← Chapters

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(ဃ)

Vol. 53 Ch. 815

အုတ်ဂူရှေ့တွင် လုပ်ကြံခြင်း(ဃ)

Vol. 53 Ch. 815

မဟာလောကသည် အနက်ရောင်မိုးကြိုးသွား၏ အက်ကွဲကြောင်းကို ဖိနှိပ်လိုက်သည်။

“ ဗလာနတ္ထိစတုတ္ထအဆင့် ”

ရွှီချင်း၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။ ထိုအခိုက်အတန့်မှာ ရွှီချင်းထွန်းညှိထားသော သူ၏ အရှေ့မှ အမွှေးတိုင်သည် ရုတ်တရက် လက်ချောင်းတစ်ချောင်းသို့ အသွင်ပြောင်းလဲသွားပြီး ရွှီချင်းအပေါ်သို့ ဖိနှိပ်လာသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ချိပ်ပိတ်လိုက်သည်။ အကယ်၍ ထိုလက်ချောင်းသာ ကျဆင်းလာမည်ဆိုလျှင် ရွှီချင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ဖျက်ဆီးခံရလိမ့်မည်။

သို့သော်လည်း ထိုလက်ချောင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ဘေးမှ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး နောက်ထပ်ပုဂိ္ဂုလ်တစ်ယောက် ထွက်လျှောက်လာကာ ရွှီချင်း၏ အရှေ့တွင် ပိတ်ဆို့တားဆီးလိုက်သည်။ သူက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။

“ ပြန့်ကျဲသွားစမ်း ”

ထိုအသံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတတ်အကျတစ်ခု ပါဝင်နေသော်လည်း ယင်းက အုတ်ဂူကို မည်သည့်အပျက်အစီးမှ မဖြစ်စေဘဲ မီးခိုးလက်ချောင်းဆီသို့ တန်းမတ်စွာ ကျဆင်းသွားသည်။

မီးခိုးလက်ချောင်းသည် ပေါက်ကွဲထွက်သွားသည်။

သူ့အရှေ့မှ ပုံရိပ်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ရှင်းလင်းစွာ ထင်ဟပ်လာသည်။

ထိုသူသည် ယင်ဟွမ်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲဖြစ်သည်။

သူက ဆရာသခင်ပိုင်၏ ဆရာဖြစ်သည်။

မဟာအကြီးအကဲသည် ခေါင်းလှည့်လိုက်ပြီး ထင်ယုနှင့် ချန်းဖေးယွမ်ကို မကြည့်မီ ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ရွှီချင်း ဆက်ပြီးအရိုအသေပေးနေပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး ဆရာသခင်ပိုင်၏ အုတ်ဂူဆီသို့ ကြည့်လိုက်ကာ အရိုအသေပေးရန် ခေါင်းငုံ့လိုက်သည်။

“ ဆရာအိပ်စက်နေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်… ”

ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ အမတ်ယောင်၏ အတွေးကို သူနားလည်သည်။ ထိုကိစ္စကို သူနားလည်ပေးနိုင်သည်။ သို့သော်လည်း သူသည် ကြိုတင်အသိပေးခြင်းမခံရပေ။

သူကြိုတင်အသိပေးခြင်းမခံရသည့် အကြောင်းအရင်းမှာ ဆရာသခင်ပိုင်၏ အုတ်ဂူရှေ့တွင် တိုက်ခိုက်ခြင်းကို ပြုလုပ်ရန် သူက သဘောတူလိမ့်မည်မဟုတ်ကြောင်း အမတ်ယောင်က ခန့်မှန်းမိသောကြောင့် ဖြစ်သည်။ သို့မဟုတ် တိုက်ပွဲမြေပြင်ကို သူတို့ဘက်က ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည်မှာ ဖြစ်နိုင်၏။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး လေးနက်စွာ ဦးချလိုက်သည်။

