုပင် စုံစမ်းခဲ့ကြသည်။ ထို့ကြောင့် ရွှီချင်းက နန်းဟွမ်ကုန်းမြေမှဖြစ်ကြောင်း သူတို့ရှာတွေ့သွားကြသည်။

သို့ဖြစ်၍ ရွှီချင်းရောက်ရှိလာတော့မည်ဟု သူတို့သတင်းကြားသောအခါ မိသားစုကြီးရှစ်ခုသည် ဤကဲ့သို့ ခမ်းနားထည်ဝါသော ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားကို ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူတို့သည် တံခါးပိတ်ဝါဒကျင့်သုံးပြီး ရှေးရိုးဆန်သော်လည်း ယင်းက သူတို့နှင့်ရင်ဆိုင်ရသော လူအပေါ်မှာ မူတည်ပေသည်။ နန်းဟွမ်ကုန်းမြေအတွင်းမှာ သူတို့သည် မောက်မာထောင်လွှားစွာ ပြုမူနိုင်ကြသော်လည်း ဖုန်းဟိုင်ဒေသငယ်နှင့် ရင်ဆိုင်ရသည့်အခါမှာတော့ ထိုသို့မပြုမူဝံ့ချေ။

“ ဖေးယွမ်… ရွှီချင်းက အတိတ်တုန်းကလိုပဲ ရှိနေဦးမယ်လို့ နင်ထင်လား ”

ထင်ယုသည် စိုးရိမ်ကြောင့်ကြမှုကို အနည်းငယ် ခံစားနေရပြီး နူးညံ့စွာ ပြောသည်။

ဆရာသခင်ပိုင်၏ သေဆုံးမှုသည် ထင်ယုအတွက် ကြီးမားသော ထိုးနှက်မှုဖြစ်သည်။

အသက်ကြီးလာသည်နှင့်အမျှ သူ၏ အကျင့်စရိုက်သည် ပိုပိုပြီး နူးညံ့သိမ်မွေ့လာသည်။ အကယ်၍ ချန်းဖေးယွမ်၏ ကာကွယ်ပေးမှုသာမရှိလျှင် ထင်ယုသည် မိသားစုအရေးအတွက် လက်ထပ်ထိမ်းမြှားရန် အလွယ်တကူ အသုံးချခံရလိမ့်မည်။

“ ထင်ယု… ငါတို့ငယ်ငယ်တုန်းက ဖြစ်ခဲ့တာတွေကို နင်မေ့ပစ်လိုက်ပါတော့ ”

ချန်းဖေးယွမ်သည် တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံထဲမှာ မှောင်ရိပ်သန်းမှု တစ်စွန်းတစ်စ ရှိသည်။ ယင်းက သူတမင်လုပ်ယူထားခြင်း မဟုတ်ပေ။ ဉာဏ်များပြီး အင်အားယှဉ်ပြိုင်လေ့ရှိသော မိသားစုအတွင်းမှာ ကြီးပြင်းလာခြင်း၏ အလေ့အကျင့်တစ်ခုသာ ဖြစ်သည်။ အာဏာပြိုင်ဆိုင်သော မိသားစုအတွင်းမှ တိုက်ပွဲများကြားတွင် သူသည် ထိုသို့အလေ့အကျင့်ရှိလာခြင်း ဖြစ်သည်။

“ တကယ်လို့ ရွှီချင်းက အတိတ်တုန်းက ပုံစံအတိုင်း ရှိနေမယ်ဆိုရင် ပိုကောင်းလိမ့်မယ်… တကယ်လို့ သူ့ရဲ့အကျင့်စရိုက်က ပြောင်းလဲသွားမယ်ဆိုရင်လည်း ပုံမှန်ပါပဲ ”

“ အထူးသဖြင့် ဒီတစ်ခေါက်မှာပေါ့… သူရောက်လာတာနဲ့ အကြီးအကဲတွေ ကြိုတင်သတင်းရထားတာက… အဲ့ဒီကိစ္စနောက်ကွယ်မှာ နက်နဲတဲ့အဓိပ္ပာယ်ရှိတယ် ”

