← Chapters

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(ဂ)

Vol. 53 Ch. 814

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(ဂ)

Vol. 53 Ch. 814

အုတ်ဂူကိုကြည့်နေရင်း ဆရာသခင်ပိုင်နှင့်ပတ်သက်သော မှတ်ဉာဏ်များသည် ရွှီချင်း၏ စိတ်ထဲမှာ တဖန်ထွက်ပေါ်လာသည်။ သူက ထင်ယုကမ်းပေးသော အမွှေးတိုင်ကို လှမ်းယူလိုက်ပြီး မီးညှိလိုက်သည်။ ထို့နောက် အမွှေးတိုင်ကို အုတ်ဂူရှေ့တွင် စိုက်လိုက်သည်။ အမွှေးတိုင်ထွန်းပြီးလျှင် သူက ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။

မိဘများသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အပ်နှင်းပေးသည်။ အသိပညာဟူသည် တစ်စုံတစ်ယောက်၏ ဘဝကို လမ်းပြပေးသည်။ သို့ဖြစ်၍ ဆရာများသည် မိဘများနည်းတူ ဘဝမှာ အရေးကြီးပေသည်။

သတ္တမသခင်ကြီးသည် သူ၏ ဆရာဖြစ်သလို ဆရာသခင်ပိုင်သည်လည်း သူ့အတွက် ဆရာတစ်ဦးနှင့် မခြားပေ။

ထိုလောကဝတ်ကို သူငယ်ငယ်လေးကတည်းက နားလည်ခဲ့သည်။ ဤပရမ်းပတာလောကကြီးတွင် အသိပညာကို လိုလိုလားလား ကမ်းပေးချင်သူများသည် ထာဝရကျေးဇူးတင်ရန် ထိုက်တန်၏။

သို့သော်လည်း ရွှီချင်းက အရိုအသေပေးလိုက်သည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှာ မျောလွင့်နေသော တိမ်တိုက်တချို့သည် ရုတ်တရက် လှုပ်ယမ်းသွားကြသည်။ ထိုအထဲတွင် ကြိုတင်စီမံသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမရှိပေ။ ကြိုတင်အသိပေးသော အေးစက်မှုလည်း မရှိပေ။

ထိုတိမ်တိုက်များသည် ရုတ်တရက် အတူစုဝေးသွားကြပြီး အလွန်ကြီးမားသော တိမ်လက်ဝါးတစ်ခုသို့ ဖွဲ့စည်းသွားသည်။ လျှပ်တစ်ပြက်အတွင်း ထိုတိမ်လက်ဝါးကြီးသည် အုတ်ဂူရှေ့မှာ အရိုအသေပေးနေသော ရွှီချင်းအပေါ်သို့ အမြန်ဖိချလာသည်။

တိမ်လက်ဝါးကြီး၏ အလျင်သည် အလွန်မြန်ဆန်သည်။ ၎င်းက ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက အလစ်တိုက်ခိုက်ရန် ဤနေရာ၌ အချိန်အကြာကြီး ကြိုစောင့်ဆိုင်းနေခဲ့သော်လည်း တခြားလူများက ၎င်းကို သတိထားမိရန် အလွန်ခက်ခဲပေသည်။ ထို့အပြင် ဗလာနတ္ထိစွမ်းအားသည် အမြစ်ဖြတ်သုတ်သင်ချင်နေသော တိမ်လက်ဝါးကြီးထဲမှ ပေါက်ကွဲထွက်လာသည်။ ၎င်းက အောက်သို့ ဆင်းသက်လာတော့ပေမည်။

သို့သော်လည်း ပုံရိပ်ကိုးခုသည် ရုတ်တရက် တိမ်လက်ဝါးကြီး၏ ဘေးမှာ ထွက်ပေါ်လာကြသည်။

အစောနက ထွက်ခွာသွားကြသော မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များသည် လေထဲမှာ ထွက်ပေါ်လာကြပြီး ဝိညာဉ်သိုက်အဆင့် စွမ်းအင်အတတ်အကျလှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ထဲတွင် ဗလာနတ္ထိအရှိန်အဝါကို ထုတ်လွှတ်နေသော ဆံပင်ဖြူနှင့် အဖိုးအိုတစ်ယောက်လည်း ရှိသည်။ အဖိုးအိုသည် တိမ်လက်ဝါးကြီးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုအဖိုးအိုသည် အများပြည်သူ၏ အသိအမှတ်ပြုခံထားရသော မိသားစုကြီးရှစ်ခု၏ ဘိုးဘေးဖြစ်သည်။ သူက ခရမ်းမြေ၏ တစ်ဦးတည်းသော ဗလာနတ္ထိအဆင့်ပုဂ္ဂိုလ်လည်း ဖြစ်သည်။