တစ်ကြိမ်… နှစ်ကြိမ်… သုံးကြိမ်…

ဤတစ်ကြိမ်တွင် အမတ်ယောင်၏ ကြိုတင်ပြင်ဆင်မှုများသည် အတော်လေး အဆင်ပြေချောမွေ့သည်။

ထို့အပြင် ခရမ်းမြေ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘေးပတ်ဝန်းကျင်မှ ထောင်ပေါင်းများစွာသော လုပ်ကြံသတ်ဖြတ်သူများကို သတ်ဖြတ်ပစ်ရန် အချိန်သိပ်မလိုခဲ့ပေ။ လုပ်ကြံသတ်ဖြတ်သူများတွင် အများစုသည် သတ်ဖြတ်ခံခဲ့ရပြီး ကျန်လူများသည် အရှင်ဖမ်းဆီးခံခဲ့ရသည်။ ကောင်းကင်ပေါ်မှ တိုက်ပွဲသည်လည်း အချိန်သိပ်မကြာခဲ့ပေ။

ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် ထိုကဲ့သို့ အစောင့်အရှောက်များရှိနေသည်ကို အာရုံခံမိသွားပြီးနောက် လုပ်ကြံသတ်ဖြတ်သူများသည် နောက်ပြန်ဆုတ်ရန် ဆန္ဒရှိလာကြသည်။

တစ်ချိန်တည်းမှာ အမတ်ယောင်၏ မဟာလောကက အနက်ရောင်မိုးကြိုးသွား၏ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည့်အခါ သွေးမိုးသည် အက်ကွဲကြောင်းထဲမှ ဒလဟော စီးဆင်းလာသည်။

ဤလုပ်ကြံသတ်ဖြတ်ခြင်းသည် တဖြည်းဖြည်း အဆုံးသတ်လာသည်။ တိုက်ပွဲက ဆက်လက်ဖြစ်နေသေးသော်လည်း လုပ်ကြံသတ်ဖြတ်သူများက ထွက်ပြေးရန် ကြိုးစားကြသည်နှင့် တိုက်ပွဲမြေပြင်သည် ခရမ်းမြေနှင့် ဝေးရာသို့ ပြောင်းရွှေ့သွားသည်။

လောကကြီးသည် ဖြည်းညင်းစွာ တိတ်ဆိတ်လာသည်။

ဖုန်းဟိုင်ဒေသငယ်ထဲမှာ ပုန်းကွယ်နေသော သူပုန်အင်အားစုများ၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုသည် ကျရှုံးသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ယင်းက သူတို့၏ အစီအစဉ်တစ်ခုလုံးမဟုတ်ဟန် ရ၏။ သို့မဟုတ် သူတို့က ပို၍ကောင်းမွန်သော အစီအစဉ်ကို ချမှတ်နိုင်ဟန် ရ၏။

သို့သော်လည်း အချိန်မလောက်ငှခြင်း၊ တိုက်ပွဲမြေပြင်ရွေးချယ်ရာတွင် ကျရှုံးသွားခြင်းနှင့် ကြိုတင်မမြင်နိုင်သော တချို့အကြောင်းကိစ္စများကြောင့် သူတို့၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက ထိုသို့ရလဒ်ဖြစ်လာရခြင်း ဖြစ်သည်။

ယနေ့ အဖြစ်အပျက်က ဖျော်ဖြေရေးတစ်ခုနှင့် ဆင်တူသည်ဟု ရွှီချင်းအား ခံစားရစေသည်။

“ အမတ်ယောင်က ငါးမျှားနေတာမဟုတ်လောက်ဘူး… အဲ့ဒီအစား သူက သတင်းတချို့ရထားလို့ အသိုက်ဆီ ချဉ်းကပ်သွားနေတာနဲ့ တူတယ်… ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။

ယင်ဟွမ်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲသည် ရွှီချင်း၏ အမူအရာကို မြင်သွားသောအခါ ဖြည်းညင်းစွာ ပြောသည်။

“ အမတ်ယောင်ကို ရန်ငြိုးမထားပါနဲ့… သူက အများကြီး ပေးဆပ်ထားရတာပါ… သူက မဟာလောကကို အတင်းအကျပ် ဖွဲ့စည်းဖို့ ဒေသငယ်မြို့တော်က တားမြစ်ဓမ္မရတနာနဲ့ သူ့ရဲ့မရှိမဲ့ရှိမဲ့ ကမ္မစွမ်းအားကို အသုံးပြုထားတာပါ… အဲ့ဒီအတွက် ပြန်ပေးဆပ်ရမှာက သူ့ဘဝသက်တမ်းပဲ ”

