← Chapters

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(ခ)

Vol. 53 Ch. 817

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(ခ)

Vol. 53 Ch. 817

ထိုသို့ဖြင့် ရွှီချင်း၏ ခရီးစဉ်သည် အောင်မြင်စွာ အဆုံးသတ်သွား၏။

ထိုခရီးစဉ်အတွင်း သူသည် နေရာအများအပြားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဆန္ဒများစွာကို ဖြည့်ဆည်းခဲ့သည်။

သူ၏ အတွင်းစိတ်လောကသည် ယခင်ထက် အများကြီး ပိုကြည်လင်လာသည်။ လေးရက်မြောက်နေ့တွင် ဒေသငယ်မြို့တော်ဆီသို့ ပြန်ရောက်လာပြီးနောက် ရွှီချင်း၏ တေရသဝိညာဉ်နတ်သူငယ်သည် ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်ထဲမှာ ဖွဲ့စည်းလာသည်။

ဘယ်ဘက်အတောင်ပံသည် အလျင်ကို အထူးပြုပြီး ညာဘက်အတောင်ပံသည် တိုက်ခိုက်ခြင်းကို အထူးပြုသည်။

ညာဘက်အတောင်ပံ၏ ပုံရိပ် မွေးဖွားလာသည်နှင့်ချက်ချင်း ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထိုဝိညာဉ်နတ်သူငယ်ထံမှ ပေါက်ကွဲထွက်လာသည်။ ယင်းက တခြားသက်စောင့်မီးအိမ်များထက် ကျော်လွန်သည်။

၎င်း၏ ထက်ရှမှုကို အာရုံခံမိပြီးနောက် ရွှီချင်းသည် တစ်ခဏကြာ တွေးတောလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။

ထိုကျောက်စိမ်းပြားကို ဒေသငယ်မြို့တော်ဆီသို့ သူ၏ အပြန်ခရီးစဉ်တွင် သတ္တမသခင်ကြီးက သူ့အား ပေးခဲ့ခြင်းဖြစ်သည်။

ယင်းထဲတွင် မှတ်တမ်းတင်ထားသောအရာသည် သတ္တမသခင်ကြီးက သူ့အတွက် အထူးဖန်တီးပေးထားသော ဝိညာဉ်နတ်သူငယ်ကျင့်ကြံခြင်းအတတ်ပညာ ဖြစ်သည်။

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်…

ယင်းသည် ရွှီချင်းအတွက် အောက်လမ်းတာအိုလုယက်အတတ်ကို ဖန်တီးခဲ့ပုံနှင့် ဆင်တူသည်။ သတ္တမသခင်ကြီးက ထိုအတတ်ပညာကို ရွှီချင်း၏ အကျင့်စရိုက်၊ စိတ်သဘောထား၊ စွမ်းရည်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားသောကြောင့် အံ့ဖွယ်ထူးခြားသည်။

ရွှီချင်းသည် သူ့အား ထိုအတတ်ပညာကို ပေးခဲ့စဉ်က သတ္တမသခင်ကြီး၏ ဘဝင်မြင့်သော အမူအရာကို ပြန်အမှတ်ရသွားသောအခါ သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားသွားရသည်။ ဤရက်များတွင် ထိုအတတ်ပညာအပေါ် သူ၏ နားလည်မှုအရ ယင်းကို ဖန်တီးရန် အတော်လေး ခက်ခဲကြောင်း သူ့အား နားလည်စေခဲ့သည်။

ထို့အပြင် တစ်စုံတစ်ယောက်က ထိုအတတ်ပညာကို ကျင့်ကြံမည်ဆိုလျှင် အထူးရတနာများကို ကျင့်ကြံခြင်း၏ အရင်းအမြစ်အဖြစ် အများအပြား လိုအပ်လိမ့်မည်။