နှစ်ဦးနှစ်ဖက်သည် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ တိမ်လက်ဝါးကြီးက အနောက်သို့ တလိမ့်လိမ့် ဆုတ်ခွာသွားသည်နှင့် ခရမ်းမြေဘိုးဘေး၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင် ထွက်ပေါ်လာပြီး အနောက်မှ ပြေးလိုက်သွားလေသည်။

မိသားစုခေါင်းဆောင်များသည်တော့ သူတို့သည် အောက်သို့ အမြန်ဆင်းသက်လာကြပြီး တိမ်လက်ဝါးကြီးမှ ထုတ်လွှတ်ခဲ့သော အားလှိုင်းများကို ရွှီချင်းအပေါ် မကျရောက်လာရန် ကူညီပေးကြသည်။

အားလုံးသည် မြန်မြန်ဆန်ဆန် ဖြေရှင်းသွားသည်။

ရွှီချင်းသည် အမူအရာပြောင်းလဲသွားခြင်း လုံးဝမရှိဘဲ ဆက်လက်အရိုအသေပေးသည်။

အစောနက အဖြစ်အပျက်ကြောင့် ထင်ယုသည် ထိတ်လန့်သွားပြီး သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ချန်းဖေးယွမ်၏ အမူအရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိပေ။

ဤသည်မှာ လုံခြုံရေးချမှတ်ရန် ခရမ်းမြေမှ အကြီးအကဲများကို အစကတည်းက သူလျှောက်တင်ထားခဲ့သော အစီအစဉ်ဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းက အရိုအသေပေးလိုက်ပြီး သူ၏ နဖူးက မြေကြီးနှင့် ထိတွေ့တော့မည့်အချိန် မြူခိုးသည် ဘေးပတ်ဝန်းကျင်ရှိ မြေကြီးထဲမှ ရုတ်ချည်း ထွက်ပေါ်လာကြသည်။ မီးခိုးမျိုးနွယ်မှ ပုံရိပ်အများအပြားသည် မြေကြီးထဲမှ တွားသွားထွက်လာကြပြီး ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။

သူတို့သည် ရာပေါင်းများစွာရှိပြီး သူတို့အားလုံးသည် မြင့်မားသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် အလွန်လျှင်မြန်ကြလေရာ လုပ်ကြံသတ်ဖြတ်ရန် အထူးလေ့ကျင့်ပေးခြင်းခံထားရကြောင်း သိသာသည်။

သို့သော်လည်း ရွှီချင်းအနားသို့ သူတို့မကပ်နိုင်မီ ကောင်းကင်သည် ပုံပျက်တွန့်လိမ်လာပြီး ကြီးမားသော ချိပ်တံဆိပ်တစ်ခုက ရုတ်တရက် ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ယင်းက ကြောက်စရာကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

ဤသည်မှာ မိသားစုကြီးရှစ်ခု၏ ဓမ္မရတနာများပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ချိပ်ပိတ်ရတနာဖြစ်သည်။ ယင်းက တားမြစ်ဓမ္မရတနာကဲ့သို့ အစွမ်းမထက်သော်လည်း ဓမ္မရတနာများကြားတွင် အထွတ်အထိပ်အဆင့်မှာ ရှိသည်။

ချန်းဖေးယွမ်က ကျောက်စိမ်းပြားကို ချေမွလိုက်သည့်နောက် ချိပ်ပိတ်ရတနာသည် ချက်ချင်း ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဆင်းသက်လာသည်။

ရွှီချင်းက အကောင်းတိုင်းရှိနေသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကြသော မီးခိုးမျိုးနွယ်ဝင်များသည် နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ယိုယွင်းပျက်စီးသွားကြသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ဓမ္မချိပ်ပိတ်ရတနာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်ဖြစ်လုနီးပါး လုပ်ကြံသတ်ဖြတ်ခြင်း၏ တတိယအသုတ်က ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လုပ်ကြံသတ်ဖြတ်သူများသည် ကောင်းကင်ပေါ်မှ မဟုတ်သလို မြေကြီးထဲမှလည်း ထွက်ပေါ်မလာကြချေ။ ယင်းအစား လေထဲမှာ ထွက်ပေါ်လာကြသည်။