“ ဒေသအကြီးအကဲအဖြစ် သူအမှုထမ်းတာနဲ့ မျိုးနွယ်ခြားတွေနဲ့ သူ့ကြားက အရင်အဆက်အသွယ်တွေက အနာဂတ်ဖုန်းဟိုင်ဒေသငယ်ကို စီမံအုပ်ချုပ်တဲ့နေရာမှာ အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ်… အဲ့ဒါက အရင်ဒေသအကြီးအကဲဟောင်းတွေရဲ့ စီမံအုပ်ချုပ်ပုံနဲ့ လုံးဝကွဲပြားနေလိမ့်မယ် ”

“ မျိုးနွယ်စုတချို့က သစ္စာခံဖို့ စိတ်ဆုံးဖြတ်ပြီးနောက် သူ့ကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးလိုက်တာဖြစ်နိုင်တယ် ”

“ ဖုန်းဟိုင်ဒေသငယ် တည်ငြိမ်အောင်လုပ်ဖို့… တခြားအင်အားစုတွေကို ခြိမ်းခြောက်ဖို့နဲ့ ဒေသငယ်အပြင်ဘက်က တချို့လူတွေကို ဆန့်ကျင်ဖို့အတွက် အမတ်ယောင်က အကြောက်တရားကို ထုတ်ပြလို့မဖြစ်ဘူး… ဒါကြောင့် သူက အာဏာတည်ဆောက်ဖို့ ရွေးချယ်လိုက်တာ ”

“ ဘာပဲပြောပြော ဖုန်းဟိုင်ဒေသငယ်မှာ ဗလာနတ္ထိစတုတ္ထအဆင့် ပုဂ္ဂိုလ်တစ်ယောက်မှ မရှိသေးဘူးမလား ”

ထိုနေရာသို့ရောက်သည့်အခါ မဟာအကြီးအကဲသည် ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

“ ပြီးတော့ အဲ့ဒါက ရန်သူရဲ့အမြင်မှာ မင်းရဲ့ အားနည်းချက်တစ်ခုကိုလည်း ဖယ်ရှားစေလိမ့်မယ်… ဘာပဲပြောပြော ဆရာဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ထောက်ချောက်ဆင်နိုင်တယ်ဆိုတဲ့ အချက်က သေမျိုးလောကရဲ့ စိတ်ခံစားချက်တွေက မင်းရဲ့ နှလုံးသားကို မလှုပ်ခါနိုင်ဘူးလို့ ဖော်ပြလိုက်တာပဲ… အဲ့ဒါဆိုရင် အနာဂတ်မှာ ဘယ်သူမှ မင်းအပေါ် ဒီနည်းလမ်းအသုံးပြုတော့မှာ မဟုတ်ဘူး ”

“ ဟုတ်ပါတယ်… ဒါက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးဆုံးဖြတ်မှုသက်သက်ပါ ”

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ ဖုန်းဟိုင်ဒေသငယ်၏ လက်ရှိအခြေအနေကို ကောင်းမွန်စွာ သူနားလည်သည်။ အမတ်ယောင်၏ ရည်ရွယ်ချက်ကိုလည်း သူမြင်နိုင်သည်။

ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ တိုက်ပွဲမြေပြင်ကို ကြည့်လိုက်သည်။ ချန်းဖေးယွမ်သည် အမြန်လျှောက်လာပြီး အသံတိုးတိုးဖြင့် ပြောသည်။

“ ခရမ်းမြေဘက်က လုပ်ကြံသတ်ဖြတ်သူအများအပြားကို အသက်ရှင်လျက် ဖမ်းဆီးမိထားပါတယ်… စစ်ဆေးမေးမြန်းလို့ရနိုင်တဲ့ တချို့လူတွေကလွဲရင် ကျန်လူတွေကို ဘယ်လိုလုပ်သင့်ပါသလဲ ”

ရွှီချင်းသည် သူ့ကိုယ်သူ စိတ်ထိန်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ သတ်ပစ် ”

All Chapters