ချန်းဖေးယွမ်၏ စကားက ထင်ယုကို တိတ်ဆိတ်သွားစေသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ တစ်နာရီကြာပြီးနောက် စူးစူးဝါးဝါး အော်မြည်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ကောင်းကင်ယံမှ တိမ်တိုက်များနှင့် မြူခိုးများကို အဝေးသို့ လွင့်စင်သွားစေသည်။

ငှက်ကြီးချင်းချင်း၏ ဧရာမခန္ဓာကိုယ်သည် ကောင်းကင်ကို ဖုံးကွယ်သွားသည်။ ၎င်း၏ အရိပ်က ကျဆင်းလာပြီး ခရမ်းမြေကို ဖုံးလွှမ်းသွားသည့်အခါ မဟာအတောင်ပံ၏ ပုံရိပ်သည် တဝီဝီမြည်သံဖြင့် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

၎င်း၏ အရှိန်အဝါသည် ခမ်းနားထည်ဝါပြီး မုန်တိုင်းတစ်ခုကို အစပျိုးစေသည်။ ယင်းက မြေပြင်ပေါ်ရှိ မိသားစုကြီးရှစ်ခုမှ ကျင့်ကြံသူများ၏ အဝတ်အစားများကို တဖျပ်ဖျပ် လှုပ်ခတ်သွားစေသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်စဉ် လူတိုင်း၏ အမူအရာသည် ချက်ချင်း တည်ကြည်လေးနက်သွားကြသည်။

ရွှီချင်းနှင့် တာအိုပညာရှင်စစ်မာသည် မဟာအတောင်ပံပေါ်မှ အတူတကွ ဆင်းသက်လာကြသည်။ ခရမ်းမြေ၏ အရှေ့ဘက်ဂိတ်သို့ သူတို့ရောက်ရှိသွားသည့်အခိုက် မိသားစုကြီးရှစ်ခုမှ လူတိုင်းသည် လက်သီးဆုပ်လိုက်ကြပြီး တလေးတစား အရိုအသေပေးလိုက်ကြသည်။

“ သံတော်ဆင့်ရွှီနဲ့ စီမံခန့်ခွဲရေးမှူးစစ်မာကို နှုတ်ဆက်ပါတယ် ”

ခေါင်းလောင်းသံများသည်လည်း ခရမ်းမြေထဲမှ မြည်ဟိန်းထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်သွားသည်။ ယင်းက (၂၁)ကြိမ်မြည်ဟိန်းသွားလေရာ ကြီးကျယ်မြင့်မြတ်ခြင်းနိမိတ်ကို ဖော်ပြသည်။

တစ်ဖက်လူက ရိုသေစွာ ဆက်ဆံလာသည့်အခါတိုင်း ရွှီချင်းသည် ကြင်နာစွာ ပြန်တုံ့ပြန်လေ့ ရှိသည်။ သို့ဖြစ်၍ သူက မိသားစုကြီးရှစ်ခုနှင့် အချိန်တစ်ခုထိ ပျော်ရွှင်ဖွယ် စကားလက်ဆုံပြောလိုက်သည်။ ထို့နောက် သူက ချန်းဖေးယွမ်နှင့် ထင်ယုကို အပြုံးဖြင့် လှမ်းနှုတ်ဆက်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ စီနီယာအကိုဖေးယွမ်… စီနီယာအမထင်ယု ”

ထင်ယုက လွန်စွာမှ ဝမ်းသာပျော်ရွှင်သွားစဉ် ချန်းဖေးယွမ်သည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သို့သော်လည်း သူက ဘေးပတ်ဝန်းကျင်ကို သတိဝီရိယရှိစွာ အကြိမ်ကြိမ် ကြည့်နေလေသည်။

All Chapters