သတ္တမသခင်ကြီးက သူ့အတွက် ထိုရတနာများကို ပြင်ဆင်ပေးထားပြီး ဖြစ်သည်။

ကျောက်စိမ်းပြားကိုကြည့်နေရင်း ကျင့်ကြံခြင်းအတတ်ပညာ၏ မာတိကာသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ဝမ်ကူးကုန်းမြေ၏ မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများသည် ဝိညာဉ်နတ်သူငယ်အဆင့်သို့ တတ်လှမ်းသွားသည့်အခါ သူတို့အာရုံစိုက်ရမည့် ကျင့်ကြံခြင်းပုံစံသည် ယခင်နှင့် ခြားနားသွားသည်။

သူတို့သည် ကောင်းကင်အာဏာစက်တစ်ခုကို လိုအပ်သည်။

ကောင်းကင်အာဏာစက်သည် ဝိညာဉ်နတ်သူငယ်အဆင့်တွင်သာ ထွက်ပေါ်လာသော ဖော်ပြရန်ခက်ခဲသည့် အံ့ဖွယ်အရာဖြစ်သည်။

ယင်းက ကမ္မစွမ်းအားနှင့် ခြားနားသည်။

အတိအကျဆိုရလျှင် ကောင်းကင်အာဏာစက်သည် ကောင်းကင်နှင့်မြေပြင်၏ နိယာမများမှ ဖြစ်ပေါ်လာသော အခြေခံအကျဆုံး စွမ်းအင် ဖြစ်သည်။

ယင်းက တေးသီချင်းတစ်ပုဒ်၏ သံစဉ်များ၊ ပန်းချီကားတစ်ချပ်၏ စုတ်ချက်များ၊ အဆောက်အဦးတစ်ခု၏ အုတ်မြစ်များသဖွယ် ဖြစ်သည်။

ယင်းသည် ဝိညာဉ်နတ်သူငယ်များ၏ ကြီးထွားမှုကို ထောက်ပံ့ပေးပြီး အာဟာရဖြည့်တင်းပေးနိုင်ရုံသာမက ဝိညာဉ်နတ်သူငယ်များထဲသို့လည်း ပေါင်းစပ်နိုင်သေးသည်။ ထိုသို့ဖြင့် ကောင်းကင်အာဏာစက်ကို ဝိညာဉ်နတ်သူငယ်များအတွင်းမှာ အစဉ်မပြတ် စုဆောင်းလာနိုင်မည်။

နောက်ပိုင်းတွင် ကောင်းကင်ကဒ်ဘေးဒုက္ခကို ငါးကြိမ်ကျော်ဖြတ်ပြီးနောက် ယင်းတို့က အတူတကွ စုဝေးသွားပြီး လျှို့ဝှက်ရတနာသိုက်တစ်ခု ဖြစ်တည်လာလိမ့်မည်။

ကောင်းကင်အာဏာစက်၏ အရေအတွက်သည် လျှို့ဝှက်ရတနာသိုက်ဖွဲ့စည်းနိုင်သော အောင်မြင်နိုင်ခြေကို အဆုံးအဖြတ်ပေးသည်။ တစ်ချိန်တည်းမှာ ယင်းက လျှို့ဝှက်ရတနာသိုက်များ၏ ဖွဲ့စည်းတည်ဆောက်ပုံအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

ကောင်းကင်အာဏာစက်များ အလုံအလောက်ရှိသွားသည့်အခါ လျှို့ဝှက်ရတနာသိုက်ကို ဖွဲ့စည်းပြီးနောက် ပိုလျှံနေသော ကောင်းကင်အာဏာစက်များသည် လျှို့ဝှက်ရတနာသိုက်ထဲမှာ နိယာမများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ယင်းက လျှို့ဝှက်ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုမွေးဖွားလာရန် လိုအပ်ချက်အားလုံးကို ရရှိစေမည်ဖြစ်သည်။

သို့ဖြစ်၍ ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများအတွက် ကောင်းကင်အာဏာစက်သည် အလွန်အမင်း အရေးကြီးသည်။

အကယ်၍ သူတို့က ကောင်းကင်အာဏာစက်များကို အများကြီး ပိုရချင်သည်ဆိုလျှင် ကောင်းကင်ကဒ်ဘေးဒုက္ခကို တောင့်ခံရလိမ့်မည်။