ပုံရိပ်ထောင်ပေါင်းများစွာသည် အရပ်မျက်နှာအသီးသီးတွင် တိုက်ခတ်နေသော လေထဲမှ တိုက်ရိုက် အသွင်ပြောင်းလဲသွားကြသည်။ သူတို့သည် မီးခိုးမျိုးနွယ်မှဖြစ်ဟန်တူသော်လည်း သူတို့၏ အရှိန်အဝါသည် မီးခိုးမျိုးနွယ်နှင့် ခြားနားကြသည်။

သိသာစွာပင် မီးခိုးမျိုးနွယ်၏ အသွင်ပုံစံသည် သူတို့၏ အစစ်အမှန်မျက်နှာကို ဖုံးကွယ်ရန် ရုပ်ဖျက်ထားခြင်းမျှသာ ဖြစ်သည်။

သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း မဟာအတောင်ပံသည် တုန်ယင်သွားသည်။ ဓားကိုင်တစ်ထောင်သည် တစ်ညီတစ်ညာတည်း ဆင်းသက်လာကြပြီး သုဿန်၏ ဘေးပတ်ပတ်လည်တွင် လုပ်ကြံသတ်ဖြတ်သူများဖြင့် တိုက်ခိုက်လိုက်ကြသည်။

အနက်ရောင်မိုးကြိုးသွားတစ်စင်းသည် ရုတ်တရက် ကောင်းကင်ကို ဖြတ်သန်းလာပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်စေသည်။ ပုံရိပ်သုံးခုသည် ထိုအက်ကွဲကြောင်းထဲမှ ပျံသန်းထွက်လာကြသည်။

ထိုသုံးယောက်သည် ဗလာနတ္ထိကျင့်ကြံသူများ ဖြစ်ကြသည်။

နှစ်ယောက်သည် ဗလာနတ္ထိဒုတိယအဆင့်ဖြစ်ပြီး ကျန်တစ်ယောက်သည် ဗလာနတ္ထိတတိယအဆင့် ဖြစ်သည်။

သူတို့သုံးယောက်သည်လည်း သူတို့မျိုးနွယ်၏ အသွင်အပြင်ကို ဖုံးကွယ်ထားကြပြီး အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ မီးခိုးမျိုးနွယ်ဝင်ပုံစံသို့ အသွင်ပြောင်းလဲထားကြသည်။ သူတို့ထွက်ပေါ်လာကြသည်နှင့် တစ်ပြိုက်နက် တိမ်တိုက်များသည် ပေါက်ကွဲထွက်သွားပြီး စူးစူးဝါးဝါး အော်မြည်သံသည် ငှက်ကြီးချင်းချင်းထံမှ မြည်ဟိန်းထွက်လာသည်။ ၎င်းက ဗလာနတ္ထိကျင့်ကြံသူသုံးယောက်ထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ကောင်းကင်သည် တုန်ယင်သွားသည်။ တိုက်ပွဲစတင်ဖြစ်ပေါ်လာသည်နှင့် စတုတ္ထပုံရိပ်သည် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းထဲမှ တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူက ရောင်ခြည်တန်းတစ်ခုသို့ ပြောင်းလဲသွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူ၏ အလျင်သည် အလွန်မြန်ဆန်သည်။ သို့သော်လည်း တာအိုပညာရှင်စစ်မာသည် ချက်ချင်း အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူက အသစ်ရောက်လာသော ပုဂ္ဂိုလ်ကို လက်ခံကြိုဆိုလိုက်ပြီး ကောင်းကင်ပေါ်မှာ တိုက်ပွဲတစ်ခု စတင်သည်။

ကောင်းကင်နှင့်မြေပြင် နှစ်ခုစလုံး၌ တိုက်ပွဲများဖြစ်ပေါ်နေစဉ် မိသားစုကြီးရှစ်ခုမှ အဖွဲ့ဝင်တစ်ယောက်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။ သူ၏ နှာခေါင်းဝမှ ရှူထုတ်လိုက်သော လေသည် သေးငယ်သော မီးခိုးပုံရိပ်နှစ်ခုသို့ ပြောင်းလဲသွားကြပြီး ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