ယေဘုယျအားဖြင့် ပထမကောင်းကင်ကဒ်ဘေးဒုက္ခ၏ စွမ်းအားသည် သာမန်ဖြစ်လိမ့်မည်။ သို့သော်လည်း နောက်လာမည့် ကောင်းကင်ကဒ်ဘေးဒုက္ခများသည် အရှေ့က ကောင်းကင်ကဒ်ဘေးဒုက္ခထက် အများကြီး ပိုကြောက်စရာကောင်းလိမ့်မည်။

စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခကို အမြစ်ဖြတ်သုတ်သင်ခြင်းအဆင့်ဟု သတ်မှတ်နိုင်သည်။ ထို့အဆင့်တွင် လူအများကြီးသည် အသက်မရှင်နိုင်ကြချေ။

သက်စောင့်မီးအိမ်များမှ ဝိညာဉ်နတ်သူငယ်များသည် ပိုပြီးအဆင်ပြေသည်။ ကောင်းကင်ကဒ်ဘေးဒုက္ခ ကျရှုံးသွားပြီးနောက် သက်စောင့်မီးအိမ်မှ အပြစ်ဒဏ်ခံရမည်ဖြစ်၍ ထိုဝိညာဉ်နတ်သူငယ်များသည် ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ချေ။

သို့သော်လည်း အကယ်၍ သာမန်ဝိညာဉ်နတ်သူငယ်တစ်ကောင်က ကျရှုံးသွားမည်ဆိုလျှင် ၎င်းက အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရန် အတော်လေး ကြိုးစားအားထုတ်ရလိမ့်မည်။

အကယ်၍ အခြေအနေက ပိုပြီးဆိုးဝါးလျှင် ဝိညာဉ်နတ်သူငယ်များသည် တိုက်ရိုက် ပျက်စီးသွားလိမ့်မည်။ ၎င်းတို့က ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး မည်သည့်အခါမှ ပြန်ဖွဲ့စည်းနိုင်တော့မည် မဟုတ်ချေ။

ရလဒ်အနေဖြင့် ဝိညာဉ်နတ်သူငယ်အဆင့်တွင် လူအများစုသည် ကောင်းကင်ကဒ်ဘေးဒုက္ခကို မရင်ဆိုင်ဝံ့ကြချေ။ သူတို့က ထိုနေရာတွင် ရပ်တန့်ရန် ဆန္ဒရှိကြသည်။

ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူက အများအပြားရှိသည်ဟု ထင်မြင်ရသော်လည်း ယင်းက ဝမ်ကူးကုန်းမြေက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ အမှန်မှာတော့ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတိုင်းသည် ကောင်းကင်ကဒ်ဘေးဒုက္ခ၏ သေခြင်းရှင်ခြင်းစမ်းသပ်မှုကို တွေ့ကြုံကြရသည်။

ဝမ်ကူးကုန်းမြေသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သောကြောင့် ဝိညာဉ်နတ်သူငယ်အဆင့်တွင် ကောင်းကင်ကဒ်ဘေးဒုက္ခနှင့်ပတ်သက်ပြီး မရေမတွက်နိုင်သော သုတေသနများ ရှိခဲ့သည်။ ယင်းက ကျယ်ပြောသော နည်းလမ်းအမျိုးမျိုးဆီသို့ ဦးဆောင်သွားသည်။

တချို့နည်းလမ်းများသည် အမှန်တကယ် ထိရောက်သော်လည်း ကုန်ကျမှုသည် များပြားသည်။ တချို့နည်းလမ်းများသည်တော့ သီအိုရီသက်သက်သာဖြစ်ပြီး ကျင့်ကြံခြင်းအတွက် လိုအပ်သော အခြေအနေအမျိုးမျိုးဖြင့် လှည့်ဖြားရန် ကြိုးပမ်းမှုမျှသာ ဖြစ်သည်။

ဂိုဏ်းတော်ကြီးများမှ တန်ဖိုးကြီးမားသော ကျင့်ကြံခြင်းအတတ်ပညာတချို့နှင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်ပညာများသည်သာ ကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်နေစဉ်အတွင်း ကျင့်ကြံသူများ၏ ကျရှုံးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ကောင်းကင်အာဏာစက်များကို ပိုမိုများပြားစွာ ရရှိနိုင်စေရန် ခွင့်ပြုပေးနိုင်သည်။

ထိုမှလွဲလျှင် မျိုးနွယ်စုအသီးသီးသည် အနည်းနှင့်အများတော့ တန်ဖိုးကြီးမားသော ကျင့်ကြံခြင်းအတတ်ပညာတချို့ကို ပိုင်ဆိုင်ထားကြသည်။

ထိုကျင့်ကြံခြင်းအတတ်ပညာများသည် ကျင့်ကြံသူများအား ကောင်းကင်ကဒ်ဘေးဒုက္ခကို မည်သည့်အန္တရာယ်မှမဖြစ်စေလုနီးပါး ကျော်လွှားနိုင်စေသည်။ သို့သော်လည်း ထိုသို့ကျင့်ကြံခြင်းအတတ်ပညာများသည် များသောအားဖြင့် စည်းကမ်းတင်းကျပ်သည်။ ယင်းက လွယ်ကူရိုးရှင်းစွာ ကျင့်ကြံနိုင်သော အတတ်ပညာများမဟုတ်ပေ။ သူတို့သည် သဘာဝရတနာတချို့၏ အကူအညီကိုလည်း လိုအပ်သေးပေသည်။

ထိုသို့ကျင့်ကြံခြင်းအတတ်ပညာများကို အပြင်သို့ မပြန့်ပွားစေရန် အထူးတင်းကျပ်ထားသည်။

သို့ဖြစ်၍ ဩဇာအာဏာရှိသော ပုဂ္ဂိုလ်များသည်သာလျှင် ထိုသို့ကျင့်ကြံခြင်းအတတ်ပညာကို ရရှိနိုင်ကြသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ ဝိညာဉ်နတ်သူငယ်အဆင့်တွင် ကျင့်ကြံသူများ အရင်ဦးဆုံး လုပ်ဆောင်ရမည့်အရာသည် သူတို့၏ ဝိညာဉ်နတ်သူငယ်များကို ကြီးထွားလာစေရန် ပျိုးထောင်ပေးရမည် ဖြစ်သည်။

လောကကြီးမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းဖြင့်သော်လည်းကောင်း တခြားလူများ၏ ဝိညာဉ်နတ်သူငယ်များကို ဝါးမျို၍သော်လည်းကောင်း သဘာဝရတနာများနှင့် ဆေးလုံးများကို စားသုံးခြင်းဖြင့်သော်လည်းကောင်း အစရှိသော နည်းလမ်းအားလုံးသည် ဝိညာဉ်နတ်သူငယ်များကို ကောင်းကင်ကဒ်ဘေးဒုက္ခအား တောင့်ခံနိုင်ရန် ခွင့်ပြုပေးသည်။ သို့မှသာ ၎င်းတို့ကို အာဟာရဖြည့်တင်းပေးရန် ကောင်းကင်အာဏာစက်များကို ရရှိမည်ဖြစ်သည်။

ထို့နောက် ဝိညာဉ်နတ်သူငယ်များသည် ဆက်လက် ရှင်သန်ကြီးထွားလာပြီး နောက်ထပ်ကောင်းကင်ကဒ်ဘေးဒုက္ခများကို ရင်ဆိုင်လာနိုင်မည် ဖြစ်သည်။

ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်သည်။ အကယ်၍ ယင်းက အလွန်ထူးခြားသော ကျင့်ကြံခြင်းအတတ်ပညာမဟုတ်သရွေ့ အားလုံးသည် ထိုသဘောတရားပေါ်မှာ အခြေခံသည်။

သတ္တမသခင်ကြီးက ရွှီခင်းကို ပေးခဲ့သော တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်သည် ထိုသဘောတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းက သတ္တမတောင်ထွတ်၏ လုပ်ဆောင်ပုံနှင့် လွှမ်းမိုးဖိနှိပ်သော သဘောဆန္ဒကို ဖော်ပြသည်။