ထိုသူသည် အစကတည်းက ရွှီချင်း၏ အနီးနားတွင် ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ရုတ်တရက် ထိုအပြောင်းအလဲက ကြီးမားသော ကဒ်ဘေးကို ဖြစ်ပေါ်လာစေတော့ပေမည်။ သို့သော်လည်း လက်တစ်ဖက်သည် ရွှီချင်း၏ ဘေးမှ ဟင်းလင်းပြင်ထဲမှ ဆန့်တန်းထွက်လာပြီး သေးငယ်သော ပုံရိပ်နှစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ထိုလက်က သူတို့ကို အကြင်နာမဲ့စွာ ချေမွဖျက်ဆီးပစ်လိုက်သည်။

နာကျင်အော်ဟစ်သံများက ချေမွဖျက်ဆီးခံလိုက်ရသော ပုံရိပ်များထံမှ ထွက်ပေါ်လာကြသည့်အခါ သူတို့သည် အကြွင်းအကျန်မြူခိုးသို့ ပြောင်းလဲသွားကြသည်။ သူတို့က အနောက်ဆုတ်သွားကြသည်နှင့် ဟင်းလင်းပြင်ထဲမှ လက်တစ်ဖက်သည် အရှေ့သို့ တိုးထွက်လာပြီး ပုဂ္ဂိုလ်တစ်ယောက်က အထဲမှ ထွက်လျှောက်လာသည်။

ရွှီချင်းသည် ထိုပုဂ္ဂိုလ်ကို သိသည်။ သူက တရားရေးရုံးတော်မှ ယခင်လက်ထောက်ရုံးတော်သခင်ဖြစ်သည်။ သူက ရွှီချင်းကို ခေါင်းညိတ်ပြပြီးနောက် အကြွင်းအကျန်မြူခိုးနောက်သို့ လိုက်ဖမ်းသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ အနက်ရောင်မိုးကြိုးသွား၏ အက်ကွဲကြောင်းအပြင်ဘက်တွင် အလွန်တရာကြီးမားသော မှော်သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။ မကြာမီ ထိုမှော်သင်္ကေတထံမှ တည်နေရာပြောင်းရွှေ့ခြင်း အားလှိုင်းအတတ်အကျများ ပျံ့လွင့်ထွက်လာပြီး လူခုနစ်ယောက် ရှစ်ယောက်ခန့်က အထဲမှ ထွက်ပေါ်လာကြသည်။

သူတို့ကို ဦးဆောင်လာသူသည် လီယွမ်ရှန်းဖြစ်သည်။ သူ၏ ဘေးတွင် တရားရေးရုံးတော်သခင်နှင့် ရုံးတော်သုံးခုမှ စီမံခန့်ခွဲရေးမှူးများ ရှိသည်။

သူတို့သည် မှော်သင်္ကေတထဲမှ ထွက်ပေါ်လာကြသည်နှင့်ချက်ချင်း အနက်ရောင်အက်ကွဲကြောင်းထဲသို့ တိုက်ရိုက်ပျံသန်းသွားကြသည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ထိုစဉ် စိတ်ရှုပ်ထွေးသော အကြည့်သည် ထင်ယု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စကားပြောတော့မည့်အချိန် ချန်းဖေးယွမ်၏ တရွတ်တိုက်ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် ဆရာသခင်ပိုင်၏ အုတ်ဂူကို အရိုအသေပေးပြီး ဖြစ်သည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည့်အခါ ရွှေရောင်အလင်းသည် ကောင်းကင်ယံတွင် တလက်လက်တောက်ပသွားသည်။ ဤသည်မှာ ကောင်းကင်က ရွှေရောင်ကောင်းကင်ဘုံပင်လယ်သို့ ပြောင်းလဲသွားသည့်အလားပင်။ ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာက ဤနေရာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းက ကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားသည်။

ရွှေရောင်ပိုက်ကွန်က အရပ်မျက်နှာပေါင်းစုံသို့ ဖြန့်ကြက်သွားနေစဉ် ခမ်းနားထည်ဝါသော ဧရာမမျက်နှာတစ်ခုသည် ပိုက်ကွန်အတွင်းမှာ မှေးမှိန်စွာ ထွက်ပေါ်လာနေသည်။

ယင်းသည် အမတ်ယောင်ဖြစ်သည်။

မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် ၎င်း၏ ဘေးပတ်ဝန်းကျင်မှာ အမြန်ဖြစ်တည်လာကြသည်။ တားမြစ်ဓမ္မရတနာနှင့် ဒေသငယ်မြို့တော်မှ ကမ္မ၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ကမ္ဘာငယ်များသည် အတင်းအကျပ် အတူတကွ စုဝေးသွားကြပြီး မဟာလောကတစ်ခုကို ဖြစ်ပေါ်လာစေသည်။

All Chapters