ယင်းက အောက်လမ်းတာအိုလုယက်အတတ်ကို အဆင့်မြှင့်ထားသောပုံစံဖြစ်ပြီး ဝါးမျိုခြင်းကို အထူးပြုသည်။

သို့သော်လည်း ၎င်းဝါးမျိုမည့်အရာသည် နတ်နန်းတော်၏ ရွှေအမြူတေမဟုတ်တော့ဘဲ ဝိညာဉ်နတ်သူငယ်များ၏ ကောင်းကင်အာဏာစက်များ ဖြစ်သည်။

၎င်းက တခြားကျင့်ကြံသူများ၏ ကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးနောက် ရရှိလာသော ကောင်းကင်အာဏာစက်များကို ဝါးမျိုလိမ့်မည်။ ထို့နောက် ယင်းတို့ကို ကိုယ်ပိုင်ကောင်းကင်အာဏာစက်များအဖြစ် ပြောင်းလဲပစ်လိမ့်မည်။

ကောင်းကင်အာဏာစက်များသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်နတ်သူငယ်များကို အာဟာရဖြည့်ပေးရန် အကောင်းဆုံးအရာ ဖြစ်သည်။ သို့ဖြစ်၍ ဤကျင့်ကြခြင်းအတတ်ပညာကို ကျင့်ကြံမည်ဆိုလျှင် တခြားသဘာဝရတနာများကို မလိုအပ်ပေ။ ဤအတတ်ပညာအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ သတ်ဖြတ်ရန်ဖြစ်သည်။

သို့ဖြစ်၍ ယင်းကို တာအိုအာဏာစက်ဟု နာမည်ပေးထားခြင်း ဖြစ်သည်။

မာတိကာကို ဖတ်ရှုပြီးနောက် ရွှီချင်း၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားသည်။ ဤကျင့်ကြံခြင်းအတတ်ပညာမှ ‘ တာအို ’ဟူသော စာလုံးသည် သတ္တမသခင်ကြီးက တမင်အလှထည့်ထားခြင်းဖြစ်မည်ဟု သူခံစားမိသည်။ အာဏာစက်လုယက်ခြင်းဟူသော နာမည်သည်သာ ပိုပြီးသင့်တော်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက ခိုးယူခြင်းထက် လုယက်ခြင်းနှင့် ပိုပြီးနီးစပ်သည်။

‘ ကောင်းကင်မိစ္ဆာ ’ဟူသော စာလုံးအတွက်တော့ သီးသန့်အဓိပ္ပာယ်ရှိသည်။

ယင်းသည် ဤကျင့်ကြံခြင်းအတတ်ပညာ၏ ဒုတိယထူးခြားမှု ဖြစ်သည်။ ယင်းက ကျင့်ကြံသူအား သူဝါးမျိုလိုက်သော ဝိညာဉ်နတ်သူငယ်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေမည်။

ဝိညာဉ်နတ်သူငယ်များထဲမှ ကောင်းကင်အာဏာစက်များသည် ကျင့်ကြံသူများအတွက် အာဟာရဓာတ်ဖြစ်လာလိမ့်မည်။ ထိုစဉ် တခြားအစိတ်အပိုင်းများသည်တော့ ခန္ဓာကိုယ်၏ အပြင်ဘက်မှာ စုစည်းသွားပြီး ကောင်းကင်မိစ္ဆာပုံရိပ်ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းလာလိမ့်မည်။

ထိုကောင်းကင်မိစ္ဆာခန္ဓာကိုယ်သည် ကိုယ်ပွားနှင့် အလားသဏ္ဍာန်တူသည်။ သို့သော်လည်း ၎င်း၏ အနှစ်သာရသည် လုံးလုံးခြားနားသည်။

၎င်းက မရေမတွက်နိုင်သော ပုံသဏ္ဍာန်မျိုးစုံကို အသွင်ယူနိုင်ပြီး တိုက်ပွဲအတွင်းမှာ တပ်ကူအဖြစ် မူလခန္ဓာကိုယ်နောက်သို့ လိုက်ပါနိုင်သည်။

All Chapters